Consumer Protection and Empowerment Community - CPEC
02/04/2026
Consumer Protection and Empowerment Community CPEC အဖွဲ့အစည်းအနေဖြင့် ငလျင်ဘေးဒဏ်ခံခဲ့ကြရသော မန္တလေးမြို့ရှိလူငယ်များအတွက် TVET သက်မွေးပညာအဖြစ် "ကွန်းတန့်အကြောင်းအရာဖန်တီးခြင်းနှင့် ဒီဂျစ်တယ်ဆိုင်ရာ ဈေးကွက်ဗျူဟာသင်တန်း" ပေးခြင်း အစီအစဉ်မှာ FEG Institute နှင့်အတူ ပူးပေါင်းပါဝင်ခွင့်ရရှိခဲ့သည့်အတွက် လွန်စွာ ဝမ်းမြောက်ဂုဏ်ယူရပါသည်။ နိုင်ငံတကာ အဆင့်မီသင်ရိုးများကို အခြေခံ၍ မြန်မာနိုင်ငံ၏ ဈေးကွက်အခြေအနေနှင့်လိုက်ဖက်လျော်ညီအောင်ပြင်ဆင်ကာ သင်တန်းသူ၊ သင်တန်းသားများနှင့် ကိုက်ညီစေမည့် သင်ကြားနည်းစနစ်များဖြင့် အရည်အသွေးပြည့်ဝစွာ သင်ယူတတ်မြောက်နိုင်စေရေး ဦးစားပေး အလေးထားလုပ်ဆောင်ဖြစ်ခဲ့ကြသည့်အပြင် ဒီဂျစ်တယ်စားသုံးသူများကို ဘက်စုံမှ အလေးပေးဂရုစိုက်စေရန်အတွက်ပါ စနစ်တကျသင်ကြားမှုများပြုလုပ်ခဲ့ကြခြင်းကြောင့် များစွာထိရောက်အကျိုးရှိမည်ဟု ယုံကြည်မျှော်လင့်ပါသည်။ CPEC စားသုံးသူရေးရာအဖွဲ့အစည်းအနေဖြင့် အခြား TWM Group အောက်မှအဖွဲ့အစည်းများ၊ မိတ်ဘက်အဖွဲ့အစည်းနဲ့ အတူ စားသုံးသူများအားလုံးကို ပိုမိုကောင်းမွန်သော အနာဂတ်များဖန်တီးပေးနိုင်ရန်နှင့် ဘေးကင်းလုံခြုံစွာ ကာကွယ်ပေးနိုင်ရန် အမြဲအဆင်သင့်ရှိနေမည်ဖြစ်ပါသည်။
Consumer Protection and Empowerment Community - CPEC အဖွဲ့အစည်းသည် Together With Me Group အောက်ရှိ အဖွဲ့အစည်း ၁၃ ခုအနက်မှ ၁ ခုဖြစ်ပြီး ၂၀၂၆ ခုနှစ် မတ်လ ၁၃ ရက်နေ့တွင် စတင်တည်ထောင်ခဲ့သော အဖွဲ့အစည်းဖြစ်ပါသည်။ နယ်ပယ်အသီးသီးမှ စားသုံးသူများအတွက် အကာအကွယ်ရရှိရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ရည်ရွယ်၍ဖွဲ့စည်းထားသော အဖွဲ့အစည်းတစ်ခုဖြစ်ပါသည်။
အောက်ဖော်ပြပါ ရုပ်သံမှတ်တမ်းသည် CPEC အဖွဲ့အစည်း တည်ထောင်ပြီးကြောင်း ကြေညာပြီးနောက် ပထမဦးဆုံး ပူးပေါင်းပါဝင်ခွင့်ရရှိခဲ့သည့် လူငယ်များအတွက် စီးပွားရေးနှင့် အသက်မွေးဝမ်းကြောင်းဆိုင်ရာ ပံ့ပိုးကူညီရေးအစီအစဉ်တစ်ခုမှ လူငယ်များ၏ သင်တန်းဆင်းနှုတ်ဆက်စကားပြောကြားခဲ့ကြသည့် ရုပ်သံဖိုင်ဖြစ်ပါသည်။ အဆိုပါအစီအစဉ်ကို FEG နှင့် TWM အပါအဝင် အခြား အဖွဲ့အစည်းတို့ပူးပေါင်းပြီး ပြုလုပ်စီစဉ်ခဲ့ကြခြင်းဖြစ်ကာ အစီအစဉ် အစိတ်အပိုင်းတစ်ခုအဖြစ် Digital Marketing နယ်ပယ်တွင် စားသုံးသူကာကွယ်ရေး အယူအဆများကို CPEC အနေဖြင့် ဝေမျှခွင့်ရရှိခဲ့သည့်အတွက် အထူးပင် ကျေနပ်အားရမိကာ သင်တန်းသူ၊ သင်တန်းသားများအတွက်လဲ အလွန်တရာ ဂုဏ်ယူဝမ်းမြောက်မိပါသည်။
Click here to claim your Sponsored Listing.
Category
Website
Address
Yangon