Boost Up
05/11/2020
Mask အတု အစစ် ပြဿနာက ထင်ထားတာထက်ပိုဆိုးလာတယ်..
ကျနော့်အရှေ့မှာပဲ ဖြစ်သွားတဲ့ အခြေအနေတစ်ခုကို ပြောပြမယ်..မကြုံဖူးရင် ယုံမှာတောင်မဟုတ်ဘူး..
အတုနဲ့အစစ်ခွဲခြားနိုင်ဖို့ အစစ်ရောင်းတဲ့ တဖက်နဲ့ အတုရောင်းတဲ့ တဖက် post တွေတင်ကြ ရှင်းကြတယ်.. ဥပမာဆိုပါတော့.. 3M 1860 မှာ အစစ်ကလွဲရင် ကျန်တာ အကုန် အတုပါပဲ..ဆိုလိုတာက China Quality A,B,C ဆိုတာမရှိပါဘူး..ဘာ Testနဲ့ မှ certify မလုပ်ထားတဲ့အတုဟာ ဘယ်လိုမှ ယုံကြည်စရာမရှိပါဘူး..N95 အစစ်မို့ 95% filtration, အတုမို့ 94% filtration မရပါဘူး..0% လို့ပဲ သတ်မှတ်ရပါမယ်..
ကဲ.. တနေ့က ဆေးရုံတခုကိုအလှူသွားပို့ပါတယ်..
အရင်နေ့တွေကလဲ ကျနော့်အရှေ့မှာပဲ 1860 ကို indent တင်ပီးတောင်းနေကြတာပါ..Store ကနေပဲ ထုတ်ပေးတာပါ..
အဲ့နေ့ကျတော့ ICU က ပြဿနာတက်ပါတယ်..specialist က 1860 အတုနဲ့မို့ လုံးဝ မဝင်ပါဘူးလို့ ငြင်းပီ 1860 အစစ်ကို store ကနေ urgent တောင်းပါတယ်..Store က ပေးသမျှအကုန် အတုတွေကြီးဖြစ်နေလို့ ၃ခါလောက်တောင်းယူရပါတယ်..
စဉ်းစားကြည့်ပါ..
အဲ့အချိန် ICU ထဲက အသည်းအသန်လူနာဟာ အဲ့ဒိ mask အတုတွေရောင်းတဲ့သူတွေရဲ့ ဆွေမျိုးမိဘတွေ ဖြစ်နေမလား ကို့မိဘဆွေမျိုးတွေဖြစ်နေမလားဆိုတာကိုတွေးကြည့်ပါ..
ဆရာဝန်ဘက်က ကြည့်ရင်လဲ သူမမှားပါဘူး..ဘယ်ဝင်ရဲမလဲဗျာ..PPE ဝတ်ပီး Mask အတုကြီးနဲ့ P လူနာဆီကို သူသူကိုယ်ကိုယ် ဘယ်ဝင်ရဲပါ့မလဲ..
အဲ့တော့ Store နဲ့ ICU နဲ့ ၂နာရီကြာလောက် ပစ္စည်းအတု အစစ်ရှာပုံတော်ဖွင့်တာရယ်..PPE ဝတ်ချိန် နာရီဝက်လောက်ရယ် ထည့်တွက်ရင် အဲ့ ICU လူနာဆီရောက်မယ့် care ဟာ အချိန်မှီလား မမှီလားတွေးကြည့်ပါ..
(၂) နောက်တခုက second degree PPE ဆိုပီး gown ရယ် cap ရယ် နဲ့ KN95 ရယ်သုံးရမယ်ဆိုပီးလုပ်ကြပါတယ်..စိတ်မကောင်းစရာက ၂၀၀,၃၀၀ တန် အပေါစား KN95 တွေနဲ့ ဟုတ်နေပီထင်နေကြတာပါပဲ..KN95 ကို respirator အပေါက်တွေနဲ့ဗျာ..valve မဟုတ်တဲ့ filter မပါတဲ့အပေါက်တွေနဲ့..KN95 ဆိုကတည်းက China production, 95% filteration ဖြစ်ရတာပါ. (သူ့ရဲ့ Standard Quality ရှိပီးသားပါ) မဟုတ်က ဟုတ်က ဘာမှန်းမသိတဲ့ ဘယ်ကဟာမှန်းမသိတဲ့ KN95 ဆိုတာနဲ့ ယုံနေရင်တော့ ပိုးက Mask ကိုကြည့်ပီး "ဟာ KN95 ကြီး အဖြူရောင် mask ကြီးဟ" ဆိုပီး ရှောင်ထွက်သွားတာမဟုတ်ပါဘူး..တည့်တည့်ကြီးကို တိုးဝင်လာမှာပါ...
အဲ့တော့ ကျနော်နောက်ဆုံးပြောချင်တာက 1860 အစစ်ကို မျှော်လင့်မနေပါနဲ့..ပီးခဲ့တဲ့လနဲ့ ဒီလအထိကို ၅ဘူး (အခု ၁၀၀ ) ပဲရပါသေးတယ်..ကျနော်တို့ အစစ်ရှာနေတဲ့သူတွေဆီက တန်းဆီပီးစောင့်နေကြတဲ့ အနယ်နယ် အရပ်ရပ်က ICU တွေကို မခံစားနိုင်လွန်းလို့ သီးသန့်ဖယ်ပီး ပို့ပေးနေတာနဲ့တင် ရိုးရိုး ward တွေကို မရောင်းပေးနိုင်ပါဘူး..
ဆေးကုမ္ပဏီတွေကလဲ ဆရာ့ဆရာကြီးတွေကို မျက်နှာလို မျက်နှာရ 1860 တစ်ဗူးလက်ဆောင် ဘာညာ..အတုတွေပါပဲ..
အဲ့တော့ 1860 အစစ်မရနိုင်ရင် သင့်မှာ သုံးဖို့ ဈေးကွက်ထဲရှိတဲ့ ထဲက ဘာရွေးမလဲ စဉ်းစားထားပါ.. လေ့လာထားပါ..ကျနော်ဝယ်ပေးနိုင်တာ ဝယ်ပေးတယ်..သွင်းပေးနိုင်တာ သွင်းပေးတယ်..
တခုပဲ အစစ်ဟာ ဈေးကြီးင်္တယ်.ဒါပေမယ့် အသက်လောက်တော့ ဈေးမကြီးသေးဘူး..
ဖုန်းဘေ ၂၀၀၀ ကို မနှမြောကြပေမယ့် Mask၂၀၀၀ ဖိုးကို နှမြောနေသမျှတော့ COVID ဟာ လက်တကမ်းမှာပါပဲ..
1860 အစစ်မရနိုင်ခင်မှာ သင့်မှာရွေးချယ်စရာအနေနဲ့ဒါတွေရှိတယ်..
(1) N95 1860 အတု (၃၀၀၀-၄၀၀၀ ကျပ်)
(ဘယ်ကမှ approve မဖြစ်ပါဘူး)
(2) N95 Vflex အစစ် (၂၈၀၀-၃၀၀၀ ကျပ်)
(CDC & NIOSH approve ဖြစ်ပါတယ်)
(3) KN95 3M China အစစ် (၁၈၀၀-၂၀၀၀ ကျပ်)
(CDC approve ဖြစ်ပါတယ်)
(4) KN95 China အတု (၂၀၀-၆၀၀ ကျပ်)
(ဘယ်က approve ဖြစ်လဲ မသိပါဘူး)
(2) နဲ့ (3) ကိုတော့ ကျနော်ကိုယ်တိုင် recommend လုပ်တဲ့အတွက် ပစ္စည်းအမြဲဆောင်ထားတယ်..လိုတဲ့သူတွေကိုရောင်းပေးတယ်..စီးပွားဖြစ်သလားတော့မမေးနဲ့..၁၀ ခုဝယ်လဲ ဆေးရုံအရောက်ပို့တယ်..တွေ့ရင်လဲ သုံးဖို့ လက်ဆောင် sample ဆိုပီးပေးတယ်..စာရင်းချုပ်ရင် အိတ်စိုက်ပဲ..ကျနော့်ဆီက ဝယ်နေကျမိတ်ဆွေတွေသိပါတယ်..
(Surgical mask ကတော့ နပ်စ်မ mask လို့ဈေးကွက်အခေါ် ဘယ်ကထုတ်ပီး ဘာQuality မှန်းမသိတာတွေပဲ ကြီးစိုးနေလို့ မပြောတော့ပါဘူး..တခုပဲ ကျနော့်အဖေ အမေအတွက် ဝယ်ပေးတဲ့ surgical mask က အခု ၅၀ တဗူးကို ၂၀၀၀၀ ကျော်တယ်. အနဲဆုံးတော့ city mart quality ၆၀၀၀ တန်လောက်ဆိုတောင် မဆိုးပါဘူး..)
N95, KN95 Quality အစစ်ရဲ့ အရသာသိသွားရင် ကျနော် ရေးရကျိုးနပ်ပါပီ
credit to Dr KKT
03/11/2020
အစားအသောက်နဲ့ပတ်သက်တဲ့ အန္တရာယ်ကင်းစွာ စားသောက်နေထိုင်တတ်စေဖို့ FAO, OIE, WFP နဲ့ WHO တို့ ပူးပေါင်းထုတ်ပြန်ထားတဲ့ ပညာပေး ပိုစတာများ
Credit to Dr Khin Khin Gyi
Click here to claim your Sponsored Listing.
Website
Address
Yangon