Burmese Red Devils

Burmese Red Devils

Share

01/03/2026

Line-up ရပါပြီ။
Sesko ပွဲထွက်လာပါပြီ။

12/02/2026

ပုံမှန်ဆို အသင်းမကောင်းရင် ကစားသမားတွေပါလိုက်ညံ့တတ်ကြတာပါ။ ဒါပေမဲ့ ယူနိုက်တက် အသင်း ရုန်းကန်နေရချိန်မှာတောင် Bruno က အမြဲတမ်း ထူးခြားကောင်းမွန် ပြီး အသင်းကို ဆွဲတင်နေခဲ့တာ ဒါက ရှားပါးတဲ့ အရည်အချင်းပါ။"

"အသင်းအခြေအနေဆိုးနေချိန်မှာ ခြေစွမ်းပြနိုင်ဖို့ဆိုတာ တကယ့် ထူးခြားတဲ့Character ရှိမှ ရတာပါ။ သူက နှစ်ပေါင်းများစွာ သက်သေပြခဲ့ပါတယ်။" "အခု သူ့ရဲ့ Natural Role (ကွင်းလယ်တိုက်စစ်) နေရာစစ်စစ်မှာ ကစားရတော့ သူ့ခြေစွမ်းက အစစ်အမှန်ကို ပြန်လည်မြင်တွေ့ရပြီးအခုတွေ့မြင်နေတဲ့ ဘရူနို ရဲ့ Vision, Passing, Goals အရာအားလုံး ပြည့်စုံလွန်းပါတယ်၊ ရိုးရိုးလေး ပြောရရင်တော့ တကယ်ကို ပါရမီပါတဲ့ ကစားသမားပါပဲ။ " ဆိုပြီး မိုက်ကယ်အိုဝင် က အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ် နဲ့ပတ်သတ်ပြီး ချီးကျူးပြောဆိုထားပါတယ်။

11/02/2026

မန်ချက်စတာ ယူနိုက်တက်ရဲ့ နိုင်ပွဲဆက်မှတ်တမ်းဟာ ၄ ပွဲနဲ့ပဲ ရပ်တန့်ခဲ့ရပါတယ်။ ကာရစ်ရဲ့ နည်းပြဘဝ အစဦးပိုင်းမှာ ရလဒ်တွေ ကောင်းခဲ့ပေမဲ့ ဝက်စ်ဟမ်းနဲ့ပွဲမှာတော့ အားလုံးမျှော်လင့်ထားသလို ဖြစ်မလာခဲ့ပါဘူး။

ရာသီကုန်ဖို့ ၁၂ ပွဲ ကျန်သေးတယ်ဆိုပေမဲ့ ၅ ပွဲဆက်နိုင်ဖို့ဆိုတာ အတော်လေး ရုန်းကန်ရမယ့် အနေအထားပါ။ ဖရန့်ခ် အီလက်ခ်တစ်ယောက် ဒီရာသီမှာ ဆံပင်ညှပ်ခွင့်ရဦးမလားဆိုတာကတော့ ရင်ခုန်စရာပါပဲ။

10/02/2026

Transfer News 🚨🔴

မန်ချက်စတာယူနိုက်တက် ရဲ့နွေရာသီ အပြောင်းအရွေ့ဈေးကွက် ကွင်းလယ်ပစ်မှတ်စာရင်းထဲမှာ နယူးကာဆယ်ကွင်းလယ်လူ တိုနာလီ ပါဝင်နေပြီး ပြောင်းရွှေ့ကြေး ပေါင် သန်း 100 လောက်ကုန်ကျနိုင်ပါတယ် 👀

[RichFay]

10/02/2026

မန်ချက်စတာယူနိုက်တက်နောက်ခံလူ ဟယ်ရီမက်ဂွိုင်းယားက နည်းပြဟောင်း အိုလေဂန်းနားဆိုးရှားလက်ထက်ကတည်းက မိုက်ကယ်ကားရစ် ရဲ့ နည်းစနစ်ပိုင်း ကျွမ်းကျင်မှုကို သတိထားမိခဲ့ကြောင်း ပြောကြားထားပါတယ်။

ဟယ်ရီ က "အိုလေဂန်းနားဆိုးရှား လက်ထက်မှာ အတူတူ လက်တွဲလုပ်ကိုင်ဖူးတာကြောင့် ကားရစ်အကြောင်းကို ကျွန်တော် ကောင်းကောင်း သိနေပြီးသားပါ၊ အဲဒီတုန်းက အဝတ်လဲခန်းထဲမှာ သူစကားပြောရင် တကယ်ကို ကောင်းမွန်ပါတယ်။ အစည်းအဝေး တော်တော်များများကို သူပဲ ဦးဆောင်ပြီး လုပ်ခဲ့တာပါ။ နည်းစနစ်ပိုင်း အရ ကြည့်ရင်လည်း သူ့မှာ အံ့အားသင့်စရာကောင်းတဲ့ ဘောလုံးဦးနှောက် ရှိပါတယ်။"

"အိုလေလက်ထက်မှာ နည်းစနစ်ပိုင်းတွေကို သူတာဝန်ယူ ကိုင်တွယ်ခဲ့စဉ်ကတည်းက... တကယ်လို့ သူသာ အောင်မြင်တဲ့ နည်းပြတစ်ယောက် ဖြစ်ချင်တယ်ဆိုရင် သေချာပေါက် ဖြစ်လာနိုင်တယ်ဆိုတာ ခင်ဗျားတို့ ပြောနိုင်ခဲ့ကြမှာပါ။"

Want your business to be the top-listed Gym/sports Facility in Yangon?
Click here to claim your Sponsored Listing.

Telephone

Address

Yangon
Yangon