Little Sunshine
07/06/2026
မင်္ဂလာပါ 🔆🔆🔆
📚Little Sunshine ရဲ့ Pop Up Store လေးကို
📍Junction Square ရဲ့Promotion Area မှာ
ဖွင့်လှစ်ထားပါတယ်။
📚English Book မျိုးစုံကို အပြင်မှာ ကိုယ်တိုင် စိတ်ကြိုက် ရွေးချယ် နိုင်ဖို့ ဖိတ်ခေါ်ပါတယ်နော်။
🌦️ June 7 ကနေ 12 ရက်နေ့ထိ (6) ရက်တိုင်တိုင် ရှိနေပါမယ်နော်။
See You Book Lovers 😍📚
06/06/2026
🦴 ရှေးနှစ်ပေါင်းများစွာက ကျောက်ခေတ်လူသားတွေရဲ့ တစ်နေ့တာက ဘယ်လိုမျိုးဖြစ်မလဲ?
🚀 အာကာသထဲမှာ နေထိုင်တဲ့ Astronaut (အာကာသယာဉ်မှူး) တွေကကော တစ်နေ့တာကို ဘယ်လို ဖြတ်သန်းကြသလဲ?
🌳 တောနက်ထဲက တိရစ္ဆာန်တွေ ရှင်သန်နိုင်ဖို့ အပင်တွေက ဘယ်လိုတောင် ကူညီပေးနေလဲ?
🔆ဒီလို စိတ်ဝင်စားစရာ ကောင်းလှတဲ့ ကမ္ဘာဦးခေတ်၊ သဘာဝပတ်ဝန်းကျင်နဲ့ သိပ္ပံပညာရပ်ဆိုင်ရာ မေးခွန်းတွေကို ကလေးတို့ စူးစမ်းနိုင်ဖို့အတွက် Usborne ရဲ့ "24 Hours Series" စာအုပ်လေးတွေကို ညွှန်းပေးပါရစေ။
✨ဒီစီးရီးဟာ Usborne ရဲ့ အကြိုက်အများဆုံးနဲ့ ရောင်းအကောင်းဆုံး စာအုပ်တွေထဲက တစ်ခုဖြစ်ပြီး အသက် (၇) နှစ်အရွယ်ကစလို့ သားသားမီးမီးတို့ ဖတ်ရှုနိုင်ပါတယ်။
✨ ဒီစာအုပ်လေးတွေရဲ့ အားသာချက်ကတော့ ပျင်းစရာကောင်းတဲ့ စာတွေချည်းပဲ မဟုတ်ဘဲ ကလေးတွေကို ဆွဲဆောင်နိုင်မယ့် ရုပ်ပုံလှလှလေးတွေ၊ ကာတွန်းပုံစံမျိုးနဲ့ တင်ပြထားပါတယ်။
ဗဟုသုတအချက်အလက် (Knowledge) တွေကို စာအုပ်ကြီးအတိုင်း မဟုတ်ဘဲ ဇာတ်လမ်းတစ်ပုဒ်ကို ဖတ်နေရသလိုမျိုး စိတ်ဝင်စားဖို့ကောင်းအောင် ရေးသားထားလို့ စာဖတ်ရတာကို နှစ်သက်သွားစေမှာပါ။
🌳သဘာဝပတ်ဝန်းကျင်နဲ့ သိပ္ပံပညာရပ်တွေကို ကလေးတို့ အလွယ်တကူ သဘောပေါက် နားလည်စေမှာမို့ Bookshelf တိုင်းမှာ မရှိမဖြစ် ဆောင်ထားသင့်တဲ့ စာအုပ်ကောင်းလေးတွေပဲ ဖြစ်ပါတယ်။
📚 ရရှိနိုင်မယ့် Title (၆) အုပ်ကတော့...
🔸24 Hours in the Jungle
🔸24 Hours in Antarctica
🔸24 Hours in the Stone Age
🔸24 Hours under the Ocean
🔸24 Hours in Space
🔸24 Hours in a Zoo
▪️Format- Hardcover
▪️Pages 64
▪️Size: 7.7 x 10.2 Inches
▪️Recommended Ages: 7- 9 Yr
🛒 မှာယူချင်တယ်ဆိုရင်တော့...
(၆) အုပ်တွဲလိုက်ဖြစ်စေ၊ မိမိနှစ်သက်ရာကို (၁) အုပ်ချင်းစီဖြစ်စေ Little Sunshine မှာ In-stock အဆင်သင့် မှာယူနိုင်ပါပြီနော်။
05/06/2026
🎉 အသက် ၂ နှစ်မှ ၄ နှစ် ကလေးငယ်လေးတွေရဲ့ ဉာဏ်ရည်ဖွံ့ဖြိုးမှုကို ပျော်ရွှင်စရာကစားနည်းလေးတွေနဲ့ မြှင့်တင်ပေးမယ့် Play Smart Series! 🎉
📚 Can You Find It?
🔍 ပုံတူရှာတာ၊ ကွဲလွဲချက်လေးတွေကို လိုက်ရှာရတဲ့ ကစားနည်း စတဲ့ Beginner level seek and find လေးတွေကို ကလေးနဲ့မေမေတူတူလုပ်လို့ရလို့ ကလေးတွေရဲ့ အာရုံစူးစိုက်မှု၊ အကဲခတ်နိုင်စွမ်းနဲ့ ပြဿနာဖြေရှင်းနိုင်စွမ်း (Problem-Solving & Reasoning Skills) တွေကို သိသိသာသာ တိုးတက်စေပါတယ်။
📚 Can You Solve It?
🧩 ပျော်စရာကောင်းတဲ့ ဝင်္ကပါ (Mazes) လမ်းကြောင်းရှာ ကစားနည်းလေးတွေက ကလေးတွေရဲ့ လက်ချောင်းကြွက်သားလေးတွေ သန်စွမ်းစေတဲ့အပြင် Logic Thinking၊ Problem-Solving Skills များကို တိုးတက်စေမှာပါ။
✨ စာအုပ်တစ်အုပ်ချင်းစီတွင်
✔ ပျော်စရာ Activity များ level အလိုက်ပါရှိခြင်း
✔️၁ အုပ်ချင်းစီမှာ စာရွက်ရေ 47 ရွက်
✔ Reward Stickers 60 ခု
✔ Completion Certificate
✔ မေမေတို့အတွက်Real-World Play Ideas များ ပါဝင်ပါတယ်
💜 ကစားရင်း ပျော်ပျော်ရွှင်ရွှင်သင်ယူနိုင်တဲ့စာအုပ်အတွဲလေးမို့ ညွှန်းပေးချင်ပါတယ်။
Click here to claim your Sponsored Listing.
Category
Telephone
Address
Yangon