Blessing Hnin Pwint

Blessing Hnin Pwint

Share

24/05/2025

ရှမ်းပြည်တောင်ပိုင်း ရာသီဥတု တော်တော်နေလို့ကောင်းတယ်

23/05/2025

မိမိဘယ်လောက်ပဲကောင်းကောင်း
အနီးကပ်နေသူ ပုပ်သိုးနေရင် မိမိလည်း ပုပ်သိုးတတ်ပါသည်။

ဒါကြောင်း ရှေးလူကြီး မိဘဆရာဆုံးမစာမှာ.........

လူကိုကြည့်ပေါင်း အပူမီးမကူးစေနဲ့။

သူများပြဿနာ ကိုယ့်ပြဿနာမဖြစ်စေနဲ့။

သူ့ဒဏ်ရာ ကိုယ့်ဒဏ်ရာမဖြစ်စေနဲ့။

မကောင်းတာတွေ့ရင် ပြောဆို
ဆုံးမလမ်းပြပေးလိုက် သူလက်မခံရင်ဆက်မပေါင်းနဲ့။

အနီးကပ်နေသူဟာ မိမိကိုဒုက္ခပေးတတ်သူမို့ အရေးကြီးတယ်။

မိမိနဲ့အနီးစပ်ဆုံးနေသူသည် အပုပ်လား အသိုးလား
မင်းပြစ်မင်းဒဏ်သင့်နေသူလား
ကူးစက်ရောဂါသည်လား ကြည့်တတ်ဖိုးလိုတယ်။

ဆင်းရဲချမ်းသာ အရေးမကြီးဘူး
စာရိတ္တကောင်းဖို့ အရေးကြီးတယ်။

ဒါမှ မိမိဘဝကို မိမိစိတ်တိုင်းကျ
လုံလုံခြုံခြုံ ပုံဖော်ထုဆစ်လို့ရမှာဖြစ်ကြောင်း
ရှေးလူကြီးသူမ မိဘဆရာဆုံးမစာများမှာတွေ့ရပါသည်။

#ဆရာအောင်သင်းစာပေများ
#လူငယ်များအတွက်ဗဟုသုတစာပေများ
#စာပေဗဟုသုတများ

23/11/2024

ဇနီးကို ဦးစားမပေးတဲ့ အိမ်ထောင်ရေးက
ပြိုကွဲတတ်တယ်..

ဇနီးကို ဥပေက္ခာပြုပြီး မိဘဆွေမျိုးနဲ့ သူငယ်ချင်းတွေကိုပဲ ဦးစားပေးတတ်တဲ့ ယောကျာ်းက တစ်ချိန်ချိန်မှာ နောင်တအကြီးကြီးရလိမ့်မယ်။ ကိုယ့်အပေါ်ကောင်းတဲ့ ဇနီးကို ရထားပါရက်နဲ့ တန်ဖိုးမထားရင် အသက်ကြီးတဲ့အချိန်မှာ ဘဝနေဝင်ချိန်ကို အထီးကျန်ပြီး ဖြတ်သန်းရလိမ့်မယ်။

အိမ်ထောင်တစ်ခုမှာ ခင်ပွန်းက လှေသူကြီးဆိုရင် ဇနီးကပဲ့ကိုင်ပဲ။ ကျွန်မက အိမ်ဝေယျာဝစ္စတွေကို မနားတမ်းလုပ်ပြီး သားသမီးတွေကိုလည်း အကောင်းဆုံး ပြုစုပျိုးထောင်ပေးရသလို ရှင်ရှာတဲ့ငွေကြေးကိုလည်း စီးတဲ့ရေ ဆယ်တဲ့ကန်သင်းလို အလေအလွင့်မရှိအောင် စီမံပေးရတယ်။

အိမ်ထောင်ကျသွားတဲ့ အမျိုးသမီးတစ်ယောက်က ဂုဏ်ပကာသနတွေထက် ခင်ပွန်းနဲ့ သားသမီးတွေ အဆင်ပြေဖို့ ဦးစားပေးကြတာချည်းပဲ။ ဇနီးအဖြစ်၊ မိခင်အဖြစ်နဲ့ ကျွန်မလိုအပ်တာက ချစ်ခြင်းမေတ္တာနဲ့ ဂရုစိုက်နွေးထွေးမှုလေးပါ။ ဒါလေးတောင် မဖြည့်ဆည်းပေးနိုင်ရင်တော့ ရှင်က အိမ်ထောင်ဦးစီးဆိုတဲ့ နေရာမှာ မနေသင့်ဘူး။

ယောကျာ်းတစ်ယောက်ရဲ့ အရှိန်အဝါနဲ့ တောက်ပမှုက သူ့နောက်ကွယ်မှာ ပံ့ပိုးပေးနေတဲ့ ဇနီးမယားရှိနေလို့ပဲ။ ဒါကြောင့် ကျွန်မကို ဘယ်တော့မှ ဥပေက္ခာမပြုလိုက်ပါနဲ့။ ရှင်နောင်တရလိမ့်မယ်

crd_to_owner_with_respect

03/11/2024

ယောက်ျားတစ်ယောက်ကို
ဘာပန်းကြိုက်တယ်၊ဘာအရောင်
ကြိုက်တယ်၊အချစ်ရေးမှာ ဘယ်လိုမျိုး ဂရုစိုက်ပေးရင် နွေးထွေးရတယ်၊
ဘာအစားအစာကြိုက်တယ်၊ဘယ်လိုမိသားစုကနေ ရှင်သန်ကြီးပြင်းလာတယ်၊ဘယ်လို အားနည်းချက်မျိုး ရှိတယ် စသဖြင့် ဒီလိုအရာတွေကို တစ်ခါ နှစ်ခါလောက် ပြောပြရုံကိုလုံလောက်ပါပြီ။အလွန်ဆုံး ၃ ခါပြောပြရင်ကို
အနည်းနဲ့အများ မှတ်မိသွားပါပြီ။

အချစ်ဆိုတာ အလေးအနက်ထားခြင်း အပေါ်မှာလည်း မူတည်တယ်။ကိုယ်ပြောတဲ့စကားကို မှတ်မိနေရဲ့လားပေါ့။ဥပမာ သင်က အပြင်သွားရင် ပြောပြမှ သွားတာကြိုက်ရင် သင့်ကို ပြောပြီးမှ သွားတာမျိုး။နှင်းဆီအနီရဲရဲကြိုက်တယ်ပြောတော့ ချိန်းတွေ့တိုင်း
မမေ့မလျော့ ယူလာပေးတာမျိုး။
နံနံပင်မကြိုက်ဘူးပြောရင် ဆိုင်ထိုင်တဲ့အခါ နံနံပင် မထည့်ဖို့
ပြောပေးတာမျိုး။
အို...ပြောရင် မကုန်လောက်ဘူး။

ဒါကြောင့် မင်းပြောသမျှကို တစ်ဖက်က ဘာမှတုန့်ပြန်မှုမရှိဘူး၊အလေးအနက်မထားဘူးဆိုရင် မင်းကို ပြည့်ဝစွာ မချစ်သေးလို့ပါဘဲ။ယောကျာ်းတစ်ယောက်ကို ငါ့ကို စာပို့ပေးပါ၊ဂရုစိုက်ပေးပါ၊ချစ်ပေးပါ၊စိတ်လုံခြုံမှုပေးပါဆိုပြီး အကြိမ်ရေအများကြီးမတောင်းဆိုရဘူး။တောင်းဆိုပြီးမှ ရလာတဲ့အရာမှန်သမျှ ဘယ်တော့မှ အစစ်အမှန် မဟုတ်လို့ပါ။


#မြန်လည်မျှဝေပါသည်

Want your public figure to be the top-listed Public Figure in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address

PHAW KAN PADAYHAR St;, INN SEIN TOWW SHIP
Yangon