Alice Green English Language Center

Alice Green English Language Center

Share

Photos from Alice Green English Language Center's post 07/11/2021

Unicode

ဥပဒေသ(၂.၁)

မိတ်ဆွေများအပေါ် မျက်စိစုံမှိတ် မယုံကြည်ရ။

အေဒီ ကိုးရာစုအလယ်လောက်မှာ (၃ယောက်မြောက်) မိုက်ကယ်ဆိုတဲ့ လူငယ်လေးသည် ဘိုင်ဇန်တိုင်းအင်ပါယာကြီးကို နန်းမွေဆက်ခံရယူခဲ့ပါတယ်။ သူ့မယ်တော် ဧကရာဇ်ဘုရင်မ သီယိုဒိုရာကတော့ သီလရှင်ကျောင်းတစ်ကျောင်းကို နှင်ခြင်းခံရပြီး သူမ၏ချစ်သူ သီရော့တစ်တုကတော့ သီယိုဒိုရာကို နန်းချဖို့ရန် လျို့ဝှက်ပူးပေါင်းကြံစည်တဲ့ ခေါင်းဆောင်ဆိုပြီး အသတ်ခံခဲ့ရပါတယ်။ မိုက်ကယ်ရဲ့ဥ◌ီးရီးတော်ဖြစ်တဲ့ ဥာဏ်အမြော်အမြင်နဲ့ ပြည့်စုံသော ဘားဒတ်စ်သည် မိုက်ကယ်ကို နန်းတင်ခဲ့ပါတယ်။

အခုဆိုရင်တော့ဖြင့် မိုက်ကယ်သည် ငယ်ရွယ်ပြီး အတွေ့အကြုံနုသေးတဲ့ အုပ်ချုပ်သူဘုရင်တစ်ပါး ဖြစ်နေပါပြီ။ သူ့ဘေးမှာတော့ မကောင်းကြံစည်သူတွေ၊ လုပ်ကြံချင်သူတွေနဲ့ အသုံးအဖြုန်းကြီးသူတွေသာ ပတ်လည်ဝိုင်းလို့ နေပါတယ်။ ဒီလို အန္တရာယ်ကျရောက်နေတဲ့အခိုက်မှာ သူ့အဖော်အဖြစ် သူယုံကြည်နိုင်လောက်တဲ့ လူတစ်ယောက်ကို လိုအပ်နေတာဖြစ်ပါတယ်။ သူ့အချစ်ဆုံး သူငယ်ချင်းဖြစ်တဲ့ ဘစစ်လီယက်စ်ကိုပဲ သူမြင်ယောင်နေတယ်။ ဘစစ်လီယက်စ်က အုပ်ချုပ်ရေးနဲ့ နိုင်ငံရေးမှာ အတွေ့အကြုံ မရှိပါဘူး။ တကယ်တော့ သူက တော်ဝင်မြင်းဇောင်းရဲ့ ခေါင်းဆောင်အကြီးအကဲပါ။ သို့ပေမယ့် သူက သူ့ချစ်ခင်မှုနဲ့ ကျေးဇူးကို အချိန်နှင့်အမျှ သက်သေပြနိုင်ခဲ့ပါတယ်။

သူတို့က လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်းက တွေ့ဆုံခဲ့ကြတာဖြစ်ပြီး မိုက်ကယ် မြင်းဇောင်းကို ကြွရောက်လည်ပတ်ချိန်မှာ မြင်းရိုင်းတစ်ကောင် လွတ်သွားပါတယ်။ လယ်သမား မက်ဆီဒိုနီးယန်းဆီက လူငယ်လေး ဘစစ်လီယက်စ်က မိုက်ကယ်ရဲ့ အသက်ကို ကယ်ခဲ့တာြဖစ်ပါတယ်။ လူငယ်လေးရဲ့ ခွန်အားနဲ့ သတိက မိုက်ကယ်ကို အထင်ကြီးစေခဲ့တယ်။ မြင်းလေ့ကျင့်ပေးသူ ဘစစ်လီယက်စ်ကို ချက်ချင်းဆိုသလို မြင်းဇောင်းရဲ့ ခေါင်းဆောင်အဖြစ် တိုးမြှင့်ခန့်အပ်လိုက်တယ်။ မိုက်ကယ်ဟာ သူ့မိတ်ဆွေကို လက်ဆောင်တွေ၊ မျက်နှာသာပေးမှုတွေနဲ့ ဆက်ဆံခဲ့ပြီး သူတို့ဟာ တတွဲတွဲ ဖြစ်လာပါတော့တယ်။ ဘစစ်လီယက်စ်ကို ဘိုင်ဇန်တီယမ်က အကောင်းဆုံးကျောင်းကို ပို့ပေးခဲ့ပြီး ကြမ်းကြမ်းတမ်းတမ်း လယ်သမားလေးဟာ လိမ္မာယဥ◌်ကျေးပြီး ခေတ်ပညာတတ် နန်းတွင်းသား တစ်ယောက် ဖြစ်လာခဲ့ပါတယ်။

အခုတော့ မိုက်ကယ်ဟာ ဧကရာဇ်ဘုရင်ကြီး ဖြစ်လာခဲ့ပါပြီ။ သူ့ကို သစ္စာရှိတဲ့သူတစ်ယောက်ကို လိုအပ်နေပါပြီ။ အရာရာတိုင်းအတွက် သူ့အပေါ် ကျေးဇူးကြွေးတင်နေတဲ့သူတစ်ယောက်ထက် ဘယ်သူ့ကိုများ ကောင်စီဥက္ကဌအဖြစ်၊ ဘုရင့်အိမ်တော်ထိန်းအဖြစ် ယုံကြည်နိုင်ပါ့မလဲ။

ဘစစ်လီယက်စ်ကို အလုပ်အတွက် သင်ကြားပေးလို့ ရတယ်။ ပြီးတော့ မိုက်ကယ်ကလည်း သူ့ကို ညီအကိုအရင်းတမျှ ချစ်ခင်တယ်လေ။ ဘားဒတ်စ်ထက် အရည်အချင်းမှီတဲ့သူ မရှိဘူးလို့ ပေးကြတဲ့အကြံများကို လျစ်လျူရှုပြီး မိုက်ကယ်သည် သူ့မိတ်ဆွေကို ရွေးချယ်ခဲ့တယ်။

ဘစစ်လီယက်စ်သည် ကောင်းစွာသင်ကြားလေ့လာပြီး မကြာမှီမှာပဲ ဧကရာဇ်ဘုရင်ကြီးကို တိုင်းပြည်ရဲ့ကိစ္စရေးရာအားလုံးမှာ အကြံဥာဏ်ပေးနိုင်ခဲ့တယ်။ တခုတည်းသော ပြသာနာကတော့ ငွေပါပဲ။ ဘစစ်လီယက်စ်သည် ဘယ်သောအခါမှ လုံလောက်တယ်ဆိုတာ မရှိ။ ဘိုင်ဇန်တိုင်းတရားရုံးမှာ လုပ်ရတာသည် ဩဇာအာဏာရဲ့ အခြားသောခံစားခွင့်တွေက သူ့ကို ဥစ္စာဓနကို မက်မောစေတယ်။ မိုက်ကယ်သည် သူ့လစာကို နှစ်ဆ၊ သုံးဆ တိုးပြီး ချီးမြှင့်ခဲ့တယ်။ သူ့ကိုယ်လုပ်တော် အူဒိုဇီယာ အင်ဂါနာနဲ့လည်း လက်ဆက်ပေးခဲ့တယ်။ ယုံကြည်ရတဲ့ မိတ်ဆွေနဲ့အကြံပေးသူကို ဒီလိုမြှောက်စားပြီး အနားမှာ ထားရတာ တန်ပါတယ်။ ဒါပေမယ့် ပိုများပြားတဲ့ ဒုက္ခတွေကတော့ ရောက်လာပါပြီ။ ဘားဒတ်စ်က အခု စစ်တပ်အကြီးအကဲ ဖြစ်နေပါပြီ။ ဘစစ်လီယက်စ်က မိုက်ကယ့်ကို ဒီလူဟာ ဘာမှ ရေရေရာရာ ဖြစ်မြောက်မယ့်သူ မဟုတ်ဘူးလို့ ပြောဆို တိုက်တွန်းခဲ့တယ်။
ဘားဒတ်စ်သည် သူ့တူတော်ကို သူထိန်းချုပ်နိုင်မှာပဲဆိုတဲ့ အထင်မှားမှုနဲ့ မိုက်ကယ်ကို ထီးနန်းတင်ပေးခဲ့တာဖြစ်ပြီး ဒီအချိန်မှာတော့ မိုက်ကယ့်ကို ဖယ်ထုတ်ပြီး သူကိုယ်တိုင် သရဖူဆောင်းမယ်လို့ လျှို့ဝှက်ကြံစည်နိုင်တယ်လို့ သွေးထိုးခဲ့တယ်။ ဧကရာဇ်ဘုရင်ဟာ သူ့ဥ◌ီးရီးတော်ကို သတ်ပါ့မယ်ဆိုပြီး သဘောတူတဲ့အထိ ဘစစ်လီယက်စ်တစ်ယောက် မိုက်ကယ်နားထဲကို အဆိပ်တွေ လောင်းထည့်နေပါတော့တယ်။ မြင်းပြိုင်ပွဲကြီးတစ်ခုမှာ ဘစစ်လီယက်စ်က ဘားဒတ်စ်ကို လူအုပ်ကြားထဲ ပိတ်မိစေပြီး သေအောင် ဓားနဲ့ထိုးသတ်ခဲ့တယ်။ နောက်များမကြာမှီ ဘစစ်လီယက်စ်က တိုင်းပြည်ထိန်းချုပ်ဖို့နဲ့ တော်လှန်ပုန်ကန်မှုတွေကို တိုက်ထုတ်ဖို့ရန် ဘားဒတ်စ်ရာထူးဖြစ်တဲ့ စစ်ဥ◌ီးစီးအကြီးအကဲနေရာကို တောင်းခံပါတော့တယ်။ ဒါကိုလည်း ခွင့်ပြုပေးလိုက်တာပါပဲ။

အခုတော့ ဘစစ်လီယက်စ်ရဲ့ ဩဇာနဲ့ ချမ်းသာကြွယ်ဝမှုကတော့ တိုးမြှင့်လာပါတယ်။ နောက်နှစ်အနည်းငယ်မှာ သူ့ရဲ့ခမ်းကြီးနားကြီး နေထိုင်မှုတွေကြောင့် မိုက်ကယ်က လွန်ခဲ့တဲ့နှစ်များက သူချေးပေးထားတဲ့ ပိုက်ဆံတွေကို ပြန်တောင်းခဲ့တယ်။ မိုက်ကယ် အံ့အားသင့်သွားစေတာကတော့ ဘစစ်လီယက်စ်က တော်တော့်ကိုရိုင်းတဲ့အကြည့်နဲ့ ကြည့်ပြီး ပြန်ဆပ်ဖို့ ငြင်းဆန်ခဲ့တာပါပဲ။ ဧကရာဇ်ဘုရင်က သူ့လုပ်မိတဲ့ ပြသာနာကို သူချက်ချင်း သဘောပေါက်သွားပါတယ်။ အရင်က မြင်းဇောင်းမှာ လုပ်တဲ့ ကောင်လေးက ပိုက်ဆံတွေ၊ စစ်တပ်နဲ့လွှတ်တော်ထဲမှာ မဟာမိတ်တွေ တိုးများလာပြီး အဆုံးသတ်မှာတော့ ဧကရာဇ်ဘုရင်ကိုယ်တိုင်ထက်ကို ဩဇာအာဏာ ပိုရှိလာတာပါပဲ။ နောက်အပတ်အနည်းငယ်ကြာတော့ အရက်အလွန်အကျွံသောက်မိတဲ့တညမှာ မိုက်ကယ်နိုးလာတော့ သူ့ကို စစ်သားတွေ ဝန်းရံထားတာကို သူကိုယ်တိုင် တွေ့ရှိလိုက်ရတယ်။ ဧကရာဇ်ဘုရင်ကို ဓားနဲ့ထိုးသတ်ကြတာကို ဘစစ်လီယက်စ်က ကြည့်နေခဲ့တယ်။ ထို့နောက် သူ့ကိုယ်သူ ဧကရာဇ်ဘုရင်အဖြစ် ကြေညာပြီး အရင်က သူ့ကျေးဇူးရှင်လည်းဖြစ်၊ အကောင်းဆုံးမိတ်ဆွေလည်း ဖြစ်သူရဲ့ ဥ◌ီးခေါင်းကို လှံတံချွန်ထိပ်မှာ တပ်ဆင်ကာ ဘိုင်ဇင်တီယမ်မြို့က လမ်းတွေပေါ်မှာ မြင်းစီးကာ ဝှေ့ယမ်းပြသခဲ့တယ်။

ရှင်းလင်းချက်

(၃ယောက်မြောက်) မိုက်ကယ်သည် သူ့အနာဂတ်အတွက် မျှော်တွေးရာတွင် ဘစစ်လီယက်စ်သည်သာလျှင် သူ့အပေါ်သိတတ်လိမ့်မည်ဟု တွေးထားပုံရသည်။ ဘစစ်လီယက်စ်၏ ချမ်းသာကြွယ်ဝမှု၊ ပညာရေးနှင့် ရာထူးအားလုံးတို့သည် မိုက်ကယ်၏ စောင်မကြည့်ရှုပေးမှုတို့ကြောင့်သာလျှင် ရရှိလာသည်ဖြစ်ရာ ဘစစ်လီယက်စ်သည် အမှုတော်ကို အကောင်းဆုံး ထမ်းဆောင်လိမ့်မည်ဆိုတာ အသေအချာပင် ဖြစ်သည်။ ထို့နောက် တခါ ဘစစ်လီယက်စ်သည် ဩဇာအာဏာ ရှိလာသည်တွင်လည်း မိုက်ကယ်အတွက် အကောင်းချည်းဖြစ်ရာ သူတို့နှစ်ယောက်ကြားရှိ ချစ်ခင်မှုသည်လည်း ခိုင်မြဲလာခဲ့သည်။ ကံထူးသည့်တရက်တွင်မှ ဘစစ်လီယက်စ်၏ မျက်နှာပေါ်ရှိ စော်ကားသောအပြုံးကို တွေ့မိလိုက်မှသာလျှင် ဧကရာဇ်ဘုရင်သည် သူ့အသက်ဘေးထိခိုက်နိုင်သည့် အမှားမျိုး ကျူးလွန်ခဲ့မိပြီဟု မိုက်ကယ် သဘောပေါက်လိုက်မိပြီ။

မိုက်ကယ်သည် မကောင်းဆိုးဝါးတစ်ကောင် ဖန်တီးမိခဲ့သည်။ သူ့လောက်နီးပါး အာဏာရှိသည့် လူတစ်ယောက်ကို သူ ပျိုးထောင်ခဲ့မိလိုက်ပြီ။ ပို၍ အတင့်ရဲလာသောလူတစ်ယောက်၊ လိုချင်တောင့်တသမျှ ရရှိတတ်သော လူတစ်ယောက်၊ သူရရှိလိုက်သော စွန့်ကြဲပေးကမ်းမှုကြောင့် ဝန်ထုပ်ဝန်ပိုးကဲ့သို့ ခံစားရသော သူတစ်ယောက်။ ထိုကဲ့သို့သော အခြေအနေမျိုးတွင် တခြားသူများ လုပ်သလို ရိုးရိုးရှင်းရှင်းလေးသာ လုပ်သွားခြင်း ဖြစ်သည်။ သူတို့ရရှိထားသော မျက်နှာသာပေးမှုကို မေ့ပျောက်ထားပြီး သူတို့ကုသိုလ်ကံကြောင့်သာ အဆင်ပြေချောမွေ့သည့်ဘဝ နေထိုင်နေရသည်ဟု ထင်မှတ်ထားပုံရသည်။
မိုက်ကယ် နားလည်သဘောပေါက်သွားချိန်တွင် သူ့ဘဝသူ ကယ်တင်နိုင်လောက်အောင် အချိန်ရှိသေးသည်။ သို့ပေမယ့် ခင်မင်မှုနဲ့ မေတ္တာတရားက လုပ်သင့်လုပ်ထိုက်သည့် အလုပ်ကို လုပ်ဆောင်ရန် အမှောင်ဖုံးစေသည်။ မိတ်ဆွေတစ်‌ယောက်က သစ္စာဖောက်နိုင်သည်ကို မည်သူကမျှ မယုံကြည်ကြ။ ထို့အတူ မိုက်ကယ်သည်လည်း သူ့ဥ◌ီးခေါင်း လှံထိပ်တွင် အဆုံးသတ်ခံရသည့်နေ့အထိ မိတ်ဆွေအား ဆက်လက်ယုံကြည်ခဲ့မိပြီတကား။

အရှင် မိတ်ဆွေများလက်မှ ကျွန်ုပ်ကို ကာကွယ်ပေးတောမူပါ။ ရန်သူများ ရန်မှ ကျွန်ုပ်ကိုယ် ကျွန်ုပ် စောင့်ရှောက်နိုင်ပါတယ်။
ဗော့တယ်လ် (၁၆၉၄-၁၇၇၈)

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address

Yangon

Opening Hours

Thursday 07:00 - 20:30
Saturday 07:00 - 20:30
Sunday 07:00 - 20:30