Dr. Phonesithulwin

Dr. Phonesithulwin

Share

19/06/2026

#ရေဖျဉ်းစွဲနေပီဆိုတာ_ဘယ်လို_အချက်တွေကြည့်ပီး_သိနိုင်လဲ
#ဗိုက်ကတနေ့နဲ့_တနေ့ပူပူလာတာလား
#ရေဖျဉ်းစွဲတယ်ဆိုရင်တော့_အရှင်းပျောက်အောင်ဘယ်လိုကုရမလဲ

#ရေဖျဉ်းစွဲတယ်ဆိုတာ လို့ခေါ်ပါတယ်

ဗိုက်တွင်းခေါင်းကြီးထဲမှာ ရေတွေဝင်နေတာပါ

ဗိုက်တွင်းခေါင်းကိုကာထားတဲ့ အလွှာက ရေစုပ်မှုအား အရမ်းကောင်းပါတယ်၊ ရေဖျင်းစွဲရတာဟာ သူပြန်စုပ်ယူနိုင်တဲ့ ပမာဏထက်ပိုပြီး ရေတွေရောက်လာလို့ဖြစ်ရတာပါ။

ရေဖျဉ်းဘာလို့ စွဲရလည်းဆိုတာ ရှင်းပြထားတာပါ။
👇👇👇
{{ https://www.facebook.com/104993831383029/posts/140605157821896/ }}

👉👉👉
ဗိုက်ပူလာတိုင်း #ရေဖျဉ်းစွဲတာလား ⁉️

ဗိုက်ပူလာရတဲ့ အကြောင်းရင်းက အကြမ်းအားဖြင့်
6 F ဆိုပြီး (6) ခုရှိပါတယ်
1. Fat (အဆီတွေ 👉 "ဝ" လာတာပါ)
2. Flatus ( လေတွေပါ 👉 လေပွတယ် ဆိုပြီးပြောကြပါတယ်)
3. Faeces ( ဝမ်းတွေပါ 👉 ဝမ်းချုပ်လွန်းရင် ဝမ်းတွေနဲ့ ဗိုက်တင်းလာတတ်ပါတယ်)
4. Fetus ( သန္ဓေသားပါ 👉 ကိုယ်ဝန်ရှိလည်း ဗိုက်ပူလာပါလိမ့်မယ်)
5. Fluid ( အရည်တွေပါ 👉 ရေဖျဉ်းစွဲတယ်လို့ ပြောကြပါတယ်)
6. Fatal Tumor ( အလုံးအကျိတ်အကြီးကြီးရှိရင်)

ဆိုလိုတာက ဗိုက်ပူတိုင်း #ရေဖျဉ်းစွဲတာ မဟုတ်ပါဘူး။
ဆရာဝန်စမ်းသပ်ကြည့်ပြီး သံသယရှိရင် Ultrasound ရိုက်ကြည့်တာနဲ့ #ရေဖျဉ်းစွဲတာ ရှိမရှိ သိနိုင်ပါတယ်။

👉👉👉

#ရေဖျဉ်းစွဲတယ် ဆိုတာက #ရောဂါမဟုတ်ပါဘူး
ရောဂါအခံရဲ့ လက္ခဏာပါ။

ဥပမာ - အသည်းခြောက်တယ်၊ အူတီဘီ၊ ကင်ဆာရောဂါ နဲ့ အမျိုးသမီးရောဂါတချို့မှာ ရေဖျဉ်းစွဲပါတယ်။

ရေဖျဉ်းစွဲတာ အပြီးပျောက်မပျောက်က
👉 ရောဂါအခံကို အမြတ်ပြတ်ကုလိုက်နိုင်ရင် ပျောက်ပါတယ်။

ရောဂါအခံက ပျောက်ကင်းအောင်မကုသနိုင်တဲ့ရောဂါဆိုရင်တော့ရင်တော့ သက်သာအောင်ပဲ

- နားခိုင်းမယ်
- ဆားလျှော့စားမယ်
- ရေကိုချိန်သောက်မယ် (တရားလွန်မသောက်ဘူး)
- ဗိုက်ထဲ Pressure ကျတဲ့ဆေး ပေးမယ်
- ဆီးဆေး ပေးမယ်
- လိုအပ်ရင် အသားဓာတ် (Albumin) သွင်းပေးမယ်
- ပိုးဝင်ရင် သေသေချာချာကုမယ်
- နေရအရမ်းခက်လောက်အောင်၊ အသက်ရှူရခက်လောက်အောင် တင်းနေရင် ဆေးရုံမှာ သင့်တော်သလောက် ရေဖောက်ထုတ်ပေးပါတယ်။

(Photo Credit; Medskl)
(Original post; Dec,2020 👉 https://www.facebook.com/104993831383029/posts/153134183235660/)

ကျန်းမာရေးဗဟုသုတတိုးပြီး
သက်ရှည်ကျန်းမာ စိတ်ချမ်းသာကြပါစေ

Dr. ဘုန်းစည်သူလွင်

(ကျန်းမာရေးဆောင်းပါးများ နေ့စဉ်တင်ပေးနေသောကြောင့် #ကျွန်တော့_Pageကို_Like လုပ်ထားခြင်းဖြင့် ကျန်းမာရေးဗဟုသုတတိုးပွား လာပါလိမ့်မယ် 💕💕💕 )

08/06/2026

ရာသီအကူးပြောင်းမှာဖြစ်တတ်တဲ့
အအေးမိဖျားနာ ဝေဒနာများနှင့်ပတ်သက်၍ မူရင်း Post အောက်တွင် ကျန်းမာရေးဗဟုသုတများ မေးမြန်းနိုင်ပါသည်။

နှာစေး၊ နှာပိတ်၊ နှာမွှန်ခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း၊ အအေးမိဖျားနာဝေဒနာတွေနဲ့ ပတ်သက်ပြီး သိလိုရာ မေးမြန်းနိုင်ပါပြီ
--------------------------------------------------------------------
မိုးတွင်းကာလ ဖြစ်တတ်တဲ့ နှာစေး၊ နှာပိတ်၊ နှာမွှန်ခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း၊ အအေးမိဖျားနာစတဲ့ဝေဒနာတွေနဲ့ ပတ်သက်ပြီး သိချင်တဲ့ မေးခွန်းတွေကို ဒီပို့စ်ရဲ့ Comment မှာ ၅-၆-၂၀၂၆ ရက်နေ့မှ ၁၁-၆-၂၀၂၆ ရက်နေ့အထိ မေးမြန်းနိုင်ပါတယ်။ မိသားစုကျန်းမာရေး စောင့်ရှောက်မှုနှင့် အထွေထွေရောဂါကုဆရာဝန် ဒေါက်တာဘုန်းစည်သူလွင်က ဖြေကြားပေးသွားမှာ ဖြစ်ပါတယ်။ ဒီအစီအစဉ်ကို Decolgen မှ ကူညီအားဖြည့်ပေးထားတာ ဖြစ်ပါတယ်။

Want your practice to be the top-listed Clinic in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address

Kawliya 27th Street
Yangon
11041