ATH Engineering Group
21/12/2021
မင်္ဂလာပါခဗျ 🙏
ကျွန်တော်တို့ ANC မှ ရရှိနိုင်သော services များနဲ့ မိတ်ဆက်ပေးချင်ပါတယ်
(1) Architectural 3D Modeling & Visualization (Exterior & Interior)
(2) Structure Design Calculation
(3) Estimate Services
Archi 3D, Structure Design Calculation, Estimate တို့ကို တစ်နေရာတည်းမှာ One stop Service အပ်ချင်ပါသလား?
ဒါမှမဟုတ် Archi, Structure, Estimate တို့ထဲမှ တစ်ခုခုကိုဖြစ်စေ freelancing အပ်လိုပါသလား?
👉လူကြီးမင်းတို့ တည်ဆောက်လိုသော အဆောက်အဦးများအတွက် Design, Drawings & Estimate Services များကို ANC Engineering Group မှ တာဝန်ယူဆောင်ရွက်ပေးနေပါပြီ ☺️
✅ အဆောက်အဦးတစ်ခု ဖြစ်လာဖို့ ပထမဆုံးလိုအပ်တာကတော့ 3D design ပါပဲ...လူကြီးမင်းတို့လိုချင်တဲ့ စိတ်ကူးထဲက အိမ်ပုံစံလေးကို မြေပြင်တွင်
မတည်ဆောက်ခင်မှာ လိုချင်တဲ့ ခန်းဖွဲ့ပုံစံတွေကို Plan အရင်ချပီးမှ Design ရေးဆွဲခြင်းအားဖြင့်အကျိုးကျေးဇူးများစွာ ရရှိစေပါတယ်။ Design ပေါ်
မူတည်ပီး လူကြီးမင်းတို့ အသုံးပြုမယ့် ငွေပမာဏကို အနီးစပ်ဆုံး ခန့်မှန်းတွက်ချက်နိုင်ခြင်း၊ တည်ဆောက်ဖန်တီးရာတွင် ထည့်သွင်းအသုံးပြုမယ့် Materials အသေးစိတ်ကိုလည်း ကြိုတင်ခံစားနိုင်ခြင်း စတဲ့ အကျိုးကျေးဇူးများ ရရှိနိုင်မှာဖြစ်ပါတယ် ခင်ဗျာ...
(2) အိမ်တစ်အိမ်အတွက် Structural Design ကတော့ ဒုတ်ိယအရေးအကြီးဆုံးပါ... အဆောက်အဦးတစ်ခု ကြံ့ခိုင်မှု အပြည့်ရှိဖို့ မိသားစုများ လုံခြုံစိတ်ချစွာ နေထိုင်နိုင်ဖို့အပြင် ကုန်ကျစရိတ်များကိုလည်း မပိုသင့်တာမပိုရအောင် Structure Design တွက်ချက်ပီးမှ မြေပြင်မှာ တည်ဆောက်သင့်ပါတယ် ခဗျ...
(3) လူကြီးမင်းတို့ရဲ့ အဆောက်အဦးအတွက် ကုန်ကျစရိတ်တွက်ချက်ခြင်း၊ Quantity Surveying တို့ကိုလည်း တာဝန်ယူဆောင်ရွက်ပေးနေပါပြီခဗျ ✍️
❗️လူကြီးမင်းတို့ရဲ့ တန်ဖိုးကြီးမားလှသော အိမ်မက်များကို တာဝန်ယူ ဖန်တီးတည်ဆောက်ပေးဖို့အတွက် ကျွန်တော်တို့ ANC Engineering Group မှ တာဝန်ယူပေးပါရစေ 🙏
📌လုပ်ငန်းနဲ့ပတ်သက်ပီး အသေးစိတ်စုံစမ်းမေးမြန်းလိုပါက Page Messenger (or)
📞095100450/09441135315 သို့ဆက်သွယ်နိုင်ပါတယ်ခင်ဗျာ ☺️
11/12/2021
📌Concrete Tests (Non-Destructive Tests)
လုပ်ငန်းခွင်ထဲစ၀င်တဲ့ချိန် ကွန်ကရစ် အချိုးမှန်တာမမှန်တာ လောင်းပြီးရင် ဘယ်သူမှမသိပါဘူးလေ။ သံချောင်းထည့်ထားတာ ဆိုဒ်မှန်မမှန်၊ cover မှန်မမှန် concrete လောင်းပြီးရင် ဘယ်သူမှမသိပါဘူးလေဆိုပြီး တွေးခဲ့ဖူးတယ်။ ခုချိန်ထိလည်း တွေးနေတဲ့သူရှိမှာပါ။ ဒါကိုခဏနား။
နယ်ဘက် တင်ဒါတွေမှာ စစ်ဆေးရေးအဖွဲ့လာပြီဆိုလို့ ဘာတွေစစ်လဲဆိုရင် ပေဘူးလေးတစ်လုံးနဲ့ ပေကြိုးလေးဟိုနားဒီနားထောက်ကြည့်တယ်၊ မျက်စိလေးနဲ့ဟိုကြည့်ဒီကြည့်၊ ဟိုဟာကိုင်ကြည့်၊ ဒီဟာကိုင်ကြည့်၊ ဟိုမေး ဒီမေးနဲ့ ပြန်သွားကြတာများတယ်။ ပြောရရင် မျက်မြင်အခြေအနေလေးဘဲကြည့်တာပေါ့ဗျာ။ (ဒါက ဒေသဆိုင်ရာ (မြို့နယ်ဆိုင်ရာ) တာ၀န်ရှိသူတွေနဲ့ ဖွဲ့စည်းထားတဲ့ စစ်ဆေးရေးအဖွဲ့။ နယ်ဘက်တွေမှာ အဲ့လို စစ်ဆေးရေးအဖွဲ့နဲ့ပြီးသွားတာများတယ်။)
ရန်ကုန်တိုင်းအတွင်း (ကျန်တဲ့တိုင်း၊ ပြည်နယ်တွေတော့မသိပါ။ ရှမ်းရှေ့မှာတော့ (မြို့နယ်) ဒေသဆိုင်ရာ တာ၀န်ရှိတွေသာစစ်ပါတယ်။) မှာတော့ စစ်ဆေးရေးအဖွဲ့ဆိုတာ consultant company တွေကို အဆောက်အဦးရဲ့ကုန်ကျစရိတ်ထဲက ရာခိုင်နှုန်းတစ်ခု (၃% နှုန်းလို့ထင်တယ်) ပေးပြီး QC သဘောငှါးပြီး လိုက်စစ်ခိုင်းတယ်။ အဲ့မှာသူတို့အနေနဲ့ rebound hammer test & profoscope test ဆိုတဲ့ test တွေနဲ့ structure ပိုင်းဆိုင်ရာ concrete strength, rebar size & cover တွေကို စစ်ကြတာတွေ့ရတယ်။
Rebound Hammer Test
သူက ကွန်ကရစ်မျက်နှာပြင်မှာကြောမှုကို စစ်တာ။ ကွန်ကရစ်မျက်နှာပြင်ကို rebound hammer နဲ့ထိုးကြည့် ထောက်ကြည့်တယ်။ ရလာတဲ့ result ကို အဲ့ဒီ hammer ပေါ်ပါတဲ့ graph နဲ့တိုက်ကြည့် ဖတ်ကြည့်ပြီး concrete strength (Grade) ဘယ်လောက်ရှိလဲဆိုပြီး ပြောကြတယ်။ ဒီတော့ သဘောက rebound test အားဖြင့် ကွန်ကရစ်စပ်ထားတဲ့ အချိုးမှန်မမှန်၊ curing ပေးထားခြင်းရှိမရှိအလွယ်သိနိုင်တယ်။
Ultrasonic Pulse Velocity Test (UPV Test)
concrete strength ကို နောက်တစ်နည်းအနေနဲ့ အလွယ်စစ်နိုင်တာက UPV test နဲ့ပါ။ သူက ကြိုးနှစ်ခုပါတဲ့ နားကြပ်လိုအရာမျုိးကို ကွန်ကရစ်မျက်နှာပြင်ပေါ်ထောက်ပြီး ကွန်ကရစ်အတွင်းပိုင်းက void, crack စတဲ့ အပြစ်အနာအဆာတွေကိုစစ်တာ။ ဒီတော့ သဘောက UPV test အားဖြင့် vi****or သေချာထိုးထားမထား၊ ကွန်ကရစ်သိပ်တည်းအောင် သေချာလုပ်ထားမထား အလွယ်သိနိုင်တယ်။
Profoscope or (rebar detector test)
သူက profoscope ဆိုတဲ့ rebar detector နဲ့ ကွန်ကရစ်မျက်နှာပြင်ပေါ်လိုက်ထောက်ကြည့်ပြီး သံချောင်းဘယ်နေရာမှာရှိလဲဆိုတာကို စစ်တာ။ သူ့အားဖြင့် ကွန်ကရစ်ထဲမှာ သံချောင်းဘယ်နေရာမှာရှိလဲ၊ bar dia ဘယ်လောက်ရှိလဲ၊ concrete cover ဘယ်လောက်ရှိလဲဆိုတာတွေကို စစ်လို့ရတယ်။
ပြီးတော့ အပေါ်က test တွေအားလုံးကို ဆိုဒ်ထဲအလွယ်တကူလုပ်လို့ရလို့ on site investigation tests လို့ခေါ်ကြသလို ကွန်ကရစ်သားတွေကို တွင်းထုတ်စရာမလို၊ နာကျင်အောင်လုပ်ဖို့မလိုဘဲ test လုပ်နိုင်တာကြောင့် non-destructive test လို့လည်း ခေါ်ကြတယ်။ non-destructive test တွေ တော်တော်များများရှိပေမယ့် ကျွန်တော်တို့စီမှာအသုံးများတာက ကွန်ကရစ်နဲ့ပတ်သက်ရင် အပေါ်မှာဖော်ပြထားတဲ့ test သုံးခုလောက်ဘဲ သုံးကြတာများပါတယ်။
ဒီတော့ လုပ်ငန်းခွင်ထဲ၀င်ဖို့ပြင်နေတဲ့ အင်ယာတွေ၊ လုပ်ငန်းထဲမှာဆိုပေမယ့် မသိသေးတဲ့အင်ယာအပေါင်းတို့ concrete structure ကို ဒီလိုစစ်လို့ရတဲ့ test တွေရှိတယ်လို့သိပြီးရင် နာမည်လေးမထွက်အောင် တတ်နိုင်သမျှ မှန်ကန်အောင်ကြိုးစားလုပ်ကြပါ။
07/12/2021
& Structural Design for RCC Building
Project Name - (36'×36') Proposed 2 storeyed RCC Building @ Yangon
ယခု Project ဟာ ရန်ကုန်မှာဆောက်မယ့်ဘုန်းကြီးကျောင်း ဖြစ်ပီးတော့ Archi design နဲ့ Structural design ကို ကျွန်တော်တို့ ANC မှ ရေးဆွဲတွက်ချက်ပေးထားပါတယ်ခင်ဗျာ...
📌လုပ်ငန်းနဲ့ပတ်သက်ပီး အသေးစိတ်သိရှိလိုပါက Page Messenger (or) 095100450/09441135315 သို့ဆက်သွယ်မေးမြန်းနိုင်ပါတယ် ☺️
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |
| Saturday | 09:00 - 17:00 |