Di to the Notes

Di to the Notes

Share

19/05/2026

𝐑𝐞𝐯𝐢𝐞𝐰 𝐅𝐨𝐫 𝐉𝐮𝐦𝐢𝐬𝐨 𝐒𝐧𝐚𝐢𝐥 𝐌𝐮𝐜𝐢𝐧 𝐂𝐫𝐞𝐚𝐦
🐌🌟

ကိုယ်တိုင်ကလည်း ဝက်ခြံတွေပျောက်ပြီးခါစ အမဲစက်၊ အမာရွတ်အတွက် moisturizer ကောင်းကောင်းလေးရှာနေတဲ့အချိန် Jumiso က Snail cream လေးကိုသွားတွေ့တယ်။ Brand အသစ်ဆို စမ်းချင်တာနဲ့ သုံးလိုက်မိတယ်ပေါ့။ 🥸

သူက Snail Mucin က 88% တောင်ပါဝင်ပြီး Peptide ကလည်း ၅ မျိုးတောင်ပါတာမို့ ပါဝင်ပစ္စည်းတွေကတော့ရှယ်လို့ပြောရမယ်။ ဒီတော့ သူက skin barrier အတွက်တော်တော်လေးကောင်းပါတယ်။ သူ့ကြောင့်လည်း ဝက်ခြံတွေမထွက်လာလို့ sensitive skin တွေလည်းသုံးလို့ရတယ်။ ဆောင်းတွင်းတုန်းက အသားခြောက်ပြီး အသားတွေယားနေတုန်းကလည်း သူကတော်တော်လေးကယ်သွားတာ။ ရေဓာတ်လည်း တော်တော်ဖြည့်ပေးနိုင်လို့ အသားကို စိုစိုအိအိလေးဖြစ်စေတယ်။ 🥟

အမာရွတ်၊ အမဲစက်အတွက်ကတော့ ၂ ဘူးမြောက်လောက်မှာ စသိသာပါတယ်။ အဲ့ဒါမို့ စွဲမသုံးရင်တော့ သိသာမှာမဟုတ်ပါဘူး။ ၂ ဘူးမြောက်တဲ့အချိန်မှာ မပျောက်ဘဲကြာနေတဲ့အမာရွတ်လေးတွေကအစ မှိန်လာပါတယ်။ ဒါကြောင့် သုံးမယ်ဆိုရင်တော့ စိတ်ရှည်ရှည်နဲ့စွဲသုံးပေးဖို့ Recommend လုပ်ချင်ပါတယ်။ ✅

Snail ဆိုတဲ့အတိုင်း စေးပျစ်ပျစ် texture ရှိတာမို့ မိတ်ကပ်တွေဘာတွေလိမ်းမယ်ဆိုရင်တော့ ခြောက်အောင်စောင့်ရပါတယ်။ စိမ့်ဝင်မလွယ်ဘဲ မျက်နှာပေါ်ပျစ်ခဲနေတာမျိုးမဟုတ်ဘဲ သူ့သဘာဝကြောင့် စေးကပ်ကပ်ဖြစ်နေတဲ့ပုံမျိုးပါ။ Non-comedogenic ဖြစ်တာမို့ အဆီဖုသမားတွေလည်း သုံးလို့ရပါတယ်။ တစ်ခုရှိတာက လိမ်းပြီးပြီးချင်း မခြောက်သေးခင်မှာ ခေါင်းအုံးနဲ့တန်းထိတာ၊ ဖုန်၊ သဲစတာတွေများတဲ့နေရာသွားတာမျိုးဆို အဲ့ဒါတွေနဲ့ရောပြီး မျက်နှာမှာချွေးပေါက်တွေပိတ်ပြီး ဝက်ခြံတွေဖြစ်လာနိုင်တာမို့ သတိထားစေချင်ပါတယ်။ ‼️

100ml တစ်ဘူးကို 61,000 mmk မို့ သုံးပျော်တဲ့စျေးလို့ပဲပြောရမှာပါ။ နာမည်ကြီး brand တစ်ခုက snail cream ထက် ဒါလေးကိုပိုကြိုက်ပါတယ်။ Official Distributor ဖြစ်တဲ့ TWO STEPS ONE ကနေဝယ်ပါတယ်။ 💜

ကိုယ်ပိုင် Experience နဲ့ Honest review မို့လို့ စာသားများကူးယူခွင့်မပြုပါရှင် 🫶🏻

24/04/2026

တင်စရာဘာမှမရှိလို့ ချတော်ဘယ်ရီစားတာပဲကြည့်ကြတော့ 😭

26/03/2026

ည ၁၀ နာရီကြီးစားတဲ့အစားအသောက်တွေလည်း ကြည့်ပါဦး 🤣

Want your public figure to be the top-listed Public Figure in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address

Yangon