Diamond Condominium

Diamond Condominium

Share

18/11/2021

တန်​​ဆောင်မုန်းလပြည့်​နေ့
သာမည ဖလ အခါ​သမယတွင် မြန်မာပြည်သူ/
ပြည်သားများ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာ၍ ​ဘေးရန်အ​ပေါင်းမှ ကင်း​ဝေးကြပါ​စေ​ကြောင်း
​Diamond Condo Team မှ ဆုမွန်​ကောင်း​တောင်းအပ်ပါသည်။🙏🙏🙏


#တန်​ဆောင်မုန်းလပြည့်​နေ့

26/12/2020

Diamond Condominium မှာ နေထိုင်ပြီး အဆင်ပြေလွယ်ကူချောမွေ့တဲ့ ဘဝနေထိုင်မှုပုံစံကို ခံစားပါ။ 💁‍♂️🤗

💎 Shopping အတွက်လည်း အဆင်ပြေတယ်။
💎 Downtown သွားမလား၊ မြို့ပြင်သွားမလား။ လွယ်လွယ်ကူကူ သွားလို့ရတယ်။
💎 အလုပ်ကိစ္စစကားပြောဖို့၊ သူငယ်ချင်းတွေနဲ့တွေ့ဆုံဖို့အတွက် နေရာကောင်းကောင်းလေးတွေကို အနားမှာ အများကြီးရှိတယ်။
💎 Western လား၊ Asian လား? အနီးမှာ စားသောက်ဆိုင်တွေကလည်း အစုံပဲနော်။

ဒါကြောင့် ကိုယ်တိုင် နေထိုင်ဖို့ပဲဖြစ်ဖြစ်၊ စီးပွားရေးတစ်ခု စတင်ဖို့ပဲဖြစ်ဖြစ် ပြည်လမ်းနဲ့ နာနတ်တောလမ်းထောင့်က Diamond Condominium ကိုသာ သတိရလိုက်ပါ။ 😊🥰
_____

Live in Diamond Condominium and enjoy a comfortable and comfortable lifestyle. 💁‍♂️🤗

💎 Convenient and short travel time for shopping.
💎 Going downtown? Going out of town? It is easy to commute anywhere.
💎 Lots of great places for your business or hanging out with friends.
💎 Easy access to Western or Asian food around.

So, whether you want to live in a good place or to start a business, think of Diamond Condominium at the corner of Pyay Road and Nanattaw Road. 😊🥰

24/12/2020

"Hello December, Christmas Mode ON!" 🎅❄️☃️

ဒီဇင်ဘာရောက်ပြီဆိုတာနဲ့ နေရာတော်တော်များများမှာ တွေ့ကြရမှာက တဖွဲဖွဲကျနေတဲ့ မြူနှင်းတွေ၊ ရွှေမင် ငွေမင်တဖိတ်ဖိတ်နဲ့ ခရစ်စမတ်ကတ်လှလှလေးတွေ၊ ပြီးတော့ ခရစ်စမတ်သီချင်းတွေ။ ဒါတွေက ခရစ်စမတ်ရဲ့ သင်္ကေတတွေပေါ့။ 🥰

ဒီလိုအချိန်မှာ အိမ်တွေ၊ ရုံးခန်းတွေ၊ အဆောက်အဦးတွေမှာဆိုရင်လည်း Christmas Decoration လေးတွေလုပ်ပြီး ခရစ်စမတ်အငွေ့အသက်အပြည့်နဲ့ ဒီဇင်ဘာကိုဖြတ်သန်းဖို့ ပြင်ဆင်ကြပါပြီ။ 🥳

ဒါကြောင့် DC ချစ်သူတွေအတွက် ကိုယ့်ရဲ့အိမ်ခန်း၊ ရုံးခန်းလေးတွေမှာ လွယ်လွယ်ကူကူ ပြုလုပ်လို့ရမဲ့ Christmas နဲ့ ပတ်သက်တဲ့ tips and tricks လေးတွေကို ပြောပြပေးလိုက်ပါတယ်။ 💁

💎 Interior Decoration
Decoration ဆိုတာက Christmas နဲ့ လုံးဝကင်းလို့ မရတဲ့အရာပါ။ တစ်အိမ်လုံး၊ တစ်ရုံးလုံး ပျော်ပျော်ရွှင်ရွှင်နဲ့ Christmas Decoration တွေလုပ်ကြ၊ စကြ၊ နောက်ကြနဲ့ အင်မတန်ပျော်ဖို့ကောင်းတဲ့ အချိန်လည်း ဖြစ်ပါတယ်။ များသောအားဖြင့် Christmas ဦးထုပ်လေးတွေ၊ Christmas သစ်ပင်လေးတွေ၊ Snowman လေးတွေ၊ Santa ပုံစံတွေ၊ Marbled Ornaments ရောင်စုံ၊ မီးရောင်စုံတွေနဲ့ ကိုယ့်နေရာလေးကို အလှဆင်ကြပါတယ်။

💎 Food Decoration
Christmas အားလပ်ရက်မှာ ကိုယ်ချစ်ရတဲ့ မိသားစုတွေ၊ သူငယ်ချင်းတွေ၊ ချစ်သူတွေနဲ့အတူ စားကြသောက်ကြရင်း အချိန်တွေကို ကုန်ဆုံးရတာဟာ အင်မတန်ကြည်နူးစရာပါ။ Christmas အတွက်ရည်ရွယ်ပြီး Gingerbread Cookie လို၊ Christmas Cake လိုမျိုး မုန့်တွေလုပ်ပြီး လက်ဆောင်ပေးကြ၊ အတူတူစားကြတာဟာလည်း Christmas ရဲ့ အမှတ်ရစရာတွေထဲက တစ်ခုအပါအဝင်ဖြစ်ပါလိမ့်မယ်။

💎 Activities Decoration
Christmas မှာ အမှတ်တရအနေနဲ့ အဖွဲ့လိုက် Christmas Party လုပ်တာ၊ Group Photo ရိုက်တာ၊ အပြန်အလှန် Christmas လက်ဆောင်လဲကြတာ၊ Christams Card ကလေးတွေ ပေးကြတာတွေက ဘယ်တော့မှ မရိုးသွားမဲ့ Christmas ရဲ့ အစဉ်အလာလေးတွေပါ။ ချစ်သူစုံတွဲတွေဆိုရင်လည်း ဒီအချိန်မှာ All I want in this Christmas is You သီချင်းလေးနဲ့ ရိုလို့ ရပါသေးတယ်နော်။

အားလုံးပဲ အပေါ်မှာ ပြောပြထားတဲ့ Tips and Tricks လေးတွေ လုပ်ရင်း ပျော်စရာ ခရစ်စမတ်အချိန်အခါလေးမှာ ဘေးကင်းလုံခြုံစွာနဲ့ ကိုယ့်ချစ်သူခင်သူမိတ်ဆွေများနဲ့အတူ ပျော်စရာအကောင်းဆုံးအချိန်တွေကို ဖြတ်သန်းကြရအောင်။ 🤩
_____

With the winter, December is coming and you are going to see snow and sleet, beautiful Silver and Golden Christmas Cards, .. and hear the Christmas carols. These are indeed the symbols of Christmas. 🥰

At this time, houses, apartments, offices are also decorated with Christmasy decorations for the whole of December. 🥳

Here are some tips and tricks for Christmas that can be easily applied both at your home and your office. 💁

💎 Interior Decoration
At Christmas, interior decoration goes Christmasy to offer the Christmas vibe. Also, everybody in the house or office has a great time while decorating for Christmas. Christmas hats and scarves, Christmas trees, Snowman, Santa figures, Marbled Ornaments, and colorful lights are the Christmasy things many people use.

💎 Food Decoration
It's a wonderful time to spend time with your family, friends, and loved ones over the Christmas Holidays. Making Christmas Food; Gingerbread cookies, Christmas Cake, and sharing and enjoying them will also be a great Christmas memory in our lives.

💎 Activities Decoration
Celebrate Christmas with these group activities; Christmas Party, Group Photo Booth, exchanging Christmas Gifts and giving Christmas Cards. Couples can also be romantic with the song "All I want in this Christmas is You".

Let's all spend the happiest times safely with loved ones doing the mentioned Tips and Tricks. 🤩

Want your business to be the top-listed Shop in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


No. 497, Corner Of Narnattaw Road & Pyay Road, 8th Quarter, Karmayut Township
Yangon
11044

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00
Saturday 09:00 - 18:00