Jimmy's Notes
05/10/2024
Rowe ရဲ့ signature မိုက်တယ်နော်။ Inlay မပါတာတော့ စားတယ်ဗျာ။ နောက်ဆုံးထွက်ထားတဲ့ သီချင်းလည်း အရမ်းကောင်းပါတယ်။ ကွန်မန့်မှာ ယူတူ့ဘ်လင့်လေးကြည့်နိုင်ပါတယ်။
Tetrarch's Diamond Rowe Unveils Her New Signature Pro Series DR12MG EVTN6 | Jackson Guitars SUBSCRIBE NOW: https://www.youtube.com/user/JacksonGuitarsUSA?sub_confirmation=1SHOP JACKSON: https://www.jacksonguitars.com/en-US/guitars/About Jackson:Jack...
03/10/2024
ဆရာကိုစိုင်းရဲ့ ယူတူ့ဘ်လင့်ပါ။
06/09/2024
ဒီနေ့ LP ယူနီဗာ့စ်ကြီးကို Emily က တော်တော်လေး ကိုင်လှူပ်ရမ်းလိုက်နိုင်တယ်။ Chester ရဲ့နေရာမှာ အစားထိုးမယ့် အဆိုတော်သစ်ဟာ ဘယ်သူဖြစ်မှာလဲ၊ ဘယ်လိုတွေ ပွဲထွက်မှာလဲ။ သိချင် မြင်ချင်နေခဲ့ကြတာပါ။
Vocal Coaches တွေကိုက Chester ကို The most strongest vocalist အဖြစ် ချီးကျူးသတ်မှတ်ထားခဲ့ကြတာပါ။ Chester က Show မှာပဲဖြစ်ဖြစ်၊ Studio မှာပဲဖြစ်ဖြစ်၊ မဆိုခင် Vocal Warm-up ကို နှစ်နာရီလောက် စနစ်တကျလုပ်လေ့ရှိလို့ Vocal Coaches တွေက တလေးတစားချီးကျူးကြတယ်။ အဲ့ဒါကြောင့်လည်း အသံကုန်တဲ့အထိဟစ်ရတဲ့သူ့သီချင်းတွေကို Show အစအဆုံး မမောတမ်း အသံမကျဘဲ ဆိုနိုင်တာဖြစ်မယ်။ ပရိသတ်တွေရဲ့နှလုံးသားကို Chester သိမ်းပိုက်နိုင်ခဲ့တာ အဲ့လိုပေးဆပ်မှူတွေကြောင့်ပဲ။
ဒီနေ့မှာ LP ဟာ အယ်ဘမ်အသစ်ရဲ့ Single Song ကိုလည်း ယူတူ့ဘ်မှာ တင်ခဲ့သလို့ Livestream လည်း ဖျော်ဖြေခဲ့ကြတယ်။ Emily မိတ်ဆက်ပွဲလို့လည်း ပြောလို့ရတယ်။
Emily က သူရဲ့သီချင်းအသစ် The Emptiness Machine မှာ စတူဒီယိုအတိုင်း အသံတထပ်တည်းဆိုနိုင်ခဲ့တယ်။ သူ့ကီးနဲ့သူအံ၀င်ဂွင်ကျရှိလှတယ်။ နောက် Chester ရဲ့ မာစတာပိစ်တွေမှာကျတော့ မသိမသာလေး Power အပိုင်းနဲ့ သက်လုံမမီတာတွေ့ရတယ်။ Power မာကျောမှူကတော့ သီချင်းကလည်း သူများသီချင်းဖြစ်တာရယ်၊ ကျား၊ မ ကွာဟမှူကြောင့်ရယ်ဖြစ်နိုင်တယ်။ သက်လုံကတော့ လေ့ကျင့်လိုက်ရင် ရမှာပါ။ Crawling မှာဆိုရင် တော်တော်လေး သက်လုံမမီသလိုဖြစ်နေတာ တွေ့ရတယ်။ Chester ပုံစံခွက်ထဲမှာဆိုရတာဟာ Emily မှ မဟုတ်ဘူး၊ တခြားဘယ်သူ့အတွက်မှ သက်သာမယ်မထင်ပါဘူး။ Livestream တခုမှာ ဒီလောက်စံချိန်မီတာကိုက ချီးကျူးစရာပါ။ သူနဲ့ထွက်မယ့် သီချင်းတွေမှာ အရည်အသွေးပြည့်တာ ဒီနေ့ရဲ့ New Single Song မှာကတည်းက မြင်တွေ့နေရပါတယ်။
ကျနော် Emily နဲ့ LP ရဲ့ ပေါင်းစပ်မှူကို မျှော်လင့်ခဲ့တာက အခုလိုမဟုတ်ခဲ့ဘူး။ Dead Sara မှာတုန်းက Emily ရဲ့ဆိုပုံအငွေ့အသက်နဲ့ LP ရဲ့ သံစဉ်တွေ ပေါင်းလိုက်တာမျိုးကိုပါ။ Dead Sara မှာတုန်းက Emily ရဲ့ဆိုပုံဆိုပေါက်က ဆန်းပါတယ်။ Flow လေးတွေက မှန်းရခက်တယ်။ အီဆင်းမနေဘူး။ နောက် ဝိုင်းကလည်း တချို့သီချင်းတွေမှာ Sensitive Low Pickup တပ်ထားတဲ့ ဂစ်တာနဲ့ Riffs တွေတီးတာ အရမ်းကို ကြွေခဲ့ရတယ်။ ထားတော့ ဒါတွေက Dead Sara Band လေ။ ဆိုပုံလေး LP မှာပါလာစေချင်ခဲ့ပေမယ့် The Emptiness Machine မှာတော့ Chester ပုံစံခွက်ထဲကနေ ပွဲထွက်လာခဲ့ရတယ်။
ဒီနေ့ LP Livestream မှာတော့ Emily ဟာ Chester Revolution လုပ်ခဲ့ရတဲ့သဘောဆန်တယ်။ အားမရတဲ့လူတွေလဲရှိသလို အပြောင်းအလဲကို လက်ခံပေးတဲ့သူတွေလဲရှိတယ်။ ဘာပဲဖြစ်ဖြစ် အယ်ဘမ်ထွက်လာရင်တော့ Evolution ဖြစ်ပြီး Emily တယောက်အောင်ပွဲခံနိုင်မယ်လို့ ထင်ပါတယ်။ ကံကောင်းတာက Sum 41 ကငတိရဲ့စုတ်ပြတ်နေတဲ့အသံနဲ့ LP ပွဲထွက်မလာတာပဲ။
ဘော်ဒါတို့ရော Emily နဲ့ ရှေ့လာမယ့် LP ရဲ့အနာဂတ်ကို ဘယ်လိုမြင်ကြလဲ။ ဝေဖန်ပေးကြပါဦး။
အာပေတူးလေး
Jimmy
Linkin Park: FROM ZERO (Livestream) From Zero | The New Album | Available November 15th Pre-Order Now: https://lprk.co/fromzero
04/05/2024
တပုဒ်ဆို တပုဒ်ဆိုသလောက်ပဲ
စောင့်ရတာလည်း ရှယ်ကြာတယ်
VITALISM | TRIBUS | OFFICIAL MUSIC VIDEO “TRIBUS“ is a song from our new EP called “ANIMA“ - OUT NOW ON ALL DIGITAL PLATFORMS.“ANIMA“ EP : mix and master by Samuel Bassani - .samuelMixing a...
21/03/2024
နိုင်ငံက သွေးအလိမ်းလိမ်းဒဏ်ရာတွေအကြားမှာ သေအံ့မူးမူးဖြစ်ချိန် ကျနော် ဂစ်တာတွေအကြောင်း အပျင်းပြေရေးနေရမှာ စိတ်မလုံဘူး။ ဒီဘက်မှာ ဖီလင်လည်း ဘယ်လိုမှ မလာဘူး။ စာတွေကို ရှာဖွေဖို့ စာပေါင်းစုံကို စုစည်းတိုက်ဆိုင်စစ်ဆေးပီး ဘာသာပြန်ဖို့တွေ ဘယ်လိုမှ မလုပ်နိုင်တော့ဘူး။ မနေ့က နယ်ဘက်ကလို့ထင်ရတဲ့ သားသည်အမေတယောက် သူ့သားလေးမဲပေါက်တယ်ထင်လို့ တက်မတက် ချက်မတက် ငိုကြွေးပီး အသိစိတ်လွတ်လုနီးပါးဖြစ်နေတဲ့ဗီဒီယိုကို ကြည့်မိတာ ကိုယ်ပါ အသိစိတ်လွတ်လုနီးပါးပဲ။ ဘယ်သားကောင်းမိခင်မှ သူ့သားကို လူစိတ်ပျောက်နေတဲ့အရိုင်းအစိုင်းတကောင်ဖြစ်စေချင်ကြမယ်မထင်ဘူး။ ကျနော့်မှာလဲ ခေတ်စနစ်ကြောင့် ရင်ဖွင့်စရာမရှိတော့ စိတ်ပေါ့လိုပေါ့ငြား ဒီမှာ လာရေးတာပါ။ ခင်ဗျားတို့ စိတ်အနှောက်အယှက်ဖြစ်သွားစေခဲ့ရင် ဆောရီးပါဗျာ။
A7X ကို ကျနော် ဟိုးတုန်းက သိပ်မကြိုက်ဘူး။ အဲ့နောက် ဟိုးတနှစ်က 2019 ဂရမ်မီမှာထင်တယ်။ သူတို့ Unplugged တီးတော့မှ အား! Synyster Gates ကို ကြွေလိုက်တာဗျာ။ သူတီးတာ မအီဘူး။ မချွဲမပြစ်ဘူး။ အယူအဆတွေကလည်း အရမ်းမိုက်တယ်။ ကျနော့်တို့နားတွေက စောက်သဲကွဲသီချင်းတွေကို ချွဲပြစ်အီနေတဲ့ဆိုလိုတွေ (ဒီမှာဆို အဖန်တရာတေနေတဲ့ ချွဲပြစ်အီဆိုလိုတွေရှိသေးတယ်) နဲ့နေသားကျနေတာကြီး စိတ်ပျက်နေတဲ့ ကျနော့်နားအပေအတေဟာ Gates ရဲ့လက်သံမှာ ခမ်းနားခွင့်ရလိုက်တယ်။ ဒါတောင် ကျနော် အဲ့က အဆိုတော်ရဲ့အသံကျတော့ မကြိုက်ပြန်ဘူး။ ချွဲလို့တယ်ထင်လို့ မကြိုက်တာ။ မကောင်းဘူးလို့ မပြောဘူးနော်။ လူတကိုယ် အကြိုက်တမျိုးပဲလေ နော့။ အခုဒီသီချင်းက ၇ မိနစ်ကျော်ဆိုတော့ အားရပါးရရှိလှတယ်။ ပီးခဲ့တဲ့နှစ်ကတည်းက A7X ရဲ့အယ်ဘမ်ဟာ သီချင်းတိုင်းနီးပါး ရှည်ပါတယ်။ ဟိုးတုန်းကထက်ကို အပုဒ်တိုင်းနီးပါးဟာ ရှည်တယ်။ အတီးပိုင်းလဲ ပိုပီးခမ်းနားလာတယ်။ နားဆင်ကြပါအုံး။
အာပေတူးလေး
Jimmy
Avenged Sevenfold - Cosmic (Official Video) Official video for "Cosmic"Directed by Chris HopewellLife Is But A Dream... https://a7x.lnk.to/libadTour dates and tickets: https://www.avengedsevenfold.com/...
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
6/389, Min Ye Kyaw Swar Street, Myoma (4) Ward, Dala
Yangon
11261