NKK
27/10/2023
ဘယ်အချိန်စပြီးငွေစုသင့်သလဲလို့မေးရင်.. ပထမဆုံးရတဲ့အလုပ်က ပထမဆုံးလစာရတဲ့အခါကနေ စစုသင့်ပါတယ်တဲ့..
အသက်ဘယ်လောက်ထိ အလုပ်လုပ်မယ်.. နောက်ထပ်ဘယ်နှစ်နှစ် အသက်ရှည်မယ်..အဲဒီအချိန် ဘယ်လောက်ငွေလိုနိုင်လဲ? တွက်ချက်ပြီး ကြိုစုကြတာမျိုးပါ..
စုငွေထဲကသုံးမိရင်လည်း..အကြွေးယူတယ်လို့သဘောထားပြီး လကုန်ရင်အတိုးအရင်းပြန်ဆပ်ပါ..
အဲဒီလို အလေ့အကျင့်လေးရှိနေရင်
ကိုယ့်မှာစုဆောင်းငွေလေးရှိတယ်ဆိုတဲ့အသိက..ကိုယ့်စိတ်လုံခြုံမှုကိုပေးပါတယ်..
ကိုယ့်ဘာကိုယ်ဆို မစုဖြစ်ဘူးဆိုသူများအသက်အာမခံထားပြီး ငွေစုပါလို့
အကြံပေးပါတယ်ရှင်။
ကိုယ်ရွေးထားတဲ့ plan အတိုင်း အချိန်တန် အကုန်ပြန်ရပါတယ်..
နောက်တစ်ခု..အသက်အာမခံထားရင်နိမိတ်မကောင်းသလိုပဲဆိုတဲ့ ဦးဦးဒေါ်ဒေါ်ကိုကိုမမများ..ခုပြောတာကိုသေချာ နဖူးပေါ်လက်ထောက်ပြီးပဲဖြစ်ဖြစ်..လက်ပေါ်နဖူးထောက်ပြီးတော့ပဲဖြစ်ဖြစ်..စဥ်းစားကြည့်ကြပါကုန်...
လူတိုင်း၂၄ နာရီ ၇ ရက်ရပါတယ်
ပြသဒါးရက်ရှိသလို ရက်ရာဇာလည်းရှိတယ်..လူတိုင်းကို..Equal Chance ပေးထားတာပါ..
ဒီလိုပဲ..မသေချာမှု..Uncertainty ဆိုတာမျိုးက..ကံကောင်းကံဆိုး မခွဲခြားပဲ..လူတိုင်းအပေါ် ညီညီမျှမျှသက်ရောက်ပါတယ်..
ဆိုလိုတာက..မိုးရွာနေပြီဆိုရင်..ထီးမဆောင်းရင် မိုးမိမှာပါပဲ..
ကံကောင်းသူ ကံမကောင်းသူ မရွေးပါဘူး..မိုးရွာမှာစိုးလို့ ထီးသယ်သွားသူကိုမိုးရွာချင်စေသူဆိုပြီး..ထင်မှာလား.?
ထီးသယ်သွားလို့ မိုးကရွာတာ..ထီးမသယ်ရင် မိုးကရွာမှာမဟုတ်ဘူး..လို့
ထင်မှာလား.. ?
ဒီလို ကိစ္စသေးသေးလေးမှာတောင်.. အကာအကွယ်ရှိခြင်းက..ဘယ်လောက်အရေးပါတယ်ဆိုတာ..မြင်ရမှာပါနော်..
ဒါကြောင့် ဘဝခရီးလမ်း တစ်လျှောက်လုံး အကာအကွယ်ရအောင် အသက်အာမခံထားပြီး ငွေစုကြပါလို့❣
#မိသားစုကိုအသက်အာမခံဖြင့်ကာကွယ်ပါ
#ကျွဲကူးရေပါ
- Win Lat Han
Click here to claim your Sponsored Listing.