MEDICALand Customer Service Center

MEDICALand Customer Service Center

Share

14/07/2021

အောက်စီဂျင်အိုး မရခင်စပ်ကြား ဒါမျိုးလေးတွေ လိုက်နာကျရင် အသက်ဆုံးရှုံးမှု နည်းသွားစေလို၍ ရေးလိုက်တာဖြစ်ပါတယ်။

Q; ‌ရုတ်တရက် အောက်စီဂျင်ကျသွားရင် ဘာလုပ်ရမလဲ?
A; မှောက်လျက်နေပါ။ (ခေါင်းအုံးတွေကို ခေါင်းအောက်တစ်လုံး၊ ရင်ဘတ်အောက်နှစ်လုံး၊ ဆီးခုံအောက်နှစ်လုံး ၊ ခြေထောက်အောက်တစ်လုံး)
ဝမ်းလျားမှောက်တာက အောက်စီဂျင်လိုအပ်မှုကိုလျှော့ချပြီး အရေးပေါ်ဆေးရုံတက်ရခြင်းကိုလည်း လျော့ကျစေပါတယ်။

Q; မှောက်လျက်ဘာကြောင့်နေရသလဲ?
A; အသက်ရှူရလွယ်စေပြီး သက်သောင့်သက်သာရှိတဲ့အပြင် အောက်စီဂျင်ပမာဏကို ပြန်တက်စေပါတယ်။ လေအိတ်တွေကိုပွင့်စေပြီး အဆုတ်ရဲ့ အောက်ခြေနှင့်ကျောဘက်ပိုင်းတွေမှာ အောက်စီဂျင်ပြည့်လာစေပါတယ်။ ပက်လက်နေခြင်းက နှလုံးနှင့် ရင်ဝမ်းခြားကြွက်သားများရဲ့ ပိအားတွေရှိနေနိုင်တာကြောင့် အောက်စီဂျင် အရေးပေါ်လိုပြီဆိုရင် မှောက်လျက်နေပေးပါ။

(ARDS-Acute Respiratory Distress Syndrome မှာကော Covid-19 မှာကော မှောက်လျက်နေတာက effective ဖြစ်စေပါတယ်)

Q; ဘယ်လောက်ကြာအောင် မှောက်ရမလဲ?
A; မှောက်လျက် (၄)နာရီအိပ်နိုင်ပြီး (၁)နာရီနားနိုင်ပါတယ်။ တစ်နေ့လျှင် (၁၆)နာရီမှ (၁၈)နာရီ မှောက်ရင် အောက်စီဂျင် level သိသိသာသာတက်လာကြောင်း စာတမ်းတွေမှာ ဖော်ပြထားပါတယ်။
နိုးနေတဲ့အချိန်ဆိုရင် အောက်ပါလေးမျိုးကို ပြုလုပ်နိုင်သည်။
၁။ မှောက်ပါ။
၂။ ပြီးရင် ညာဘက်ကိုဘေးစောင်းပါ။
၃။ ပြီးရင် ၆၀°(သို့) ၉၀° မှီပြီးထိုင်ပါ။ (Fowler position)
၄။ ဘယ်ဘက်ကို စောင်းပါ။
ပုံစံတစ်မျိုးကို အနည်းဆုံးမိနစ် (၃၀) မှ အများဆုံး (၂)နာရီကြာပြုလုပ်နိုင်ပါတယ်။

Q;မှောက်လျက်နေစဉ် ဘာတွေသတိထားရမလဲ?
A; မှောက်နေစဉ် လေပြွန်တွေ ဖိမမိနေစေဖို့ သတိထားရပါမယ်။
တပ်ထားတဲ့ အောက်စီဂျင်ပိုက်သော်လည်းကောင်း၊ အခြားပိုက်များ ပြုတ်ထွက်မနေဖို့နှင့် ဖိမိ၊ ခေါက်မိ မနေ‌ဖို့ သတိထားရပါမယ်။
အချိန်ကြာစွာ မှောက်နေလျှင် ဖိမိနေသော အရေပြားများ နီခြင်း၊ ပြဲခြင်း ရှိမရှိ သတိထားဖို့လိုပါတယ်။
နှလုံးခုန်နှုန်းမမှန်တာတွေ၊ နှလုံးခုန်သံ ကမောက်ကမ ဖြစ်ရင် မှောက်နေတာမှ ရပ်ဖို့ လိုပါတယ်။
မျက်နှာနှင့် လေပြွန်များ ယောင်ယမ်းလာတာရှိမရှိ သတိထားဖို့လိုပါတယ်။

Q; ဘယ်သူတွေ မမှောက်သင့်ဘူးလဲ?
A; ၁။ ကိုယ်ဝန်ဆောင်များ (၂၄ပတ်ကျော်သော)၊
၂။ သွေးပြန်ကြော သွေးခဲတတ်သောရောဂါရှိသူများ (DVT)၊
၃။ နှလုံးရောဂါအခံရှိသူများ (major cardiac conditions)၊
၄။ အရိုးကျိုးထားပြီး တည်ငြိမ်မှုမရှိသေးဘဲ အဆင့်သင့်မဖြစ်သေးသူများ(လည်ပင်းရိုး၊ နံရိုး၊ ခါးရိုး၊ ပေါင်ရိုး၊ တင်ပဆုံရိုး)

တခြားအောက်စီဂျင်တက်စေနိုင်တဲ့ နည်းလမ်းများကတော့-
အသက်ရှူလေ့ကျင့်ခန်း (Deep Breathing exercise)၊
Yoga pranayama၊
လေကောင်းလေသန့်များများရှူခြင်း၊
ရေသောက်ခြင်း၊
Iron ဓာတ်ပေါကြွယ်သော အစားအသောက်များစားခြင်း၊
ပေါ့ပါးတဲ့လေ့ကျင့်ခန်းများလုပ်ခြင်း(light exercises) တို့ပဲဖြစ်ပါတယ်။

(Volunteer သွားဖူးသော Physiotherapist များရဲ့အကြံပြုချက်ရယ်၊ ကျွန်တော်လေ့လာထားသလောက်ရယ် တင်ပြတာဖြစ်လို့ လိုအပ်တယ်ဆိုရင် နားလည်ပေးကြပါ)

အောက်က link တွေမှာ တခြား Physiotherapist တွေရဲ့ ဆွေးနွေးချက်တွေရှိပါတယ်။ ဝင်ရောက်ကြည့်ရှုပေးပါဦး
https://m.facebook.com/story.php?story_fbid=2947505338801226&id=100006253658706

https://m.facebook.com/story.php?story_fbid=4091685140920563&id=100002373531764

https://m.facebook.com/story.php?story_fbid=525881435223080&id=100034036854167

13/07/2021

အောက်ဆီဂျင်ကျလူနာများ ဆေးရုံများသို့သွားရာတွင်ဆေးရုံမှလက်မခံပဲ ပြန်လွှတ်လျက်ရှိနေပြီးအချို့မှာလမ်း၌ပင်အသက်ဆုံးရှုံးနေရပါသည်။
သို့ပေမယ့်အောက်ဆီဂျင်ကျလူနာများအနေဖြင့်မဖြစ်မနေဆေးရုံ(သို့)ကုသရေစင်တာ သို့သွားရောက်ကုသမှပင် သက်သာနိုင်ပါသည်။
ထို့ကြောင့်ဆေးရုံ(သို့)ကုသရေးစင်တာသို့ရောက်ရှိနိုင်ရန်အတွက်

၁။ မြို့နယ်ကျန်းမာရေးဌာနသို့အရင်သွားရောက်ကာပြင်ပတွင် Covid test ကိုစစ်ဆေးနိုင်ရန်အတွက် စစ်ဆေးခွင့် CI ဖောင်ကို သွားရောက်ယူဆောင်ပါ။

၂။ဖောင်ရပြီဆိုပါက Ambulance ကားတစ်စီးဖြင့်လူနာကိုသီးသန့်ခေါ်ဆောင်ကာ Covid စစ်ဆေးပေးသည့်နေရာသို့သွားကာ Covid စစ်ရမည်ဖြစ်သည်။

၃။positive စစ်ပြီးအဖြေစာရွက်ကိုမြို့နယ်ကျန်းမာရေးဌာနသို့အခြားသူတစ်ဦးမှအကြောင်းကြားပေးရပါမည်။ထို့နောက် မြို့နယ်ကျန်းမာရေးဌာနမှ ထပ်ဆင်ချိတ်ဆက်ကာ စင်တာများသို့ ညွှန်ပု့ိခြင်းနှင့်ပို့ဆောင်ခြင်းများကိုပြုလုပ်ပေးနေပါကြောင်းသိရှိရပါသည်။

မှတ်ချက်။ ။ p ဖြစ်ဖြစ် N ဖြစ်ဖြစ် အဖြေရပြီးပါကအိမ်သို့အရင်ပြန်နေရပါမည် ကျန်ကိစ္စများကိုကျန်းမာရေးသို့​အကြောင်းကြားပြီးမှညွှန့်ကြားသည့်အတိုင်းဆက်လုပ်ရမည်ဖြစ်ပါသည်။
Source: ကြက်ခြေနီသူနာပြုတပ်ဖွဲ့

https://www.facebook.com/104441781136386/posts/345295643717664/?d=n

Want your business to be the top-listed Health & Beauty Business in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address

Gyophyu Street, Mingalar Taung Nyunt Township
Yangon
11221,11222

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00