Success Education Center

Success Education Center

Share

25/04/2026

Order ID -0616.

25/04/2026

📢 တီချယ်တို့ရေ IGCSE Maths သင်ကြားရေးမှာ ဒီအခက်အခဲတွေကို ရင်ဆိုင်နေရပြီလား?

တကယ်ပြောရမယ်ဆိုရင်…
IGCSE Maths သင်တာက
👉 ပုစ္ဆာတွက်သင်တာမဟုတ်ဘူး
👉 Thinking skill train လုပ်ရတာ ဖြစ်ပါတယ်

ဒါကြောင့်ပဲ… တီချယ်တွေမှာ
ဒီလို challenges တွေ မဖြစ်မနေ ကြုံရတတ်ပါတယ် 👇

🚨 (1) Syllabus & Question Pattern Update လိုက်မမီတာ
မေးခွန်းပုံစံတွေ ပြောင်းလဲလာတာနဲ့အတူ
👉 “ဘာကို focus ထားပြီး သင်ရမလဲ?” ဆိုတာ မသေချာဖြစ်တတ်ပါတယ်

🚨 (2) Student Level မတူလို့ Class Balance မညီတာ
တချို့က concept တစ်ခါတည်းနားလည်တယ်
တချို့က basic ကနေပြန်ရှင်းရတယ်
👉 တစ်ခါတည်းမှာ
fast learner + slow learner နှစ်မျိုးလုံးကို
ဘယ်လို handle လုပ်မလဲဆိုတာ
တကယ် challenging ပါ

🚨 (3) Problem Solving & Exam Technique မရတာ
Practice များတယ်… ဒါပေမယ့် mark မတက်ဘူး
👉 Question ကို ဖတ်ပြီး
“ဘယ်လိုစမလဲ?” မသိတဲ့ student တွေ
အများကြီးရှိနေတယ်

🚨 (4) Teaching Method ကိုယ်တိုင် မသေချာသေးတာ
IGCSE teaching style က
👉 Traditional teaching နဲ့ လုံးဝမတူပါဘူးတီချယ်တို့ရေ
Concept → Application → Exam Strategy
ဆိုတဲ့ flow မရှိရင်
student result မတက်နိုင်ပါဘူး

💭 တကယ်တော့…
ဒီပြဿနာတွေက
တီချယ်တစ်ယောက်တည်း မဟုတ်ပါဘူး
IGCSE Maths သင်နေတဲ့ teacher တော်တော်များများ
👉 တူညီတဲ့ struggle တွေ ကြုံနေရတာပါ

✨ ဒါပေမယ့်…
ဒီ challenges တွေကို မှန်ကန်တဲ့ system နဲ့ ဖြေရှင်းနိုင်ရင်
✔ Student result တက်မယ်
✔ Class ကို control လုပ်ရတာ လွယ်လာမယ်
✔ Teaching confidence တက်လာမယ်

💬 တီချယ်တို့ရော…
အထက်ပါ 4 ခုထဲမှာ
👉 ဘယ်အခက်အခဲကို အများဆုံး ကြုံနေရလဲ?
Comment မှာ နံပါတ်လေးရေးပေးခဲ့ပါနော် 👇
(1) Syllabus
(2) Student level
(3) Problem solving
(4) Teaching method

24/04/2026

📘 IGCSE Maths (Edexcel) ဆိုတာ ဘာလဲ? – တီချယ်တို့အတွက် Knowledge Sharing

တီချယ်တို့ရေ 👩‍🏫👨‍🏫

IGCSE Maths (Edexcel) ဆိုတာ UK based international curriculum တစ်ခုဖြစ်ပြီး
ကမ္ဘာတစ်ဝှမ်းရှိ ကျောင်းများစွာမှာ သင်ကြားအသုံးပြုနေတဲ့ သင်ရိုးတစ်ခုပါ။

ဒီ syllabus ရဲ့ အဓိကရည်ရွယ်ချက်ကတော့
📊 ကျောင်းသားတွေကို သင်္ချာကို “တွက်နိုင်ရုံ” မဟုတ်ဘဲ
🧠 “နားလည်ပြီး အသုံးချနိုင်အောင်” လေ့ကျင့်ပေးဖို့ ဖြစ်ပါတယ်။

IGCSE Maths (Edexcel) ထဲမှာ အဓိကအားဖြင့်
📌 Number & Algebra
📌 Geometry & Mensuration
📌 Statistics & Probability
📌 Graphs & Functions
စတဲ့ အပိုင်းတွေ ပါဝင်ပါတယ်။

▶️တီချယ်တို့အတွက် အထူးစိတ်ဝင်စားစရာကတော့
ဒီ syllabus မှာ
🔹 Step-by-step reasoning
🔹 Structured problem solving
🔹 Real-world application questions
တို့ကို အလေးထားထားတာပါ။

👩🏻‍🏫ဒါကြောင့်
IGCSE Maths ကို သင်ကြားခြင်းဟာ
တီချယ်တို့ရဲ့ subject knowledge ကိုသာမက
📈 ကလေးတွေရဲ့ analytical thinking ကိုပါ တိုးတက်စေတဲ့ အခွင့်အလမ်းကောင်းတစ်ခုဖြစ်ပါတယ်။

👉ယနေ့ခေတ်ပညာရေးမှာ
သင်္ချာဆိုတာ “တွက်ချက်မှု” တင်မဟုတ်တော့ဘဲ
💡 တွေးခေါ်နိုင်စွမ်းကို တည်ဆောက်ပေးတဲ့ ဘာသာရပ်တစ်ခုအဖြစ် အရေးကြီးလာနေပါပြီ။

💬 တီချယ်တို့အနေနဲ့ IGCSE Maths (Edexcel) ကို သင်ကြားဖူးတဲ့ experience ရှိရင်လည်း
comment မှာ knowledge sharing လုပ်ပေးပါဦးနော် 🤍

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address

Building (11/12)Ba Yint Naung 1st Street, , Mayangone Township
Yangon