Celebrity Cooking Magazine
06/10/2024
တနင်္ဂနွေငါးကင်စားကြရအောင်
ပထမဆုံးပြုလုပ်ရမှာက
၁။ ငါးအကောင်ကြီး ၁ ကောင်
သန့်စင်ပြီး ခြောက်သွေ့အောင် ပြုလုပ်ပါ
ကင်မှာဆိုတော့ အစိုဓာတ်မပါပဲခြောက်နေအောင် သုတ်ပေးပါနော်
ပြီးရင် ဆားနည်းနည်းသုတ်လိမ်းပါ
နှသ်ဖက်စလုံးသုတ်လိမ်းပြီးရင် ငါးပေါ် အမြှောင်းလေးတွေဖြစ်အောင် ဓါးနဲ့မွှမ်းပါ။
ငါးဝမ်းဗိုက်ထဲကို သံပုရာသီး အကွင်းလိုက်လှီးထည့် ကြက်သွန်မြိတ်ထုထောင်းပြီး ထည့် dill လို့ခေါ်တဲ့စမြိတ်ရွက် ရှာလို့ရရင်ထည့်နိုင်ပါတယ်
ပြီးမှ သံလွင်ဆီ ကိုငါးပေါ်စိမ့်ဝင်အောင်ပွတ်သုတ်ပေးပါနော်
၂။ တဖက်ကို ၁၀ မိနစ်လောက်ကင်ရအောင်
Oven သို့ မီးသွေးအကင်ဗန်း နဲ့လည်းရပါတယ်
၃။ အဆာပလာ ဆော့ပြုလုပ်ရအောင်နော်
ခရမ်းချဉ်သီးလှီး
ကြက်သွန်နီလှီး
ငရုတ်သီးအစိမ်းတောင့် သို့ အဝါတောင့် လှီးထည့်ပါ ( City Mart မှာရောင်းပါတယ်ရှင့် )
သံပုရာရည်ညှစ်ထည့်
ဆားနဲနဲဖြူး ပြီးရင်ရပါပြီ
ငါးကင်ကျက်ပြီဆိုရင် အသားလေးတွေဖဲ့ယူ ဆလပ်ရွပ်ခင်း ခုနကနယ်ထားတဲ့ အဆာပလာလေးတွေထည့်ပြီး သုံးဆောင်နိုင်ပါပြီနော်
မိသားစုကို ချက်ကျွေးရအောင်ဒံပေါက်ချက်နည်းကို မျှဝေလိုက်ပါတယ်
27/09/2024
Morning အချစ်လေးတို့ 😍
ကလေးတွေအတွက် အဟာရ ပြည့်တဲ့ ခေါက်ဆွဲကြော်လေး ကြော်ကျွေးချင်တယ်ဆိုရင် ဒါလေးကိုကြော်ကျွေးလို့ရတယ်နော်🍝🍝🍝
PAD THAI ခေါက်ဆွဲကြော်
Sauce လုပ်ရန် Recipes
- ငါးငံပြာရည် ( Red Boat တံဆိပ် )
- မန်ကျည်းအနှစ်
- သံပုရာသီး
- ထိုင်းငရုတ်ဆော့ ( Thai Siriacha )
- Brown Sugar ( ထိုင်းမှာတော့ အခဲရှိတယ် )
Rice Stick ( ၂ နာရီကြာ ရေစိမ်ထားပါ )
- ပုစွန်အကောင်ကြီးကြီး
- ပဲပင်ပေါက်
- ပဲပြား ( အတုံးလေးတွေကြော်ထားလိုက် )
- ကြက်သွန်ဖြူ ( နုတ်နုတ်စင်း )
- ကြက်သွန်မြိတ် ( နုတ်နုတ်စင်း )
- ပုစွန်ဆိတ် ( ထောင်းထားပါ )
- ဘဲဥ
- ပုစွန်ခြောက်အနည်းငယ်
- ထိုင်းငရုတ်သီးမှုန့် ( Red Boat )
ပုစွန်တွေကို မီးပြင်းပြင်းမှာ လှော်ထားလိုက်
ဆော့ကို အရည်ပြစ်လာအောင် မွှေပြီးဖယ်ထား
PAD THAI မှာ ဆော့ကအသက်ပဲ
ကြက်သွန်ဖြူကိုဆီသပ်
ခေါက်ဆွဲကိုထည့်
ပုစွန်နဲ့တို့ဟူး အခြားအဆာပလာတွေထည့်
ငရုတ်သီးအမှုန့်လေးဖြူးလိုက်တော့ အစပ်အရသာလေးနဲ့ လျှာလည်အောင်ကောင်းတာပေါ့
လယ်ငါးဇရိုင်းဟင်း
ငါးသလောက်ဥကြော်
ဇရစ်ရိုးနဲ့ ကင်ပွန်းချဉ်ရည်ဟင်း
😋😋😋
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Yangon
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |
| Saturday | 09:00 - 15:00 |