Taste With Me
မြန်မာထမင်းဟင်းကို သန့်သန့်ရှင်းရှင်းနဲ့ အရသာရှိရှိ စားချင်သူတွေအတွက်...🍛
အားလုံးပဲ မင်္ဂလာပါရှင်။
Taste With Me ကနေ ကြိုဆိုလိုက်ပါတယ်။🍽️
ဒီတခေါက် Taste With Me ရဲ့ "သွားစား" အစီအစဉ်လေးမှာတော့ တောင်ဥက္ကလာပမြို့နယ်က "27 lunch box @ စားမြိန်လှ" ဆိုတဲ့ မြန်မာထမင်းဆိုင်လေးကို Review ပေးချင်ပါတယ်ရှင်။💁🏻♀️
ဒီဆိုင်လေးကတော့ ယုရဲ့ ရုံးနဲ့လည်း နီးတော့ အမြဲလိုလို သွားစားဖြစ်နေကျ ဆိုင်လေးပေါ့နော်။ ဆိုင်လေးက ကျဉ်းပေမဲ့ သပ်သပ်ရပ်ရပ် သန့်သန့်ရှင်းရှင်းဖြစ်ပြီး ထမင်းဟင်းတွေကိုလည်း အိမ်ချက်လက်ရာအတိုင်း အရသာရှိရှိစားသောက်နိုင်တာကြောင့် ယုက မြန်မာထမင်းဟင်းကြိုက်သူတို့အတွက် လမ်းညွှန်ပေးလိုက်ရပါတယ်ရှင်။🙆🏻♀️
ထူးခြားချက်အနေနဲ့ကတော့ ဟင်းတွေကို မြေအိုးလေးနဲ့ ချက်တာကြောင့် အနံ့အရသာနဲ့ ပိုပြည့်စုံပြီး အာဟာရဓာတ်ကိုလည်း အပြည့်အဝရရှိစေပါတယ်။ အရသာလည်း ရှိ၊ အာဟာရလည်း ပြည့်ဝစေတဲ့ မြန်မာထမင်းဟင်းတွေကို ယုတစ်ယောက် ဘယ်လိုတွေတောင် အားရပါးရ စားပြမလဲဆိုတာကိုတော့ Video လေးမှာ အဆုံးထိကြည့်ပေးကြပါဦးနော်။😉
Taste With Me ရဲ့ Rating System လေးအရ...
အစားအသောက်အရသာပိုင်း : ⭐⭐⭐⭐
Service : ⭐⭐⭐⭐
အစားအသောက်သန့်ရှင်းမှုနဲ့ ပြင်ဆင်ပုံ : ⭐⭐⭐🌙
ဆိုင်နေရာသန့်ရှင်းမှုနဲ့ ပြင်ဆင်ပုံ : ⭐⭐⭐🌙
(ဒီ Rating ပေးမှုများဟာ မိမိတို့ ဆိုင်ရောက်စဉ်အချိန်အတွင်း အခြေအနေများအပေါ်သာမူတည်ဆုံးဖြတ်ခြင်းဖြစ်ပြီး ဆိုင်၏အခြေအနေ၊ အချိန်အခါနှင့် တစ်ဦးချင်းစီ၏ စိတ်ခံစားချက်များအပေါ်မူတည်၍ အပြောင်းအလဲရှိနိုင်ပါသည်။ ဈေးနှုန်းနှင့် အခြားအပြင်အဆင်များအားလုံးသည်လည်း ဆိုင်၏ အခြေအနေပေါ်မူတည်၍ပြောင်းလဲမှုများရှိနိုင်ကြောင်း ကြိုတင်အသိပေးပြောကြားအပ်ပါသည်။)
(Disclaimer: The ratings given are based on the most accurate and comprehensive information available. In addition to individual preferences, factors such as context, timing, and the specific goals of the program contribute to the overall assessment. While there may be variations in opinions and perspectives among different stakeholders, the aim is to provide fair evaluations.)
Page Link: https://www.facebook.com/profile.php?id=100095047879784&mibextid=LQQJ4d
📍ဆိုင်လိပ်စာလေးကတော့ အမှတ် - ၈၇၉(က)၊ မေတ္တာလမ်း၊ (၁၀) ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့ပဲ ဖြစ်ပါတယ်။
("Food will Boost Your Mood" ဆိုတဲ့ Taste With Me ရဲ့ ဆောင်ပုဒ်လေးအတိုင်း မိမိတို့ရဲ့ စိတ်ကျန်းမာရေးနဲ့ ကိုယ်ကျန်းမာရေးအတွက် အစားအသောက်နဲ့ စားသောက်ဆိုင်များကို သင့်လျော်မှန်ကန်စွာ ရွေးချယ်နိုင်စေဖို့ အလျဉ်းသင့်သလို Honest Review လေးများကို ဆက်လက်တင်ဆက်ခွင့်ပြုပါရှင့်။)
#စားမြိန်လှ
#သွားစားမယ်
14/05/2024
မြန်မာနိုင်ငံမှာနေရင်းနဲ့ ကိုရီးယားမြေကို ရောက်သွားသလို ခံစားရစေမဲ့ ကိုရီးယားအစားအစာ ချစ်မြတ်နိုးသူတို့ဆုံရာ Korea Food Lover🇰🇷🥢
အားလုံးပဲ မင်္ဂလာပါရှင်။
Taste With Me ကနေ ကြိုဆိုလိုက်ပါတယ်။🍽️
ဒီတခေါက် Taste With Me ရဲ့ "သွားစား" အစီအစဉ်လေးမှာတော့ ကင်မ်ချီမြေက အစားအစာတွေကို တစ်နေရာထဲမှာ စုံစုံလင်လင် စားနိုင်မဲ့ တောင်ဥက္ကလာပမြို့နယ်က "Korea Food Lover"ဆိုတဲ့ ဆိုင်လေးကို Review ပေးချင်ပါတယ်ရှင်။💁🏻♀️
ဒီဆိုင်လေးကတော့ Kimchi နဲ့ နာမည်ရပြီးသားဆိုင်လေးဖြစ်ပြီး ကိုရီးယားအရသာစစ်စစ် အစားအသောက်တွေလည်း ရသလို Mini Mart လေးလည်း ရှိတာကြောင့် ကိုရီးယားခေါက်ဆွဲတွေ၊ အအေးတွေ၊ မုန့်တွေကို စိတ်ကြိုက်ရွေးချယ်ဝယ်ယူနိုင်မှာပဲ ဖြစ်ပါတယ်။ Korea Product တွေကို Online ကနေလည်း မှာယူနိုင်ပြီး ကိုယ်တိုင် ဆိုင်ထိုင်စားချင်ရင်လည်း ရတာကြောင့် ဆိုင်လိပ်စာလေးနဲ့တကွ အသေးစိတ်လေးတွေကို ယုပုံလေးတွေမှာ ရေးပေးထားပါမယ်နော်။🙆🏻♀️
ဒီဆိုင်လေးမှာ ယုစားခဲ့တာတွေကတော့ Pork Bulgogi, Bibimbap, Spicy Chicken Feet, Teokbokki, Fish Cake, Kimbap, Spicy Raw Crab, Ramen, Jajangmyeon တို့ပဲဖြစ်ပါတယ်။🍽️
Video Post : https://www.facebook.com/share/v/t6WxyJHS7mhmQvH5/?mibextid=WC7FNe
Taste With Me ရဲ့ Rating System လေးအရ...
အစားအသောက်အရသာပိုင်း : ⭐⭐⭐🌙
Service : ⭐⭐⭐⭐
အစားအသောက်သန့်ရှင်းမှုနဲ့ ပြင်ဆင်ပုံ : ⭐⭐⭐⭐
ဆိုင်နေရာသန့်ရှင်းမှုနဲ့ ပြင်ဆင်ပုံ : ⭐⭐⭐⭐
(ဒီ Rating ပေးမှုများဟာ မိမိတို့ ဆိုင်ရောက်စဉ်အချိန်အတွင်း အခြေအနေများအပေါ်သာမူတည်ဆုံးဖြတ်ခြင်းဖြစ်ပြီး ဆိုင်၏အခြေအနေ၊ အချိန်အခါနှင့် တစ်ဦးချင်းစီ၏ စိတ်ခံစားချက်များအပေါ်မူတည်၍ အပြောင်းအလဲရှိနိုင်ပါသည်။)
ကိုရီးယားအစားအစာကောင်းကောင်းလေးတွေကိုမှ ကြိုက်နှစ်သက်သူလေးတွေအတွက်တော့ သွားစားကြည့်သင့်တဲ့ ဆိုင်ကောင်းလေး တစ်ဆိုင်ဖြစ်ပါတယ်ရှင့်။💯
Page Link: https://www.facebook.com/profile.php?id=100069899238948&mibextid=LQQJ4d
📍ဆိုင်လိပ်စာလေးကတော့ အမှတ် - ၁၇/(ခ)၊ (၁၁) ရပ်ကွက်၊ မေတ္တာလမ်းနဲ့ ရာဇသင်္ကြန်လမ်းထောင့်၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့ပဲ ဖြစ်ပါတယ်။
("Food will Boost Your Mood" ဆိုတဲ့ Taste With Me ရဲ့ ဆောင်ပုဒ်လေးအတိုင်း မိမိတို့ရဲ့ စိတ်ကျန်းမာရေးနဲ့ ကိုယ်ကျန်းမာရေးအတွက် အစားအသောက်နဲ့ စားသောက်ဆိုင်များကို သင့်လျော်မှန်ကန်စွာ ရွေးချယ်နိုင်စေဖို့ အလျဉ်းသင့်သလို Honest Review လေးများကို ဆက်လက်တင်ဆက်ခွင့်ပြုပါရှင့်။)
#သွားစားမယ်
24/10/2023
ဒီနေ့ တက်ရောက်ဖြစ်ခဲ့တဲ့ Mr.Cow Taiwanese Food & Bbq(烤大爷) Grand Opening အမှတ်တရလေးပါရှင့်။🤍
Click here to claim your Sponsored Listing.