EnzyMix

EnzyMix

Share

13/10/2022

💕

စီးပွားရေး လုပ်ဖို့ လွယ်သလား…ခက်သလား…

အောက်ကပုံလေးကို အရင် ကြည့် ကြည့်ပေးပါဦး။ ပုံ ထဲက ဘူးလေး တွေ အရွယ်စုံက ဘာတွေလို့ထင်ပါသလဲ။
ဟုတ်ကဲ့.. ဒါလေးတွေက စုဗူးလေးတွေပါ။ အရွယ်စုံ စုဗူးလေးတွေကိုအောက်က ပုံထဲမှာတွေ့ရပါလိမ့်မယ်။ ဒီစုဗူးလေးတွေက ပုံမှန် ရပ်ကွက်ဈေးလေးတစ်ခု က ကုန်မျိုးစုံ ဆိုင်တစ် ဆိုင်မှာ ရောင်းချနေတဲ့ Product တွေ များစွာထဲက တစ်ခု ဖြစ်ပါတယ်။ ကျွန်တော်က စုဗူး အကြောင်း စပြီး ပြောလို့ငွေစု တဲ့အကြောင်းကို ပြောတော့မယ်လို့တွေး မိရင်တော့ ဒါဟာ မဟုတ်သေးကြောင်း ကြိုပြီး ပြောလိုပါတယ်။
ပုံလေးကို သေချာထပ်ပြီး ကြည့်မယ်ဆိုရင် ဒီစုဗူးလေးတွေဟာ စပြီးထုတ်လုပ်ကထဲက စုဗူး အနေနဲ့ထုတ်လုပ်ထားတာတော့မဟုတ်ပါဘူး။ တစ်ချို့ကမုန့်ပုံး ကနေ ဖြစ်လာတယ်။ တစ်ချို့က ကလေး နို့မုှန့် ဘူး အခွံကနေ ဖြစ်လာတယ်။ အထူး ဆန်းဆုံးကတော့ လက်ဖက်ရည် ဖော်တဲ့ နိုစိမ်း ဘူး ခွံကနေတောင် ငွေ စု တဲ့ စုဗူးအဖြစ်ပြောင်းလဲ ရောင်းချနေတာကို တွေ့ရမှာ ဖြစ် ပါတယ်။ ပြောင်းလဲတဲ့ပုံစံက ရှင်းပါတယ်။ ဘူးအလယ်မှာ ငွေထည့်ဖို့အပေါက် လေးတစ်ပေါက် ဖောက် ပြီး ဘူးကို သေချာသန့်ရှင်း ရေးလုပ် အခြောက်ခံထားတာပါပဲ။
ဒီနို့စိမ်းဗူးခွံ စုဗူလေးတစ်ဘူးကို မြန်မာငွေ ရာဂဏာန်း နဲ့ အလွယ်တကူဝယ်လို့ ရပါတယ်။ အရွယ်အစားသေးတော့ အလွယ်တကူ ဖွက်ထားလို့ သိမ်းထားလို့ရသလို နို့ဆီဘူးဖြစ်နေတော့ ငွေ ရှိမယ်လို့လဲ မထင်ကြတော့ သူက safety ပိုင်းတောင် သာနေပါသေးတယ်။ ဒါ့အပြင် သံ နဲ့လုပ်ထားတဲ့ ဘူး တွေဖြစ်တော့ စိတ်လဲ ချရ ခိုင်လဲ ခိုင်ခံ ပါသတဲ့။ ဒီဘူးလေးတွေကို အခြေခံလူတန်းစားတင်မက လူလတ်တန်းစား တွေကပါ ဝယ်ယူပြီး ငွေစုကြပါတယ်။ များသောအားဖြင့်တော့ ပမာဏ များများ မဟုတ်ပဲ သင့်တင့်တဲ့ ပမာဏ တစ်ခုကို စု ပြီးတစ်လုံးထဲ ပြန်သုံးဖို့ ရည်ရွယ်ကြပါတယ်တဲ့။ စုဗူး ဈေးကလဲ အရမ်းသက်သာ တာကြောင့် ဝယ်ကြပါတယ်။
ဒီနို့စိမ်း စုဗူး လေးတစ်ဘူး ကို ၂၀၀ ကျပ် နဲ့ရောင်းပါတယ်။ ဒါပေမယ့်မိတ်ဆွေက အိမ်မှာ နို့စိမ်း ဘူး ကိုလက်ဖက်ရည်ဖျော်ရာမှာ သုံးပြီးသုံးပြီးသား ဘူးခွံတွေကို ပြန်ရောင်းမယ်ဆိုရင်တော့ တစ်ဘူးကို မှ ၁၀ ကျပ် ပဲ ရမှာ ဖြစ်ပါတယ်။ ဒီတော့ ဒီ ၁၀ ကျပ်တန် သံဘူးခွံလေးဟာ နည်းနည်းပါး ပါး Value Added လေး လုပ် တစ်နည်းအားဖြင့် အပေါက်လေးဖောက် လိုက်တာ နဲ့ ငွေ ၂၀၀ ကျပ် အဖြစ် ဈေးကွက်ထဲရောက်သွားပါတော့တယ်။ အဆ ၂၀ တန်ဖိုး တက်သွား တဲ့ သဘောပါပဲ။ ဒါလေးကို လုပ်ပြီး ရောင်းဖို့ ကျွမ်းကျင်မှုတွေ လဲ များစွာ မလို သလို အရင်းအနှီးလဲ မလိုအပ်ပါဘူး။ ဒါဆိုရင် စီးပွားရေး တစ်ခုလုပ်ဖို့ ဘာတွေ များ လိုအပ်မှာပါလဲ။
ကျွန်တော့် Page ကိုလာမေးကြတဲ့ မေးခွန်းတွေ ထဲမှာ ဘာစီးပွားရေး လုပ်ရမလဲ ဘယ်လို စတင်ရမလဲ ဆိုတဲ့ မေးခွန်းဟာ လည်းအတော်လေး အမေးများကြပါတယ်။ အခုဒီစာကိုဖတ်နေတဲ့ မိတ်ဆွေ ကိုယ်တိုင်လဲ ကိုယ်ပိုင်စီးပွားရေး တစ်ခုခု လုပ်ဖို့ ရည်ရွယ်ထားရင် ဒီမေးခွန်းအဖြေကို စိတ်ဝင်စားပါလိမ့်မယ်။ ဒီတော့ အရင် အရင်ဆုံး စီးပွားရေး လုပ်ငန်းတစ်ခုဆိုတာကို အရင် ရှင်း ကြည့်ရအောင်။
ပထမ အဆင့်… ပြသနာ ရှာပါ။
တကယ်တော့ စီးပွားရေး လုပ်ငန်း တိုင်းဟာ သူတို့ Target ထားတဲ့ customer တွေ ရဲ့လိုအပ်ချက်တွေ လိုချင်မှုတွေကို ဖြည့်ဆည်းပေးဖို့ ရည်ရွယ်ကြပါတယ်။ ဒါ့အပြင် လူအများရဲ့ကြုံတွေ နေရတဲ့ အခက်အခဲ ပြသနာကို ဖြေရှင်း ပေးနိုင်တဲ့ Product or service တစ်ခုခု ပေးနိုင် တဲ့ လုပ်ငန်းကတော့ ပိုပြီး ဝင်ငွေ ကောင်းလေ့ရှိပါတယ်။
ဥပမာ ကားလိုင်စင် ရုံးတွေ မှာလို လူကိုယ်တိုင်မလုပ်နိုင်သူတွေကို လိုင်စင်လျှောက်ပေးတဲ့ ပွဲစား အကျိုးဆောင်တွေလိုပါပဲ။ ကိုယ်မလုပ်နိုင်တဲ့ အခက်အခဲကို ဖြေရှင်းပေးပါတယ်။ အိမ်တစ်လုံး ဝယ်ချင်တယ် ကိုယ်တိုင်မရှာနိုင်တဲ့ သူတွေ ရဲ့ပြသနာကို အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်း တွေက ဖြေရှင်းပေးပါတယ်။ အားလပ်ရက်. အိမ်မှာပျင်းနေတဲ့ သူများရဲ့ပြသနာကိုဖြေရှင်း ပေးဖို့ ဖျော်ဖြေရေး လုပ်ငန်းတွေက တာဝန်ယူပြန်ပါတယ်။ ဒီတော့ စီးပွားရေး လုပ်ငန်းတစ်ခု ရဲ့အစဟာ မိမိ ပတ်ဝန်းကျင်က သို့မဟုတ် မိမိရည်ရွယ်တဲ့ customer တွေ ရဲ့ပြသနာ အခက်အခဲကို ဖြေရှင်းပေးနိုင်တဲ့. Product or service တစ်ခုခု ဖန်တီးပေးခြင်းပဲ ဖြစ်ပါတယ်။
ဒီတော့ ဘာလုပ်ငန်း လုပ်ရမလဲ ဆိုရင် မိမိပတ်ဝန်းကျင်မှာ လူတွေ ကြုံတွေ နေတဲ့ အခက်အခဲကို ရှာဖွေပါ။ ပြီး ရင် ဘယ်လို ရှင်းပေးနိုင်မလဲကို စဉ်းစားပါ။ ဖြေရှင်းပေးရမယ့် အခက်အခဲက ပိုကြီးလေလေ ဝင်ငွေပိုရလေ ပါပဲ။ ဒါက သဘာဝ ပါ။

ဒုတိယအဆင့်… လိုအပ်တဲ့ ကျွမ်းကျင်မှု ဖြည့်ပါ။
လူတွေ ရဲ့အခက်အခဲ ပြသနာ တစ်ခုခုကိုရွေးချယ်ပြီးတဲ့နောက် ဒါကိုဖြေရှင်းဖို့ Product or service တစ်ခုခုဖန် တီး ဖို့လိုလာပါတယ်။ ဒီလို ဖန်တီးတဲ့ အခါ အဲဒိ ပြသနာကို အကောင်းဆုံး နဲ့အလွယ်ကူ ဆုံး ဖြေရှင်းနိုင်ဖို့အတွက် လုပ်နည်းတွေ၊ နည်းလမ်းတွေ ၊ ကျွမ်းကျင်မှုတွေ Skillတွေ လိုလာမှာဖြစ်ပါတယ်။
ဒီတော့ မိမိ မှာ အဲဒီ ကျွမ်းကျင်မှုတွေ ရှိသလား။ မရှိရင်ဖြည့်ဆည်းမလား။ အဲဒီ လို ကျွမ်းကျင်မှု ရှိသူတွေ နဲ့အတူ လုပ်ဖို့ ကြိုးစားမလား စတာတွေကို စတင်စဉ်းစားရပါတယ်။ ဒီနေရာမှာ သင့်မှာ အဲဒီ ကျွမ်းကျင်မှု ဘယ်လောက် ပမာဏ ရှိနေသလဲ ဆိုတဲ့အပေါ် မူတည်ပြီး လုပ်ငန်းစ ဖို့ လွယ်တယ် ခက်တယ် ဆိုတာ ကွဲပြားသွားပါတယ်။ ဥပမာ ရပ်ကွက်မှာ ကွမ်းယာဆိုင်မရှိလို့ ကိုယ်က စဖွင့်မယ်ဆိုပါစို့။ ဒါဆိုရင် ကွမ်းယာ ဆိုင်ဖွင့်ဖို့ဘာကျွမ်းကျင်မှုတွေ လိုသလဲ စဉ်းစား ဖို့ လိုလာပါပြီ။ customer ကြိုက်တဲ့ quality ရှိတဲ့ ကွမ်းရွက် ကောင်းကောင်း၊ ထုံး နဲ့ လိုအပ်တဲ့ ထည့်ရမယ့်ဆေး တွေကို ဘယ်က ဝယ်ရမလဲ ၊ ဈေးမှန်တဲ့ နေရာ၊ စတာတွေ အပြင် နောက် ဆုံး ကွမ်းဘယ်လို ယာမလဲ ဆိုတဲ့ ကျွမ်းကျင်မှုတွေ လိုလာပါတယ်။
တတိယ Network လဲ လိုအပ်ပါတယ်။
Network ဆိုတာက ကတော့ အသိအကျွမ်း အဆက်အသွယ် စသဖြင့် အမျိုးမျိုး ဆိုနိုင်ပါတယ်။ မိမိ စတင့်မယ့် လုပ်ငန်း level အလိုက် လိုအပ်တဲ့ connection တွေ network တွေ နဲ့Relationship တည်ဆောက်ထားနိုင်မယ် ဆိုကာ မှ လုပ်ငန်းတစ်ခု ဟာ ကောင်းကောင် းအောင် မြင်နိုင်ပါတယ်။ ဒီတော့လုပ်ငန်း မစခင် ကထဲက မိမိမှာ Network ရှိနေဖို့ လိုပါတယ်။
ကျွန်တော့် ရဲ့အသိတစ်ယောက်ဟာ အထည် ချုပ်တဲ့ ပင်ရင်းကြီးနဲ့network ရှိတဲ့ အတွက် အထည် ဆိုင်ဖွင့်တဲ့အခါ ငွေ ရင်းစရာမလိုပဲ အထည်တွေကို အကြွေးနဲ့ ယူရောင်းလို့ရတဲ့ အပြင် ရောင်းမစွံ အထည်တွေကို လဲ ပြန်လဲ နိုင်ပါသေးတယ်။
ပြဿနာ ရယ်၊ ကျွမ်းကျင်မှုရယ်၊ Network ရယ် ၊ ငွေအရင်းအနှီးရယ်
လုပ်ငန်း စတင်ဖို့ဒီလေးခုက အချိုးအစား ညီညီ အဓိက လိုအပ်ပါတယ်။ ဒီနေရာမှာ လေးခုထဲက တစ်ခုခု အရမ်းအားကောင်း နေရင်လဲ ကျန်တာတွေကို လျော့ချနိုင်ပါတယ်။ ဒါပေမယ့် ဒီလေးခု အပြင် မှာ Price ဆိုတဲ့ ဈေးနှုန်း က လဲ သင့်တင့်လျောက်ပတ်တဲ့ နှုန်းထား မှာ ရှိနေဖို့တော့လို ပါတယ်။
ဥပမာ အထက်က အထည် ရောင်းတဲ့ သူငယ်ချင်းဟာ Network ကောင်း လွန်းတဲ့အတွက် ငွေအရင်းအနှီးဆိုတဲ့ အချက်ကို လျော့ချ လိုက်နိုင်ပါတယ်။
ပြဿနာ က အရမ်းကြီးနေတယ် … ခက်ခဲနေတယ်ဆိုရင်လဲ ကျန်တဲ့အချက်တွေ အားနည်းပေမယ့် လုပ်ငန်း ကအောင်မြင်နိုင်ပါတယ်။ ဥပမာ ကိုဗစ်ကာလ မှာအားလုံးက အပြင်မထွက်ရတော့ စားစရာတို့ လူသုံးပစ္စည်း တို့ ဝယ်ဖို့အခက်အခဲ ကြီးကြီးမားမား ဖြစ်လာပါတယ်။ ဒီကြီးမား လာတဲ့ အခက်အခဲနဲ့ အတူ Delivery Service နဲ့Online Shop ပေါင်းများစွာ ပေါ်ပေါက်လာတာကို လက်တွေ့တွေ့မြင်ရပါလိမ့်မယ်။
နောက်တစ်ခါ ပြသနာ ကတော့ သိပ်ပြီးတော့ ကြီးတာမျိုးတော့ မဟုတ်ဘူး။ customer တွေ ကကိုယ်တိုင်လဲ လုပ်လို့ရတယ် ဆိုပါစို့။ ဒါပေမယ့် ကိုယ့် မှာ ကျွမ်းကျင်မှု က အများကြီး ရှိနေပြီး အဲဒီအလုပ်ကို အခြား သူ က ၁နာရီ လုပ်နေရရင် ကိုယ်က ၁၅ မိနစ်နဲ့ ပြီးအောင် လုပ်ပေးနိုင် တယ် ဆိုရင် လဲ အဲဒါကိုလိုချင်တဲ့ သူက ကိုယ်ကို ငွေပေးဖို့ဝန်လေးမှာ မဟုတ်ပါဘူး။ ဒါမှ မဟုတ် အချိန်ချင်းတူ ရင် ကိုယ်က ပိုပြီး ကောင်းအောင် လုပ်နိုင်မယ် ဆိုတာမျိုးပေါ့။ ဥပမာ အိမ်မှာ မီးလုံးဆင် တာ မီးကြိုးရိုက်တာ ကို အိမ် က ယောက်ျားလေးတွေ လုပ်တတ်နိုင်ပါတယ် ။ဒါပေမယ့် ကိုယ်က အချိန်ခဏလေးနဲ့ Safety ဖြစ်အောင် လုပ်ပေးနိုင်တယ် ဆိုရင် ကိုယ့် ကိုအလုပ် အပ် မှာ ပါပဲ။
ဖြေရှင်းရမယ့် ပြသနာ က တော့ ပုံမှန်ပဲ ကိုယ့် ရဲ့ဒါကို ဖြေရှင်းပေးနိုင်မယ့် ကျွမ်းကျင်မှု ကလည်း ပုံမှန် ပဲ။ ဒါပေမယ့် ကိုယ့်မှာ Network ကောင်းကောင်း ရှိနေမယ် ဆိုရင် အဲဒီ အဆက်အသွယ် နဲ့ ကိုယ့်ကိုပဲ အလုပ်အပ် ကြ ကာ လုပ်ငန်းဆောင်ရွက်နိုင်ပါတယ်။
ဒါကြောင့် မိမိ မှာ အထက်က အချက်တွေ အနက် ဘယ် အချက်တွေ မှာ အားသာချက် ရှိတယ် ဘယ်အချက်ကိုတော့ အသုံးချမယ် ဆိုတာမျိုးကိုစဉ်းစားဖို့ လိုအပ်ပါတယ်.
နောက်ဆုံး တစ်ခုကတော့ ဈေးနှုန်းပါပဲ။
အပေါ်ဆုံးက ပြောခဲ့တဲ့ ၁၀ တန်နို့စိမ်းဘူးကို ကိုယ်တိုင် သန့် ရှင်းရေးလုပ် အပေါက်ဖောက် ပြီး စုဘူး အနေနဲ့သုံး ရင်ရော မရဘူးလား။ ရပါတယ်။ ဒါပေမယ့် အဲဒီလိုလုပ်ဖို့ နို့စိမ်းဘူး တစ်ဘူး ဝယ်သုံးရမယ် ဒါမှမဟုတ် ဘူးခွံရောင်းတဲ့ ဆီကနေ ပြန်ဝယ် ရပါဦးမယ်။ ပြီးရင် သန့်ရှင်းရေး လုပ်ရမယ်။ ပိုက်ဆံထည့်ဖို့ အပေါက်ဖောက်ရမယ်။ ဒါတွေက အချိန်ကုန်ငွေကုန် အားထုတ် မှုတွေ ပါပဲ။
ဒီတော့ ဒီလုပ်ပြီး သားလေးကိုဝယ်လိုက်ရင် ငွေ ၂၀၀ ပဲပေးရပါတယ်။ ဒီတော့ ကိုယ်တိုင်လုပ် လို့တော့ရမယ် ဒါပေမယ့် ပေးရတဲ့ ဈေးက အဲဒါတွေကို သက်သာပြီး အတော်လေးတန်နေတယ် ဆိုရင်လဲ customer က ကိုယ့်လုပ်ငန်းကိုငွေပေးဖို့ဝန်လေးမှာ မဟုတ်ပါဘူး။ ဒါကြောင့် အထက် ကနို့စိမ်း ဘူး ဟောင်း စုဗူး လေးတွေ ရောင်း အားရှိနေတာပါပဲ။
ကဲ…ဒီလောက်ဆိုရင်တော့ ကိုယ်ပိုင် စီးပွားရေး တစ်ခု စတင်ဖို့ လုပ်ဆောင်နိုင်လောက်ပြီ ထင်ပါရဲ့။ ဒီတော့ …
လူတွေ ရဲ့အခက်အခက် ပြသနာတွေကို မြင်အောင်ကြည့်.. ရှင်းနိုင်မယ့် နည်းလမ်းရှာ..
ဒါမှမဟုတ်.
သူတကာထက်သာ တဲ့ အဆင့်မြင့်ကျွမ်းကျင်မှု တစ်ခုခု ရှိအောင်လုပ်.
ဒါမှမဟုတ်.
Network ကောင်းကောင်း တစ်ခု ရအောင်လုပ် ပြီး ချိတ်ဆက်ဆောင်ရွက်
ဒါမှမဟုတ်.
ငွေ အရင်းအနှီး ကောင်းကောင်း နဲ့ လိုအပ်တာတွေ ဖန်တီးဝယ်ယူ ငှားရမ်းပြီး လုပ်ငန်းစ .
ဒါပါပဲ…
ဒါဆို… နို့စိမ်းဘူး အဟောင်း ၁၀ တန်ကို တောင် စုဗူး အနေနဲ့ ဈေးကွက် ကို တင်ပို့ပြီးစီးပွား ရေး လုပ်ကြတဲ့ အချိန်မှာ .. လုပ်ငန်းတစ်ခု စတင် ဖို့ သိပ်ကို ခက်ခဲ တယ်လို့မြင်နေတုန်းပဲလား..ဟုတ်ကဲ့ ..အထက်က အချက်တွေ တစ်ခုမှ မရှိရင်တော့ ခက်ခဲနေဦးမှာပါပဲ။
လုံလောက်တဲ့ အသိပညာဟာ ပြင်းထန်တဲ့ အခက်အခဲတွေ ကိုလွယ်ကူစွာကျော် ဖြတ်စေနိုင်ပါတယ်။
Kaung Hein Soe – Strategic
Business Consultant

Photos from EnzyMix's post 24/09/2022

to create “The entrance”@ a New World of service 🌎 * Grow Organic’
ကမ္ဘာသစ်တစ်ခု ရဲ့ အသုံးတော်ခံများ @ ဝင်ပေါက်တစ်ခု ဖန်ဆင်းရန်။

Photos from EnzyMix's post 24/09/2022

Picking up @ acquiring new knowledge from down to earth:)

https://youtu.be/oKzwgJMy0sQ

23/09/2019

crimson cranberries hot tea.
@ Enzy talk.

Want your business to be the top-listed Business in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address

Sanchaung
Yangon
11111