YPE Structural Design Training Center
03/01/2021
အတိအကျပြောရမယ်ဆိုရင် လွန်ခဲ့သောအနှစ် ၂၀ လောက်ကစပြီး ရေကြောင်းကုန်သွယ်မှုပုံစံ trends of shipping ပြောင်းလဲလာမှုက ဆိပ်ကမ်းများရဲ့ လုပ်ငန်းလည်ပတ်မှုကိုတစ်ဖြည်းဖြည်းနဲ့ ရိုက်ခတ်လာတယ်။ ဘယ်လိုရိုက်ခတ်လဲဆိုရင် ဓာတ်ငွေ့ လောင်စာဆီ သယ်ဆောင်သောသင်္ဘောများဖြစ်သော tankers သင်္ဘောများ ကွန်တိန်နာသင်္ဘောများ container ships ကုန်တင်သင်္ဘောများ cargo ships များ အတွက် သင်္ဘောသွားရာလမ်းနှင့် ရပ်နားရာနေရာအတွက် ရေအနက်ပို၍လိုအပ်လာတယ်။ ကုန်များကို အတင်အချလုပ်ရန် သိုလှောင်ရုံသို့ပို့ရန် အဆင်မြင့်ကိရိယာများဖြင့် ကိုင်တွယ်လုပ်ဆောင်ဖို့လိုအပ်လာတယ်။ ဒီပြောင်းလဲလာမှုက အရင်ကဆောက်လုပ်ပြီးသား ဆိပ်ကမ်းတွေ အဆင့်မြင့်ရန် တိုက်တွန်းလိုက်ရုံသာမက အသစ်ဆောက်မယ့် ဆိပ်ကမ်းအတွက်လည်း လက်ရှိအခြေအနေနှင့် အနာဂါတ်အခြေအနေအတွက် ဒီဇိုင်းလိုအပ်ချက်တွေ design requirements ထည့်သွင်းစဥ်းစားဖို့လိုအပ်ကြောင်း တိုက်တွန်းလိုက်တယ် ဒီတော့ ဆိပ်ကမ်း ဒီဇိုင်း နှင့် သင်္ဘောရပ်နားဖို့ အရွယ်အစားကို ဒီဇိုင်း စဥ်းစားဖို့လိုအပ်လာတယ် ဒီနေ့မှာ သင်္ဘောရပ်နားဖို့ဒီဇိုင်းအတွက် ဒီအချက်တွေ သိထားဖို့လိုတယ်ဆိုတာကို ပြောပြချင်တယ်
1.) ဘယ်လို သင်္ဘောအမျိုးအစားကမ်းကပ်မှာလဲ- fishing, cargo, tankers, dry cargo, bulk carrier, liquid cargo, passenger ships, VLCC, Ro-Ro, crude carrier
2.) သင်္ဘောအရွယ်အစားဘယ်လောက်ရှိလဲ - သင်္ဘောတစ်ခုလုံးစာ အတိုင်းအတာများမဖြစ်မနေသိဖို့လိုအပ်တယ် ဥပမာ အရှည် overall length LOA, LBP, အကျယ် B, အနက် Draft, Freeboard အစရှိသသည်များ သိဖို့လိုအပ်တယ်
3.) ဒီရေအတက်အကျ tide level မှာဆိုရင်ဖြင့် အမြင့်ဆုံးရေတက်ချိန်ရေအနက် အနိမ့်ဆုံးရေကျချိန်ရေအနက် highest astronomical tide, lowest astronomical tide, mean sea level စသဖြင့်သိရပါမယ် အနာဂါတ်တွင် ကမ္ဘာကြီးပူနွေးလာမှုကြောင့် ပင်လယ်ရေမျက်နှာပြင်မြင့်တက်လာနိုင်ခြင်းကိုလည်း ထည့်သွင်းစဥ်းစားရပါမယ်
4.) မြေမျက်နှာသွင်ပြင်အနေအထား တိုင်းတာမှု topographic survey
5.) ပင်လယ်ရေအောက်ကြမ်းပြင်အနေအထားတိုင်းတာမှု bathymetric survey
6.) ဆိပ်ကမ်းတည်နေရာရှိ လေတိုက်နှုန်း နှင့်လေတိုက်တာအရပ် လှိုင်းအမြင့် အကြိမ်ရေ ရေစီးကြောင်းပြင်းအားစသော ရာသီဥတုအခြေအနေများကို ပုံမှန်အချိန် ပြင်းထန်သောအချိန် ဆိုင်ကလုန်းတိုက်ချိန် တိုင်းတာမှု met-ocean data
7.) soil investigation data မြေဆီလွှာတစ်လွှာခြင်းဆီ၏အခြေအနေ
8.) သင်္ဘောလာရာလမ်းကြောင်းရဲ့ အရွယ်အစား နှင့် သင်္ဘောကွေ့ရန်နေရာ turning point ရဲ့ အရွယ်အစားက သတ်မှတ်ထားသော စည်းကမ်းချက်များနဲ့ညီမညီ စစ်ဆေးရမယ်
9.) သင်္ဘောငယ်များရဲ့အကူအညီ tug boat assistance လိုအပ်ချက်ရှိမရှိ
စသောအချက်တွေသိထားဖို့လိုအပ်တယ်
02/01/2021
Do you know what is a breakwater?
Breakwater ဆိုတာ ဘာကိုပြောသလဲ သင်သိပါသလား
Breakwater ကိုအဓိပါယ်ဖွင့်ဆိုရမယ်ဆိုရင်ရေကာတံတိုင်းလို့ ဖွင့်ဆိုနိုင်ပါတယ် သူရဲ့ function က ဆိပ်ကမ်းကို မြင့်မားသောလှိုင်းလုံးကြီးများ high intensity waves ရေစီးကြောင်းများ current ရိုက်ခတ်မှုဒါဏ်မှကာကွယ်ပေးနိုင်ခြင်း ဆိပ်ကမ်းတိုက်စားမှုဒါဏ်ကိုကာကွယ်ပေးနိုင်ခြင်း လှိုင်း ရေစီးကြောင်း ပြင်းထန်မှုကြောင့် ဖြစ်ပေါ်လာသော ရေပြင်မငြိမ်သက်မှု ကြောင့်နောက်ဆက်တွဲ ဖြစ်ပေါ်လာသော သင်္ဘောများ အဆင်ပြေစွာ ကမ်းကပ်၍မရနိုင်ခြင်း ကုန်တင်ကုန်ချမရနိုင်ခြင်း လုပ်ငန်းဆောင်တာများ ကြန့်ကြာခြင်း စသောအခြေအနေများ ဖြစ်ပေါ်မှုကို ထိန်းချုပ်ကာကွယ်ရန် ဖြစ်ပါတယ်
Click here to claim your Sponsored Listing.
Category
Culinary Team
Attire
Contact the school
Website
Address
Yangon