Power Light Solar
28/05/2026
⚡ စွမ်းအင်ဆုံးရှုံးမှုကင်း မီးအားအပြည့်လင်း PNTECH Solar Cable
ငွေကျပ် သိန်းဂဏန်း၊ သန်းဂဏန်းအကုန်ခံပြီး အကောင်းဆုံး ဆိုလာပြားနဲ့ အဆင့်မြင့် Inverter တွေ တပ်ဆင်ထားပါလျက်နဲ့... မီးအားက ထင်သလောက် အပြည့်မရတာမျိုး ကြုံဖူးပါသလား… ❓
တကယ်တော့ ဒါဟာ ဆိုလာပြားတွေက ထုတ်လွှတ်ပေးလိုက်တဲ့ လျှပ်စစ်စွမ်းအင်တွေ Inverter ဆီ မရောက်ခင် လမ်းခုလတ်မှာတင် အလေအလွင့်ဖြစ်ပြီး ဆုံးရှုံးသွားရလို့ပဲ ဖြစ်ပါတယ်။ ဒါကို Current Loss (လျှပ်စစ်ဓာတ်အား ဆုံးရှုံးမှု) လို့ ခေါ်ပြီး အရည်အသွေးမပြည့်မီတဲ့ ရိုးရိုး Cable ကြိုးတွေ သုံးမိတဲ့အခါမျိုးမှာ အဖြစ်များတတ်ပါတယ်။
ဒီလို စွမ်းအင်အလေအလွင့် ဖြစ်မှုကို အထိရောက်ဆုံး ကာကွယ်ပြီး မီးအားအပြည့် ရရှိစေဖို့အတွက် 𝗣𝗢𝗪𝗘𝗥 𝗟𝗜𝗚𝗛𝗧 𝗦𝗢𝗟𝗔𝗥 မှ ကမ္ဘာ့အဆင့်မီ PNTECH Solar Cable များကို တရားဝင် တင်သွင်းဖြန့်ချိပေးနေပါပြီ။ 🔌
✨ ဘာကြောင့် 𝗣𝗢𝗪𝗘𝗥 𝗟𝗜𝗚𝗛𝗧 ရဲ့ PNTECH Solar Cable တွေကို ရွေးချယ်သင့်တာလဲ ❗
🔷 Premium Quality Conductor
အတွင်းသား Conductor အဖြစ် High-grade Tinned Plated Copper ကို သုံးထားလို့ လျှပ်ကူးမှု လွန်စွာကောင်းမွန်ပြီး ဆိုလာ DC စနစ်အတွက် အထူးသင့်လျော်ပါတယ်။
🔷 Maximum Efficiency
Current Loss ကို အနိမ့်ဆုံးအထိ လျှော့ချပေးလို့ နေရောင်ခြည်ကရတဲ့ စွမ်းအင်ကို တစ်စက်မှ အလေအလွင့်မရှိ 100% အပြည့်အဝ အသုံးချနိုင်မှာပါ။
🔷 Built for Extremes
မိမိရဲ့နေအိမ် အပြင်ဘက်မှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ နေပူမိုးရွာ ဒဏ်တွေကို အကြမ်းခံနိုင်တဲ့ UV Protection အပြင်၊ အပူချိန် ၉၀ ဒီဂရီအထိ ခံနိုင်ပြီး DC Voltage 1500V အထိ ခံနိုင်ရည်ရှိလို့ ဘယ်လို ဆိုလာ Project မျိုးအတွက်မဆို အကောင်းဆုံး ဖြစ်ပါတယ်။
🔷 Safety Standards
နိုင်ငံတကာ Safety Standards များနဲ့အညီ ထုတ်လုပ်ထားပြီး Flame Test (မီးလောင်လွယ်မှု စစ်ဆေးချက်) အောင်မြင်ထားလို့ မီးဘေးအန္တရာယ်အတွက် လုံးဝ စိတ်ပူစရာမလိုပါဘူးနော်။
🔷 Theoretical Service Life
ခိုင်ခံ့စိတ်ချရတဲ့ နည်းပညာနဲ့ ဒီဇိုင်းထုတ်ထားလို့ သက်တမ်း နှစ် ၂၅ နှစ်အထိ စိတ်ချလက်ချ ရေရှည် အသုံးပြုနိုင်ပါတယ်။
အိတ်စိုက်တပ်ဆင်ထားရတဲ့ သင့်ရဲ့ ဆိုလာစနစ်တစ်ခုလုံးကို စွမ်းဆောင်ရည် (Efficiency) အမြင့်ဆုံးနဲ့ စိတ်ချရဆုံး ဖြစ်စေဖို့၊ လျှပ်စစ်ကျွမ်းကျင်သူများ ရွေးချယ်တဲ့ 𝗣𝗢𝗪𝗘𝗥 𝗟𝗜𝗚𝗛𝗧 𝗦𝗢𝗟𝗔𝗥 ရဲ့ PNTECH ကေဘယ်ကြိုးတွေကိုပဲ အသုံးပြုလိုက်ပါ။ 🤗
✅ မိမိလုပ်ငန်းနဲ့ သင့်တော်မယ့် Model အမျိုးအစားကို ရွေးချယ်ဝယ်ယူနိုင်ဖို့ HUAWEI ရဲ့ Official Authorized Distributor ဖြစ်တဲ့ POWER LIGHT SOLAR မှာ Official Warranty အပြည့်အဝနဲ့ InStock ရောင်းချပေးနေတာကြောင့် ယုံကြည်စိတ်ချစွာ ဝယ်ယူနိုင်တာမို့ ဆက်ဆက်ကြွလှမ်းခဲ့ဖို့ ဖိတ်ခေါ်ပါရစေနော်…
✅ Showroom - အမှတ် (၇)၊ သီရိရတနာအိမ်ရာ၊ ဝေဇယန္တာလမ်းမကြီး၊ သင်္ဃန်းကျွန်းမြို့နယ်။
Phone : 09799668562, 09750079061, 09750083051
Email : [email protected]/ [email protected]
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Yangon
Opening Hours
| Monday | 09:00 - 05:00 |
| Tuesday | 09:00 - 05:00 |
| Wednesday | 09:00 - 05:00 |
| Thursday | 09:00 - 05:00 |
| Friday | 09:00 - 05:00 |
| Saturday | 09:00 - 03:30 |