ShweYeik electronic
နိုင်ငံရေးပြန်အေးချိန် အသက်ရှင်သေးလျှင် သင်တန်းများ ပြန်သင်ပါမည်။
အပ်ထားသူများ
မဆုံးရှုံးရပါ။
29/01/2021
အီလက်ထရောနစ်ဘာသာရပ်ကိုလွယ်ကူရိုးရှင်းစွာသင်ယူနိုင်ဖို့
----------------------------------------------------------
၈-၉-၁၀ တန်းလောက်ကနေ စလေ့လာထားနိုင်ဖို့ ဖွင့်တဲ့အတန်းပါ။ လူကြီးတွေပါ ဝင်သင်နိုင်ပါတယ်။ အီလက်ထရောနစ်ကို အလွယ်တကူသင်ယူရမယ်၊ အသုံးဝင်တဲ့ Project လေးတွေတည်ဆောက်နိုင်ရမယ်။ Physics ဘာသာရပ်ထဲက logic Gate တွေ၊ အခြား အီလက်ထရောနစ်ပိုင်းကျောင်းသင်ခန်းစာတွေပါ နားလည်သွားမှာပါ။
ဖွင့်မှာက ဖေဖော်ဝါရီ ၆ ရက်စနေနေ့ပါ။ ကျောင်းအပ်လက်ခံပါတယ်နော်။ ငွေလွဲပီး ss ကို messenger ကနေပို့ပေးပါ။
သင်တန်းကြေး ၁၂၀၀၀ လောက်နဲ့ ပြန်ရမှာက အများကြီးပါ။
လူငယ်တွေအတွက် robotic ပိုင်းအခြေခံတွေပါ ထည့်သင်သွားမှာပါ။
နည်းပညာစာရေးဆရာ သန်းထိုက်(ရွှေရိပ်)ကိုယ်တိုင် အလွယ်တကူ တတ်မြောက်စေဖို့ သင်တဲ့ Online သင်တန်းပါ။
ဒီတစ်ခါဖွင့်တဲ့အတန်းက လူငယ်ပိုင်း ရည်ရွယ်ပေမယ့် လူကြီးတွေလည်း ဝင်သင်လို့ရပါတယ်။ အဓိက အခြေခံ Components အကုန်သင်မှာပါ၊ ပိုလွယ်သွားပီး ပိုပီး ကလေးဆန်အောင်သင်မှာပဲရှိပါတယ်။
Project ပိုင်းကတော့ ဆားကစ်ဖန်တီးမှုတွေပါပါမယ်။ အလွယ်နဲ့ အသုံးဝင်တာတွေဦးစားပေးထားပါတယ်။
ယခင်နဲ့မတူတာက မော်တာ ကွန်ထရိုးပိုင်းပါ၊ speed နဲ့ Direction ထိန်းဖို့ Balance သဘောနဲ့ မော်တာသက်ဝင်ပုံတွေ၊ Robot ငယ်လေးတစ်ခုအတွက် တွေးပုံတွေ ပါလာပါတယ်။( Wireless Remote control ပိုင်းမပါပါဘူးနော်)
ရည်ရွယ်တာက အခြေခံ အီလက်ထရောနစ်သိပ္ပံကို ရင်းနှီးအောင်ပါ။
လေအား၊ ရေအားနဲ့ သုံးတဲ့ ဂျန်နရေတာတွေထိကို အခြေခံလုပ်နိုင်အောင်ထိ ပါပါတယ်။
ပီးတော့ Logic Gate တွေပေါ့။ ၈-၉-၁၀ တန်းက Physics ပိုင်းကို ထည့်သွင်းသင်တာက ကျောင်းစာနဲ့ လက်တွေ့နီးစပ်အောင်ပါ။
ကိုယ်က အီလက်ထရောနစ်တွေနဲ့ မကင်းတဲ့ တီထွင်မှုအတွက်ဆို မဖြစ်မနေကို အခြေခံ အီလက်ထရောနစ်ပိုင်း သိမှကိုရပါလိမ့်မယ်။
ဖုန်းပဲပြင်ပြင် တီဗွီအောက်စက်ပဲ ပြင်ပြင် အခြေခံသုံးထားတဲ့ ကွန်ပိုးနပ်တ် တွေကိုမသိလို့ကိုမပါဘူး။
ဒါကြောင့် ဒီသင်တန်းမျိုးတွေကနေ မိမိတူ/သား/သမီး/ညီငယ် ညီမငယ်တွေ အတွက် တက်ခိုင်းသင့်တဲ့ သင်တန်းမျိုးပါ။
ကလေးလို ကဗျာတွေ စာတွေနဲ့သင်လို့ သင်လွယ်မှတ်လွယ်ပါတယ်။
သင်တန်းကြေး ၁၂၀၀၀ တစ်သောင်းနှစ်ထောင်ဆိုတာ ဒီကာလအတွက် အတန်းဆုံးနဲ့ ဒီလိုပညာတစ်ခုအတွက် မတန်တစ်ဆပညာရတာဖြစ်မှာပါ။
သင်တန်းအပ် လက်ခံနေပါပီနော်။ စမှာက နောက်လ ပထမအပတ်ပါ။
သင်တန်းကာလက ၃ လပါ၊ စာမပီးသေးရင် အဲ့ထက်ပိုပါမယ်။
သန်းထိုက်(ရွှေရိပ်)
ရွှေရိပ် နည်းပညာသိပ္ပံဆိုင်ရာသင်တန်းကျောင်း
08/01/2021
Electronic ဘာသာရပ်ဆိုတာနဲ့ စက်တွေပြင်ဖို့ (ဖုန်း၊ TV ၊ Audio.......) စသဖြင့်များစွာကို ပြင်ရမယ်ပဲတွေးပါတယ်။
မမှားပါဘူး မှန်ပါတယ်။ ဒါပေမယ့် လိုအပ်တာက အခြေခံ အီလက်ထရောနစ်ပါ။ ဥပမာဗျာ- EC အတန်းကို နည်းပညာတက္ကသိုလ်မှာသင်မယ်ပေါ့၊ ဒါဆို သူတို့က ဘာတွေကို ဦးတည်သင်သလဲ။
ရှင်းပါတယ်။ အီလက်ထရောနစ်ပစ္စည်းတွေဖြစ်လာမယ့် အသုံးပြု ပစ္စည်းတွေ Components တွေနဲ့ သူတို့်ဘာကြောင့်သုံးတယ်၊ ဘာလို့သုံးတယ်ဆိုတာကိုသာ ဦးစားပေးပီး သင်ယူရတာပါ။
ဖုန်းပြင် တီဗွီပြင်တာတွေမသင်ပါဘူး။
ဒါဆို မပြင်နိုင်တော့ဘူးလား။ မဟုတ်ဘူးဗျ။ အီလက်ထရောနစ်ဘာသာရပ်ကို နားလည်သွားရင် ဖုန်းပြင်သင်တန်းတွေ၊ စက်ပြင်သင်တန်းတွေ ဘာပဲဆက် သင်သင် နားလည်တတ်ကျွမ်းသွားတာပါ။
အီလက်ထရောနစ် ပစ္စည်းတွေအားလုံးဟာ ဒီ Components တွေရဲ့ သဘောအောက်မှာပဲရှိနေတာလေ။ ဒိုင်ယာဂရမ်ခေါ်တဲ့ ပတ်လမ်းတွေကို ဖတ်တတ် နားလည်တတ်၊ သုံးတတ်လာရင် စက်ပြင်ဖို့ အဆင်သင့်ဖြစ်လာတာပါပဲ။
အပျက်ကို နားလည်လာတဲ့အခါ မီတာလေးတိုင်းပီးရှာ၊ အစားထိုးထည့်၊ ပတ်လမ်းပျက်နေတယ်ဆို ပတ်လမ်းပြန်ဆက်ပေါ့။
ဒါတွေကို သိလာဖို့ မသိမဖြစ်က အခြေခံ အီလက်ထရောနစ်ပါ။
တွက်ရိုးတွေ တွက်ကိန်းတွေ၊ သီအိုရီတွေနဲ့ အင်ဂျင်နီယာဘာသာရပ်ကို အလွယ်လေး နားလည်ဖို့ဆိုတာ ကိုယ်လည်း အားထုတ်ကြိုးစားလေ့လာသင်ယူမှရတာပါ။
ကျနော့်သင်တန်းမှာက လွယ်တဲ့နည်းကိုရှာသင်တယ်၊ ကလေးလို ကဗျာလေးတွေ အော်ဆိုယုံနဲ့ နားလည်လွယ်စေတယ်။ ဒီတော့ ဒီဘာသာရပ်ဟာ ကြောက်စရာလို့ မမြင်တော့ဘူး။
ဆားကစ်လေးတွေ ကိုယ်တိုင်တီထွင်တတ်လာတယ်။ ဘာလုပ်ချင်သလဲ ဘယ်လိုလုပ်ကြည့်မယ်ဖြစ်လာတယ်။ ၉ တန်း ၁၀တန်း ကျောင်းသားတွေပါ ဝင်သင်လို့ရအောင် မခက်ခဲအောင်သင်တယ်လေ။
နိုင်ငံရပ်ခြားမှာ ၁၀ နှစ်ကျော်လောက်နဲ့ ဆားကစ်အသစ်တွေတီထွင် ဖန်တီးတည်ဆောက်ပြနေကြတာ အားကျစရာပါ။
မြန်မာမှာလည်း အဲ့လိုပညာရှင်တွေ ရှိစေချင်လို့ တန်ဖိုးနည်းဝင်ပါ Online Electronic သင်တန်းတွေဖွင့်နေခဲ့တာပါ။
ခုလည်း အလွယ်လေ့လာ သင်ခန်းစာအနေနဲ့ ၉ တန်း ၁၀ တန်းအရွယ်ကအစ တက်ရောက်သင်ယူဖို့ အတန်းသစ်ထပ်ဖွင့်တာပါ။ Physics ပိုင်းတွေပါ ပါလာတာပေါ့နော်။
ကျောင်းစာမှာပါတဲ့ အုမ်းလောနဲ့ ဂိတ်တွေကအစ သင်ပေးမှာပါ။
လူလတ်တန်း ဦးစားပေးပေါ့နော်။ လူကြီးတွေလည်း ဝင်တက်လို့်ရတယ်နော်။
သင်တန်းကြေးကလည်း ၁၂၀၀၀ ပဲကျသင့်ပါတယ်။
05/01/2021
လူငယ်တွေအတွက် မေးလွန်းလို့ ဖွင့်ပီဗျာ
အခြေခံ သိပ္ပံနဲ့ အခြေခံ အီလက်ထရောနစ် အတန်းသစ်ပါ။
၈-၉-၁၀ တန်းကနေ စတက်နိုင်ပါပီ။
06/10/2020
သန်းထိုက်(ရွှေရိပ်) အမည်နဲ့ နည်းပညာစာအုပ်များစွာရေးသားခဲ့ပါတယ်။ ခုလည်း အီလက်ထရောနစ်ဘာသာရပ်ကို အွန်လိုင်းကနေ တန်ဖိုးနည်းနည်းနဲ့ အလွယ်တကူ လေ့လာနိုင်အောင် သင်တန်းထပ်ဖွင့်လိုက်တာပါ။
ပထမအတန်းကို အောင်မြင်စွာ သင်ကြားနေပါတယ်။ သူတို့အတွက် အဆင့်မြင်အတန်းတောင်ထပ်ဖွင့်ပေးထားပါပြီ။
ခုလည်း ဒုတိတန်းအတွက် အခြေခံအီလက်ထရောနစ်ကို
ကျောင်းအပ်လက်ခံနေပါပီနော်။
Click here to claim your Sponsored Listing.