Being With You

Being With You

Share

10/05/2026

"အမေ" ဆိုတာ ကျွန်မတို့ဘဝရဲ့ ပထမဆုံး လုံခြုံရာ ရင်ခွင်ပါ✨

ဒီနေ့ဟာ ကမ္ဘာတစ်ဝန်းက မိခင်တွေကို ဂုဏ်ပြုတဲ့ "အမေများနေ့" လေးပဲဖြစ်ပါတယ်ရှင်။ အမေဆိုတာ ကျွန်မတို့ တစ်သက်တာလုံးအတွက် ချစ်ခြင်းမေတ္တာဆိုတာကို စတင်ပုံဖော်ပေးခဲ့တဲ့ ပထမဆုံးသော ပုဂ္ဂိုလ် ဖြစ်ပါတယ်။

🌸 အဲဒီ့အတွက် ဒီနေ့မှာတော့ ကျွန်မတို့လူသားအားလုံးရဲ့ ဘဝအတွက် အမေတွေက ပေးခဲ့တဲ့ အဖိုးတန်လက်ဆောင် (၃) မျိုးအကြောင်းကို မျှဝေပေးချင်ပါတယ်။

၁။ Secure Base (လုံခြုံသည့်အခြေစိုက်စခန်း)

ကျွန်မတို့ ငယ်ငယ်က လဲကျတဲ့အခါ၊ ကြောက်တဲ့အခါ အမေ့ဆီကို အရင်ဆုံး ပြေးသွားခဲ့ကြပါတယ်။ ဒီလို လုံခြုံမှုပေးနိုင်တဲ့ အမေ့ရဲ့ မေတ္တာကြောင့်ပဲ ကျွန်မတို့ဟာ လူလားမြောက်လာတဲ့အခါ တခြားသူတွေကို ယုံကြည်ရဲတဲ့၊ စိတ်ဓာတ်ခိုင်မာတဲ့သူတွေ ဖြစ်လာကြတာပါ။

၂။ Co-Regulation (စိတ်ခံစားချက်ကို ထိန်းညှိနိုင်သည့်အစွမ်း)

ဘာကြောင့် ငိုမှန်းမသိ ငိုနေတဲ့ ကလေးဘဝမှာ အမေ့ရဲ့ နွေးထွေးတဲ့ ပွတ်သပ်မှုနဲ့ ချော့မြူသံတွေက ကျွန်မတို့ရဲ့ စိုးရိမ်စိတ်တွေကို ငြိမ်သက်သွားစေခဲ့ပါတယ်။ အမေဟာ ကျွန်မတို့ရဲ့ ပထမဆုံးသော Counsellor ပါပဲ။

၃။ Unconditional Positive Regard (ခြွင်းချက်မရှိ လက်ခံပေးခြင်း)

ဘယ်လိုအမှားမျိုးပဲလုပ်လုပ်၊ ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် မိခင်ဆိုတာကတော့ ကျွန်မတို့ကို အပြစ်မတင်ဘဲ အမြဲတမ်း လက်ခံပေးထားတတ်ပါတယ်။ ဒီလို လက်ခံပေးမှုကပဲ ကျွန်မတို့ရဲ့ “Self-Esteem” လို့ခေါ်တဲ့မိမိကိုယ်ကိုယ် တန်ဖိုးထားစိတ်” ကို မြင့်မားစေခဲ့တာဖြစ်ပါတယ်။

ဒီနေ့မှာတော့ အမေ့ကို "ကျေးဇူးတင်ပါတယ်" လို့ ပြောရင်း အမေပေးခဲ့တဲ့ အဲဒီမေတ္တာနဲ့ လုံခြုံမှုတွေကို ပြန်လည်အမှတ်ရပေးပြီး ကိုယ့်ရဲ့စိတ်နှလုံးအိမ်လေးကိုလည်း အမေ့ကို ကျေးဇူးတင်တဲ့စိတ်နဲ့ နွေးထွေးစွာ ပြုစုပျိုးထောင်ပေးကြဖို့ တိုက်တွန်းချင်ပါတယ်ရှင်။

အမေနဲ့ ဝေးကွာနေသူများ သို့မဟုတ် မိခင်ကို ဆုံးရှုံးထားရသူများအတွက်လည်း ဒီနေ့မှာ BWU က အတူရှိနေပါတယ်လို့ ဖေးမရင်း နွေးထွေးတဲ့ မေတ္တာဓာတ်တွေကိုလည်း ပေးပို့လိုက်ပါတယ်ရှင်။ 🙏🏼

"မိခင်များအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။" 🙏🏼✨🤍

01/01/2026

Happy New Year 2026! 🎉🎆
နွေးထွေးတဲ့ မေတ္တာများစွာဖြင့်...

၂၀၂၅ ခုနှစ်ရဲ့ နောက်ဆုံးစာမျက်နှာကို ပိတ်လို့၊ အသစ်စက်စက် ၂၀၂၆ ခုနှစ် ရဲ့ အရုဏ်ဦးကို ကျွန်မတို့ တူတူ ဖြတ်သန်းကြရတော့မယ်။

ပြီးခဲ့တဲ့ တစ်နှစ်ပတ်လုံးမှာ ခက်ခဲခဲ့တာတွေ၊ ပင်ပန်းခဲ့တာတွေ ရှိခဲ့ရင်တောင် အခုချိန်ထိ ကြံ့ကြံ့ခံပြီး လျှောက်လှမ်းလာနိုင်ခဲ့တဲ့ သင့်ရဲ့ "ကြံ့ကြံ့ခံနိုင်စွမ်း" (Resilience) ကို Being With You အဖွဲ့သားများအားလုံးက လေးစားဂုဏ်ပြုလိုက်ပါတယ်ရှင်။ 🙏🏼✨🎊

၂၀၂၆ ခုနှစ်သစ်မှာ...

🤍 ကိုယ့်ရဲ့ စိတ်ခံစားချက်တွေကို ပိုပြီး ပွင့်လင်းမြင်သာစွာ လက်ခံပေးနိုင်ကြပါစေ။
🤍ခက်ခဲတဲ့အချိန်တွေမှာ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မယ့်အစား ပိုပြီး ကြင်နာညင်သာစွာ ပွေ့ဖက်နိုင်ကြပါစေ။
🤍 စိတ်ပိုင်းဆိုင်ရာ လုံခြုံမှု (Psychological Safety) နဲ့ စစ်မှန်တဲ့ ပျော်ရွှင်မှုတွေ နှလုံးသားထဲမှာ အမြဲကိန်းအောင်းနိုင်ကြပါစေ။
🤍 တစ်ဦးနဲ့တစ်ဦး နားလည်စာနာမှုတွေနဲ့ နွေးထွေးတဲ့ လူ့အဖွဲ့အစည်းလေးကို တူတူ တည်ဆောက်နိုင်ကြပါစေ။

လူသစ်၊ စိတ်သစ်၊ ခြေလှမ်းသစ်တွေနဲ့အတူ "မိမိကိုယ်ကိုယ် ပြန်လည်ရှာဖွေတွေ့ရှိတဲ့" အနှစ်သာရရှိတဲ့ နှစ်တစ်နှစ် ဖြစ်ပါစေကြောင်း Being With You Team မှ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်ရှင်။

ကျွန်မတို့ Being With You ကလည်း ၂၀၂၆ ခုနှစ်မှာ သင့်ရဲ့ စိတ်ကျန်းမာရေးခရီးဖော်အဖြစ် အမြဲတမ်း အနားမှာ ရှိနေပေးသွားမှာပါ။

✨ Happy New Year 2026 from "Being With You" ✨

Year2026 #နှစ်သစ်ဆုမွန်ကောင်း

Telephone

Website

Opening Hours

Monday 09:00 - 21:00
Tuesday 09:00 - 21:00
Wednesday 09:00 - 21:00
Thursday 09:00 - 21:00
Friday 09:00 - 21:00
Saturday 09:00 - 21:00