Intellect Health Resources - Aussie Gems

Intellect Health Resources - Aussie Gems

Share

30/01/2021

🥥 အလှအပအတွက် အုန်းသီးလေး 🥥

အသားရောအရည်ပါ အရမ်းအရသာရှိတဲ့ အုန်းသီးဟာ ကျန်းမာရေးအတွက် အကျိုးကျေးဇူးများရုံသာမက အသားအရည်နဲ့ဆံပင်လှပကျန်းမာရေးအတွက် များစွာအထောက်အကူပြုပါတယ်။ အလှအပနယ်ပယ်မှာတော့အုန်းသီးကရတဲ့အဆီ (အုန်းဆီ)ကိုအသုံးများပါတယ်။ မြန်မာပြည်မှာလည်း ပေါပေါများများရပြီး စွယ်စုံသုံးလို့ရတဲ့အုန်းသီးရဲ့အလှအပအတွက်အသုံးဝင်ပုံတွေကိုအောက်မှာဆက်ဖတ်ကြည့်ရအောင် 🤗

🤲ခြောက်သွေ့မှုကိုကာကွယ်ပေးတယ်။

ပန်းကန်ဆေး၊အဝတ်လျှော်ဆပ်ပြာတွေနဲ့ထိလို့ခြောက်သွေ့ကြမ်းတမ်းနေတဲ့လက်တွေကိုလိမ်းပေးနိုင်ပါတယ်။

🚫အရေပြားကင်ဆာဖြစ်ပွါးမှုမှကာကွယ်ပေးတယ်။

အုန်းဆီဟာအရေပြားရဲ့အစိုဓာတ်နဲ့အဆီဓာတ်ကိုအားဖြည့်ပေးရုံသာမကနေကလာတဲ့ UV Rays တွေရဲ့ 20% ကိုတားဆီးပေးပါတယ်။

👩နုပျိုတဲ့အရေပြားကိုပိုင်ဆိုင်စေတယ်။

အုန်းဆီမှာ anti-oxidant သတ္တိရှိတာကြောင့်အိုမင်းခြင်းကိုနှေးကွေးစေပါတယ်။အုန်းသီးကိုစားပေးခြင်းဖြင့်အသားအရည်ကိုရေဓာတ်ပြည့်ဝစေလို့နုပျိုတဲ့အသွင်ဆောင်ပါတယ်။

💫အသားအရည်ကိုသန့်ရှင်းစေတယ်။

အုန်းဆီဟာအရေပြားရဲ့အပေါ်ယံအလွှာမှာရှိတဲ့အဆိပ်အတောက်၊မှိုပိုးနဲ့ဘတ်တီးရီးယားပိုးမွှားတွေကိုဖယ်ရှားသန့်စင်ပေးတဲ့အပြင်အရေပြားရဲ့သဘာဝခုခံအားစနစ်ကိုလည်းအားကောင်းစေပါတယ်။

❤️သွေးလှည့်ပတ်မှုကောင်းစေတယ်။

အုန်းသီးကိုပုံမှန်စားပေးမယ်ဆိုရင်အရေပြားမှာရှိတဲ့ oxygen ပမာဏကိုတိုးတက်စေပါတယ်။

🧖‍♀️အဆီပြန်ခြင်းကိုသက်သာစေတယ်။

အုန်းရည်ကိုနနွင်းမှုန့်လက်ဖက်ရည်ဇွန်းတစ်ဝက်၊သနပ်ခါးမှုန့်လက်ဖက်ရည်တစ်ဇွန်းနဲ့ရောပြီးမျက်နှာလေးကိုပေါင်းတင်ပေးမယ်ဆိုရင်အားလုံးအားကျရတဲ့ Glow Skin လေးကိုပိုင်ဆိုင်နိုင်မှာပါ။

👀 မျက်လုံးတစ်ဝိုက်မိတ်ကပ်ဖျက်ဆေးအဖြစ်သုံနိုင်တယ်။

ဖျက်ရခက်တဲ့ eye-shadow, eye-liner, mascara တွေကိုအားသုံးစရာမလိုဘဲနူးညံ့ညင်သာစွာဖယ်ရှားပေးနိုင်ပါတယ်။

🧖🏻‍♀️Body Scrub အဖြစ်သုံးနိုင်တယ်။

အုန်းဆီနဲ့သကြားရည်ကိုရောပြီးကိုယ်ခန္ဓာကိုယ်ကိုတစ်ပတ်နှစ်ခါပွတ်တိုက်ပေးမယ်ဆိုရင်ဆဲလ်သေတွေကိုဖယ်ရှားပေးနိုင်ပြီးလိမ်းမယ့် lotion တွေရဲ့အာနိသင်ကိုပိုမိုကောင်းစေပါတယ်။

💁‍♀️ဆံပင်ကျွတ်တာကိုသက်သာစေပါတယ်။

အုန်းရည်သို့မဟုတ်အုန်းဆီကိုဦးရေနဲ့ဆံပင်ကိုနှံ့အောင်လိမ်းပေးပါ။
ဆံပင်ကျိုးကြေပျက်ဆီနေတာကိုသက်သာစေပြီးဆံသားကိုပျော့ပြောင်းတောက်ပြောင်စေပါတယ်။

🙇‍♀️ဦးရေပြားကိုပိုးမွှားကင်းစင်စေတယ်။

ဘတ်တီးရီးယားနဲ့မှိုပိုးတွေကိုသေစေနိုင်တဲ့အစွမ်းရှ်တာကြောင့်သန်း၊ဗောက်နဲ့ဦးရေပြားယားယံခြင်းပြဿနာတွေကိုဖြေရှင်းပေးပါတယ်။

03/01/2021

🇲🇲လွတ်လပ်ရေးနေ့ တို့မမေ့🇲🇲

၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့မှာ ကျရောက်မယ့် အမိနိုင်ငံတော်ရဲ့ (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့အား IHR မိသားစုမှ ဂုဏ်ပြုကြိုဆိုအပ်ပါတယ် ။

Photos from Intellect Health Resources - Aussie Gems's post 12/12/2020

သြစတြေးလျနိုင်ငံထုတ် QV skincare က 1953 ခုနှစ်ထဲက စတင်တည်ထောင်ခဲ့ပြီး အရေပြားအထူးကုဆရာဝန်ကြီးတွေရဲ့ ထောက်ခံချက်ရရှိထားတဲ့ Brand တစ်ခုဖြစ်ပါတယ်။ ထိခိုက်လွယ်တဲ့ Sensitive အသားအရေပိုင်ရှင်တွေနဲ့ ကလေးတွေသုံးဖို့အတွက် အထူးသင့်တော်ပါတယ်။ Product လေးတွေကိုတော့ ပုံလေးမှာကြည့်ပေးပါနော်။

Want your practice to be the top-listed Clinic in Yangon?
Click here to claim your Sponsored Listing.

Telephone

Address

Yangon