Viloa's Collection

Viloa's Collection

Share

24/05/2026

Bsc Essence Blossom (ခရမ်းရောင်)

​အနံ့ ခပ်ပြင်းပြင်းလေးနဲ့ ဆွဲဆောင်မှုရှိတဲ့ မွှေးမွှေးကြိုင်ကြိုင်အနံ့လေး ကြိုက်သူတွေအတွက် essence ခရမ်းရောင် ရှိပါတယ်🪻

🪻 အဝတ်အထည်တွေကိူ အရောင်မလွင့်စေဘဲ ချွေးနံ့တွေနဲ့ အနံ့ဆိုးတွေ ကင်းစင်ပြီး ဆွဲဆောင်မှုရှိတဲ့ ရနံ့သင်းသင်းကို စွဲထင်ကျန်စေပါတယ် ။ လန်းဆန်းမှု့ ကို ပေးစွမ်းနိုင်တာမို့ အပြင်ကို နေ့တိုင်းသွားရသူတွေ ရွေးချယ်ကြတဲ့ ခရမ်းရောင်လေးဖြစ်ပါတယ်။

⚡ အမွှေးဆီ ရောစပ်ပြီးသားဖြစ်လို့ သီးသန့်ထပ်သုံးပေးစရာ မလိုပါ။ Machine Wash & Hand Wash နှစ်မျိုးသုံး ဖြစ်ပြီး လက်မှအရေပြားကို ထိခိုက်တာ လုံးဝမရှိပါ။

🇹🇭Directed from Thailand

Bsc Essence liquid detergent (900ml)

📩📩📩📩

မှာယူလိုပါက - cb or 📱

☎️ 09256350936
Viber- 09676298288

Photos from Viloa's Collection's post 13/05/2026

Essence Floral (ပန်းရောင်) 💞

ထိုင်းနိုင်ငံမှာ လူကြိုက်များပြီး နာမည်ကြီးတံဆိပ် ဖြစ်တဲ့ BSC ESSENCE Liquid Detergent တွေ ရောင်းပေးပါမယ်နော် ..

​ပန်းရနံ့သင်းသင်းလေးကို နှစ်သက်သူများအတွက်
Essence Floral (pink) .. 🌸

နေ့စဉ်ဝတ် အဝတ်အထည်တွေမှာ ပန်းရနံ့ စွဲကျန်စေတယ်။ အဝတ်အထည်တွေကို နူးညံ့စေပြီးမွှေးရနံ့ကို ကြာရှည်ခံတယ် 🌸

✅ အမွှေးဆီ ရောစပ်ပြီးသားဖြစ်လို့ သီးသန့်ထပ်သုံးပေးစရာ မလိုတော့ပါ ။ ✔️ Machine Wash & Hand Wash နှစ်မျိုးသုံး ဖြစ်ပြီး လက်မှအရေပြားကို ထိခိုက်တာ လုံးဝမရှိပါ။

Bsc Essence liquid detergent (900ml)

Directed from Thailand 🇹🇭

💕

03/05/2026

Dmp baby bath ရောင်စုံ ထပ်ရောက်ထားပါတယ်နော် ..

✨ DMP ရဲ့ ထူးခြားချက်များ..

💚 အမာရွတ်ပျောက်တယ်...အသားဖြူတယ်...အမဲစက်တွေပျောက်စေတယ်။
💚pH 5.5 Balanced: အသားအရေရဲ့ သဘာဝအတိုင်း စိုပြေမှုကို ထိန်းသိမ်းပေးပြီး အသားမပတ်စေခြင်း။
💚 💯Sensitive ဖြစ်တဲ့ အသားရည်နဲ့ သင့်တော်ပြီး မီးဖွားပြီးခါစ မေမေတွေ အနေနဲ့လဲ အသုံးပြုလို့ပါတယ်။
💚 Head-to-Toe: ခေါင်းလျှော်၊ ကိုယ်တိုက် တစ်ဗူးတည်းနဲ့ အပြီးအစီးမို့ အရမ်းကို အဆင်ပြေပါတယ်။

Price- 18000 ks

⚡⚡⚡⚡

&shower

30/04/2026

ညောင်ရေသွန်းပွဲတော် .... ✍️

ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့ရဲ့ ရိုးရာဓလေ့ပွဲတော်တစ်ခုဖြစ်တဲ့ ညောင်ရေသွန်းပွဲကို နွေဥတုရဲ့ နောက်ဆုံးလ ဖြစ်တဲ့ ကဆုန်လပြည့်နေ့မှာ ကျင်းပကြပါတယ်။

ကဆုန်လဟာ နွေရာသီရဲ့ အပူပြင်းဆုံးကာလ ဖြစ်တဲ့အပြင် ကောင်းကင်တွင် မိုးသားတွေ အုံ့မှိုင်းကာ တဂျိန်းဂျိန်းနှင့် မိုးချုန်းသံတွေ ခဏ ခဏ ကြားရတဲ့ လလဲ ဖြစ်ပါတယ်။ " အသူရာနတ်မင်းက သိကြားမင်းရှိရာ တာဝတိံသာနတ်ပြည်သို့ စစ်မောင်းသံပေးနေသည့်အလား ထင်ရသည်" ဟုပင် ဆိုကြပါတယ်။

ဒါကြောင့် ညောင်ရေသွန်းပွဲကို ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့အနေနဲ့ အမွန်အမြတ်ထားရာ ပွဲတော်တစ်ခုအနေနဲ့ ခြိမ့်ခြိမ့်သဲသဲ စည်စည်ကားကား ကျင်းပကြပါတယ်။ ကဆုန်လပြည့်နေ့ မရောက်မီ တစ်ရက်အလိုတွင် ဘုရား၊ စေတီပုထိုးက ညောင်ပင်တွေမှာ အမှိုက်သရိုက်တွေကိုလဲ ရှင်းလင်းထားတက်ကြပါတယ်။ ကဆုန်လပြည့်နေ့ နံနက်ခင်းမှာ သက်ကြီးရွယ်အိုတွေကအစ လူငယ်တွေအထိ ဥပုသ်သီလ ယူကြပါတယ်။ ဘုရားစေတီတွေမှာ ပရိတ်တရားတော်၊ ဓမ္မစကြာ တရားတော်တွေကိုလဲ ရွတ်ဖတ်ကြပါတယ်။

ထိုနေ့တွင် အမျိုးသမီးတွေက ယောဂီအဝတ်အစားတွေ သေသေသပ်သပ် ဝတ်ကာ ညောင်ပင်ခြေရင်းတွင် ရေသွန်းလောင်းကြပါတယ်။ တချို့နေရာ ဒေသတွေမှာ ရိုးရာဓလေ့အရ ယောကျာ်းလေးကိုလု က အိုးစည် ဒိုးပတ်တွေနဲ့ ကခုန် ဖျော်ဖြေတာ မြင်ရတက်ပါသေးတယ် ။ တစ်ချို့က စတုဒီသာကျွေးပြီး ကုသိုလ်ယူတက်ကြပါတယ်။

ကဆုန်လပြည့်နေ့ဟာ ဗုဒ္ဓဘာသာဝင်တွေ အထွတ်အမြတ်ထားတဲ့ နေ့တစ်နေ့ဖြစ်တဲ့အပြင် ဘုရားစေတီဝန်းကျင်ရှိ ဗောဓိညောင်ပင်တွေကို ညောင်ရေသွန်းပေးတာက မြန်မာလူမျိုးတို့အတွက် ကြည်နူးချမ်းမြေ့စရာ ကောင်းလှပါတယ်။

ထို ကဆုန်လပြည့်နေ့ အချိန်အခါသမယနေ့မှစပြီး စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာ၍ ကပ်ကြီး(၃)ပါးနှင့်တကွ ဘေးအန္တရာယ်အပေါင်း လွတ်မြောက်ကာ စီးပွားလာဘ်လာဘများ တိုးတက်ကောင်းမွန်ပြီး ကံကောင်းခြင်းတွေ ရယူပိုင်ဆိုင်ကြပါစေလို့ ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ် 🙏

Photos from Viloa's Collection's post 26/04/2026

☀️ နွေရာသီမှာ ရေပိုသောက်ပေးပါ 💧

နွေရာသီတွင် အပူရှိန်မြင့်တက်လာပြီး ခန္ဓာကိုယ်မှာ ချွေးများထွက်ပြီး ရေဓါတ်ဆုံးရှုံးမှု ဖြစ်လာနိုင်ပါတယ် ။ ဒါကြောင့် ကျန်းမာရေး ကောင်းမွန်စေဖို့ နေ့စဉ် လုံလုံလောက်လောက် သောက်သုံးပေးဖို့ လိုအပ်ပါတယ်။

နွေရာသီမှာ ရေများများသောက်ခြင်းရဲ့ ကောင်းကျိုးများ ...

✨ ခန္ဓာကိုယ်အပူချိန်ကို ထိန်းညှိပေးတယ် .
✨ ခန္ဓာကိုယ်မှ အဆိပ်အတောက်များကို ဖယ်ရှားပေးတယ်.
✨ ပင်ပန်းနွမ်းနယ်တာကို လျော့နည်းစေတယ်.
✨ အပူရှိန်ကြောင့် ဖြစ်လာတဲ့ မူးဝေတာနဲ့ ခေါင်းကိုက်တာကို ကာကွယ်ပေးတယ်.
✨ အသားအရေကို လန်းဆန်းပြီး ကျန်းမာစေတယ်.

နွေရာသီတွင် ရေသောက်တာနဲ့ ပတ်သက်ပြီး သတိပြုရန်အချက်...

🧂တစ်နေ့တွင် ရေ ၈ - ၁၀ ခွက် ခန့် သောက်ပေးပါ.
🧂 နေပူထဲတွင် လှုပ်ရှားမှုများ ရှိပါက ရေကို ပိုသောက်ပေးပါ.
🧂 ရေငတ်မှသာ မစောင့်ပဲ အချိန်မှန်သောက်ပေးပါ.
🧂အရက် ၊ ကော်ဖီ နှင့် အချိုရည်တွေ အလွန်အ ကျွံ သောက်တာ ရှောင်ပေးပါ.

💛

စာသားကူးယူခြင်းမပြုပါ ❌

ချစ်ကာကာများ ရေသောက်ဖို့ မမေ့ရစေဖို့ လက်ဆွဲကိုင်းအလှနဲ့ ရေဗူး လှလှလေး ရှိပါတယ်နော် .. 💛

Price- 22000 ks ( အစိမ်း , ပန်း)

🌸🍀🌸

#ရေဗူးအလှ

Want your business to be the top-listed Shop in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address

Yangon