Aye Lay - Marathon
23/05/2026
ဝမ်းသာစရာ သတင်းလေးတခုပြောပါရစေ ခင်ဗျာ
ဆရာမ Aye Lay ရဲ့ Free Class Running Club လေးကို မနက်ဖြန် ၂၄.၅.၂၀၂၆ (တနဂ်နွေနေ့) တရက်ပိတ်မှာဖြစ်ပါတယ် ခင်ဗျာ🙏🙏🙏
#နောက်အပတ်တွေမှာ မိုးရွာရွာနေပူပူ Runners တို့အားလုံးနဲ့ အတူရှိနေပါမယ်နော်
#ကျနော် Alaingni Dualthalon ပြိုင်ပွဲမှာ Volunteer တယောက်အနေနဲ့ ပါဝင်အားဖြည့်ထားပါတယ် ခင်ဗျာ
အားလုံးကို ချစ်တဲ့ ဆရာမ Aye Lay
22/05/2026
ကျနော့် တပည့် တယောက်ရေးတဲ့ မအေးလေး ချီးမွမ်းခန်းလား ၊ စိတ်ညစ်ခန်းလား မသိတော့ဘူး။
ဖတ်ပြီး သင်တန်းသားတွေသနားလာလို့ ပြန် မျှဝေလိုက်ပါတယ်။ 😁😁
# # # # # # # # #
ငယ်ငယ်က ဘကြီးဘုန်းကြီး ရဲ့ လက်စွဲတော် ဆေးတဖုံရှိတယ်။
ကျားခေါင်း ဆိုတဲ့ တိုင်းရင်းဆေး။ ခေါင်းကိုက်လဲ ကျားခေါင်း ၊ နှာစေးလဲ ကျားခေါင်း၊ ကိုယ်ပူလဲကျားခေါင်း ။ ဘာနေနေ ကျားခေါင်း သောက်လိုက် ပဲ။ 😂
ခု မမြင့်မြင့်အေး လဲ အဲလိုပဲ။
နှာစေးနေလို့ ဆိုလဲ လာပြေး လှည့်၊ ဒူးနာလဲ ဖြည်းဖြည်းပြေး တဲ့၊ မပြေးနိုင်လို့ ဆိုလဲ ပြေးလိုက် တဲ့ ပြေးနိုင်သွားမယ်တဲ့။
ပြေးနေရင်း အန်ချင်တယ်ဆိုလဲ အန်ချ လိုက် တဲ့။
ပြေးနေရင်း ခြေထောက်နာလို့ ဆိုလဲ နာပါစေ တဲ့။ အရမ်းမောနေပြီ ဆိုတော့ ကလိမ်ကကျစ် တဲ့။
သူ အသက်ရှူသံ နားထောင်နေတာ အလကားမဟုတ်ဘူးတဲ့။
အဲဒါနဲ့ အရမ်းမောချင်ယောင်ဆောင်လိုက်တာ ဟန်ဆောင်ရင် ပိုမောတယ်နော် တဲ့ 😆😆😆😆
မှာသေးတယ် ဘဝ မှာ ဘာပဲ ကြုံကြုံ ပြေး ပါ တဲ့ … အကုန် သက်သာ သွားလိမ့်မယ်တဲ့။ 😝😝
ကျေးဇူး ဆရာမ Aye Lay - Marathon Aye Lay
😆😆😆
17/05/2026
တနေ့တာလုံးမှာ မနက်ခင်းကို အနိုင်ရဖို့ အရေးကြီးဆုံးလို့ ကျနော်ထင်ပါတယ်။
ဘာအကြောင်းပြချက်မှမလို အစ ပြုဖို့ ပဲလိုတာပါ။
ကျွန်တော်တို့ ဒီနေ့ တနေ့ကို အောင်အောင်မြင်မြင် “စ” နိုင်ခဲ့ပါတယ်။
ဒီနေ့ ကျနော့ Free Class ကို လာ Join ခဲ့ကြတဲ့ ဝါသနာရှင် အပြေးအားကစားသမားများကို ကျေးဇူး တင်ပါတယ်။
မာရသွန် မအေးလေး
16/05/2026
ပြေးရင်းပျော် ပျော်ရင်းပြေးရအောင်
မိုးရွာရွာနေပူပူ ဆရာမ Aye Lay ကတော့ Runners အားလုံးနဲ့ တူတူရှိမယ်နော်
မနက်ဖြန် တနဂ်နွေနေ့မှာပုံမှန် Running Training လေးကို ပျော်ပျော်ပါးပါး join လိုက်ကြရအောင်နော်။
မည်သူမဆို (အခမဲ့ )Join နိုင်ပါတယ်ခင်ဗျာ ။
အချိန် - မနက် ၅:၃၀ အရောက်ပါခင်ဗျာ ၆:၀၀ စပါမယ်
နေရာ - အင်းယားကန် ဘူးသီးကြော်ဆိုင်ကားပါကင်မှာ ၅:၃၀ မှာ လူစုပါမယ် ခင်ဗျာ
ပိုမိုထိရောက်တဲ့ Training တွေနဲ့ ပျော်ပျော်ပါးပါးတွေ့ကြရအောင်နော်
မာရသွန်အေးလေး
09680234160
Running Club
14/05/2026
💪💪💪ဘဝမှာပျော်ရွှင်နေဖို့ဆိုရင်-မိသားစုနဲ့ပတ်သတ်လာပြီဆိုရင် - အရင်ဦးဆုံးကျန်းမာနေဖို့ကအရေးကြီးပါတယ်ခင်ဗျာ - ကျတော်ဆိုရင် (အသက် 43 ) နှစ်ရှိပါပြီခင်ဗျာ သားသမီး (4ယောက်မိခင်) တစ်ဦးပါ ပြောချင်တာက မိသားစုကျန်းမာရေးအရ မအားပေမဲ့လဲ အလုပ်တဖက်ကြားက လေ့ကျင့်ခန်းလေးတွေလုပ်စေချင်တာပါ သားသမီးလေးတွေကျန်းမာနေတာအပြင် ဖေဖေ-မေမေတို့လဲကျန်းမာနေဖို့လိုပါတယ် မလုပ်နိုင်ဘူးဆိုတာထက် -လေ့ကျင့်ခန်းကိုလုပ်ဖြစ်အောင်အရင်ကြိုးစားကြည့်ပါ အားလုံးသော ဖေဖေ-မေမေတို့ကိုရည်ညွှန်းရင်း ကြိုးစားကြည့်ပါလို့တိုက်တွန်းလျှက်
ချစ်တဲ့
Marathon Aye Lay 🥰🥰🥰
12/05/2026
အားလုံးသောချစ်ရသူများခင်ဗျာ ရာသီဥတုအပြောင်းလဲလေးတွေကြောင့် နေမကောင်းဖြစ်ကြမယ်နော် အားလုံးဂရုစိုက်ကြပါ ကျန်းမာရေး ကောင်းမှအဆင်ပြေမှာမို့ မိသားစုအားလုံးနေကောင်းမှပျော်ရွှင်ရမှာပါ စိတ်မညစ်စေရဖို့သားသား -မီးမီး လေးတွေကိုလဲဂရုစိုက်ဖို့မမေ့ကြပါနဲ့နော်
အားလုံးကိုချစ်တဲ့ Marathon Aye Lay🥰🥰🥰
မနေ့ညက YHNR ညအပြေးပွဲကြီးမှာ Top4 နဲ့ ပန်းဝင် ခဲ့ပါတယ်။
မျိုးဆက်သစ် တွေ နဲ့ အတူ အပြေးအားကစားကို ကျနော် ဆက်လက် လက်ဆင့်ကမ်းပါဦးမည်။
ထုံးစံအတိုင်း အားပေးသူ၊ ပံ့ပိုးသူ၊ Organizer လုပ်သူများကိုကျေးဇူးအထူးတင်ရှိတဲ့အပြင် ရန်ကုန်မြို့မှာ မနေ့က ကားကြပ် ကားမရလို့ အိမ်ပြန်နောက်ကျသူတွေကိုပါ အားနာ တောင်းပန်ပါတယ်။
အားလုံး ကျန်းမာကြပါစေ။
မာရသွန်မအေးလေး
ကျနော် နဲ့ အတူတူ ဒီနေ့ ဆုယူခဲ့တဲ့ ကျနော့် တပည့် ကလေး လေး တယောက်ရှိပါတယ်။
မတူတာက သူက ထိုင်းမှာလုပ်တဲ့ FOBISIA 2026, British International School ကျောင်းပေါင်းစုံ မှာ ဆုယူခဲ့တာပါ။
60Meter -200 Meter - Relay အားလုံးမှာ 2nd place ချိတ်တာဖြစ်ပါတယ်။
၂ လ Training မှာ မိဘ ပံ့ပိုးမှုအားကောင်းခဲ့သလို ကလေးရဲ့ ကြိုးစားမှုနဲ့ အတူ Training Plan တွေကို မခိုမကပ် လိုက်နိုင်တဲ့ ရလဒ်ပါပဲ။
ကျနော်ဆုရတာထက် ပိုပျော်ရပါတယ်ခင်ဗျာ။ congratulations Grace!!!
You did it and you deserved this..❤️❤️
မာရသွန် မအေးလေး
02/05/2026
Another 1st today…
3:21:40 hr နဲ့ Cherry Trail 36.5 KM မှာ 1st Place နဲ့ ပန်းဝင်ခဲ့ပါတယ်။
အားပေးသူ၊ organize လုပ်သူ၊ အစစ ကူညီစောင်မပေးသူ အားလုံး ကျေးဇူး တင်ပါတယ်။
မာရသွန် မအေးလေး
30/04/2026
ဝမ်းသာစရာ သတင်းလေးတခုပြောပါရစေ ခင်ဗျာ
ဆရာမ Aye Lay ရဲ့ Running Club လေးကို မနက်ဖြန် ၁.၅.၂၀၂၆ (သောကြာနေ့) မှ စပြီး ၃.၅.၂၀၂၆ (တနဂ်နွေနေ့) အထိ (၃)ရက်တိတိပိတ်မှာဖြစ်ပါတယ်
Class က သင်တန်းသားများကတော့ မနားရပါဘူးနော်
#ပေးထားတဲ့ အိမ်စာတွေလုပ်ပြီး Assignment ထပ်ရမှာပါ
#ကျနော် Cherry Trail မှာ ချယ်ရီတွေနဲ့အတူရှိနေမယ်နော်
အားလုံးကို ချစ်တဲ့ ဆရာမ Aye Lay
Click here to claim your Sponsored Listing.
Category
Website
Address
111104