EcoCycle Bio

EcoCycle Bio

Share

Photos from EcoCycle Bio's post 05/05/2026

နောက်ဆုံးတော့ ကိုယ်တိုင်စိုက်ထားတာလေးတွေ ဆွတ်ခူးစားသောက်ရပြီရှင်။ 🌿 🏡
ကိုယ်တိုင်လက်နဲ့ စိုက်ပျိုးထားတဲ့ ဟင်းသီးဟင်းရွက်လေးတွေနဲ့ ချက်ပြုတ်စားသောက်ရတာ ဘာနဲ့မှမလဲနိုင်တဲ့ ပျော်ရွှင်မှုပါပဲ။

အသုံးမလိုတော့တဲ့ ဘိလပ်မြေအိတ်ခွံတွေနဲ့ သစ်သီးခြင်းတွေကို အပင်စိုက်အိုးအဖြစ် ပြန်လည်အသုံးပြုပြီး ကျွန်မရဲ့ ဥယျာဉ်လေးကို ဖန်တီးထားတာပါ။
အဲဒီအိတ်တွေထဲမှာလည်း ကိုယ်တိုင်ပြုလုပ်ထားတဲ့ သဘာဝမြေဆွေးတွေကိုပဲ အသုံးပြုထားတာမို့ ရလဒ်ကတော့ မြင်တွေ့ရတဲ့အတိုင်းပဲ အားရဖို့ကောင်းပါတယ်။ လတ်ဆတ်တဲ့ ဟင်းရွက်တွေကို ကြည့်ပေးပါဦးနော်။

စိတ်ရှည်မှုနဲ့ သဘာဝတရားကို မြတ်နိုးမှုရှိရင် ဘယ်လိုအရာမျိုးမဆို ဖန်တီးနိုင်တယ်ဆိုတာ အံ့သြဖို့ကောင်းပါတယ်။ ဘိလပ်မြေအိတ်လေးတွေနဲ့ စိုက်ပျိုးထားပုံကို ပုံလေးတွေမှာ ကြည့်နိုင်ပါတယ်ရှင်။

Harvest time is finally here! 🌿 There is nothing more rewarding than cooking with vegetables you grew with your own two hands.

I decided to get creative with my garden by upcycling old cement bags and fruit crates into planters. I filled them with my very own homemade organic compost, and the results speak for themselves! Check out these fresh greens in photos.

It’s amazing what you can achieve with a little patience and a lot of nature. Swipe to see my little "bag garden" in photos✂️🥗

Hashtags:

Photos from EcoCycle Bio's post 20/04/2026

သင်တန်း ပထမရက်လေး အောင်မြင်စွာ ပြီးမြောက်ခဲ့ပါပြီ။

Mekong Institute၊ 3Zero House Myanmarနှင့် MI alumini ဆရာမများ၊ သင်တန်းသားများနှင့်တကွ ပူးပေါင်းပါဝင် ကူညီပံ့ပိုးပေးသူများအားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ်ရှင့်🙏

09/04/2026

🔰 အစားအစာဘေးကင်းလုံခြုံရေးနှင့် ဈေးကွက်အခွင့်အလမ်းများအတွက် လက်တွေ့ကျသော ခြေရာခံနည်းစနစ်များ ဖော်ဆောင်ခြင်းသင်တန်း သင်ကြားမျှဝေသွားမည် trainerများ မိတ်ဆက်ခြင်း

Mekong Institute (MI) တွင် လေ့လာသင်ယူခဲ့သော အတွေ့အကြုံများအပေါ် အခြေခံ၍ MI Alumni ဖြစ်သော EcoCycle Bio နှင့် 3ZERO House Myanmar တို့ ပူးပေါင်းပြီး Food Safety လိုအပ်ချက်များနှင့် ကိုက်ညီစေရန်၊ စျေးကွက်ဝင်ရောက်နိုင်မှု တိုးတက်စေရန်အတွက် လက်တွေ့အသုံးချနိုင်သော၊ ရိုးရှင်း၍ ကုန်ကျစရိတ်နည်းပါးသော Traceability (နောက်ကြောင်းပြန်ခြေရာခံနိုင်မှုစနစ်) နည်းလမ်းများကို ၂ ရက်တာသင်တန်းဖြင့် 3ZERO House Myanmar တွင် မျှဝေသင်ကြားသွားမှာဖြစ်ပါတယ်။

ယခုသင်တန်းတွင် မျှဝေသင်ကြားပေးသွားမည့် ကဏ္ဍအသီးသီးက ကျွမ်းကျင်ကြသောဆရာမများနှင့် သင်ကြားမည့်အကြောင်းအရာများကို မိတ်ဆက်ပေးသွားမှာဖြစ်ပါတယ်။

👩‍💻 ပထမဦးဆုံး Trainer ကတော့ Dr. Daw Khin Thanda Oo ဖြစ်ပါတယ်။ ဆရာမက "အသေးစားနှင့် 🔶အလတ်စားလုပ်ငန်းများ (SMEs) အတွက် အစားအစာဘေးကင်းလုံခြုံရေးနှင့် အရည်အသွေးဆိုင်ရာ မိတ်ဆက်ခြင်းနှင့် အသေးစားစိုက်ပျိုးရေးခြံများနှင့် စီးပွားရေးလုပ်ငန်းများအတွက် Food Safety ၏ အရေးပါပုံ၊ စိုက်ပျိုးရေးလုပ်ဆောင်ချက်များ၊ ထုတ်ကုန်အရည်အသွေးနှင့် ဈေးကွက်ရရှိမှုတို့၏ ဆက်စပ်မှု၊ သန့်ရှင်းမှုမြှင့်တင်ရန်နှင့် ကူးစက်ညစ်ညမ်းမှု လျှော့ချရန် လက်တွေ့ကျသော နည်းလမ်းကောင်းများကို မျှဝေပေးသွားမှာဖြစ်ပါတယ်။

🔶ဆရာမက ဖိလစ်ပိုင်နိုင်ငံ (UPLB) မှ Horticulture ဖြင့် ပါရဂူဘွဲ့ (PhD) ရရှိထားသူတစ်ဦးဖြစ်ပါတယ်။ ဆရာမက လက်ရှိမှာ EcoCycle Bio Social Enterprise ၏ Founder & CEO ဖြစ်ပြီး အော်ဂဲနစ်မြေဆီလွှာနှင့် မြေဆွေးထုတ်လုပ်မှုနည်းပညာများမှတစ်ဆင့် စဉ်ဆက်မပြတ်စိုက်ပျိုးရေးနှင့် Circular Economy ကို ဖော်ဆောင်နေသူတစ်ဦးဖြစ်ပါတယ်။ Golden Plain Livelihood Development Services Cooperative တွင် နည်းပညာဆိုင်ရာ အကြံပေးအဖြစ် ဆောင်ရွက်နေပြီး စိုက်ပျိုးရေးတန်ဖိုးကွင်းဆက် ဖွံ့ဖြိုးတိုးတက်ရေးနှင့် တောင်သူများအတွက် သင်ရိုးညွှန်းတမ်းများ ရေးဆွဲပို့ချပေးနေပါတယ်။

👩‍💻 ဒုတိယမြောက် Trainer ကတော့ ဆရာမဖြူပွင့်ထွန်း ဖြစ်ပါတယ်။

🔶ဆရာမက “စိုက်ပျိုးရေးနှင့် စားသောက်ကုန် SMEs များအတွက် Traceability ကို လက်တွေ့အကောင်အထည်ဖော်ရာတွင် အသုံးပြုနိုင်သည့် ကိရိယာများ"အကြောင်းကိုမျှဝေသွားမှာဖြစ်ပါတယ်။

🔶ဆရာမက ထိုင်းနိုင်ငံ၊ Khon Kaen University မှ International Technology and Innovation Management ဖြင့် မဟာဘွဲ့ (MSc) ရရှိထားသူတစ်ဦးဖြစ်ပါတယ်။ Food Science ကဏ္ဍတွင် အတွေ့အကြုံရင့်ကျက်ပြီး အစားအစာအရည်အသွေး၊ ဘေးကင်းလုံခြုံရေးနှင့် ထုတ်ကုန်သစ်ဖွံ့ဖြိုးရေး (Product Development) တို့ကို အထူးပြုလုပ်ကိုင်နေသူ ဖြစ်ပါတယ်။ လက်ရှိတွင် အစားအစာများ၏ သက်တမ်းကြာရှည်မှု (Longevity Foods) ဆိုင်ရာ သုတေသနများကို သိပ္ပံနည်းကျ ဆန်းစစ်ချက်များနှင့် လက်တွေ့အသုံးချမှုများ ပေါင်းစပ်ကာ လုပ်ဆောင်နေပါသည်။

👩‍💻 တတိယမြောက် Trainer ကတော့ ဆရာမ Ms.Yati Khin ဖြစ်ပါတယ်။

🔶ဆရာမက "လက်တွေ့ကျသော စိုက်ပျိုးရေးမှတ်တမ်းများနှင့် တန်ဖိုးကွင်းဆက်ဆိုင်ရာ နားလည်သဘောပေါက်ခြင်း" (Practical Farm Records & Value Chain Awareness)မှ စိုက်ပျိုးရေးမှတ်တမ်းများက ဘာကြောင့်အရေးကြီးတာလဲ? (လုပ်ငန်းတိုးတက်ဖို့အတွက် မှတ်တမ်းကောင်းများ၏ အခန်းကဏ္ဍ)၊ စိုက်ပျိုးထုတ်လုပ်မှုလုပ်ငန်းစဉ်များနှင့် ထောက်ပံ့မှုကွင်းဆက် (Supply Chain) ပွင့်လင်းမြင်သာမှု ချိတ်ဆက်ခြင်းတို့ကို ကို မျှဝေသွားမှာဖြစ်ပါတယ်၊

🔶 ဆရာမက ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်မှ စိုက်ပျိုးရေးစီးပွားဗေဒ (Agricultural Economics) ဘွဲ့ရရှိထားသူဖြစ်ပြီး Digital Marketing ဆိုင်ရာ ဒီပလိုမာဘွဲ့ကိုလည်း ရရှိထားသူလည်းဖြစ်ပါတယ်။ ဒါ့အပြင် စိုက်ပျိုးရေးကဏ္ဍတွင် အတွေ့အကြုံရှိသည့် Digital Marketing Executive တစ်ဦးဖြစ်ပြီး ဒစ်ဂျစ်တယ်စျေးကွက်ရှာဖွေခြင်း၊ သုတေသနစစ်တမ်းများ ကောက်ယူခြင်းနှင့် အချက်အလက်စီမံခန့်ခွဲမှု (Data Entry) တို့တွင် ကျွမ်းကျင်သူဖြစ်သည်။ ဆရာမ အနေဖြင့် နည်းပညာနှင့် စိုက်ပျိုးရေးစီးပွားရေး အသိပညာများကို ပေါင်းစပ်ကာ လုပ်ငန်းများ စနစ်တကျ မှတ်တမ်းတင်နိုင်ရေးနှင့် စျေးကွက်ပွင့်လင်းမြင်သာမှုရှိစေရေးအတွက် ကူညီမျှဝေပေးသွားမည် ဖြစ်သည်။

🔰သင်တန်းအသေးစိတ်:

📅 ရက်စွဲ: ၂၀၂၆ ခုနှစ်၊ ဧပြီလ (၂၀) ရက်မှ (၂၁) ရက်အထိ (၂ ရက်တာ)

🕘 အချိန်: နံနက် ၉:၀၀ နာရီမှ ညနေ ၄:၃၀ နာရီအထိ

📍 နေရာ: 3ZERO House Myanmar

📍လိပ်စာ: အမှတ် ၁၆၇၊ ၄၇ လမ်း - အထက်ဘလောက်၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့။

📍တက်ရောက်နိုင်မည့် ပုံစံ: (Hybrid) In-person (or) Online

⚠️ သင်တန်းကာလ (၂) ရက်လုံး အပြည့်အဝ တက်ရောက်နိုင်သူ ဖြစ်ရပါမည်။ သင်တန်းကာလအတွင်း နေ့လယ်စာနှင့် ကော်ဖီ၊ မုန့်တို့ဖြင့် စီစဉ်ပေးမည်ဖြစ်ပြီး သင်တန်းပြီးဆုံးပါက Certificate ပေးအပ်မှာ ဖြစ်ပါသည်။

🔰လျှောက်ထားရန်အချက်အလက်များ

📝 စာရင်းပေးသွင်းရန် Link: https://forms.gle/8N72UGRyPZP4XpWt9

⏳ လျှောက်ထားရန် နောက်ဆုံးရက်: ၁၇. ဧပြီ. ၂၀၂၆ (ည ၁၁:၅၉ နာရီအထိ)

📢 သင်တန်းတက်ရောက်ခွင့် ရရှိသူများကို ၁၈. ဧပြီ. ၂၀၂၆ ရက်နေ့တွင် အီးမေးလ် ဆက်သွယ်ပေးပါမည်။

🔶 သင်တန်းကြေးအခမဲ့ဖြင့် မျှဝေသွားမှာဖြစ်လို့ သင်တန်းရွေးချယ်ခံရပါက မပျက်မကွက်တက်ရောက်ဖို့လိုအပ်မှာဖြစ်ပါတယ်။

🔰သင်တန်းအကြောင်းအရာများနှင့် ပတ်သက်၍ အသေးစိတ်သိရှိလိုပါက ရုံးချိန်အတွင်း အောက်ပါဖုန်းနံပါတ်များသို့ ဆက်သွယ်နိုင်ပါသည်။

📞 ဒေါက်တာ ဒေါ်ခင်သန္တာဦး: 09 444 004 006

📞 မစုမြတ်ကျော်: 09 978 447 481

လုံခြုံစိတ်ချရသော အစားအစာစနစ်နှင့် ပိုမိုကောင်းမွန်သော ဈေးကွက်များဆီသို့ အတူတူ လျှောက်လှမ်းနိုင်ဖို့ လျှောက်လွှာကို အခုပဲဖြည့်လိုက်တော့နော်။

♻️ 3ZERO House Myanmar မှပြုလုပ်သော တခြားသောအစီအစဥ်များ၊သင်တန်းများ၊ဆွေးနွေးပွဲများထဲမှ မိမိတို့စိတ်ဝင်စားရာကဏ္ဉအလိုက် ပါဝင်တက်ရောက်နိုင်ရန်နှင့် တခြားမျှဝေပေးသော သတင်းအချက်အလက်များကိုရရှိနိုင်ရန် 3ZH Social Media များကို Like ,Follow, Subcrise & Join ထားနိုင်ပါတယ်၊👇

3ZERO House Myanmar page: https://www.facebook.com/share/16WLfUe9g9/

3ZERO House Myanmar Telegram Channel: https://t.me/threezerohousemm

3ZERO House Myanmar TikTok Channel: www.tiktok.com/.house.myanma

3ZERO House Myanmar Linkedin: https://www.linkedin.com/company/3zero-house-myanmar/

3ZERO House Myanmar You Tube Channel: https://youtube.com/?si=fF16WODQo5SGO-Uv

[English Content]

🔰 Introducing Our Expert Trainers: Practical Traceability Systems for Food Safety Compliance and Market Access

Drawing on insights gained from the Mekong Institute (MI), MI Alumni EcoCycle Bio and 3ZERO House Myanmar are collaborating to host a 2-day intensive training. This program focuses on practical, simple, and low-cost Traceability (Backward Tracking) methods designed to meet Food Safety requirements and enhance market access.

We are proud to introduce our expert trainers and the specialized topics they will be covering during this session:

Meet Our Trainers

👩‍💻 Dr. Khin Thanda Oo

Topic: Introduction to Food Safety and Quality for SMEs

🔶Dr. Khin Thanda Oo will discuss the critical importance of food safety for small farms and businesses, the link between farm practices and market access, and practical tips to improve hygiene while reducing contamination.

🔶She holds a PhD in Horticulture from the University of the Philippines Los Baños (UPLB). Founder & CEO of EcoCycle Bio Social Enterprise, focusing on sustainable agriculture and the circular economy. She also serves as a Technical Advisor for Golden Plain Livelihood Development Services Cooperative, developing training curricula for farmers.

👩‍💻 Phyu Pwint Htun

Topic: Practical Tools for Implementing Traceability in Agri-Food SMEs

🔶Phyu Pwint Htun will share insights on the specific tools and technologies SMEs can use to implement effective traceability systems.

🔶She holds an MSc in International Technology and Innovation Management from Khon Kaen University, Thailand. An expert in Food Science, specializing in food quality, safety, and product development. She is currently conducting scientific research on "Longevity Foods" and their practical applications.

👩‍💻 Ms. Yati Khin

Topic: Practical Farm Records & Value Chain Awareness

🔶Ms. Yati Khin will explain why farm records are the backbone of business growth and how farm operations link directly to supply chain transparency.

🔶A graduate in Agricultural Economics from Yezin Agricultural University, she also holds a Diploma in Digital Marketing.

As a Digital Marketing Executive in the agricultural sector, she specializes in survey research and data management. She bridges the gap between technology and agribusiness to help farms become more systematic and transparent.

🔰 Training Details

📅 Date: April 20 – 21, 2026 (2 Days)

🕘 Time: 9:00 AM – 4:30 PM (MMT)

📍 Venue: 3ZERO House Myanmar

📍 Address: No. 167, 47th Street (Upper Block), Botahtaung Township, Yangon.

📍 Format: Hybrid (In-person or Online)

Lunch and coffee breaks will be provided for in-person attendees. A Certificate will be awarded upon completion.

🔶 Fee: This training is Free of Charge. If selected, commitment to full attendance is required.

🔰 How to Apply

📝 Registration Link: https://forms.gle/8N72UGRyPZP4XpWt9

⏳ Deadline: April 17, 2026 (by 11:59 PM)

📢 Notification: Selected participants will be contacted via email on April 18, 2026.

🔰 Contact for Inquiries

📞 Dr. Khin Thanda Oo: 09 444 004 006

📞 Ma Suu Myat Kyaw: 09 978 447 481

Apply now to join us in building safer food systems and accessing better markets!

♻️ Stay Connected with 3ZERO House Myanmar:

Follow us for more updates on workshops, trainings, and seminars:

3ZERO House Myanmar page: https://www.facebook.com/share/16WLfUe9g9/

3ZERO House Myanmar Telegram Channel: https://t.me/threezerohousemm

3ZERO House Myanmar TikTok Channel: www.tiktok.com/.house.myanma

3ZERO House Myanmar Linkedin: https://www.linkedin.com/company/3zero-house-myanmar/

3ZERO House Myanmar You Tube Channel: https://youtube.com/?si=fF16WODQo5SGO-Uv

Want your public figure to be the top-listed Public Figure in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address

Yangon