Tobe Japanese Language School
မင်္ဂလာပါခင်ဗျာ 🙋♂️
Video လေးတွေ မတင်ဖြစ်တာ နည်းနည်းလေးကြာသွားပါတယ်။
ဒီနေ့တော့ White Day အကြောင်းရှင်းပြထားတဲ့ Video လေးတင်ပေးချင်ပါတယ်။
ဂျပန်ရဲ့ Valentines' Day မှာ မိန်းကလေးတွေက ယောကျာ်းလေးတွေကို ချောကလက်ပေးပြီး ချစ်ခွင့်ပန်တဲ့အကြောင်းကို ရှေ့Video မှာပြောပြထားပြီးဖြစ်လို့ အားလုံးလည်းသိပြီးလောက်မယ်ထင်ပါတယ်။
White Day မှာတော့ ယောကျာ်းလေးတွေက မိန်းကလေးတွေကို အဖြေပြန်ပေးတဲ့အနေနဲ့ မုန့်အချိုလေးတွေကို ပြန်ပေးရတာပါ။
❓White Day က ဘယ်နေ့လဲ❓
❓ဘယ်လိုမုန့်တွေပြန်ပေးလေ့ရှိတာလဲ ❓
❓ဘယ် မုန့်ပေးရင် ဘာအဓိပ္ပါယ်ဖြစ်မလဲ ❓
စတာတွေကို သိချင်တယ်ဆိုရင်တော့ ဒီ Videoလေး ကို အဆုံးထိကြည့်ကြည့်ပါနော်။
နောက်အပတ်ထဲမှာ Introduction to Japanese Reading Skills ဆိုတဲ့စာအုပ် နဲ့ JLPT Nihongo Soumatome N5 စာအုပ် ကို အသုံးပြုပြီး အပတ်စဥ်ပညာဒါန သင်ပေးသွားဖို့ ရှိပါတယ်။ အသေးစိတ်အကြောင်းအရာကို ပို့စ်သက်သက်ထပ်တင်ပေးပါမှာ ဖြစ်လို့ Pageလေး ကို ဆက်ဆက်စောင့်ကြည့်ပေးကြပါဦးခင်ဗျာ။
Click here to claim your Sponsored Listing.
Category
Address
Yangon
11221