Prize Legal Service
သိသင့်သိထိုက်သော BCM မှမှတ်စုများ အပိုင်း(၅)(၆)(၇)
အပိုဒ် ၁၈၃ အပိုဒ်ခွဲ (၁)
ဇာရီလျှောက်လွှာတင်သွင်းသည့်အ
ခါ ရှုပ်ထွေးသောအမှုမှတပါး ချက်
ချင်းအမိန့်ချရမည်။အမှုအားလုံးကို
နောက်တနေ့ကို နောက်အကျဆုံးအ
မိန့်ချမှတ်ရမည်။
အပိုဒ်ခွဲ (၂)
သေးငယ်သောအကြောင်း(သို့)
မလုံလောက်သောအကြောင်းဖြင့် ဇာရီ
လျှောက်လွှာကို ပြန်မပေးရ။
အပိုဒ် (၁၉၅)
ဇာရီလျှောက်လွှာကို ဒီကရီချမှတ်
သည့်တရားရုံးသို့ တင်သွင်းရမည်။
စာဖြင့်ရေးသားရမည့်ပြင်အမိန့် ၂၁ နည်း ၁၁( ၂ )တွင်သတ်မှတ် ဇယားပုံစံအတိုင်းပါရှိရမည်။ တရားနိုင်က မှန်
ကြောင်းဝန်ခံချက်ပါရမည်။ဒီကရီ
မိတ္တူကိုပူးတွဲတင်ပြရန်မလိုသော်
လည်း တရားရုံးကတောင်းဆိုလျှင်ပူး
တွဲတင်ပြရမည်။
အပိုဒ် (၁၉၇)
တရားရှုံးပိုင်ဆိုင်သော်လည်းတရား
ရှုံးလက်ရှိမဟုတ်သောရွှေ့ပြောင်းနိုင်
ပစ္စည်းကို ဝရမ်းကပ်ရန် လျှောက်
လွှာနှင့်အတူ ဝရမ်းကပ်မည့်ပစ္စည်း
စာရင်းကိုပူးတွဲတင်ပြရမည်။
အပိုဒ် (၂၀၀)
သာမန်နည်းဥပဒေမှာ ဇာရီလျှောက်
လွှာကို ဒီကရီချသည့်နေ့မှ (၁၂)နှစ်အ
တွင်း တင်းသွင်းရမည်။သို့သော် ကာလ
စည်းကမ်းသတ်ဥပဒေအရ ပိတ်ပင်နိုင်
သည်။
မှတ်ချက်။ ။ အထက်ပါ အပိုဒ်တွင်
ဇာရီလျှောက်လွှာကို ဒီကရီချမှတ်သည့်
နေ့မှ (၁၂ )နှစ်အတွင်း တင်သွင်းရမည်
ဟုဖော်ပြထားပြီး ကာလစည်းကမ်း
သတ်ဥပဒေအရ ပိတ်ပင်မှုရှိနိုင်သည်
ဟုဖော်ပြနေ ခြင်းမှာ ဇာရီလျှောက်
လွှာကို ကာလစည်းကမ်းအက်ဥပဒေ
ပထမဇယား အမှတ်စဥ် ၁၈၂ (၅)အရ
ဒီကရီချမှတ်သည့်နေ့မှ (၃)နှစ်အတွင်း
တင်းသွင်းရမည်ဟု ပြဋ္ဌာန်းထားခြင်း
ကြောင့်ဖြစ်ပါသည်။
လေ့လာဖတ်ရှုသင့်သောစီရင်ထုံးများ
ဦးအောင်ထွန်း နှင့် ဦးတင်ထွန်း
၁၉၈၂ မ.တ.စ.စာ - ၁၁၆
ဒေါ်ရင်မေ နှင့် ဒေါ်လှလှကြည်
၁၉၇၈ မ.တ.စ.စာ - ၉၈
အပိုဒ် ၂၀၃
(က) ဒီကရီမှာ ၃ နှစ်ထက်ကျော်လွန်
သည့်အခါ
(ခ)တရားရှုံး၏တရားဝင်ကိုယ်စား
လှယ်အပေါ်ဇာရီပြုရန်လျှောက်ထား
သည့်အခါ
တရားရုံးက တရားရှုံးအား အကြောင်း
ပြစေရန် နို့တစ်စာထုတ်ရမည်။
တဖတ်သတ်ဒီကရီချမှတ်ရုံမျှဖြင့်
နို့တစ်စာထုတ်ပေးရန်မလို။
အပိုဒ် ၂၀၄
နို့တစ်စာထုတ်ပေးပြီးနောက် တရား
ရှုံးမလာရောက်လျှင်ဖြစ်စေ/လုံ
လောက်သောအကြောင်းမပြလျှင်
ဇာရီပြုလုပ်စေရန်အမိန့်ချမှတ်ရမည်။
အပိုဒ် ၂၀၇
ငွေအတွက်ဒီကရီမှာ တရားရှုံးကို
ထောင်ချ၍ဖြစ်စေ/တရားရှုံး၏ပစ္စည်း
ကို ဝါရမ်းစွဲကပ်ရောင်းချ၍ဖြစ်စေ
နှစ်ရပ်လုံးအသုံးပြု၍ဖြစ်စေအတည်
ပြုလုပ်နိုင်သည်။
အပိုဒ် ၂၀၉
မရွှေ့မပြောင်းနိုင်ပစ္စည်းကိုပေးအပ်
ရန်ဒီကရီမှာ ပစ္စည်းကိုလက်ရောက်ပေး
အပ်ခြင်းဖြင်း၎င်း/ ဒီကရီကိုလိုက်နာ
ရန်တာဝန်ရှိသူကိုဖယ်ရှားခြင်းဖြင်း၎င်း
အတည်ပြုရမည်။
အပိုဒ် ၂၁၄
ဒီကရီကိုဇာရီပြုရာ၌ ဝါရမ်းကပ်
ထိုက်သောပစ္စည်းများကို တရားမကျင့်
ထုံးဥပဒေပုဒ်မ ၆၀ တွင် ဖော်ပြထား
သည်။ထိုပုဒ်မပါ ဝါရမ်းစွဲကပ်ခွင့်မရှိ
သောပစ္စည်းများစာရင်းကို အထူးဂရု
ပြုရမည်။
အပိုဒ် ၂၂၉
ငွေဒီကရီကို ဇာရီပြုရာ၌ ပစ္စည်း၏
တန်ဖိုးနှင့် ဒီကရီကျငွေတို့သည်တူညီ
နိုင်သမျှတူညီရမည်ဟု အမိန့် ၂၁ နည်း
၁၇ (၄)ပါ ညွှန်ကြားချက်ကိုလိုက်နာ
ဆောင်ရွက်ရမည်။ဒီကရီကျငွေထက်
များစွာအဖိုးတန်သော ပစ္စည်းကိုဝါရမ်း
ကပ်အလေ့အထ ရှောင်ကြဥ်ရမည်။
အပိုဒ် ၂၃၁
မရွှေ့မပြောင်းနိုင်သည့်ပစ္စည်းကို
ဝါရမ်းစွဲကပ်ခြင်းမှာ ပညတ်သည့်အ
မိန့်ဖြင့်ပြုလုပ်ရမည်။
အပိုဒ် ၂၃၅
ဝါရမ်းကပ်သည့်ပစ္စည်းကိုပိုင်ဆိုင်
ကြောင်းတောင်းဆိုချက်များကို သို့မ
ဟုတ် ဝါရမ်းမကပ်ထိုက်ကြောင်း
ကန့်ကွက်ချက်များကို အမိန့်၂၁ နည်း
၅၈ မှ ၆၃ အထိ ပြဋ္ဌာန်းချက်များအရစုံစမ်းစစ်ဆေးရမည်။
အပိုဒ် ၂၆၆ (၁)
ဇာရီပြုလုပ်ရာတွင် ရရှိသည့်ငွေကို
တရားနိုင်အများသို့ခွဲဝေပေးရန်တရား
မကျင့်ထုံးဥပဒေ ပုဒ်မ ၇၃ တွင်ပါရှိ
သည်။ပုဒ်မ ၇၃ ကို ပုဒ်မ ၆၃ နှင့်ပူးတွဲ
ဖတ်ရှုရမည်။ပုဒ်မ ၇၃ (၁)ပါ * တရား
ရုံး* ဆိုသည့်စကားမှာ ထိုငွေများကို
အမှန်တကယ်သိမ်းဆည်းထားသည့်
တရားရုံးသာမက ဝါရမ်းစွဲကပ်
သော အခြားတရားရုံးလည်းပါဝင်
သည်။
အပိုဒ်၂၆၆ (၂)
ဇာရီမှုများ၌ တရားနိုင်တို့သည်
ရောင်းချသောပစ္စည်း၌ မိမိတို့၏တရား
ရှုံးအသီးသီးပိုင် အကျိူးသက်ဆိုင်ခွင့်
နှင့်အညီရရှိသောငွေများကို ပါဝင်ခွဲဝေ
ယူနိုင်ခွင့်ရှိသည်။
လေ့လာဖတ်ရှုသင့်သောစီရင်ထုံး
လီလောက်ပင် နှင့် ဝင်းနားထရိတ်ဒင်း
ကုမ္ပဏီ
၁၉၆၆ မ.တ.စ.စာ - ၁၂၅၅
အပိုဒ် ၂၇၄
ကြွေးမြီအတွက် တရားမထောင်ချ
ခြင်းမှာ လုပ်ဆောင်မြဲနည်းလမ်းမ
ဟုတ်ဘဲ ခြွင်းချက်မျှသာဖြစ်စေရမည်။
လေ့လာဖတ်ရှုသင့်သောစီရင်ထုံး
စာရင်းရှင်းတာဝန်ခံဗျိူင်းရေအိုးစင်
သမဝါယမ နှင့် ဦးထွန်းလှ
၁၉၆၉ မ.တ.စ.စာ - ၂၀၁
အပိုဒ် ၂၇၆ (၁)
တရားရှုံးကိုထောင်သို့မပို့မီ တရား
နိုင်က တည်ဆဲလ၏ ကျနိရက်များအ
တွက် စားစရိတ်ငွေကို တရားရုံးသို့
ပေးသွင်းရမည်။နောင်ပေးရမည့်စား
စရိတ်ငွေကို ထောင်သို့ပေးသွင်းရ
မည်။
အပိုဒ် ၂၇၈
ဒီကရီကိုပြေလည်အောင်ပေးဆပ်
လျှင်ဖြစ်စေ၊ တရားနိုင်က လွှတ်ရန်
လျှောက်ထားသည်ဖြစ်စေ၊ ပေးသွင်း
ရမည့်စားစရိတ် မပေးမသွင်းပျက်
ကွက်လျှင်ဖြစ်စေ တရားရှုံး(အကျဥ်း
သား)ကိုလွှတ်ရမည်။
T.K.S
Click here to claim your Sponsored Listing.