Galaxy

Galaxy

Share

07/08/2022

ကင်ဆာ လူနာရှင် များ အတွက် ဗဟုသုတ ဒါန ———-

ကင်ဆာလူနာ များ ရှောင် သင့် သော အရာ များ ————

၁. ပြုပြင် ပြီး အစားအစာ များ ( Processed food or ready made foods )
ဒီ လို မျိုး အစားအသောက် တွေ ထဲ မှာ food additives လို့ ခေါ် တဲ့ အစား
အသောက် အရသာ ပို ရှိ စေ ရန် လည်းကောင်း၊ ကြာရှည် ခံ ရန် လည်း ကောင်း၊ ထည့် လေ့ ရှိ ကြ ပါ တယ်။
မြန်မာပြည် အတွက် အကောင်းဆုံး ဥပမာ ပေး ရ မယ် ဆို ရင် ဆိုင် တွေ မှာ ရောင်း တဲ့
ငပိကြော် ဆို ပါ စို့။ အခြား ပြုပြင် ပြီး အစာ တွေ လဲ ပါ တယ် နော်။
အချိုမှုံ့ တွေ အများ ကြီး ပါ တာ ဖြစ် ပါ တယ်။

ဒီ food additives တွေ ဟာ အမျိုးမျိုး ပါဝင် ပေါင်း စပ် ရှုပ်ထွေး သော ဓာတုဆေး မျိုးစုံ ဖြစ်ပါ တယ်။ ဒီ ဟာ တွေ ဟာ ခန္ဓာကိုယ် အတွက် လူစိမ်း သူ စိမ်း တွေ ဖြစ် ပါ တယ်။

ဒါ ကြောင့် လဲ ခန္ဓာကိုယ် ထဲ ရောက် တဲ့ အခါ မှာ ဒီ အဆိပ် တွေ ကို ဖြယ် ပေး ရ
မှာ ဖြစ် ပါ တယ်။

ကင်ဆာ ဖြစ် နေ တဲ့ အချိန် မှာ ခန္ဓာကိုယ် က ကင်ဆာ ကြောင့် သော် လည်း ကောင်း၊
ကင်ဆာ ဆေး များ ကြောင့် သော် လည်း ကောင်း အဆိပ် တွေ ကို ဖယ်ရှား ပေး နေ ရ တဲ့ အဖွဲ့ အစည်း detoxification system ဟာ အလုပ် တွေ နဲ့ ပိ နေ ပါ တယ်။

အလုပ်များ ရ တဲ့ အထဲ ကိုယ်စား လိုက် တဲ့ အစား အစာ မှာ ပါ လာ တဲ့ မလိုအပ် တဲ့
ဓာတု ဆေး တွေ ကြောင့် အလုပ် ပို လာ ပြန် ပါ တယ်။

အချို မှုံ့ ကို ကြည့် ကြ ရ အောင်

Glutamate ( MSG ) also known as Excitotoxin ( Dr Russell Blaylock )
အချို မှုံ့ အပြင် diet soda မှာ ပါ လေ့ ရှိ တဲ့ သကြားတု aspartame လဲ
ထို နည်း လည်း ကောင်း ဖြစ် ပါ တယ်။

၁. အချိုမှုံ့ ဟာ စား ပြီး ရင် neuronsလို့ ခေါ် တဲ့ ဥဏှောက် ကလာပ် စည်း တွေ ကို ဆွ ပေး ပါ တယ်။
ဆွ ပေး ပါ များ ရင် ဒီ ကလာပ်စည်း တွေ ဟာ သေ သွား တတ် ပါ တယ်။
ဥဏှောက် ကလာပ်စည်းတွေ ပျက်စီး ခြင်း အကြောင်း တစ် ခု ဖြစ် ပါ တယ်။
( ဥဏှောက် နဲ့ အာရုံကြော ရောဂါ ဖြစ် ခြင်း ရဲ့ အကြောင်း တစ်ခု အပါ အဝင် ဖြစ် ပါ တယ် ) neurodegenerative diseases

၂. ဗီဇ တွေ ကို လဲ ပျက်စီး စေ ပါ တယ်။ DNA

၃. ဥဏှောက် တွင် မက၊ glutamate receptors ရှိ တဲ့ ခန္ဓာကိုယ် အစိတ် အပိုင်း တွေ ကို လဲ ဥပါဒ် ပေး တတ် ပါ တယ်။
ဥပမာ ——- သားဥအိမ် ( ovaries ) မုန့် ချို အိပ် ( pancreas ) သွေးကြော နံရံ မှာ ရှိ နေ တဲ့ ကလာပ်စည်း များ ၊ နှလုံး မှာ ရှိ တဲ့ လျှပ်စစ် ဓာတ် စီး ဝင် တဲ့ အဖွဲ့ အစည်း ( conduction system of the heart )

ဒါ ကြောင့် အချို့ လူ များ၊ အထူးသဖြင့် Magnesium ဓာတ် နည်း နေ သူ များ ဟာ အချိုမှုံ့
နိုင်း ချင်း အစာ တွေ အများကြီး စား ပြီး နှလုံးရပ် ပြီး ဆုံး ပါး သွား တတ် ပါ တယ်။

Magnesium ဓာတ် ချို့ တဲ့ မှု ဟာ လူ အတော် များ များ မှာ ရှိ နေ တတ် ပါ တယ်။

အထူး သဖြင့် နာတာရှည် ရောဂါ သည် များ နှင့် ကီမို ဖြင့် ကုသမှု ခံ ယူ နေ ကြ သူ များ ဖြစ် ပါတယ်။

အထူး သဖြင့် brain cancer glioblastomas and malignant gliomas တွေ မှာ
အချိုမှုံ့ ဟာ ကင်ဆာ ကလာပ်စည်း တွေ ကို ကြီး ထွား စေရုံ မက ( growth ) ပို ပြီး
လဲ ဆိုးသွမ်း လာ စေ ပါ တယ်။ ( aggressiveness )

ဆီးချို ရောဂါ တွေ လဲ ဖြစ် လာ စေ ပါ တယ်။
အခု နောက် ပိုင်း ဆီး ချို ရောဂါ တွေ အလွန် များ လာ တာ ရဲ့ အကြောင်း တစ်ခု လဲ
ဖြစ် ပါ တယ်။

အခု နောက် ပိုင်း သိ လာ တာ က တော့ အချိုမှုံ့ glutamate ဟာ neurotransmitter
လဲ ဖြစ် ပါ တယ်။
ကင်ဆာ ရောဂါ ကြောင့် အလွန် နာကျင် နေ တဲ့ လူ နာ တွေ ဟာ အချိုမှုံ့ ကို
ဖြတ် လိုက် မယ် ဆို ရင် သက်သာရာ ရ နိုင် ပါ တယ် လို့ ထင် ပါ တယ်။

ဘာ အရှုံး မှ မရှိ တာ ကြောင့် လုပ် သင့် တယ် လို့ ထင် ပါ တယ်။

အချို မှုံ့ ရန် က နေ လွတ် ဖို့ က တော့ ပြု ပြင် ပြီး သား အစာ တွေ ကို ရှောင် ရ မှာဖြစ် ပါ တယ်။

ကင်ဆာ ရောဂါ ရှင် တွေ၊ ကျန်းမာ ချင် သူ တွေ ဟာ ကိုယ့် ဖာသာ ကိုယ် အိမ် မှာ ချက်စား ရ မှာ ဖြစ် ပါ တယ်။

ဆိုင် အစားအစာ ဆို ရင် အချို မှုံ့ က တော့ သေချာ သ လောက် ပါ ပဲ။

အစားအသောက် ဆိုင် ဖွင့် သူ များ က လဲ ကျွန်မ ရေး သား ထား တာ တွေ ဖတ် ကြ ပြီး တာဝန် သိ စွာ နဲ့ ပြင် နိုင် ကြ မယ် ဆို ရင် ကိုယ့် ဆိုင် မှာ လာ စား တဲ့ လူ တွေ အတွက်
အကျိုး ပြု ရာ ရောက် ပါ လိမ့် မယ်။
ကုသိုလ် လဲ ရ မှာ ဖြစ် ပါတယ်။

ကြက်သားမှုံ့ က လည်း အချိုမှုံ့ ပဲ ဆို တာ ကို တော့ သိ ထား ရ မှာ ဖြစ် ပါ တယ်။

ရှောင်သင့် သော အရာ များ ဆက် ပါ ဦး မည်။
Crd To A Better Health

06/08/2022

အခု တ လော မိတ် ဆွေ တွေ အ မေး များ တဲ့ မေး ခွန်း ကို အ များ အ တွက် ပါ အ ကျိုး ရှိ ရ အောင်------------

Thyroid hormone နဲ့ ပတ်
သက် ၍ သိ ကောင်း စရာ ဗဟုသုတ
==========================

ကျွန်မ သူငယ်ချင်း ဆရာဝန် တစ်ယောက် က ပြောပါ တယ်။ Thyroid hormone နည်း နေ ပေမဲ့ မ သောက် လည်း ဘာ ဖြစ် သေး လဲ တဲ့။

အချို့ သူ တွေ က လည်း လို နေ မှန်း သိ ရက် နဲ့ အ ကြာ ကြီး စွဲ သောက် ရ မှာ ကြောင့် မ သောက် တဲ့ လူ တွေ လည်း ရှိ ပါ တယ်။

အ ချို့ က လည်း ခေါင်း မာ နေ ပြီး ပြော လို့ ကို တ မင် မ သောက် တဲ့ လူ တွေ လည်း ရှိ ပါ တယ်။

တ ချို့ က လဲ ကပ် စေး နည်း ပြီး ဆေး ဝယ် သောက် ရင် ပိုက်ဆံ ကုန် မှာ ကြောက် ပြီး မ သောက် တဲ့ လူ တွေ လဲ တွေ့ ဖူး ပါ တယ်။

အ ချို့ ဆရာဝန် တွေ ကိုယ် တိုင် က ပြော ပါ တယ်။ Thyroid hormone သောက် ရင် ဒုက္ခ ရောက် မယ်။ သတိထား၊ မ လို ပဲ နဲ့ မ သောက် ကြ နဲ့ တဲ့။

မလိုပဲ နဲ့ လဲ ဘယ် သူ က မှ မ တိုက် ပါ ဘူး။ ခက် တာ က လဲ ကျွန်မ တို့ ရဲ့ ပတ် ဝန်း ကျင် ဟာ လုံးဝ ပြောင်း လဲ သွား ပြီ ဖြစ် တာ မို့၊ လူ အ များ စု က လို နေ ကြ ပါ တယ်။ ဒါ ကို အ သိ ရှိ ဖို့ က အ ရေး အ ကြီး ဆုံး ပါ။ သွေး ဖောက် စစ် တိုင်း လဲ မ ပေါ် ပါ ဘူး။

လူ အ မျိုး မျိုး၊ အ ယူ အ မျိုး မျိုး၊ စိတ် အ မျိုး မျိုး ပေါ့။ လောကဓမ္မတာ ပါ ပဲ။ အ ဆန်း တော့ လည်း မ ဟုတ် ပါ။

ကျွန်မ နည်း နည်း ရှင်း ပြ ပါ မယ်။ နား လည်း သွား ရင် ကိုယ့် သ ဘော အ တိုင်း ဆုံး ဖြတ် ကြ ပါ။

Hormone ဆို တာ ခန္ဓာ ကိုယ် ရဲ့ chemical messengers တွေ ဖြစ် ပါ တယ်။ ခန္ဓာ ကိုယ် ကြီး ရှင် သန် ရေး၊ ကျန်း မာ ရေး အ တွက် ခန္ဓာ ကိုယ် က ထုတ် တဲ့ ဓာတု ဓာတ် စေတမန် များ ဖြစ် ကြ ပါ တယ်။
ကလာပ်စည်း တွေ ကို သူ တို့ က အ ချက် ပေး တဲ့ အခါ ကလာပ်စည်း တွေ က အ လုပ် ကောင်း ကောင်း လုပ် ကြ ပါ တယ်။

Hormone တွေ အား လုံး ဟာ သူ့ နေ ရာ နဲ့ သူ လို အပ် သော် လည်း Thyroid hormone နဲ့ Adrenal hormone တွေ ဟာ ခန္ဓာ ကိုယ် ကြီး တည်း ဟူ သော လှည်း ကို ဆွဲ ပေး နေ တဲ့အဓိက မြင်း ၂ ကောင် ဖြစ် ပါ တယ်။

အ တို ချုပ် ပဲ ပြော ပါ တော့ မယ်။

Thyroid hormone လို နေ ရက် နဲ့ မ သောက် ရင် ရောဂါ မျိုး စုံ ဝင် မှာ သေ ချာ ပါ တယ်။

နုံး နေ မယ်။ ဆံပင် ကျွတ် မယ်၊ ဝမ်း ချုပ် မယ်။ အပို မ စား ပဲ ဝ လာ မယ် ( အ လွန် ပိန် တဲ့ လူ လဲ ရှိ တယ် )ချမ်း နေ မယ်။ မျက် နှာ ကြီး ဖော လာ မယ်၊ ခြေ သည်း၊ လက် သည်း တွေ မဲ လာ မယ်။ ခြေ ထောက် တွေ ယောင် နေ မယ်။ ကြွက် တက် မယ်။

အ သက် ကြီး လို့ မျက် နှာ ကြီး လာ ပြီး ပွ လာ တယ် လို မှား ယွင်းစွာ ထင် နေ ကြ ပါ တယ်။ အ သက် ဆို တာ နံ ပါတ် တစ်ခု မျှ သာ ဖြစ် ပါ တယ်။ တစ်ခုခု ချို့ ယွင်း လို့ သာ ဒီ လို ဖြစ် နေ ရ ခြင်း ဖြစ် ပါ တယ်။

နား လေ ထွက် မယ်။ နား လေး လာ မယ်။

ချွဲ တွေ များ နေ မယ်။ တ ချိန် လံုး ချောင်း ဟန့် နေ ရ မယ်။

တစ် ကိုယ် လုံ အ ရမ်း နာ နေ မယ်၊ အဆစ် တွေ၊ အ ရိုး တွေ နာ မယ်။

ဆိုး တဲ့ အ ချက် တွေ က တော့ ခန္ဓာကိုယ် ခုခံ အား ကျ ဆင်း သွား ခြင်း ပါ ပဲ။
ခဏ ခဏ နေ ထိုင် မ ကောင်း ဖြစ် မယ်။

Cancer ဖြစ် နိုင် တဲ့ လမ်း ပို များ လာ ပါ တယ်။ Cancer is the disease of the immune system
Iodine ဓာတ် ပါ ချို့ တဲ့ နေ ရင် Breast, Prostate Thyroid cancer ဖြစ် နိုင် တဲ့ လမ်း များ လာ ပါ တယ်။

ရေ ယုန် တွေ ပေါက် မယ်။ ရေ ယုန် ပေါက် တယ် ဆို တာ ခန္ဓာကိုယ် က သွယ် ဝိုက် တဲ့ နည်း နဲ့ ခုခံအား ကျ ဆင်း နေ ပြီ လို့ ပြော နေ ခြင်း ဖြစ် ပါ တယ်။
အဓိ က အခြေခံ ကို သတိမမူ ဘဲ။ ရေ ယုန် မ ဖြစ် ရ အောင် ကာ ကွယ် ဆေး တွေ ထိုး ကြ ပြန် တယ်။ ဆေး ကုမ္ဗဏီ တွေ အကြိုက် ပေါ့။ ခုခံ အား သိပ် ကောင်း တဲ့ လူ မှာ ရေ ယုန် မ ပေါက် ပါ။

အ သက် ကြီး တဲ့ လူ တွေ မှာ ရေ ယုန် ပေါက် ရင် တ နေ ရာ ရာ မှာ ကင် ဆာ ရှိ တတ် ပါ တယ်။ ရှာ ရ မှာ ဖြစ် ပါ တယ်။

ထို့ အ ပြင် autoimmune disease လဲ ဖြစ် တဲ့ သမင် ဖြူ Vitilgo ဖြစ် ရင် လဲ အင်မတန် ကုရ ခက်၊ hyperpigmentation တင်း တိတ် တွေ လည်း ထွက်

လူ က ဝ လာ မယ်၊ ဆီး ချို၊( Diabetes ) သွေးတိုး ( Hypertension )၊ နှလုံး ရောဂါ၊ ၊ cholesterol တက်၊ ( metabolic syndrome )
လေ ဖြတ်၊ သည်း ချေ ရောဂါ ဖြစ်၊
ဝဲ နှင်းခူ Psoriasis ၊ အ သား အ လွန် အ မင်း ခြောက် ခြင်း very dry skin

စိတ် ရောဂါ မျိုး စုံ လည်း ဖြစ် တတ် ပါ တယ်။ အ ချို့ ဆို ရင် စိတ္တဇ ဆေး ရုံ မှာ အ တွင်း လူ နာ အ ဖြစ် ရောက် သွား တတ် ပြီး အနာ တ ခြား ဆေး တ ခြား တွေ လည်း ဖြစ် နေ တာ ကို တွေ့ ရ တတ် ပါ တယ်။

ကိုယ်ဝန်ဆောင် တွေ သတိ ထား ရ မှာ က မိခင် မှာ ဒီ ဓာတ် နည်း နေ ရင် မွေး လာ မဲ့ က လေး ဥာဏ် ရည် မ မှီ ဖြစ် တတ် ပါ တယ်။ မွေး ပြီး ရင် လဲ က လေး က hyperactive ဖြစ် နေ တတ် ပါ သေး တယ်။ Most common cause of mental retardation in children.

အ ဆိုး ဆုံး က တော့ အနာတခြား၊ ဆေး တ ခြား ဖြစ် နေ တာ ပါ ပဲ။

ပြော ရ မယ် ဆို ရင် တစ် ကိုယ် လုံး ချို့ ယွင်း ပါ တယ်။

မြတ် စွာ ဘု ရား က လည်း ဋီကာကျော် မှာ ဥဏှတေဇောဓာတ် ချို့ ယွင်း ရင် တစ် ကိုယ် လုံး ချို့ ယွင်း ပါ သ တဲ့။

သောက်ရင် ဘာ လို ဆိုး ကျိုး ရှိ လဲ ဆို တာ စဉ်း စား ကြည့် ရ အောင်

၁. သောက် တာ dosage နည်း နည်း များ သွား ရင်၊ ရင် တုန် မယ်၊ ချွေး တွေ ထွက် မယ်၊ စိတ် လှုပ် ရှား မယ်၊ ည အိပ် မ ပျော် ပဲ ဖြစ် တတ် ပါ တယ်။ ကြွက် သား များ အား မ ရှိ သ လို ခံစား ရ တတ် ပါ တယ်။

အဲဒီလို ဖြစ် လာ ရင် ဆေး ခဏ ရပ် သည် ဖြစ် စေ၊ Dosage လျော့ သောက် သည် ဖြစ် စေ၊ တစ် ပတ် အ တွင်း လုံး ဝ ပြန် ကောင်း သွား ပါ တယ်။ ပြီး မှ ဖြည်း ဖြည်း ပြန် စ လို့ ရ ပါ တယ်။

အ ချို့ လူ တွေ က ရောဂါ မြန် မြန် သက်သာချင်ဇော နဲ့ Thyroid hormone ကို dosage မြန် မြန် တင် တဲ့ အ ခါ မျိုး မှာ ဒီလို ဖြစ် တတ် ပါ တယ်။
ဖြည်း ဖြည်း သွား ရင် ဒီ လို မ ဖြစ် ပါ ဘူး။

တခါတလေ ခန္ဓာ ကိုယ် ထဲ မှာ heavy metals တွေ များ နေ ရင် လဲ Thyroid hormone သောက် ရင် ခံ နိုင် ရည် စွမ်း မ ရှိ တတ် ပါ ဘူး။ အဲဒီ အ ခါ မျိုး ဆို ရင် heavy metals တွေ ကို အ ရင် ထုတ် ရ ပါ တယ်။

အ ရေး အ ကြီး ဆုံး အ ချက်။
သွေး ဖောက် ပြီး free T4 T3 TSH ကို တိုင်း ပြီး ခန္ဓာ ကိုယ် ရဲ့ လို အပ် ချက် ကို တိုင်း တာ လို့ မ ရ ပါ။
ဆရာဝန် တော် တော် များ များ ဟာ သွေး စစ် ချက် ကို ပဲ ကြည့် ပြီး လူ နာ တွေ ကို ဆေး ရပ် ခိုင်း ကြ တတ် ပါ တယ်။၊ သွေး ပြန် ဖောက် ကြည့် ရင် ကောင်း တဲ့ ပုံ ဖန်း နေ ပေ မဲ့ လူ နာ က လုံးဝ နေ လို့ မ ကောင်း တော့ ပါ။

မိမိ ရဲ့ ခံစား ချက် များ နှင့် သာ သွား လို့ ရ ပါ တယ်။

Thyroid hormone ချို့ တဲ့ ခြင်း ဟာ ရောဂါ မျိုး စုံ ရဲ့ အဓိက အ ကြောင်း ရင်း ဖြစ် တာ မို့ ၊ ရောဂါ ပျောက် ချင် ရင် အ ကြောင်း ကို ဖြတ် ကြ ပါ လို့ တိုက် တွန်း လိုက် ပါ တယ်။

ကောင်း ကျိုး နဲ့ ဆိုး ကျိုး တွေ ကို ချင့် ချိန် ကြည့် ပြီး ဆုံး ဖြတ် လို့ လွယ် ပါ တယ်

ခေတ် ကြီး ဟာ ပြောင်း လဲ နေ ပြီ မို့၊ ကိုယ့် ကျန်းမာ ရေး ကို ကိုယ် တာ ဝန် ယူ နိုင် မယ် ဆို ရင် သိပ် မ ခံ ရ ဘူး ပေါ့။

ရောဂါ ဖြစ် ရာ မှာ အ ခြား အ ကြောင်း တွေ လဲ ရှိ နိုင် ပါ တယ် ( other contributing factors ) သို့ သော် လည်း Thyroid hormone နည်း နေ ရ ခြင်း က တော့ အဓိက ဖြစ် ပါ တယ်။

မိတ် ဆွေ များ အား လုံး ဗဟုသုတ တိုး ပွာ ကြ ပြီး၊ ကျန်းမာ အောင် နေ ထိုင် သွား နိုင် ကြ ပါ စေ။

အမှန် တရား တွေ ကို သုံး သပ် နိုင် တဲ့ ဥာဏ် ဖြစ် ပေါ် နိုင် ကြ ပါ စေ ။

Crd To A Better Health

05/08/2022

Leaky Gut and Hypothyroidism

Hashimoto’s, or autoimmune thyroid, ဆိုတာ သိုင်းရိုက်ဟိုမုန်း လျော့နည်းတဲ့ အခြေအနေတစ်ခုပါ။ သူက leaky gut နှင့်ပတ်သတ်တယ်ဆိုတဲ့ ယူဆချက်တွေရှိပါတယ်။

ခုခံအားစနစ်ရဲ့ ၈၀ % လောက်ကို အူလမ်းကြောင်းရဲ့GALT လို့ခေါ်တဲ့ gut associated lymphoid tissue က ထောက်ပံ့ပေးထားတာပါ။ GALT တွေကို ရောဂါပိုးတွေ၊ မတည့်တဲ့ အစာတွေ နှင့် အခြားသော ပရိုတိန်းတွေက တိုက်ခိုက်လိုက်တဲ့အခါ အူနံရံတွေ ပေါက်သွားပါတယ်။ ဒီလို အခြေအနေကို leaky gut လို့ခေါ်ပါတယ်။

ပေါက်သွားတဲ့ အူနံရံကို ဖြတ်ပြီး ကိုယ်ခန္ဓာက မဟုတ်တဲ့ အခြားသော ပရိုတိန်းတွေ စိမ့်ဝင်သွားတဲ့အခါ လူရဲ့ ခုခံအားစနစ်က antibodies လို့ခေါ်တဲ့ ပစ္စည်းတွေထုတ်ပြီး ပြန်တိုက်ပါတယ်။ Antibodies ရဲ့အလုပ်က အပြင်ကနေ သွေးထဲ ရောက်လာတဲ့ ပရိုတိန်းမှန်သမျှကို ဖျက်စီးဖို့ပါ။ တစ်ချို့ အခြေအနေတွေမှာ အပြင်ကလာတဲ့ ပရိုတိန်းနှင့် ကိုယ်တွင်းအင်္ဂါတွေရဲ့ ပရိုတိန်းတွေက တည်ဆောက်ပုံအတော်လေးတူနေတာမို့ antibodies က ရန်သူလား ကိုယ်လားမခွဲနိုင်ပဲ အကုန်ဖျက်စီးလိုက်တာပါ။ အဖျက်စီးခံရတဲ့ နေရာဟာ ရောင်ရမ်းလာတော့တာပါပဲ။ အတိုက်ခံရတဲ့ နေရာက သိုင်းရိုက်ဖြစ်ခဲ့လျှင် သိုင်းရိုက်ရောင်ရမ်းလာပါမည်။ တိုက်တဲ့သူက မိမိကိုယ်ထဲမှာရှိတဲ့ ခုခံအားစနစ်ဖြစ်တာကြောင့် အော်တိုအင်မြူးလို့ ခေါ်တာပါ။ သိုင်ရိုက်ကြီး ပျက်စီးသွားတဲ့အခါ သိုင်းရိုက်ဟိုမုန်း မထုတ်တော့လို့ hypothyroidism ဖြစ်ပါတယ်။ ဒါကို Hashimoto’s, or autoimmune thyroid လို့ခေါ်ပါတယ်။

Thyroid Gut Connection ( သိုင်းရိုက် - အူလမ်းကြောင်း ဆက်သွယ်မှု )

သိုင်းရိုက်က ထုတ်ပေးတာ T4 ပါ။ T4 က အလုပ်လုပ်တဲ့ ဟိုမုန်းမဟုတ်ပါ။ ဘောပွဲစကား ဌားသုံးလျှင် T4 က အရန်လူပါ။ တကယ့်ကစား သမားက T3 ပါ။ T4 ဟိုမုန်းရဲ့ ၂၀% လောက်ကို ကျွန်တော်တို့ရဲ့အူလမ်းကြောင်းမှာနေတဲ့ probiotics က T3 အဖြစ်ပြောင်းပေးပါတယ်။ အူလမ်းကြောင်း မကောင်းလျှင်၊ အူလမ်းကြောင်းမှာ probiotics မရှိလျှင် ဒီအလုပ်မလုပ်နိုင်ပါ။ ဒါဆို သိုင်းရိုက်ကောင်းနေချိန်မှာတောင် hypothyroid ရောဂါလက္ခဏာခံစားရနိုင်ပါတယ်။ အခု မြန်မာပြည်မှာ ခေတ်စားတဲ့ kefir သောက်လျှင် သိုင်းရိုက်ရောဂါပျောက်တယ်ဆိုတာ ဒါကို နားလည်လျှင်သိပ်တော့ထူးဆန်းတော့မည် မထင်ပါ။

အူလမ်းကြောင်းမှာရှိတဲ့ probiotics တွေက ရောင်ရမ်းခြင်းကို ဖြစ်စေတဲ့ pro-inflammatory cytokines, တွေဖြစ်တဲ့ IL-6, TNF-alpha, NFK-b,တွေ ထုတ်လုပ်မှုကို တားဆီးပေးပြီး IL-10 လို ရောင်ရမ်းခြင်း တားဆီးပေးတဲ့ ဓာတုပစ္စည်းများများထွက်အောင် ကူညီပေးပါတယ်။ အူလမ်းကြောင်းမှာ probiotics တွေမရှိလျှင် ရောင်ရမ်းခြင်းဖြစ်စေပါတယ်။ ရောင်ရမ်းခြင်းဖြစ်လာလျှင် cortisol ဟိုမုန်းများလာပြီး T4 ကနေT3 ပြောင်းတာကို တားလိုက်တာကြောင့် သိုင်းရိုက်ဟိုမုန်းလျော့နည်းတဲ့အခါမှာ ဖြစ်တဲ့ အခြေအနေမျိုးခံစားရပါလိမ့်မည်။

ဝမ်းချုပ်ခြင်းက ဟိုမုန်း မညီမျှတကို ဖြစ်စေပြီး " မ " ဟိုမုန်း ( estrogen ) ကို များလာစေပါတယ်။ Estrogen ပမာဏ မြင့်လာတဲ့အခါ ကိုယ်ထဲက ဟိုမုန်းတွေနေရမဲ့ နေအိမ်တွေလည်း များလာပါတယ်။ သိုင်းရိုက်ဟိုမုန်းက အိမ်ထဲဝင်သွားပြီး အိပ်ပျော်နေလျှင် သွေးထဲမှာ အလုပ်လုပ်တဲ့ သိုင်းရိုက်ဟိုမုန်း နည်းသွားပါတယ်။ ဒါဆိုhypothyroid လက္ခဏာတွေ ခံစားရမှာပါ။

ဖြစ်နေတဲ့ leaky gut ပြန်ပြင်လိုက်လျှင် ဒီအနေအခြေကို ပြန်ကောင်းသွားမှာပါ။
Dr Phyo Maung

21/05/2022

Zinc ၏ ကျန်းမာရေးကောင်းကျိုးများ
_______________________________


Zinc က လွယ်လွယ်ဝယ်လို့ရတဲ့ သဘာဝ အဖျားပျောက်ဆေးပါ။
( ၅) လလောက် Zinc ဖြည့်စွက်စာသောက်ထားလျှင် ဖျားဖို့ ခက်ပါတယ်။ ဖျားနေတုန်း Zinc ဖြည့်စွက်စာသောက်လျှင် မြန်မြန်အဖျားပျောက်ပါတယ်။ အိန္ဒိယနိုင်ငံ ဆေးပညာသင်ကြားရေး စင်တာ ( the Medical Education Center of Chandigarh India )က ပြုလုပ်တဲ့သုသေတနမှာ Zinc သောက်ပြီး ၂၄ နာရီအတွင်း အဖျားသက်သာသွားတယ်ရေးထားပါတယ်။


လူကြီးတွေ Zinc မှန်မှန် သောက်ထားရင် အဆုတ်အအေးမိရောဂါ ဖြစ်နိုင်ခြေ အလွန်နည်းသွားပါတယ်။


Zinc က သိပ်ကောင်းတဲ့ အရောင်ကျဆေးဖြစ်တဲ့အပြင် antioxidant တစ်ခုလည်းဖြစ်တာကြောင့် ကင်ဆာရောဂါလည်း ကာကွယ်နိုင်ပါတယ်။
မီချီကန် ဆေးတက္ကသိုလ်က
သုသေတနတစ်ခုမှာ Zinc သောက်ထားတဲ့ သူက ရောင်ရမ်းခြင်းကို ဖြစ်စေတဲ့ oxidative stress ကို ခံနိုင်ရည်ရှိတယ်ပြောပါတယ်။


Zinc က ကျားဟိုမုန်း ( testosterone ) ကို သဘာဝ အတိုင်းမြင့်တက်စေပြီး အမျိုးသမီးEstrogen နှင့် progesterone ထုတ်လုပ်မှုအတွက်အသုံးဝင်တာကြောင့်အမျိုးသားအမျိုးသမီးတို့၏ကျန်းမာရေးကိုအကျိုးပြုပါတယ်။Zinc ရဲ့ ရောင်ရမ်းခြင်းကို ကုသနိုင်စွမ်းက ကောင်းမွန်တဲ့ သွေးလည်ပတ်မှုကို ဖြစ်စေပြီး သွေးတိုးရောဂါအတွက်ကောင်းပါတယ်။


နာတာရှည် အူလမ်းကြောင်းပြသာနာတွေ ကို သက်သာစေတဲ့ အပြင် ဝမ်းသွားခြင်း ကို ကာကွယ်နိုင်ရုံမက ကုသနိုင်စွမ်းပါရှိပါတယ်။


Zinc က အင်ဆူလင် ဟိုမုန်း ကို မျှတစေပြီး သွေးတွင်းသကြားဓာတ်ကို ထိန်းပေးတာကြောင့် ဆီးချိုရောဂါအတွက် အကျိုးရှိပါတယ်။
Zinc က ပရိုတိန်း တည်ဆောက်မှု အပေါ်သက်ရောက်မှု ရှိပါတယ်။


အသည်းကျန်းမာရေးကို အထောက်အပံ့ပေးပါတယ်။


Zinc က ကြွက်သားကြီးထွားဖို့ နှင့် ပျက်စီးသွားတဲ့ ကြွက်သားတွေကို ပြုပြင်ဖို့ လုပ်ဆောင်ပေးတယ်။ ကျား ဟိုမုန်း၊ ကြီးထွားဟိုမုန်း တို့ ထွက်ရှိလာစေပြီး ကျန်းမာတောင့်တင်းတဲ့ ခန္ဓာကိုယ်ကို ဖြစ်စေတယ်။

Zinc ဓာတ်ချို့တဲ့လျှင် ဖြစ်တတ်တာတွေက
___________________________________

Zinc ချိုတဲ့ သော လူတွေမှာ စွမ်းအင်မလုံလောက်တာကြောင့် နာတာရှည် ပင်ပန်းနွမ်းနယ်နေတတ်တယ်။

စားချင်တဲ့ အစာပြောင်းသွားတယ်၊ချိုလွန်းတာတွေ၊ငန်လွန်းတာတွေ အာသီသပိုရှိလာမည်။ အရသာခံတာ၊အနံ့ခံတာ နဲ့ ကိုယ်အလေးချိန်ပြောင်းသွားတယ်၊

ဆံပင်ကျွတ်မည်။အစာခြေတာ ပြသနာရှိမည်၊ဝမ်းခဏခဏသွားမည်။နာတာရှည် မောပန်းနေမည်။သားသမီးမရနိုင်ဘူး။

အမျိုးသမီးရာသီနဲ့ဆိုင်တဲ့ရောဂါပိုဖြစ်မည်။

ခုခံအားနည်းတတ်တယ်။အနာကျက်နှေးမည်။အာရုံစိုက်မရဘူး။ သတိမေ့မည်။ အာရုံကြောမကောင်းဖြစ်တတ်တယ်။
Zinc က hormone ထိန်းညှိတာကြောင့် zinc မရှိရင် ဟိုမုန်းတွေ ကမောက်ကမ ဖြစ်ကုန်တတ်လို့ မျိုးမအောင်ခြင်းနဲ့ ဆီးချိုရောဂါတွေဖြစ်ဖို့ အခွင့်အလမ်းများပါတယ်။

ကလေးဘဝမှာ Zinc ချို့တဲ့ခဲ့ရင် အမျိုးသားများ လိင်အင်္ဂါ သေးငယ်ခြင်း၊ အမျိုးသမီးများ လိင်အင်္ဂါ၊ ရင်သား သေးငယ်ခြင်း ဖြစ်တတ်ပါတယ်၊ ကလေးတွေကို Zinc ပါတဲ့ အစာတွေ များများ ကျွေးသင့်ပါတယ်။ (ဥပမာ။ ။ခုံးကောင်၊ ရှပ်ကောင်၊ ခရု၊ ဂဏန်း၊ ကမာ၊ ကျောက်ပုဇွန်၊ အနီရောင်အသား (ဆိတ်၊ သိုး၊ ဝက်) မှာ ပါ ပါတယ်။

Crd Dr Phyo Maung Maung

18/05/2022

ခန္ဓာကိုယ်တွင်းရှိ အင်္ဂါအစိတ်အပိုင်းတွေ ဘာကြောင့် ကျရှုံးသွားရတာပါသလဲ?
Organ failure
အပိုင်း ၄

ကျောက်ကပ်အကြောင်း ပြောကြည့်ကြပါမယ်။
ကျောက်ကပ်ကလဲ တူရာကလာပ်စည်းတွေနဲ့ ဖွဲ့စည်းထားတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ သူကလဲ သူ့မှာရှိနေတဲ့ စက်ရုံကလေးတွေနဲ့ ဆိုင်ရာဆိုင်ရာ အလုပ်တွေကို လုပ်နေကြတာဖြစ်ပါတယ်။

ဘာအလုပ်မျိုးတွေလုပ်နေကြတာလဲဆိုတာကို ဆက်ပြီးကြည့်ကြပါမယ်။
၁.မလိုအပ်တဲ့ အညစ်အကြေး/ အဆိပ်တွေကို စွန့်ပစ်ပေးခြင်း
ဇီဝဖြစ်စဉ်မှ ထွက်လာတဲ့ ခန္ဓာကိုယ်အသုံးပြုရန် မလိုအပ်တဲ့ အညစ်အကြေးတွေ
ဖြစ်ပါတယ်။
အဓိကကတော့ Urea/ Uric acid ဖြစ်ပါတယ်။
အခြားအဆိပ်တွေကြတော့ ရေထဲမှာပျော်ဝင်နိုင်ရအောင် အသည်းထဲမှာ ပြောင်းပစ်ပြီး ကျောက်ကပ်ကနေတဆင့် ဆီးထဲကနေ ထုတ်ပစ်လိုက်တာဖြစ်ပါတယ်။

၂.ခန္ဓာကိုယ်တွင်း acid base balance ကို ထိန်းထားပေးပါတယ်။ pHကို ထိန်းထားပေးတဲ့ ယန္တရားတစ်မျိုးပါ။
လိုအပ်သည့်အလျောက် Bicarbonate ( HCO3-)တည်းဟူသော base ကို ဆီးထဲမှ
ပြန်စုတ်ယူပြီး H+ ကို ထုတ်ပေးတာဖြစ်ပါတယ်။
Controlling acid base balance

၃.ခန္ဓာကိုယ်ထဲမှ ရေဓာတ်ကို ဟန်ချက်ညီနေရအောင်လဲ ဆောင်ရွက်ပေးပါတယ်။
လိုအပ်သည့်အလျောက် ရေကိုပြန်စုတ်ယူနိုင်သလို မလိုအပ်ရင်လဲ ဆီးအနေနဲ့ ပြန်ထုတ်ပစ်နိုင်စွမ်းရှိပါတယ်။
Maintaining water balance

၄.သတ္တုဓာတ်တွေကို လဲ့ဟန်ချက်ညီနေရအောင် စွမ်းဆောင်နိုင်ပါတယ်။
Maintaining electrolyte balance

၅.သွေးပေါင်ချိန်ကို လည်း ထိန်းထားပေးပါတယ်။ ကျောက်ကပ်ကနေ ထွက်တဲ့ Renin ဆိုတဲ့ enzyme ဟာ သွေးပေါင်ချိန် ကို ထိန်းထားပေးပါတယ်။
Controlling blood pressure.

၆.သွေးနီဥတွေကို ထုတ်ဖို့ hormone erythropoietin လဲ ကျောက်ကပ်ကနေ ထုတ်ပေးပါတယ်။
နာတာရှည်ကျောက်ကပ်ရောဂါသည်တွေ သွေးအားနည်းခြင်းရဲ့ အကြောင်းတစ်ပါးဖြစ်ပါတယ်။

၇.Vitamin D ကို ခန္ဓာကိုယ်အသုံးချနိုင်ရအောင် active form Calcitriol ကို ကျောက်ကပ်မှာလဲ ပြောင်းပါတယ်။
နာတာရှည်ကျောက်ကပ်ရောဂါသည်များမှာ Vitamin D ဓာတ် နည်းနေတတ်ပါတယ်။
ရောဂါကို ပိုပြီးဆိုရွားစေတတ်သော အကြောင်းတစ်မျိုးဖြစ်ပါတယ်။
Vitamin D ဓာတ် လျော့နည်းခြင်းနဲ့အတူ နောက်ဆက်တွဲပြဿနာများ လိုက်လာပြီ
ဖြစ်ပါတယ်။

ကျောက်ကပ်ရဲ့ ဆောင်ရွက်ချက်တွေကို နားလည်သွားပြီမို့ ကျောက်ကပ်စတင်
ပျက်စီးသွားတဲ့အခါ ဖြစ်လာမဲ့ ဆိုးကျိုးတွေကို စဉ်းစားကြည့်နိုင်ပါတယ်။
Crd To A Better Health

14/05/2022

ခန္ဓာကိုယ်တွင်းရှိ အင်္ဂါအစိတ်အပိုင်းတွေ ဘာကြောင့် ပျက်စီးဆုတ်နစ်သွားရတာပါသလဲ?
Organ failure
အပိုင်း ၇

ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခု လုပ်ငန်းဆောင်တာများကို လိုအပ်သည့်အလျောက်
မလုပ်နိုင်တော့ပဲ လုပ်အားဆောင်ရွက်မှုတွေ ကျဆင်းဆုတ်နစ်လာတာကို ဆေးပညာအသုံးအနှုံးနဲ့ organ failure လို့ ခေါ်ပါတယ်။
ဥပမာ ကျောက်ကပ်ပျက်တယ်/ အသည်းပျက်တယ် စသည်ဖြင့်ပါပဲ။
Kidney, liver, heart, pulmonary failure စသည်ဖြင့်ပေါ့။

ဒီလိုမျိုးအခြေအနေရောက်လာရအောင် ဖန်တီးပေးလိုက်တဲ့ အကြောင်းတွေစုပေါင်း
သွားတာရယ်
ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခု အလုပ်ကောင်းကောင်းမလုပ်နိုင်တော့အခါ ပေါ်ထွက်လာမဲ့ ဆိုးကျိုးတွေ/ ရောဂါရယ်လို့ အမည်နာမတပ်ခံလိုက်ရတာတွေကို နှစ်ပိုင်းခွဲပြီး ဦးတည်ကြပါမယ်။

အကြောင်းတရားတွေပြင်ဖို့ဆိုတာက တော့ နေ့ချင်းညချင်း မရနိုင်ပါ။
ရောဂါရယ်လို့ ဖြစ်လာတာဆိုတာကလည်း နေ့ချင်းညချင်းဖြစ်တာမဟုတ်ပါ။
ကိုယ်ကမသိပေမဲ့ ခန္ဓာကိုယ်တွင်းမှာ တဖြေးဖြေးဖြစ်နေပြီး ရောဂါရယ်လို့ ပေါ်လာတာ ဖြစ်ပါတယ်။
မပြင်လို့တော့မရပါ။ ပြင်ကိုပြင်ဖို့ လိုပါတယ်။
ကြိုးစားပြီးပြုပြင်နေစဉ်မှာ ရောဂါကြောင့် ဖြစ်လာတဲ့ ဆိုကျိုးတွေမှ သက်သာ
လာရအောင် လုပ်ပေးဖို့လိုတယ်ဆိုတာ သဘောပေါက်ရပါမယ်။

အကြောင်းတွေကိုလဲ ပြုပြင်ကြမယ်။
အကြောင်းတွေစုပေါင်းပြီးဖြစ်လာတဲ့ ရောဂါရဲ့ဆိုကျိုးတွေမှလဲ သက်သာလာရအောင် ပြုပြင်ကြပါမယ်။

ရောဂါရဲ့ဆိုးကျိုးတွေဆိုတာ ရောဂါခံစားနေရတဲ့ လက္ခဏာတွေကို ဆိုလိုပါတယ်။
အပိုင်း၅ မှာ ဖော်ပြထားပါတယ်။ ပြန်ဖတ်ကြည့်ပါ။
ခြုံငုံပြောရမယ်ဆိုရင် နေလို့မကောင်းဘူးပေါ့။
စားလို့မကောင်း/ မောပြီးနွမ်းလျနေ/ အိပ်လို့မပျော်/ ဖောရောင်နေ/ အသားအဆစ်တွေနာ/ဆီးသွားလို့မကောင်း/ အားမရှိ စသည်ဖြင့်ပါပဲ။

အရင်ကလဲ ကလာပ်စည်းတွေအကြောင်းပြောပြတုန်းက ပြောပြီးသားတွေပါပဲ။
အရေးကြီးတာမို့ ထပ်မံ ပြောရပါဦးမယ်။

ရောဂါဖြစ်နေတယ်ဆိုတာ အဓိက ကတော့ ကလာပ်စည်းစွမ်းအင်တွေကျဆင်းနေတာ ဖြစ်တယ်ဆိုတာ သဘောပေါက်နေရပါမယ်။

ဒီတော့ကာ အကြောင်းတွေပြင်ရင်းနဲ့ လောလောဆယ် ရောဂါလက္ခဏာတွေမှ သက်သာလာရအောင် ကလာပ်စည်းစွမ်းအင်တက်လာစေမဲ့ ဗီတာမင်နဲ့ ဖြည့်စွက်စာတွေကို မှီဝဲမယ်ဆိုရင် သက်သာလာနိုင်စရာအကြောင်းရှိပါတယ်။

ဆရာဝန်နဲ့ကုသရင်း ကိုယ်ဖက်က တတ်နိုင်တာလေးတွေကိုပါ လုပ်နိုင်မယ်ဆိုရင်
ပိုထိရောက်အကျိုးရှိပါလိမ့်မယ်။

ဆက်ပါဦးမည်။
Crd To A Better Health

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address

Yangon