Nature Ride Myanmar

Nature Ride Myanmar

Share

21/07/2025

ဇူလိုင် (၂၆) ၂၀၂၅ - စနေနေ့ - ပဲခူးရိုးမ မျိုးမြင့်ဗိုလ် ရေတံခွန်သို့ နေ့ချင်းပြန် Trekking ခရီးစဉ်

ကိုမျိုးမြင့်ဗိုလ်နှင့် ကို၀ဏ္ဏကျော်တို့ပူးပေါင်းစီစဉ်သည်။

Package Price ( တစ်ဦးလျှင် တစ်သိန်းကျပ်)

- Transport က ၂၅ ယောက်စီး Aircon Bus နဲ့ပါ- မြို့ထဲဘုန်းကြီးလမ်းကနေ ပြည်လမ်းတစ်လျှောက် မိမိအိမ်နဲ့အနီးဆုံးနေရာကနေလာစီးရပါမယ်
- Lunch (ကျေးလက်ထမင်းဟင်း (ကြက်သားနှင့်အသီးအရွက်၊ ငါးမွှေကြော်)
- Snack + Purify Water 2 liters
- တောတွင်းလမ်းပြ Guide(၅) ဦးပါဝင်ပါမယ်

ခရီးအစီအစဉ်

- ဘုန်းကြီးလမ်းကနေ မနက်(၅း၃၀)နာရီစထွက်ပါမယ်
- ပြည်လမ်းတစ်လျှောက်ကြိုပါမယ် မိမိလိုက်မယ့်နေရာများကို တိကျစွာပြောပေးကြပါရန်
- နံနက်(၆)နာရီ ဝါယာလက် ရွှေပလ္လင်လဖက်ရည်ဆိုင်မှာ နံနက်စာစားကြပါမယ်
- နံနက် (၈)နာရီခွဲခန့်မှာ တိုက်ကြီးမြို့နယ်အတွင်းမှ Start Point မှ စလျှောက်ပါမယ်
- နေ့ခင်း (၁၂း၃၀)ခန့်မှာ နေ့ခင်းထမင်းစားရပ်နားကြပါမယ်
- ရေတံခွန်သို့ရောက်ရှိပြီးနောက် ရေတံခွန်မှာ (၄၅)မိနစ်ခန့်အပန်းဖြေအနားယူရေကစားကြပါမယ်
- နေ့ခင်း(၂)နာရီမှာပြန်လည်ထွက်ခွာပြီး ညနေ(၅)နာရီခန့်မှာ စုရပ်သို့ပြန်ရောက်ကြပါမယ်၊ ခြေလက်ဆေးကြော အဝတ်အစားလဲပြီး ရန်ကုန်သို့ပြန်ပါမယ်
- ည(၇)နာရီခန့်ရန်ကုန်ပြန်ရောက်မယ်လို့ခန့်မှန်းပါတယ်

လိုအပ်သည့်ပစ္စည်းများ

- အကျီလက်ရှည်၊ လမ်းလျှောက်ရန်အဆင်ပြေသည့် ဘောင်းဘီရှည်မထူမပါး
- မိုးကာအကျီ
- ကျောပိုးအိပ်
- Trekking, Hiking, Walking, Running Shoe ( စမ်းချောင်းထဲတွင် လမ်းလျှောက်သည့်အခါ ကျောက်တုံးများပေါ်တွင် မြဲမြံစေမည့်ကုတ်အားကောင်းသည့်ခွာရှိရမည်)
- နားရွက်ကာသည့်ဦးထုပ် (သစ်ကိုင်းများထိုးမိမည့်အန္တရာယ်မှကာကွယ်နိုင်ရန်)
- လက်ချောင်းပြည့်ကာကွယ်နိုင်သည့် လက်အိပ်
- ကျောပိုးအိပ်ဖြင့်ထည့်ယူလာရန် ဘောင်းဘီအပိုတစ်ထည်
- ရေကစားပြီးအဝတ်လဲလိုလျှင် လဲမည့်အဝတ်အစားအပိုတစ်စုံနှင့်မျက်နှာသုတ်ပဝါအသေး (ကားပေါ်တွင်ထားခဲ့ရန်)
- ကားပေါ်သို့ပြန်ရောက်ပြီးလျှင် လဲမည့်နွေးထွေးသောအဝတ်တစ်စုံ
- ရာဘာခြေညှပ်ဖိနပ်တစ်ရံ ( စီးလာသည့်ဖိနပ်ပျက်စီးသွားလျှင် (သို့) ခရီးစဉ်ပြီးဆုံးပြီးနောက်အိမ်အပြန်တွင်စီးရန်)
- Sunblock, Mosquito Repellent

အသက်နှင့် ကျန်းမာရေးလိုအပ်ချက်

- အသက်(၁၀)နှစ်အထက်ကျား/မ မရွေးလိုက်ပါနိုင်ပါသည်။
- အမောခံနိုင်ရမည်၊ ခြေလှမ်း (၁၅၀၀၀)ခန့်လျှောက်ရပါမည်။
- ခြေထောက်မြဲမြံပြီး မိမိခန္ဓာကိုယ်ကိုမိမိကိုယ်တိုင် ကောင်းစွာထိန်းသိမ်းနိုင်ရမည်။
- အအေးခံနိုင်ရမည်။
- ရွှံ့ရှိသောလမ်းများ၊ ဝါးတောများ၊ တောင်ကုန်းများ၊ စမ်းချောင်းများကိုဖြတ်သန်းပြီး ခန့်မှန်းအသွားအပြန် (၈) ကီလိုမီတာခန့် လမ်းလျှောက်ကြရပါမည်။

ယခုခရီးစဉ်အတွက် အယောက်(၂၀)သာကန့်သတ်ထားပါသဖြင့် Kpay- 09775105673 (Wunna Kyaw) ထံသို့ ခရီးစဉ်ကြေးတစ်သိန်းနှင့် လိုက်ပါမည့်သူနာမည်- ဖုန်းနံပါတ်ထည့်သွင်းကာ ငွေလွှဲရပါမည်။ သက်သက်လွတ်စားသူများ ငွေလွှဲစဉ်တွင် Vegan ဟုထည့်ရေးပေးပါရန်၊ အာလူးချက်နှင့် သက်သက်လွတ် ပဲပုတ်ဗာလချောင်ကြော်စီစဉ်ပေးပါမည်။
အကြောင်းကြောင်းကြောင့်ခရီးစဉ်ဖျက်သိမ်းပါက ငွေအပြည့်အ၀ပြန်အမ်းပေးပါမည်။
ထပ်မံသိရှိလိုပါက Viber: 0977510573 သို့ဆက်သွယ်မေးမြန်းနိုင်ပါသည်။

05/07/2025

“စက်ဘီးစီးကြမယ့်မိတ်ဆွေများအတွက်”

July 9, 2025
50 km Trail Cycling
Fees: At your own cost. Maintenance charges will apply if your bicycle breaks down.
Meeting Point: Shwe Palin @ Zero Mile
Time: 6:00 AM
Contact: 09775105673 (Ko Wunna Kyaw)

Photos from Nature Ride Myanmar's post 04/01/2025

Day (1) 106km
Chiang Mai- Mae Klang Waterfall- Hong D**g, Hod District

Photos from Nature Ride Myanmar's post 28/09/2024

EU Mobility Week ဆိုတာ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ကျင်းပကြတဲ့ပွဲပါ..
AIT Student Union ရဲ့အကူအညီနဲ့ ကျွန်တော်နဲ့Nature Ride Myanmar နဲ့အတူ အခြားစက်ဘီးချစ်သူ(၃)ဦးတို့က “ Know Your Bicycle” ဆိုတဲ့ စက်ဘီးနဲ့သဘာဝပတ်ဝန်းကျင်ဆက်စပ်မှုဆိုင်ရာ ပွဲတစ်ခုကျင်းပခဲ့ပါတယ်..
ကျွန်တော်က Cycling Hobby အကြောင်းနဲ့ Basic Maintenance တွေရှင်းလင်းပြသခဲ့ပါတယ်
Nature Ride Myanmar

Photos from Nature Ride Myanmar's post 24/06/2024

June 23, 2024 ခရီးစဉ်ပုံရိပ်များ
23 Cyclists,
နှစ်ဘီးခြံ - မှော်ဘီ

Want your business to be the top-listed Travel Agency in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Address

Yangon
11041