Golden Light
20/06/2022
တရုတ်နံနံပင်ရဲ့ဆေးဖက်ဝင်အစွမ်းထက်ပုံများ
တရုတ်နံနံပင်၏ဆေးဖက်အသုံးဝင်ပုံများကိုပြည်တွင်းပြည်ပမှ ကျန်းမာရေးနှင့်ပတ်သက်သောနေရာများစွာတွင်ဖတ်ရှုရပါတယ်။
အိန္ဒိယမှပါရဂူကြီးများဖော်ပြထားတဲ့တရုတ်နံနံပင်၏ကျောက်ကပ်နှင့်ဆီးချိုအတွက် အသုံးဝင်ပုံကိုအများအတွက်ပြန်လည်ရေးသားမျှဝေပေးလိုက်ပါတယ်။
(၁)တရုတ်နံနံလက်တစ်ဆုပ်ခန့်ကိုရေစင်အောင်ဆေး၊စပျစ်သီး၃လုံးခန့်၊ပန်းသီးတစ်စိတ်၊သခွါးသီးတစ်ကွင်းတို့ကိုအတူရောကြိတ်၍ဖျော်ရည်လုပ်ပြီးမကြာခဏသောက်ပါ။
(၂)တရုတ်နံနံပင်လက်တစ်ဆုပ်ခန့်ကိုရေစင်အောင်ဆေးကြောပြီးနှုတ်နှုတ်စင်း၍ပွတ်ပွတ်ဆူနေသောရေနွေးအိုးထဲကိုထည့်လိုက်ပါ။
(၃)အနည်းဆုံး၁၀မိနစ်ခန့်ပြုတ်ပေးပြီးလျှင်အအေးခံထားပြီး ၎င်းအရည်ကိုတစ်ပတ်တစ်ကြိမ်သောက်ပေးပါ။
(၄)ညမအိပ်ခင်တရုတ်နံနံပင်ကိုနှုတ်နှုတ်စင်းပြီးမတ်ခွက်ထဲထည့်၊ရေနွေးပူပူလောင်းထည့်၍အဖုံးအုပ်ထားပါ။
(၅)မနက်အိပ်ယာထလျှင်ရေအစား၎င်းနံနံပင်စိမ်ရေကိုသောက်ပါ။
(၆)တရုတ်နံနံပင်ကိုနေရိပ်တွင်အခြောက်ခံထားပြီးလက်ဖက်ခြောက်ကဲ့သို့ရေနွေးခပ်သောက်ပါ။
(၇)ဟင်းထဲထည့်စားပါ။အသုပ်မျိုးစုံထဲထည့်စားပါ။
တရုတ်နံနံပင်တွင်ကယ်လ်စီယမ်၊မဂ္ဂနီဆီယမ်၊ပိုတက်စီယမ်၊ဆိုဒီယမ်တို့ပါဝင်မှုကြောင့်ဆီးချိုကိုလည်းထိန်းပေးနိုင်ပါတယ်။ကျောက်ကပ်ကိုလည်းဆေးကြောသန့်စင်ပေးပါတယ်။သွေးဖိအားကိုလည်းထိန်းညှိပေးပါတယ်။
ကိုယ်ခံအားကိုမြင့်တင်ပေးသည့်အတွက်ပြင်ပမှကူးစက်တတ်သော ဘတ်တီးရီးယားပိုးများကိုလည်းကာကွယ်ပေးနိုင်ပါတယ်။ကယ်လိုရီပါဝင်မှုနည်းပြီးအမျှင်ဓာတ်ပါဝင်မှုများသည့်အတွက်ကိုယ်အလေးချိန်လျော့ကျစေပြီး ခံတွင်းအနံ့ဆိုးကိုလည်းသက်သာစေပါတယ်။
ရိုးရှင်းလွယ်ကူသောအိမ်တွင်းကုထုံးဖြင့်ရောဂါများကိုတွန်းလှန်နိုင်ကြပါစေ။
Credit - original writter
.
Click here to claim your Sponsored Listing.