Prestige Footy

Prestige Footy

Share

26/06/2026

မက်ဆီ ရဲ့ မွေးနေ့ဆိုတာ ပုံမှန်ဆိုရင် သူ့အတွက်ပဲ ဖြစ်ရမယ့်နေ့ပါ။ ကမ္ဘာတစ်ဝှမ်းက ပရိသတ်တွေက ဂုဏ်ပြုတယ်၊ အသင်းဖော်တွေက ချီးကျူးတယ်၊ အရာ အားလုံးက သူ့ဆီကိုပဲ ရောက်လာတတ်တယ်။

ဒါပေမယ့် အဲဒီနေ့မှာ မက်ဆီလုပ်ခဲ့တာက တစ်ခြားပုံစံတစ်ခုပါ။နှစ်ပေါင်း ၁၂ နှစ်လောက် သူနဲ့အတူရှိခဲ့တဲ့ အာဂျင်တီးနားအသင်းရဲ့ မီးဖိုချောင်ဝန်ထမ်းနှစ်ယောက်က သူနဲ့အတူ မွေးနေ့ကို ကျင်းပနေခဲ့ကြပါတယ်။ မက်ဆီက သူ့မွေးနေ့ကို သူ့အတွက်မလုပ်ဘဲ… အဲဒီဝန်ထမ်းနှစ်ယောက်ကို အရင်ဆုံး ကိတ်မီးငြိမ်းခိုင်းပြီး သူက ဘေးမှာ ရပ်ပြီး ပြုံးပြုံးနဲ့ လက်ခုပ်တီးပေးခဲ့ပါတယ်။

ကွင်းထဲမှာတော့ သူက သမိုင်းရေးတဲ့သူ။ကွင်းပြင်ပမှာတော့ သူက လူတွေကို မမေ့တတ်တဲ့သူ ၊ တန်ဖိုးထားတက်တဲ့သူ...တချို့က ဂိုးနဲ့ သမိုင်းရေးတယ်။

ဒါပေမယ့် မက်ဆီကတော့ သေးငယ်တဲ့ လေးစားမှုနဲ့ လူတစ်ယောက်ရဲ့နေ့ကို တစ်သက်မမေ့နိုင်တဲ့အခိုက်အတန့်ဖြစ်အောင် ပြောင်းပစ်ခဲ့ပါတယ်။

25/06/2026

ဂျပန်ဖန် TAS ဆိုတဲ့ လူတစ်ယောက်ကြောင့် ဒီကမ္ဘာ့ဖလားထဲက အလွန်နွေးထွေးတဲ့ အဖြစ်အပျက်တစ်ခု ဖြစ်ခဲ့ပါတယ်။

ဂျပန်နဲ့တူနီရှား ပွဲအတွက် သွားတဲ့လမ်းမှာ မက္ကဆီကို တက္စီမောင်းသမားတစ်ယောက်က သူ့အိပ်မက်တစ်ခုကို ပြောပြခဲ့ပါတယ် — “ကမ္ဘာ့ဖလားပွဲကို တစ်ခါလောက်တော့ ကိုယ်တိုင်ကြည့်ချင်တယ်၊ ဒါပေမယ့် လက်မှတ်ဈေးကြောင့် မတတ်နိုင်ဘူး” တဲ့

အဲဒီစကားကိုကြားပြီး TAS က သူ့မှာရှိတဲ့ လက်မှတ်တစ်စောင်ကို မတွန့်ဆုတ်ဘဲ ပေးလိုက်ပါတယ်။ အဲဒီဆုံးဖြတ်ချက်တစ်ခုက တက္ကစီမောင်းသူရဲ့ ဘဝတစ်နေ့ကို လုံးဝပြောင်းလဲသွားစေခဲ့ပါတယ်။

သူဟာ ကွင်းထဲဝင်ပြီး Japan ရဲ့ သမိုင်းဝင်အောင်ပွဲကို ကိုယ်တိုင်မြင်ခဲ့ရပြီး ပွဲပြီးတဲ့နောက် TAS ကို ကျေးဇူးတင်တဲ့စာတစ်စောင်လည်း ပို့ခဲ့ပါတယ် — “ဒါက ကျွန်တော်ဘဝထဲမှာ ပထမဆုံး ကမ္ဘာ့ဖလားအတွေ့အကြုံပါ။ အရမ်းလှပတဲ့ အခိုက်အတန့်ပါ။ မက္ကဆီကိုကို ပြန်လာရင် မင်းမှာ သူငယ်ချင်းတစ်ယောက်ရှိနေပြီ” ♥️

Want your public figure to be the top-listed Public Figure in Yangon?
Click here to claim your Sponsored Listing.

Address

3 Wisma Shaw Jalan Cangkat Thamby Dollah
Yangon
55100