English with Arie

English with Arie

Share

11/05/2026

Hello learners, welcome back 🤗!
Some students asked me the difference between prefer to and prefer over! So let's look at this lesson!
တချို့ကလေးတွေ မေးတတ်ကြတဲ့ prefer to နဲ့ prefer over ဘာကွာလဲဆိုတာလေးကို ရှင်းပြလိာက်တယ်နော်။

📘 Prefer to vs Prefer over

✨ Both “prefer to” and “prefer over” talk about liking one thing more than another.
But their grammar is different.

✨ “Prefer to” နဲ့ “prefer over” နှစ်ခုလုံးက တစ်ခုကို ပိုကြိုက်တယ်ဆိုတဲ့ အဓိပ္ပာယ်ပါ။
ဒါပေမယ့် grammar ပုံစံက မတူပါဘူး။
━━━━━━━━━━━━━━━
1️⃣ Prefer to

👉 Usually used with verbs.
👉 Verb (action) နဲ့ သုံးပါတယ်။

✅ Structure:
prefer to + verb

📝 Examples:
• I prefer to study at night.
• She prefers to walk to school.
• They prefer to stay home.

💡 Meaning:
This talks about an action you like.
လုပ်ဆောင်ချက်တွေကို ပြောတဲ့အခါသုံးပါတယ်။

━━━━━━━━━━━━━━━
2️⃣ Prefer A over B

👉 Used when comparing two things.
👉 အရာနှစ်ခုကို နှိုင်းယှဉ်တဲ့အခါ သုံးပါတယ်။

✅ Structure:
prefer + A + over + B

📝 Examples:
• I prefer tea over coffee.
• She prefers cats over dogs.
• Many students prefer online learning over traditional classes.

💡 Meaning:
You like A more than B.
Aကို Bထက် ပိုကြိုက်တယ်။
━━━━━━━━━━━━━━━
⚠️ Important Note

✅ Prefer A to B
✅ Prefer A over B

Both are correct.

📝 Example:
• I prefer tea to coffee.
• I prefer tea over coffee.

💡 “Prefer to” is more traditional grammar.
💡 “Prefer over” is very common in modern spoken English.

နှစ်ခုလုံး မှန်ပါတယ်။
💡 “Prefer to” က grammar traditional ပိုဖြစ်တယ်။
💡 “Prefer over” က modern spoken English မှာ အရမ်းအသုံးများတယ်။

10/05/2026

Hello learners, welcome back 🤗!
Learners လေးတို့ရေ၊ English with Arie ကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်နော်။ ဒီနေ့ကတော့ prefer ကို ဘယ်လို သုံးရမလဲဆိုတာ လေ့လာလိုက်ကြရအောင်နော်။

📘How to Use “Prefer"

✨ “Prefer” means you like one thing more than another.

There are 3 common ways to use “prefer”.

✨ “Prefer” ဆိုတာ တစ်ခုကို တခြားတစ်ခုထက် ပိုကြိုက်တယ်ဆိုတဲ့ အဓိပ္ပာယ်ပါ။

“Prefer” ကို အသုံးများတဲ့ ပုံစံ ၃ မျိုးရှိပါတယ်။
━━━━━━━━━━━━━━━

1️⃣ Prefer + noun + to + noun

👉 Use this to compare two things.
👉 အရာဝတ္ထု နှစ်ခုကို နှိုင်းယှဉ်တဲ့အခါ သုံးပါတယ်။

✅ Structure:
Prefer + A + to + B

📝 Examples:

• I prefer tea to coffee.
➡️ ကော်ဖီထက် လက်ဖက်ရည်ကို ပိုကြိုက်တယ်။

• She prefers cats to dogs.
➡️ ခွေးထက် ကြောင်ကို ပိုကြိုက်တယ်။

• They prefer online classes to offline classes.
➡️ ကျောင်းမှာဖွင့်တဲ့အတန်းတွေထက် online class တွေကို ပိုကြိုက်တယ်။

💡 Meaning:
You like A more than B.
ဆိုလိုတာကတော့ A ကို B ထက် ပိုကြိုက်တယ်။
━━━━━━━━━━━━━━━

2️⃣ Prefer + verb-ing + to + verb-ing
👉 Use this to compare activities.
👉 လုပ်ဆောင်ချက် နှစ်ခုကို နှိုင်းယှဉ်တဲ့အခါ သုံးပါတယ်။

✅ Structure:
Prefer + V-ing + to + V-ing

📝 Examples:
• I prefer reading to watching TV.
➡️ TV ကြည့်တာထက် စာဖတ်တာကို ပိုကြိုက်တယ်။

• He prefers walking to driving.
➡️ ကားမောင်းတာထက် လမ်းလျှောက်တာကို ပိုကြိုက်တယ်။

• We prefer studying at night to studying in the morning.
➡️မနက်ပိုင်းစာလုပ်ရတာထက် ညပိုင်းစာလုပ်ရတာကို ပိုကြိုက်တယ်။

💡 Tip:
After “prefer,” use verb-ing forms.
━━━━━━━━━━━━━━━

3️⃣ Prefer + to + base verb
👉 Use this when talking about general preference.
👉 ကိုယ်ကြိုက်တဲ့ အရာကို ယေဘုယျပြောတဲ့အခါ သုံးပါတယ်။

✅ Structure:
Prefer + to + verb

📝 Examples:
• I prefer to stay home today.
➡️ ဒီနေ့ အိမ်မှာပဲ နေချင်တယ်။

• She prefers to study alone.
➡️ သူမက တစ်ယောက်တည်း စာကျက်ရတာကို ပိုကြိုက်တယ်။

• They prefer to travel by train.
➡️ သူတို့က ရထားနဲ့ခရီးသွားရတာကို ပိုကြိုက်တယ်။
━━━━━━━━━━━━━━━

⚠️ Common Mistakes
မှားတတ်တဲ့အမှားများကတော့...

❌ I prefer play football.
✅ I prefer to play football.

❌ I prefer tea than coffee.
✅ I prefer tea to coffee.
━━━━━━━━━━━━━━━
🌟Quick Tip
✅ prefer A to B
✅ prefer doing A to doing B
✅ prefer to do something
━━━━━━━━━━━━━━━

10/05/2026

Hello everyone! 👋💙

It’s been a while since I posted here.
Thank you so much for continuing to stay with this page and supporting me. 😊

I’m finally back again and excited to continue sharing more English content, conversations, vocabulary, and learning activities with all of you. 📚✨

Let’s keep improving our English together step by step! 💪

—

အားလုံးပဲ မင်္ဂလာပါ 👋💙

ဒီ Page မှာ Post မတင်ဖြစ်တာ အချိန်နည်းနည်းကြာသွားခဲ့ပါတယ်။
ဒါပေမဲ့ Page ကို ဆက်လက် support ပေးပြီး follow လုပ်ထားကြတဲ့ အားလုံးကို ကျေးဇူးအများကြီးတင်ပါတယ် 😊

အခုတော့ English content တွေ၊ conversation တွေ၊ vocabulary တွေနဲ့ learning activities အသစ်တွေကို ပြန်လည်မျှဝေပေးသွားဖို့ ပြန်လာပါပြီ 📚✨

English ကို တစ်ဆင့်ချင်းစီ အတူတူ ဆက်လက်လေ့လာသွားကြရအောင် 💪

04/04/2026

🤗Hey learners, welcome back!
How is your weekend going?

မဂ်လာပါ learners လေးတို့ရေ။ Weekend ကို ဘယ်လိုဖြတ်သန်းနေကြလဲ။ ဒီတခါမှာတော့ Weekend နဲ့ ပတ်သတ်တဲ့ စကားလုံးလေးတွေနဲ့ conversation လေးကို လေ့လာကြဦးစို့နော်။

📘 Weekend Plan Conversation + Useful Vocabulary

🗣️ Let’s learn how to talk about your weekend plans!

---

🔹 1. Useful Vocabulary

ENGLISH → MYANMAR

- Weekend → ပိတ်ရက် (စနေ၊ တနင်္ဂနွေ)
- Plan → အစီအစဉ်
- Hang out → သူငယ်ချင်းတွေနဲ့ အပန်းဖြေ/အပြင်ထွက်
- Relax → အနားယူ
- Go shopping → ဈေးဝယ်ထွက်
- Watch a movie → ရုပ်ရှင်ကြည့်
- Do homework → အိမ်စာလုပ်
- Visit family → မိသားစုကို သွားလည်
- Stay home → အိမ်မှာနေ
- Go out → အပြင်ထွက်

---

🔹 2. Asking About Weekend Plans

👉 What are you doing this weekend?
👉 ဒီပိတ်ရက်မှာ မင်းဘာလုပ်မလဲ?

👉 Do you have any plans for the weekend?
👉 ပိတ်ရက်အတွက် အစီအစဉ်ရှိလား?

---

🔹 3. Sample Conversation

A: What are you doing this weekend?
ဒီပိတ်ရက်မှာ မင်းဘာလုပ်မလဲ?

B: I’m going to hang out with my friends.
ငါ သူငယ်ချင်းတွေနဲ့ တွေ့ပြီး အပန်းဖြေမယ်။

A: That sounds fun!
ကြားရတာ ပျော်စရာပဲ!

B: What about you?
မင်းရော?

A: I’m going to stay home and watch a movie.
ငါ အိမ်မှာနေပြီး ရုပ်ရှင်ကြည့်မယ်။

---

🔹 4. Useful Sentence Patterns

✅ I’m going to + verb
👉 I’m going to relax. (ငါ အနားယူမယ်)
👉 I’m going to visit my family. (ငါ မိသားစု‌ ဆီကို သွားလည်မယ်)

✅ I plan to + verb
👉 I plan to study English. (ငါ အင်္ဂလိပ်စာ လေ့လာဖို့ စီစဉ်ထားတယ်)

---
ကဲ လေ့ကျင့်ကြဦးစို့။ 💪☺️
အောက်ကမေးခွန်းလေးတွေကို ဖြေကြည့်နော်။

🔹 5. Practice Time!

💬 Try answering:
👉 What are you doing this weekend?
👉 Do you prefer staying home or going out?

---

✨ Tip:
Use “going to” for future plans you already decided!

---

02/04/2026

🤗Hey learners, welcome back!

ဒီတစ်ခါတော့ Speaking ပြောတဲ့အခါကျရင် All of the ကို သုံးရမှာလား၊ All the သုံးလိုက်ရင်ရော ရသလားမသိဘူးဆိုပြီး ရောထွေးတတ်တဲ့အခါကြုံဖူးကြလား။ အာ့ဒါဆိုရင် ဒီlesson လေးကို လေ့လာသွားနော်။

🍎 All of vs All the (with Nouns & Pronouns) 🍎

🔹 1.All the vs All of the (with NOUNS)

👉 All the + plural/countable noun
👉 All of the + plural/countable noun

📌 Both are correct and have the SAME meaning.

✔ Example:

- All the apples are sweet.
- All of the apples are sweet.

🇲🇲 “all the + noun” နဲ့ “all of the + noun”
နှစ်မျိုးလုံးဟာအဓိပ္ပါယ်တူပါတယ် — နှစ်ခုလုံး သုံးလို့ရပါတယ်။

---

🔹 2. When “of” is OPTIONAL (with nouns)

👉 With nouns, “of” is optional

✔ You can say:

- All the students
- All of the students

👉 Both are natural!

🇲🇲 noun တွေနဲ့ဆိုရင် “of” ပါ၊မပါ နှစ်မျိုးလုံး မှန်ပါတယ်

---

🔹 3. VERY IMPORTANT: With PRONOUNS ❗

👉 When we use pronouns, we MUST use “of”

❌ WRONG:

- All them are here.
- All us went to school.

✔ CORRECT:

- All of them are here.
- All of us went to school.

👉 So remember:
➡️ All + pronoun ❌
➡️ All of + pronoun ✅

🇲🇲 (အရေးကြီးဆုံးအချက်)
pronoun တွေနဲ့ဆိုရင် “of” ကို မဖြစ်မနေ ထည့်ရပါမယ်

❌ မမှန်

- All them
- All us

✔ မှန်

- All of them
- All of us

---

🔹 4. Common Pronouns You’ll Use

👉 them / us / you / whom

✔ Examples:

- All of them passed the exam.
- All of us are ready.
- All of you did a great job!

🇲🇲

- All of them = သူတို့အားလုံး
- All of us = ကျွန်တော်တို့အားလုံး
- All of you = မင်းတို့အားလုံး

---

🔹 5. Special Case: “All” Alone

👉 Sometimes we use “all” without noun/pronoun

✔ Example:

- All are welcome. (formal)
- We all agree.

🇲🇲 တချို့အခါ‌ တွေကြတော့ “all” ကို တစ်လုံးတည်းလည်း သုံးနိုင်ပါတယ်။

---

🔹 6. Quick Comparison

✔ Noun → both OK

- All the apples ✅
- All of the apples ✅

✔ Pronoun → MUST use “of”

- All of them ✅
- All them ❌

🇲🇲

- noun → နှစ်မျိုးလုံးရ
- pronoun → “of” မဖြစ်မနေလိုအပ်

---

✨ Final Summary

✔ “All the + noun” = common
✔ “All of the + noun” = formal/emphasis
✔ “All of + pronoun” = MUST

---
ကဲ ဒီလောက်ဆို all of the လား all the လား ရှင်းလောက်ပြီနော်။ အောက်က လေ့ကျင့်ခန်းလေးကို လုပ်ကြည့်လိုက်ဦးနော်။

💬 Practice Time!
👉 Fill in the blank:

1. All ___ us are ready.
2. All ___ students passed.

---

01/04/2026

🤗 Hello learners, welcome back 🤗

ဒီနေ့တော့ ပြီးခဲ့တဲ့အပတ်က ဘာလုပ်တယ်၊ အတိတ်မှာ ဘာလုပ်ခဲ့တယ် စတဲ့ အတိတ်ကာလက အကြောင်းအရာတွေကို ပြောချင်ပေမယ့် ဘယ်အချိန်မှာ past simple, ဘယ်လိုနေရာမှာ past continuous သုံးရမလဲဆိုတာ မရှင်းမလင်းဖြစ်နေတယ်ဆိုရင် ဒီသင်ခန်းစာလေးကို အဆုံးထိ လေ့လာကြည့်ကြဦးနော်။

📘 Past Simple vs Past Continuous (Talking about Past Experiences)

✨ Want to tell stories about your past clearly and naturally? Let’s learn how to use Past Simple and Past Continuous!

---

🔵 1. Past Simple (Finished actions in the past)
We use this to talk about actions that started and finished in the past.

🇲🇲 🔵 Past Simple (ပြီးဆုံးသွားသော အလုပ်များ)
အတိတ်မှာ စပြီး အတိတ်မှာပဲ ပြီးဆုံးသွားတဲ့အလုပ်တွေကို ပြောတဲ့အခါမှာ သုံးပါတယ်။

👉 Structure:
Subject + V2 / V-ed

✅ Examples:

- I visited my grandmother last weekend.
- She watched a movie yesterday.
- We went to the beach in 2024.

ဥပမာ
- ပြီးခဲ့တဲ့အပတ်မှာ အဖွားဆီ သွားခဲ့တယ်။
- သူမ မနေ့က ရုပ်ရှင်ကြည့်ခဲ့တယ်။
- ငါတို့ ၂၀၂၄ တုန်းက ကမ်းခြေကို သွားခဲ့ကြတယ်။
---

🟢 2. Past Continuous (Action in progress in the past)
We use this to describe actions that were happening at a specific time in the past.

🟢 Past Continuous (အတိတ်မှာ ဖြစ်နေဆဲ အလုပ်များ)
အတိတ်ကအချိန်တစ်ခုမှာ လုပ်နေဆဲ ဖြစ်နေဆဲအလုပ်တွေကို ပြောတဲ့အခါမှာ သုံးပါတယ်။

👉 Structure:
Subject + was/were + V-ing

✅ Examples:

- I was studying at 8 PM.
- They were playing football.
- She was cooking dinner.

ဥပမာ

- ငါ ည ၈ နာရီမှာ စာဖတ်နေခဲ့တယ်။
- သူတို့ ဘောလုံးကစားနေခဲ့တယ်။
- သူမက ညစာချက်နေခဲ့တယ်။

---

🟣 3. Using BOTH together (Very important!)
We often use them together to tell stories.

👉 Past Continuous = background action
👉 Past Simple = short action that interrupts

🟣 နှစ်ခုကို တွဲသုံးခြင်း
အတိတ်ကာလက stories တွေကိုပြောပြချင်တဲ့အခါ မကြာခဏ အတူ အသုံးပြုရပါတယ်။

Past Continuous = နဂို အရင် ဖြစ်နေတဲ့ အလုပ်
Past Simple = ကြားဖြတ် ဝင်လာတဲ့ အလုပ်တို

✅ Examples:

- I was studying when my friend called me.
- They were walking in the park when it started to rain.
- She was sleeping when the phone rang.

ဥပမာ

- ငါ့သူငယ်ချင်း ဖုန်းခေါ်တုန်းက ငါ စာလုပ်နေခဲ့တယ်။
- သူတို့ ပန်းခြံထဲ လမ်းလျှောက်နေတုန်း မိုးစရွာလာတယ်။
- ဖုန်းလာတုန်းက သူမက အိပ်နေခဲ့တယ်။
---

💡 Tip:
Use “when” with Past Simple and “while” with Past Continuous.
When ကို past simple နဲ့သုံးပါ။ while ကိုတော့ past continuous နဲ့သုံးနော်။

ကဲ အောက်က Mini practice လေး လုပ်ကြည့်ကြဦးနော်။
Remember: Practice makes Perfect! 💪☺️
---

🌍 Mini Practice:

Fill in the blanks:

1. I ______ (watch) TV when he ______ (arrive).
2. They ______ (play) football while it ______ (rain).

✍️ Write your answers in the comments!
💬 Comment မှာ သင့်ရဲ့ example sentence တစ်ခုရေးကြည့်ပါ!

28/03/2026

🤗 Hello learners, welcome back 🤗

ဒီနေ့တော့ basic speaking မှာ အပြောများပြီး မကြာခဏ ရောထွေးတတ်တဲ့ good နဲ့ well ကို ရှင်းရှင်းလင်းလင်း ဖြစ်သွားအောင် လေ့လာကြဦးစို့။

📘 Good vs Well – What’s the difference?

🔹 1. “Good” (Adjective)
👉 “Good” is an adjective.
👉 It describes a noun (person, thing, idea).

Structure:
Subject + be verb + good
Examples:
She is a good student.
This food is very good.
He is good at math.

🔹 2. “Well” (Adverb)
👉 “Well” is an adverb.
👉 It describes a verb (action).

Structure:
Subject + verb + well
Examples:
She speaks English well.
He runs very well.
They did the job well.

⚠️ Important Note
👉 “Well” can also be used as an adjective meaning healthy.

Examples:
I am well today. (= I am healthy)
She doesn’t feel well.

🔥 Common Mistakes
❌ I feel good today. (informal but acceptable)
✅ I feel well today. (more correct for health)
❌ He plays piano good.
✅ He plays piano well.

📘 Good vs Well – ဘာကွာလဲ?
🔹 1. “Good” (Adjective)
👉 “Good” က နာမ်ကို အထူးပြုတဲ့ adjective ဖြစ်ပါတယ်။
👉 လူ၊ ပစ္စည်း၊ အရာဝတ္ထုတွေကို ဖော်ပြပါတယ်။

ပုံစံ:
Subject + be verb + good
ဥပမာများ
She is a good student.
👉 သူမက ကျောင်းသားကောင်းတစ်ယောက်ပါ။
This food is very good.
👉 ဒီအစားအစာက အရမ်းကောင်းတယ်။
He is good at math.
👉 သူက သင်္ချာမှာတော်တယ်။

🔹 2. “Well” (Adverb)
👉 “Well” က verb (လုပ်ဆောင်မှု) ကိုအထူးပြုတဲ့ adverb ဖြစ်ပါတယ်။
ပုံစံ:
Subject + verb + well
ဥပမာများ
She speaks English well.
👉 သူမ အင်္ဂလိပ်ကို ကောင်းကောင်း ပြောနိုင်တယ်။
He runs very well.
👉 သူ ပြေးတာကောင်းတယ်။
They did the job well.
👉 သူတို့ အလုပ်ကို ကောင်းကောင်း လုပ်ခဲ့တယ်။

⚠️ အရေးကြီးတဲ့အချက်
👉 “Well” ကို healthy (ကျန်းမာသော) အနေနဲ့ adjective အဖြစ်လည်း သုံးနိုင်ပါတယ်။
ဥပမာ
I am well today.
👉 ဒီနေ့ ကျွန်တော် ကျန်းမာပါတယ်။
She doesn’t feel well.
👉 သူမ မကျန်းမာဘူး။

🚫 မှားတတ်သော အမှားများ

❌ He plays piano good.
✅ He plays piano well.
❌ I feel good today. (အသုံးများပေမယ့် informal)
✅ I feel well today. (ပိုမှန်)

💡 Quick Tip
👉 Good = noun ကို အထူးပြု
👉 Well = verb ကို အထူးပြု

ကဲ ခု good နဲ့ well ကို ရှင်းလင်းသွားပြီဆိုရင် စာကြောင်း ၂ ကြောင်းလောက် comment မှာ ရေးခဲ့ကြဦးနော်။

26/03/2026

🤗 Hello learners, welcome back 🤗
မတ်လလည်း ကုန်တော့မယ်ဆိုတော့ လာမယ့် ဧပြီလ မှာ ဘာပွဲတော်ရှိလဲ သိကြတယ်ဟုတ်။
ဒီနေ့ Thingyan နဲ့ ပတ်သတ်တာလေးလေ့လာကြစို့နော်။

🌊✨ Get Ready for Thingyan Festival! ✨🌊
🌊✨ သင်္ကြန်ပွဲတော်အတွက် အဆင်သင့်ဖြစ်ကြစို့။ ✨🌊

The joyful and refreshing Thingyan is coming soon! Let’s learn some useful vocabulary and a simple conversation to enjoy this festival in English 💬

ပျော်ရွှင်စရာကောင်းပြီး လန်းဆန်းစေတဲ့ သင်္ကြန်ပွဲတော် မကြာမီ‌ ရောက်လာတော့မယ်! ဒီပွဲတော်အတွက် အသုံးဝင်တဲ့ vocabulary နဲ့ conversation လေးတွေကို လေ့လာကြရအောင် 💬

---

📚 Vocabulary for Thingyan | သင်္ကြန်အတွက် စကားလုံးများ

- 💦 Water Festival – ရေကစားပွဲတော်
- 🙏 Pay respect – လူကြီးမိဘများကို ဂါရဝပြုခြင်း
- 🌼 Traditional dress – ရိုးရာအဝတ်အစား
- 🎶 Celebrate – ပွဲတော်ကျင်းပဆင်နွှဲခြင်း
- 🧼 Cleanse – မကောင်းမှုများကို ဖယ်ရှားခြင်း
- 🎉 New Year – နှစ်သစ်

---

💬 Simple Conversation | ရိုးရှင်းသောစကားပြော

👩 A: Are you ready for Thingyan?
👉 မင်း သင်္ကြန်အတွက် အဆင်သင့်ဖြစ်ပြီလား?

👦 B: Yes! I’m very excited.
👉 ဟုတ်တယ်! ငါ အရမ်းစိတ်လှုပ်ရှားနေတယ်။

👩 A: What do you usually do during Thingyan?
👉 သင်္ကြန်မှာ မင်းဘာတွေ လုပ်တတ်ပါသလဲ?

👦 B: I play water with my friends and visit my family.
👉 သူငယ်ချင်းတွေနဲ့ ရေကစားပြီး မိသားစု တွေဆီကို သွားလည်ပါတယ်။

👩 A: That sounds fun!
👉 ပျော်စရာကောင်းတယ်နော်!

👦 B: Yes! It’s a time to be happy and start fresh.
👉 ဟုတ်တယ်! ပျော်ရွှင်ဖို့နဲ့ အသစ်တဖန်စတင်ဖို့ အချိန်ပဲလေ။

---

🌟 Tip for Learners | အကြံပြုချက်

Try to use these words when talking about your holiday plans!
👉 အားလပ်ရက်အစီအစဥ်‌ တွေအကြောင်း ပြောတဲ့အခါ ဒီစကားလုံးတွေကို အသုံးပြုကြည့်ပါ။

---

💧 Fun Question

What do YOU like to do during Thingyan?
Tell us in the comments! 👇

👉 သင်္ကြန်မှာ သင်ဘာလုပ်ရတာကို ကြိုက်သလဲ? Comment မှာ ပြောပြခဲ့ကြပါဦးနော်။ 👇

25/03/2026

🤗 Hello learners, welcome back 🤗

ဒီနေ့တော့ writing ရေးတဲ့အခါမှာ အရေးကြတဲ့၊ မှားလေ့မှားထ ရှိတတ်ကြတဲ့ punctuation နဲ့ ပတ်သတ်တာလေးတွေ လေ့လာကြစို့နော်။

✨ Punctuation မှားတတ်တဲ့ အမှားများ ✨

📌 1. Comma (,) မသုံးခြင်း
❌ I like apples oranges and bananas.
✅ I like apples, oranges, and bananas.
👉 Comma က စာပိုဒ်တွေကို ခွဲပေးပြီး နားလည်ရလွယ်စေပါတယ်။

📌 2. Apostrophe (’) မှားသုံးခြင်း
❌ Its a beautiful day.
✅ It’s a beautiful day.
❌ The dog’s are barking.
✅ The dogs are barking.
👉 ’s ကို ပိုင်ဆိုင်မှု (သို့) short form တွေအတွက်ပဲ သုံးပါ။

📌 3. Capital letters မသုံးခြင်း
❌ i went to school on monday.
✅ I went to school on Monday.
👉 I၊ နာမည်များ၊ နေ့ရက်များကို အကြီးစာလုံးသုံးပါ။

📌 4. Full stop (.) မထည့်ခြင်း
❌ She is my friend she is kind
✅ She is my friend. She is kind.
👉 စာကြောင်းတိုင်းမှာ full stop လိုအပ်ပါတယ်။

📌 5. Question mark (?) မသုံးခြင်း
❌ Where are you going.
✅ Where are you going?
👉 မေးခွန်းအတွက် ? သုံးပါ။

💬 Practice makes perfect! Try writing your own sentences below 👇

ကဲ comment မှာ စာကြောင်းလေးတွေ ရေးသွားကြည့်ပါဦးနော်။

24/03/2026

🤗 Hey learners, welcome back!🤗

Today, let's learn how to order food at the counter!
ကဲ ဒီနေ့တော့ အစားအသောက်လေးတွေ ကောင်တာမှာ မှာကြည့်ကြရအောင်နော်။။🤗😋

🍔 English Speaking Practice: Ordering Food at a Fast Food Counter

Want to sound more natural when ordering food in English? Let’s practice a simple conversation you can use in real life! 👇

---

🗣️ Customer:
Hi! Can I get a cheeseburger combo, please?
🇲🇲 မင်္ဂလာပါ! Cheeseburger combo တစ်စုံ ရနိုင်မလား?

🗣️ Cashier:
Sure! Would you like fries and a drink with that?
🇲🇲 ရတာပေါ့! အာလူးကြော်နဲ့ အချိုရည်လည်း အတူတူ လိုဦးမလား?

🗣️ Customer:
Yes, please. I’ll take a medium fries and a cola.
🇲🇲 ဟုတ်ကဲ့၊ ကျေးဇူးပြုပြီး။ Medium အရွယ် အာလူးကြော်နဲ့ cola တစ်ခွက် ယူမယ်။

🗣️ Cashier:
Would you like to make it a large for just $1 more?
🇲🇲 $1 ပိုပေးပြီး large အရွယ် ပြောင်းချင်ပါသလား?

🗣️ Customer:
No, that’s okay. Medium is fine.
🇲🇲 မလိုအပ်ပါဘူး။ Medium နဲ့ပဲ အဆင်ပြေပါတယ်။

🗣️ Cashier:
Anything else?
🇲🇲 အခြားရော လို‌ပါ‌သလား?

🗣️ Customer:
Yes, can I also get an ice cream?
🇲🇲 ဟုတ်ကဲ့။ Ice cream တစ်ခွက်လည်း ယူလို့ရမလား?

🗣️ Cashier:
Your total is $8.50.
🇲🇲 စုစုပေါင်း $8.50 ကျပါတယ်။

---

✨ Tip:
Use polite phrases like “Can I get…?”, “Please”, and “Thank you” to sound more natural and friendly!

💬 Try practicing this with a friend or record yourself!

Recording လေးသွင်းပြီး လေ့ကျင့်ကြည့်ဖို့မမေ့နဲ့ဦးနော်။💪

---

📌 Follow our page for more daily English speaking lessons! 🇬🇧✨

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address

Yangon
000000