SYH Japanese Language Center

SYH Japanese Language Center

Share

Photos from SYH Japanese Language Center 's post 25/03/2023

ရှေးအခါက ဂျပန်မှာ စာအရေးအသားမရှိခဲ့ပဲ စကားသာရှိခဲ့ပါတယ်။
အေဒီ ၅ ရာစုမှာ တရုတ်အက္ခရာများ ဂျပန်သို့ရောက်ရှိလာခဲ့ပြီး စာအရေးအသားအတွက် တရုတ်အက္ခရာ Kanji များကို ယူငင်သုံးစွဲခဲ့ကြပါတယ်။ တရုတ်အက္ခရာများသည် အရုပ်အက္ခရာ တနည်းအားဖြင့် သင်္ကေတအက္ခရာများဖြစ်သောကြောင့် တရုတ်အက္ခရာကို အဓိပ္ပါယ်တူ ဂျပန်အသံထွက်ဖြင့် သုံးစွဲခဲ့ကြပါတယ်။ တဖန် တရုတ်အက္ခရာများ၏အသံထွက်ကို ဂျပန်အကြားနှင့် မွေးစားပြီး သုံးစွဲခဲ့ကြပြန်ပါတယ်။ ထို့ကြောင့် ယနေ့ခေတ် Kanji တွေမှာ Kunyomi (くんよみ) ဂျပန်အသံထွက်နှင့် Onyomi (おんよみ) တရုတ်အသံထွက်ဆိုပြီး နှစ်မျိုးရှိနေရခြင်းဖြစ်ပါတယ်။

တရုတ်အက္ခရာ kanji ကို ရုံးလုပ်ငန်းဆိုင်ရာတွေ ရောင်းရေးဝယ်တာတွေ စသဖြင့် တရားဝင်အရေးအသားတွေမှာအသုံးပြုခဲ့ကြပြီး စာတတ်ပေတတ်ပုဂ္ဂိုလ် အမျိုးသားများကသာ အသုံးပြုခဲ့ကြပါတယ်။ တရားဝင်ရာထူးအလုပ်အကိုင်များတွင် အမျိုးသမီးများကို ခန့်ထားမှုမရှိသောကြောင့် ထိုခေတ်အချိန်အခါက အမျိုးသမီးများမှာ kanji ကို သင်ယူခွင့်မရခဲ့ပါဘူး။

တရုတ်အက္ခရာ Kanji ကိုရေးသားရာမှာ အချိန်ကြာမြင့်ခြင်း သင်ယူရတာခက်ခဲခြင်း တို့ကြောင့် သင်္ကေတကိုယ်စားပြုအက္ခရာအစား အသံကိုယ်စားပြုအက္ခရာ Hiragana (ひらがな) ကို အေဒီ ၉ ရာစုမှာ တီထွင်အသုံးပြုခဲ့ကြပါတယ်။
တရားဝင်အရေးအသားမဟုတ်တဲ့ လူမှုရေးစာတွေ၊ ဒိုင်ယာရီတွေကို ရေးသားရာမှာအသုံးပြုခဲ့ကြပြီး အမျိုးသမီးများမှ အသုံးပြုခြင်းကြောင့် Hiragana ကို Onnade (女手) အမျိုးသမီးလက် တနည်းအားဖြင့် အမျိုးသမီးအရေးအသားလို့ ခေါ်ခဲ့ကြပါတယ်။

Hiragana နဲ့အတူ Katakana (カタカナ) ကလည်း မရှေးမနှောင်း ပေါ်ပေါက်လာခဲ့တာဖြစ်ပြီး Katakana ကို ဘုန်းတော်ကြီးတွေက စာပေကျမ်းဂန်တွေကို ရေးသားမှတ်သားရာမှာအသုံးပြုခဲ့ကြပါတယ်။

Hiragana ရော Katakana ပါ တူညီသောအသံထွက်တွေရှိကြပြီး
အက္ခရာနှစ်မျိုးလုံးက တရုတ်အက္ခရာ kanji ကို အခြေခံပြီး တီထွင်ခဲ့ကြခြင်းဖြစ်ပါတယ်။
Hiragana စာလုံးတွေက အကွေးအညွှတ်ဆန်ပြီး Katakana စာလုံးတွေက ထောင့်ဆန်ပါတယ်။
Hiragana က Kanji တစ်ခုလုံးရဲ့ပုံသဏ္ဍန်ကို ကိုးကားရေးဆွဲပြီး Katakana ကတော့ Kanji ရဲ့အစိတ်အပိုင်းတစ်ခုကို ရေးဆွဲထားခဲ့ခြင်းဖြစ်ပါတယ်။ (ပုံတွင်ကြည့်ပါ။)

ယနေ့ခေတ်ဂျပန်စာမှာတော့
ひらがな (Hiragana)
カタカナ (Katakana)
漢字. (Kanji)
အက္ခရာသုံးမျိုးစလုံးကို အသုံးပြုလျက်ရှိပြီး စာကြောင်းတစ်ကြောင်းထဲမှာကို ထိုအက္ခရာသုံးမျိုးစလုံးကို ရောနှောအသုံးပြုကြပါတယ်။

Hiragana ကို ဂျပန်မူရင်းစကားတွေ၊ သဒ္ဒါဆိုင်ရာတွေမှာအသုံးပြုပြီး Katakana ကို နိုင်ငံခြားအမည်နာမအခေါ်အဝေါ်တွေ၊ မွေးစားစကားလုံးတွေ၊ ဒုံးဒုံးဒိုင်းဒိုင်း အသံတွေကို ရေးသားဖေါ်ပြရာမှာအသုံးပြုပါတယ်။ Kanji ကိုတော့ အသံထွက်တူပြီး အဓိပ္ပါယ်ကွဲလွဲတဲ့စကားလုံးတွေရှိ‌နေသည့်အတွက် အဓိပ္ပါယ်အတိအကျဖြစ်အောင်ရယ် ဂျပန်စာအဖြတ်အတောက်မှန်ကန်စေရေးတို့ရယ်အတွက် ဆက်လက်သုံးစွဲနေခြင်းဖြစ်ပါတယ်။

#ကိုးကား : အင်တာနက်

ဒီစာကိုဖတ်ပြီး ဂျပန်စာကို အရမ်းခက်လိမ့်မယ်လို့ မထင်လိုက်ပါနဲ့။
ဂျပန်စာနဲ့ မြန်မာစာက အတွေးအခေါ်အယူအဆ သဒ္ဒါပိုင်းဆိုင်ရာတွေမှာ နီးစပ်စွာတူညီမှုတွေရှိနေတဲ့အတွက် မြန်မာစကားကိုကောင်းစွာနားလည်ပြီး ပုံမှန်ဉာဏ်ရည်ရှိတဲ့ မြန်မာတစ်ယောက်အတွက်တော့ လွယ်လင့်တကူသင်ယူလို့ရတဲ့ဘာသာစကားတစ်ခုဖြစ်ပါတယ်။

SYH Japanese Language Center
ပုလဲကွန်ဒို၊ ၉ လွှာ၊ တိုက် C
အမှတ် ၉၀၁၊ ဗဟန်းမြို့နယ်၊ ရန်ကုန်
09404014268

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Address

Pearl Condo, 9th Floor, Building C , No 901, Bahan Township
Yangon
11201

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00