One Click AI Online Class Myanmar

One Click AI Online Class Myanmar

Share

Photos from One Click AI Online Class Myanmar's post 24/05/2024

မူရင်းအသံကို ပြောင်းလဲ အသုံးပြုချင်တဲ့ မိတ်ဆွေတို့အတွက်
အဆင်ပြေစေမဲ့ Voice Changer-Audio Effects app

Voice Changer Webapp ကရှာကြည့်တာအဆင်မပြေတာနဲ့
Mobile Andriod app လေးပဲရှာတင်ပေးလိုက်ပါတယ်။

Free ဆိုပေမယ့် ကြော်ငြာလေးနည်းနည်းတော့ ကြည့်ပေးရပါတယ်ဗျ။

Photos from One Click AI Online Class Myanmar's post 22/05/2024

😲😲😲 လူတိုင်း Logo ဆွဲနိုင်ပါပြီ #1
မြန်ချက်ကတော့ လန်ထွက်နေတာပါပဲ

စက္ကန့်ပိုင်းအတွင်း ကိုယ်လိုချင်တဲ့
Logo တွေဆွဲပေးနိုင်ပါတယ်။

Mobile Phone Broswer တွေနဲ့ပါအဆင်ပြေပါတယ်ဗျ။
Logo တစ်ခုကို ၅၀၀ နဲ့ဆွဲတောင်ကိုက်ပါတယ် (အလကားနောက်တာပါ 😁 တကယ်ဆွဲနေမှာဆိုးလို့)
အားလုံးပဲ ကိုယ်လိုချင်တဲ့ Logo လေးတွေအတွက် AI ကိုအားမနာတမ်း ခိုင်းစားနိုင်ကြပါစေ...

07/07/2023

❤️ငွေစုနည်း❤️

တစ်နေ့ကို ၁၀၀၀ စုရင်
၅ နှစ်ပြည့်ရင် သင့်လက်ထဲမှာ
၁၈ သိန်း ပိုင်ဆိုင်နေပြီး
၁၈သိန်းနဲ့ ကိုယ်ပိုင်စီးပွားရေးတခုကို
ကောင်းကောင်း ထောင်နိုင်ပြီ...။

တစ်နေ့ ၂၀၀၀ စုရင်
၅ နှစ်ပြည့်ရင် ၃၆ သိန်း
အချိန်တိုအတွင်း ရပ်ကွက်ထဲမှာ
ပိုက်ဆံရှိတဲ့သူစာရင်းထဲ
ဝင်နေလောက်ပြီ။

တစ်နေ့ ၃၀၀၀ စုရင်
၅ နှစ်ပြည့် သိန်း ၅၀ ကျော်....

ဒါတောင် ဘာလို့ အသက် ၄၀ လောက်ထိ
သူများလက်အောက်မှာ
ဝန်ထမ်းလုပ်နေကြလည်း မသိ....

ခေါင်းရှုပ်မခံချင်လို့လား....?

ကိုယ်ပိုင်စဉ်းစားတွေးခေါ်နိုင်စွမ်း မရှိလို့လား...?

သူများအလုပ် လုပ်နေရတာ ပျော်လို့လား...?

မသေချာတဲ့ ၁၀သိန်းထက် သေချာတဲ့ ၂ သိန်းကိုမက်နေတာလား...?

မိန်းမနဲ့ကလေးနဲ့ဆိုပြီး လာမလုပ်နဲ့။
တစ်နေ့ ၁၀၀၀ လေးတောင် မစုနိုင်ဘူးလား...?

၅ နှစ်တောင်ကြာမယ် မပြောနဲ့။
မင်းမစုလည်း အဲ့ဒီအချိန် ၅ နှစ်က ကုန်သွားမှာပဲလေ..။

စဉ်းစားစမ်းပါဗျာ
နောက်လာမယ့် ၅ နှစ်မှာ သူများလက်အောက်မှာ
လုပ်နေအုံးမလား...?
ကိုယ်ပိုင်လုပ်မလား...?

ကိုယ့်ဆိုင်ရောင်းကြေးထဲက...အနည်းငယ်
စ စုကြည့်ပါ..
တလအတွင်း..သင့်အတွေးအခေါ်တွေ
ပြောင်းလဲလာပါမယ်။

ရောင်းဝယ်ကောင်း၍...ကြီးပွားတီုးတက်ပါစေ 🙏🙏🙏
crd #

06/07/2023

"ကိုယ့်ဘေးက တန်ဖိုးရှိတဲ့လူ"

ရည်းစားတွေ သုံးလေးယောက်
တစ်ပြိုင်တည်း တွဲကြတဲ့ ခေတ်မှာ
ကိုယ့်တစ်ယောက်တည်းသာ တွဲတဲ့သူဟာ
ကိုယ့်ဘဝအတွက် အဖိုးတန်တဲ့ လူပါပဲ။

တစ်ယောက်ထက် တစ်ယောက်
တော်လာကြတယ်
ထက်မြတ်လာကြတဲ့ ခေတ်မှာ
ကိုယ့်အားနည်းချက်ကို သိသိကြီးနှင့်
ဆုပ်ကိုင်ထားတဲ့လက်ဟာ တန်ဖိုးရှိတဲ့ လက်ပါပဲ။

သာရင် သာတဲ့လူနောက်
ပါသွားကြတဲ့ခေတ်မှာ
ကိုယ့်ထက်သာတာတွေ့လို့ ပါမသွားဘဲ
သစ္စာရှိပေးခဲ့တဲ့ လူဟာ အဖိုးတန်တဲ့ သူပါပဲ။

လောကမှာ ငွေမရှားဘူး
ဂုဏ်မရှားဘူး ကိုယ့်အားနည်းချက်
သိတာတောင် စွန့်မလွှတ်တဲ့လူရှားတယ်။

ကိုယ့်ထက်သာတာတွေ့တာတောင်
သစ္စာရှိရှိနှင့် ဆုပ်ကိုင်ပေးတဲ့ လက် ရှားတယ်။

ခေတ်ကြီးက နောက်ကျောကို ဓားနှင့်ထိုးတဲ့လူ
ပိုကြွယ်ဝသလောက် သစ္စာရှိတဲ့လူ သိပ်ရှားတယ်။

သစ္စာရှားတဲ့ ခေတ်မှာ
သစ္စာရှိတဲ့ လူဟာ ဘယ်တန်ဖိုးနဲ့မှ
ယှဉ်လို့မရအောင် သိပ်ပြီးတန်ဖိုးကြီးတယ်။

ကိုယ့်အပေါ် သစ္စာရှိတဲ့လူကိုတန်ဖိုးထားပါ။

Want your establishment to be the top-listed Arts & Entertainment in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address

Yangon