Witt Hmone

Witt Hmone

Share

28/04/2026

သင်္ဘောသားတစ်ယောက်ရဲ့ ဇနီးမယားဖြစ်ရတာလဲ မလွယ်ဘူးနော် ....။
အနေဝေးတဲ့ဒဏ် လွမ်းရတဲ့ဒဏ်တွေ အပြင် အိမ်မှာဖြစ်နေတဲ့ ပြဿနာ ကိစ္စအဝဝကို အိမ်ထောင်ဦးစီးဖြစ်တဲ့ သူတို့တွေ မရှိတဲ့ အချိန်ဆို ခါးစည်းခံရတာ။
အဆင်မပြေတာရှိရင်လဲ မပြောပြချင်တော့ဘူး
သူသင်္ဘောပေါ်မှာ အဆင်မှ ပြေပါ့မလား အလုပ်တွေ ပင်ပန်းနေလား အထက်အရာရှိ ဆူတာပဲ ခံနေရသေးလား အမျိူးမျိူးတွေးပြီး မိသားစုရဲ့ အဆင်မပြေချင်း များစွာကို ပြောပြဖို့ နှုတ်ဆိတ်လာတယ်။
ကိုယ်နေမကောင်းဖြစ်မှာထက် သူသင်္ဘောပေါ်မှာ ကျန်းမာဖို့ ၊ မတော်တဆ အသေးအမွှားလေးဖြစ်မှာတောင် စိတ်ပူရ ဆုတောင်းလိုက်ရတာ အမော။
လိုင်းရလို့ ဖုန်းလေးပြောရရင် ပင်ပန်းလိုက်တာ အိပ်ရေးမဝဘူးပြောရင် ပြန်လာစေချင်မိတာ အမှန်။
နောက်ပြီး သင်္ဘောသားချစ်သူ/ ဇနီးတွေဆို အထင်သေးချင်တဲ့ သူတွေကြောင့်ရယ် ကိုယ့်ယောကျာ်း Onboard ရောက်ပြီဆို အနေအထိုင် အဝတ်အစားကအစ သူများပြောစရာမရှိအောင်နေရတယ်။ သစ္စာရှိရှိနေရတယ်။
ကိုယ်ဝန်ဆောင်ချိန်ရော မီးဖွားချိန်ရော အနားမှာ မရှိပေးနိုင်တဲ့အတွက် တော်တော်လေးကို စိတ်အားတင်းထားကြရတာ၊ ဖြစ်နိုင်ရင် သင်္ဘောမလိုက်စေချင်တော့ဘူး၊ ရှိတာလေးနဲ့ ဒိုးတူပေါင်ဖက် စီးပွားရေးလေးတစ်ခု အတူတူလုပ်ချင်မိပါတယ်။
ပင်ပင်ပန်းပန်း ရှာဖွေရတဲ့ လစာလေးတွေ မဖြုန်းရက်ပဲ စုထားမယ် ၊ အရမ်းပင်ပန်းလို့ မလုပ်နိုင်ရင် အချိန်မရွေး ပြန်လာခဲ့လို့ပဲ ပြောချင်တယ်။
သင်္ဘောပေါ်မှာ နေကောင်းကျန်းမာဖို့နဲ့ အန္တာရယ် ကင်းဖို့ပဲ မျှော်လင့်ပါတယ် .... 💌

ကူးယူဖော်ပြခွင့်မပြု။ လွတ်လပ်စွာ Share နိုင်ပါသည်။

Witt Hmone Phoo Lwin

Want your public figure to be the top-listed Public Figure in Yangon?
Click here to claim your Sponsored Listing.

Website

Address

Yangon