TMK Language Classes

TMK Language Classes

Share

04/09/2023

ဒီနေ့မှာတော့ eat into ဆိုတဲ့ phrasal verb လေးအကြောင်း ဝေမျှပေးချင်​ပါတယ်။ 😊😊😊

Cambridge Dictionary မှာဖော်ပြထားတဲ့ သူ့ရဲ့ meaning ကတော့ to use or take away a large part of something valuable, such as money or time ဖြစ်ပါတယ်။ ⏱⏱⏱💸💸💸

တိုက်ရိုက်ဘာသာ ပြန်မယ်ဆိုရင် ပိုက်ဆံ အချိန် တို့ကဲ့သို့ တန်ဖိုးရှိတဲ့ တခုခုကို ထုတ်ယူလိုက်တယ် အသုံးပြုလိုက်တယ် (ကုန်စေတယ်)။ 🕰🕰🕰💰💰💰

Example sentences လေးတွေကိုလဲ ဖော်ပြပေးလိုက်ပါတယ်။

The price increase is eating into my savings.
ကုန်ဈေးနှုန်းတတ်ခြင်းက ကျွန်တော့်ရဲ့ စုဆောင်းထားတဲ့ ငွေတွေကို ကုန်စေတယ်။ 💵💵💵

Responsibilities at home and work eat into his time.
အလုပ်နဲ့ အိမ်မှာ သူလုပ်ရတဲ့ တာဝန်တွေက သူ့ရဲ့ တန်ဖိုးရှိတဲ့ အချိန်တွေကို ကုန်စေတယ်။ 🏠🏠🏦🏦

ကိုယ်ပိုင် sentence လေး တည်ဆောက်ကြည့်ပါမယ်။

Using social media eats into my time. But I can’t help using it.
Social media သုံးခြင်းက စာရေးသူရဲ့ အချိန်တွေကို ကုန်စေတယ်။ ဒါပေမဲ့ မသုံးဘဲလဲ မနေနိုင်ပါ။
😅😅😅

စာဖတ်သူများအတွက်ရော ဘယ်လိုအရာတွေက အချိန်နဲ့ ငွေကြေးတို့ကို ကုန်ဆုံးစေလဲ ဆိုတာ comment မှာ ရေးသားပေးသွားနိုင်ပါတယ်။ ☺☺☺

04/06/2022

ဒီနေ့တော့ ရင်းနှီးခင်မင်ရတဲ့ အမ တစ်ယောက်ရဲ့ Canada နိုင်ငံ တက္ကသိုလ် တခုမှာ Convocation တက်ရောက် ဘွဲ့ယူနေတဲ့ ဓာတ်ပုံလေးတွေကို တွေ့ပြီး Vocab လေးတစ်ချို့ မျှဝေပေးချင်ပါတယ်။ 🤗🤗🤗

ဒီအမနဲ့ 2013 မှာ အဂ်လိပ်စာ သင်တန်းတစ်ခုတက်ရင်း တွေ့ဆုံ ခင်မင်ခဲ့ပါတယ်။ အမက အဂ်လိပ်စာကို အဆက်မပြတ် လေ့လာခဲ့ပြီး ကနေဒါနိုင်ငံကို ပြောင်းရွှေ့နေထိုင်ခဲ့ပါတယ်။ ဟိုမှာလဲ အလုပ်တဖက်နဲ့ ပညာရေးကိုလဲ ဆက်လက်သင်ကြားခဲ့ပါတယ်။ အခုတော့ Degree တခုကို အမ ပိုင်ဆိုင်နိုင်ခဲ့ပါပြီ။ 😍😍😍

အမက အသက်အားဖြင့် လေးဆယ်ကျော်ဖြစ်ပေမဲ့ lifelong learning နဲ့ အောင်မြင်မှုတွေ ရရှိခဲ့တာတွေ့ရတော့ Late Bloomer တယောက် အဖြစ် ဂုဏ်ယူဝမ်းမြောက် မိပါတယ်။ 👑👑👑

Late Bloomer: Someone who becomes successful, attractive etc. at a later time in life than other people

Example: She was a late bloomer as an actress.
သူမက အသက်ကြီးမှ အောင်မြင်ကျော်ကြားလာခဲ့တဲ့ မင်းသမီး တစ်လက်ပါ။ 🌹🌹🌹

သူ့ရဲ့ ဆန့်ကျင်ဘက် စကားလုံးလေးကတော့ Prodigy ဖြစ်ပါတယ်။

Prodigy: a young person who has a great natural ability in a subject or skill
နယ်ပယ်တခုခုမှာ ငယ်ငယ်ရွယ်ရွယ်နဲ့ genius လို့ခေါ်ရလောက်အောင် ထူးချွန်အောင်မြင်သူ ဖြစ်ပါတယ်။

Example: She was a musical prodigy.
သူမက အသက်ငယ်ငယ်လေးနဲ့ ဂီတဘက်မှာ ပါရမီ ထူးချွန်ပြီး အောင်မြင်ကျော်ကြားခဲ့ပါတယ်။

စာရေးသူတို့ ဘဝမှာလဲ ငယ်ရွယ်စဥ်မှာ အောင်မြင်မှုမရခဲ့လို့ လက်လျော့ အရှုံးမပေးပဲ တချိန်ချိန်မှာ မိမိကိုယ်ကို Late bloomer တယောက်လို့ ဂုဏ်ယူနိုင်ဖို့ နေ့စဥ်လေ့လာမှုတခုခုနဲ့ ဖြေးဖြေး မှန်မှန် သွားနေဖို့သာ လိုတယ်လို့ ထင်မြင်မိပါတယ်။ 💪💪💪

ဒီ Vocab လေး ၂ခု ကိုလေ့လာရင်း နောက်ထပ်လေ့လာမှုတွေလုပ်ဖို့ motivation ရမယ်လို့ မျှော်လင့်ပါတယ်ရှင်။ 🙏🙏🙏

TMK Language Classes

08/05/2022

Happy Mother's Day! 💝💝💝🙏🙏🙏💕💕💕

ဒီနေ့လို ပျော်ရွှင်စရာကောင်းတဲ့ မိခင်များနေ့လေးမှာ ချစ်ရတဲ့ မိခင်တွေနဲ့ အတူရိုက်ထားတဲ့ ဓာတ်ပုံလေးတွေကို ဆုမွန်ကောင်းလေးတွေနဲ့ ယှဥ်တွဲပြီး တင်ထားတဲ့ post လေးတွေကို Social media ပေါ်မှာတွေ့ရတာ အလွန်
ကြည်နူးစရာ ကောင်းပါတယ်။ 🤗🤗🤗

တချို့ ညီအကို မောင်နှမတွေ စုပေါင်းပြီး မိမိတို့ရဲ့ မိခင်တွေအတွက် လက်ဆောင်လေးတွေပေးကြတာတွေ့ရတော့ လေ့လာထားမိတဲ့ လှပတဲ့ Phrasal Verb လေးတခုကို မျှဝေပေးချင်ပါတယ်။ 😃😃😃

ဒီ Phrasal Verb လေးကတော့ 'Chip in' ဖြစ်ပါတယ်။

သူ့အဓိပ္ပါယ်လေးကတော့
If people chip in, they each give some money to pay for something together.

တခုခု (gift / surprise party) အတွက် ပိုက်ဆံစုပေါင်းထည့်ဝင်ကြတာမျိုးပါ။ 👨‍👧‍👦👨‍👧‍👦👨‍👧‍👦👨‍👧‍👧👨‍👧‍👧

ဥပမာ စာကြောင်းလေးတွေကတော့

They each chipped in Ks 50000 to buy surprise gift for their mother on Mother's Day.
(အမေများနေ့မှာ သူတို့ အမေအတွက် လက်ဆောင်ဝယ်ဖို့ တယောက် ၅သောင်းစီ စုပေါင်းထည့်ကြတယ်။)🎀🎊🎉🎁🎁🎁

We all chipped in and bought a money bouquet for our mother.
(အမေ့အတွက် ငါတို့ပိုက်ဆံ ပေါင်းထည့်ပြီး ပိုက်ဆံပန်းစည်း ဝယ်ခဲ့တယ်။)💐💐💐💐💐

ဒီ Vocab လေးလဲ လေ့လာရင်း မိခင်များ အားလုံးအတွက် ပျော်ရွှင်စရာ မိခင်များနေ့လေး ဖြစ်ပါစေ လို့လဲ ဆန္ဒ ပြုမိပါတယ်။ 😍😍😍

တဖက်မှာလဲ အမေများနေ့မှာ အမေနဲ့ အတူမရှိနိုင်တော့တဲ့ သားသမီးတွေ၊ သားသမီးတွေနဲ့ အတူ မရှိနိုင်တော့တဲ့ မိခင်တွေအတွက် 'Pope Francis' ရဲ့ ဒီနေ့ Twitter ပေါ်မှာ တင်ထားတဲ့ စာသားလေးကို ဖော်ပြပေးလိုက်ပါတယ်။

"Today is Mother's Day in many countries. Let us affectionately remember our mothers, even those who are no longer with us down here, but who live in our hearts. Our prayer, our affection, our best wishes for all our mothers."
😇😇😇

ပျော်ရွင်စရာ မိခင်များနေ့ရဲ့ ညခင်း အချိန်အခါလေး ဖြစ်ပါစေ။ 🙏🙏🙏

TMK Language Classes

Photos from TMK Language Classes's post 22/02/2022

American English Live: Teacher Development Series 13

ဒီနေ့အတွက် အဂ်လိပ်စာ သင်ကြားရေးနယ်ပယ်မှ ဆရာ ဆရာမများရဲ့ Professional Development အတွက် အထောက်အကူပြုသော Webinar Series အကြောင်းလေး မျှဝေပေးပါရစေ။ 🤗🤗🤗

ELT နယ်ပယ်မှ ဆရာ ဆရာမ အများစု သိရှိပြီးသား ဖြစ်မယ်လို့ ထင်ပါတယ်။👩‍🏫👨‍🏫👩‍🏫👨‍🏫

ဒီ Series လေးကို 'American English for Educators' FB page မှ တိုက်ရိုက်ကြည့်ရှုလေ့လာနိုင်ပြီး Comment မှတဆင့် ဝင်ရောက်ဆွေးနွေးနိုင်ပါတယ်။

အခုဆိုရင် Series အမှတ် 13 ရောက်ရှိနေပြီး ဒီ Series အတွက် Webinar ခြောက်ခုကို January - March 2022 အတွင်းပြုလုပ်ပေးနေ​ပြီး Teaching Forum ရဲ့ နှစ် ၆၀ ပြည့် အထိမ်းအမှတ် ကျင်းပပေးနေခြင်းဖြစ်တယ်လို့ သိရပါတယ်။

"Reading" "Storytelling" နဲ့ "Supporting Students with Learning Disabilities" စတဲ့ topic များပါဝင်ပါတယ်။ Series 13 အတွက် Webinar 3 ခု ပြီးမြောက်ပြီးဖြစ်ပါတယ်။ March လ အတွင်း ၂ရက်၊ ၁၆ ရက်နေ့ နဲ့ ၃၀ ရက်နေ့များမှာ နောက်ထပ် Webinar များရှိမည်ဖြစ်ပြီး ထိုနေ့တွေ အတွက် topic များကို သိရှိနိုင်ဖို့ Screenshot လေး တင်ပေးထါးပါတယ်။ 😃😃😃

Webinar တခုစီရဲ့ အပြီးမှာ Comment Section တွင် ချပေးသော link မှ တဆင့် Quiz ဖြေဆိုနိုင်ပြီး Multiple Choice Question ၃ခု မှ ၂ခု မှန်အောင်ဖြေဆိုနိုင်လျှင် Mail မှတဆင့် Digital Badge ရရှိမှာ ဖြစ်ပါတယ်။ 😊😊😊

First & Third Webinar ကို ဝင်ရောက်လေ့လာခဲ့ပြီး ရရှိခဲ့တဲ့ စာရေးသူရဲ့ Digital Certificate လေးများကိုလဲ ဖော်ပြပေးလိုက်ပါတယ်။ 😀😀😀

ELT နယ်ပယ်မှ ဆရာ ဆရာမများနှင့် သင်ကြားရေးကို စိတ်ဝင်စားတဲ့ ညီငယ် ညီမငယ်များအတွက် အထောက်အကူဖြစ်မယ်လို့ မျှော်လင့်ပါတယ်ရှင်။ 🙏🙏🙏🙏🙏

TMK Language Classes

28/01/2022

Teaching target vocabularies through pictures

04/11/2021

ဒီကာလ အပိုင်းအခြားတွေမှာ စာရေးသူအပါအဝင် လူတိုင်းနီးပါး အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတာကြောင့် အခက်အခဲ တွေ့ကြုံနေရကြောင်းကို မတူညီတဲ့ Expressions လေးတွေနဲ့ ပြောကြားပုံကို အတူတကွ လေ့လာကြည့်ဖို့ ရွေးချယ်ထားပါတယ်။

တစုံတခုက ခက်ခဲလို့၊ ကြန့်ကြာနေ့လို့ စိတ်ကုန် ငြီးငွေ့တဲ့အခါ
'I'm sick and tired of it'.
'I'm fed up with it' စတဲ့ အသုံးပုံစံလေးတွေကို စာရေးသူတို့ ထပ်ခါ ထပ်ခါ သုံးဖြစ်ကြပါတယ်။ စာ​ရေးသူရဲ့ မှတ်စုလေးထဲ ​ရေးမှတ်ထားတဲ့ နောက်ထပ် အသုံးပုံစံလေးတွေကို အားလုံးနဲ့ အတူ ပြန်လည် လေ့လာဖို့ ဝေမျှပေးလိုက်ပါတယ်။

ပထမဆုံး expression လေးကတော့
Have a hard time: have difficulty with something

Example:
I was having a hard time this afternoon. Due to the unstable connection, I couldn't upload my assignment video on Google Classroom before deadline.

Connection ကြောင့် deadline မတိုင်ခင်မှာ assignment video ကို အချိန်မီ မတင်နိုင်ဘဲ အခက်အခဲဖြစ်ခဲ့ပုံလေးကို 'having a hard time' အသုံးလေးနဲ့ တင်ပြထားပါတယ်။

နောက်ထပ် အသုံးအနှုန်းလေးကတော့
not take off: not succeed

Example:
When it comes to my exam result, I would say it wasn't taking off.

စာမေးပွဲ ရလဒ်ကတော့ အောင်မြင်တယ် မဆိုနိုင်ဖူးပေါ့။

It wasn't taking off နဲ့ ဆင်တူတဲ့ နောက်ထပ် အသုံးတခုကတော့ 'It wasn't happening for me'!
တခုခု ပြီးမြောက်အောင် မလုပ်ဆောင်နိုင်ပဲ အခက်အခဲရှိနေတဲ့အခါ အသုံးပြုနိုင်ပါတယ်။

နောက်ဆုံး Expression လေးကတော့
"Throw in the towel"
လက်ဝှေ့ကြိုးဝိုင်းထဲမှာ towel လေး ပစ်တင် အချက်ပြလိုက်တဲ့ အခါ တဖက်ကို အရှုံးပေးတဲ့ အမှတ်အသားလေးပါ။

Example:

I've been studying English for many years and I get stuck in the intermediate level. To admit, I'm ready to throw in the towel.

English language ကို နှစ်ပေါင်းများစွာလေ့လာခဲ့ပေမဲ့ intermediate မှာပဲ ရှိနေသေးလို့ စိတ်ဓာတ်ကျရင်း အရှုံးပေးချင်ပုံလေးကို ready to throw in the towel အသုံးလေးနဲ့ ပြောသွားတာ ဖြစ်ပါတယ်။

#ဒီလို Speaking မှာ အသုံးဝင်တဲ့ Expression တွေကို ရှင်းလင်းချက်တွေနဲ့ လေ့လာချင်ရင် YOUTUBE က 'English Speaking Success' ကို Subscribe လုပ်ထားလို့ရကြောင်းလေးလဲ Sharing လုပ်ပေးချင်ပါတယ်။ ဒီ Channel လေးက IELTS Speaking ကို အဓိက သင်ကြားပေးနေတဲ့ Tr. Keith ရဲ့ Channel လေးဖြစ်ပါတယ်။ အထက်မှာ ဖော်ပြထားတဲ့ Expression လေးတွေကလဲ Tr. Keith ရဲ့ Video လေးတွေကနေ လေ့လာခဲ့တာ ဖြစ်ပါတယ်။

မတူညီတဲ့ Expression တွေကို လေ့လာရင်း တစုံတရာ အကျိုးရှိမယ်လို့ မျှေင့်လင့်ပါတယ်ရှင်။

TMK Language Classes

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address

Yangon