Transforn Myanmar
14/12/2021
တစ်သျူးငှက်ပျော စီးပွားဖြစ်စိုက်ပျိုးနည်း
-----------------------------
မြန်မာတို့၏ ရိုးရာဓလေ့တွင် အုန်းနှင့်ငှက်ပျောသည်မပါမဖြစ်အရေးပါသော သီးနှံများဖြစ်သည်။မြန်မာနိုင်ငံတွင် ငှက်ပျောမျိုးကွဲပေါင်းများစွာ ရှိပါသည်။ဒေသငှက်ပျောများကို မိရိုးဗလာနည်းစနစ်အတိုင်း သားတက်ဖြင့်မျိုးပွား၍စိုက်ပျိုးကြသည်။ယခုအခါ အပင်တစ်သျူး မျိုးပွားနည်းဖြင့် မျိုးပွားထားသော ကှက်ပျောများကို ကျယ်ပြန့်စွာ စိုက်ပျိုးလာကြသည်။တစ်သျူးနည်းဖြစ်မျိုးပွားခြင်းဆိုသည်မှာ အပင်မျိုးတစ်မျိုး၏ မူလမျမုးရိုးဗီဇလက္ခဏာ အရည်အသွေးမပျက်စေဘဲ ယင်းအပင်၏ ဆဲလ်၊ အပင်ပိုင်းတစ်ခုကို ဓာတ်ခွဲခန်းတွင်မျိုးပွားဖခင်းဖြင့် မိခင်အပင်နှင့် တသွေမတိမ်းအရည်အသွေးရှိသည့် ဗီဇတူအပင်ငယ်များကို အချိန်တိုအတွင်း အမြောက်အများ မျိုးပွားထုတ်လုပ်ခြင်းဖြစ်သည်။
တစ်သျူးငှက်ပျောမျိုးများသည်
-မိခင်နှင့် မျိုးရိုးဗီဇလက္ခဏာတူညီခြင်း
-ပိုးမွှားရောဂါ ကင်းစင်သော အရည်အသွေးကောင်းမွန်သော ငှက်ပျောခိုင်များ ထုတ်လုပ်နိုင်ခြင်း
-အထွက်နှုန်းကောင်း၍ အရည်အသွေးကောင်းမွန်ခြင်းတို့ကြောင့် ဝင်ငွေ မြင့်မားစွာ ရရှိခြင်း
-ပုံမှန်သားတက်ဖြင့် မျိုးပွားထားသော အပင်မျိုးများထက် ငှက်ပျောခိုင်စော၍ ထွက်ခြင်း
-တစ်သျူးငှက်ပျောပျိုးပင်များကို တစ်နှစ်ပတ်လုံး ဝယ်ယူစိုက်ပျိုးနိုင်ခြင်းကြောင့် စျေးကွက်မြင့်မားသည့်အချိန်နှင့် ချိန်ညှိ စိုက်ပျိုးနိုင်သည့်အတွက် စျေးကောင်းရရှိခြင်း
-အပင်ကြီးထားမှုညီညာခြင်းကြောင့် ငှက်ပျောခိုင်ထွက်ချိန် ညီညာပြီး စျေးကွက်သို့တစ်ပြိုင်နက်တည်း တင်ပို့ရောင်းချနိုင်ခြင်း
-မိခင်အပင်မှ အခိုင်ခုတ်ပြီးနောက် သားဆက် ၂ ဆက် (လမိုင်းပင်) အထိ အထွက်နှုန်းအရည်အသွေး မလျော့ကျခြင်း
-အပင်၏ ၉၅%-၉၈% အထိ ငှက်ပျောခိုက်ထွက်နိုင်ခြင်း စသည့် အကျိုးကျေးဇူးများကြောင့် တစ်သျူးငှက်ပျောကို စီးပွားဖြစ် စိုက်ပျိုးသင့်ပါသည်။
မြေအမျိုးအစား
-------------
ကှက်ပျောစိုက်ပျိုးရမည့် မြေသည် ရေသွင်းရေထုတ်ကောင်းမွန်၍ မြေဆီသြဇာကောင်းမွန်ပြီး အစိုဓာတ်လုံလောက်စွာ ရှိရန် လိုအပ်သည်။မြေချဥ်ငံကိန်း ၆၊ ၇.၅ အတွင်းရှိသော နုန်းမြေသည် ငှက်ပျော အဖြစ်ဆုံးမြေဖြစ်သည်။ ဆားပေါက်သောမြေ၊ ထုံးပါဝင်မှုများသောမြေ ၊ လေဝင်လေထွက်မကောင်း၍ အဟာရ ချို့တဲ့သောမြေများတွင် စိုက်ပျိုးရန်မသင့်တော်ပါ။ နုန်းတင်မြေနု ၊ သဲနုန်းမြေ ၊ နုန်းမြေ များတွင် စိုက်ပျိုးရန် သင့်တော်သည်။
မြေပြုပြင်ခြင်း
----------
ငှက်ပျောကို မစုိက်ပျိုးခင်မြေကို ၁ ပတ်ခန်းစော၍ ကြိုတင်ပြင်ဆင်ထားသင့်သည်။ငှက်ပျောပင်သည်ရေကြိုက်သော်လည်း အပင်းအရင်းတွင် ရေမဝပ်ရန် ရေနုတ်မြောင်းများ ကြိုတင်ပြင်ဆင်ထားသင့်ပါသည်။
စိုက်ချိန်
------
တစ်သျူးငှက်ပျောကို အပူချိန် နိမ့်လွန်း မြင့်လွန်းသော အချိန်မှ လွဲ၍ တစ်နှစ်ပတ်လုံး စိုက်ပျိုးနိုင်ပါသည်။စိုက်ရန် အကောင်းဆုံးအချိန်မှာ မေလနှင့် နိုဝင်ဘာလ ဖြစ်သည်။
စိုက်ကျင်းပြုပြင်ခြင်း
------–------
စိုက်ကျင်းကို အကျယ် တစ်ပေခွဲနှင့် အနက် တစ်ပေခွဲ တူးပေးရသည်။စိုက်ကျင်းတစ်ကျင်းအတွက်မြေခံအနေဖြင့် မြေဆွေး ၄-၈ ပြည်၊ ကွန်ပေါင်း(ကွန်ပေါင်း(၁၅:၁၅:၁၅) ၂၀၀ ဂရမ်၊ ဖြူရာဒန် ၁၀ဂရမ် တစ်ကျင်းနှုန်းဖြင့် ရော၍ထည့်ကာ တစ်ပတ်ခန့် ရေနှင့် နပ်ထားပေးရသည်။
ပျိုးပင်စိုက်ပျိုးခြင်း
-------------
အပင်ခြား ၆ ပေ ၊ တန်းကြား ၈ ပေဖြင့် တစ်ဧက လျှင် အပင် ၉၀၀ စိုက်ပျိုးနိုင်သည်။ အရွက် ၅ ရွက်ပါ ၆ ပတ်သားပျိုးပင်းကို အပင်တစ်သျူးဓာတ်ခွဲခန်းမှ ဝယ်ယူ၍ စိုက်ပျိုးနိုင်ပါသည်။
အစာအဟာရ ကျွေးခြင်း
---------------
ငှက်ပျောစိုက်ပြီး ၁ လ အကြာမှ စ၍အောက်ဖော်ပြပါအတိုင်း အစာကျွေးပေးရန် လိုအပ်သည်။မြေသြဇာ ကျွေးလျှင်အပင်ခြေမှ ၆ လက်မ ခွာ၍ကျွေးရသည်။
အစာကျွေးရမည့်အချိန်
ယူရီးယား(ပုလဲ) +(ပိုတက်ရှ်) (2:1)
စိုက်ပြီးတစ်လအကြာ ၅၀ဂရမ် (၃ ဇွန်း)
၂လ အကြာ ၁၀၀ဂရမ်
၃လအကြာ ၁၅၀ဂရမ်
၄လအကြာ ၂၀၀ဂရမ်
၅လအကြာ ၂၅၀ဂရမ်
၆လအကြာ ၃၀၀ဂရမ်
အပင်ပြုစုစောင့်ရှောက်ခြင်း
------------------
ငှက်ပျောသားတက်များသည် အစာအဟာရယှဥ်ပြိုင်စားသောက်သောကြောင့်ဓားနှင်ခုတ်ရှင်းပေးရသည်။ အပင်ကြီးထွားမှု ကာလတလျောက် ပိုးသတ်ဆေး မှိုသတ်ဆေးများ လိုအပ်သလိုသုံးစွဲနိုင်သည်။
ဒုတိယသားတက်မွေးခြင်း
----–-----------
ဒုတိယအပင် ဆက်လက်မွေးမည်ဆိုပါက ပထမမိခင်အပင် အလံရွက်စထွက်ချိန်တွင် အသစ်ထွက်လာသည့် သားတက်များထဲမှ အကောင်းဆုံးသားတက်ကို ဒုတိယအပင်အနေဖြင့်ဆက်လက်မွေးနိုင်သည်။ ဒုတိယသားတက် ဆက်လတ်မွေးမြူမည် ဖြစ်သောကြောင့် မြေသြဇာ ကျွေးခြင်းလုပ်ငန်းကို နဂိုမူလအတိုင်း ဆက်လတ်ဆောက်ရွက်ရမည်။
ရိတ်သိမ်းခြင်း
--------
ငှက်ပျောခိုင်ကို စိုက်ပြီး ၁၁-၁၂လအတွင်း ခုတ်နိုင်သည်။ပထမလမိုင်းပင်ကို မိခင်အပင် ရတိ်သိမ်းပြီးနောက် ၈-၁၀လအတွင်း ရတ်သိမ်းနိုင်ပြီး ဒုတိယလမိုင်းပင်ကို ပထမလမိုင်းပင် ရိတ်သိမ်းပြီးနောက် ၈-၉လအတွင်း ရိတ်သိမ်းနိုင်သည်။
Green Way(အစိမ်းရောင်လမ်း)
စိုက်ပျိုးရေးဗဟုသုတများသိဖို့ page ကို like & share လေးလုပ်ပေးသွားပါအုံးနော်
Click here to claim your Sponsored Listing.