The Reviewer

The Reviewer

Share

14/05/2025

🧡Glue Free မျက်တောင်တုထဲမှာ အရမ်းအဆင်ပြေသောလေး🧡

မျက်တောင်တု တပ်တိုင်း အဆင်မပြေတာများတယ်
ကိုယ်ကလည်းမကျွမ်းကျင် ကော်ကလည်းမကောင်းနဲ့
တပ်လိုက်ကျွတ်ကျလိုက် ကော်ကလည်းမျက်စိထဲဝင်ရင်စပ်လိုက် နဲ့အဆင်မပြေခဲ့သမျှ ဒါလေးတော်တော်ကောင်းတယ်

တပ်ရလွယ်ကူတယ်
မျက်စိမစပ်ဘူး
သဘာဝဆန်ဆန်လေးနဲ့လှတယ်
တပ်ထားမှန်းမသိအောင်ပေါ့ပါးတယ်
စျေးလည်းမကြီးဘူး တစ်ဘူးမှ7500လားဘဲ

Eyelash extensions ဝါသနာပါတဲ့သဲတုန် ဆိုင်ခဏခဏသွားဆက်စရာမလိုတော့ဘူး ပစ္စည်းကောင်းလေးတွေ့ထားလို့😊

19/02/2023

Lotion ကအစပြုပြီးကြိုက်သွားခဲ့တဲ့ထဲမှာSoap&Gloryပဲ

အခုShowerလေး သုံးကြည့်နေတာLavenderရဲ့စိတ်
ကြည်နူးစရာအနံ့နဲ့
Set the mood -Relaxing ဆိုတဲ့အတိုင်းသူနဲ့ရေချိုးပြီးရင် စိတ်ကိုတကယ်ကြည်နူးသွားစေတယ်
အနံ့ကတော့ရေချိုးပြီးရင်လည်းခန္ဓာကိုယ်မှာစွဲကျန်တယ်
သူ့ရဲ့အနံ့ကအီတဲ့အနံ့လည်းမဟုတ်ဘူး
ဒါပေမယ့် ရေချိုးနေရင်းအဲ့အနံ့လေးရတာနဲ့တင်စိတ်ဖိစီးမှုတွေလျော့ချပြီးလန်းဆန်းသွားတယ်လို့ခံစားရတယ်
☀️မနက်ခင်းရေချိုးတဲ့အချိန်ဆိုတစ်နေ့တာအားအပြည့်ရစေတဲ့ခံစားမှုနဲ့
🌙ညဘက်ရေချိုးတဲ့အချိန်ဆိုတစ်နေကုန်ပင်ပန်းထားတော့စိတ်တွေrelaxဖြစ်စေတဲ့ခံစားမှု
Set the moodနာမည်နဲ့လိုက်အောင် moodအမျိုးမျိုးထားလို့ရတဲ့Showerလို့ပဲတင်စားပါ့မယ်နော်
showerကတော့အရမ်းကြိုက်လို့၁၀/၁၀ပေးပါမယ်

💗💗💗Coffee & Oat Scrub ကတော့ ဖွင့်ဖွင့်ချင်း ရတဲ့ ကော်ဖီနဲ့အီစိမ့်စိမ့်အနံ့လေး ပေါင်းထားတဲ့အနံ့
coffee crazyတွေဆိုတော်တော်သဘောတွေ့မှာ
Scrub သားကနည်းနည်းကြမ်းတယ်
အမှုန့်ဆိုတော့ခန္ဓာကိုယ်ရေစွတ်ပြီးတိုက်ရင်တောင်သိပ်အဆင်မပြေဘူး
ရေလေးနည်းနည်းနဲ့ ပြန်ဖျော်ပြီးအသားပေါ်တင်ပြီး တိုက်တာပိုကောင်းတယ်
အသားထဲစိမ့်ဝင်အောင်တိုက်ပီးခဏလောက်နှပ်ထားပြီးရေဆေးချလိုက်တာနဲ့ Wowအသားချက်ချင်းကြည်သွားတာတော့အရမ်းကြိုက်

အစကScrubသားကြီးက အရမ်းကြမ်းတော့သိပ်မကြိုက်ချင်ဘူး ဒါပေမယ့်ရလဒ်ကိုသဘောကျလို့10/8လောက်ပေးချင်ပါတယ်
နောက်တစ်မျိုးကတော့မစမ်းကြည့်ရသေးဘူး
အားလုံးခြုံပြောရင် S&G ကတကယ်ကိုပစ္စည်းကောင်းပြီး
အနံ့တွေကရှယ်ကောင်းတာနော်Luxuryဆန်တယ်ရနေကျအနံ့နဲ့မတူဘူးကွဲထွက်နေတာဘဲ
Discountချတဲ့ချိန်ဝယ်ထားတာဆိုတော့ပစ္စည်းကောင်းကိုတန်တန်လေးသုံးရတယ်


&glory

Photos from The Reviewer's post 01/02/2023

Hello
2023ရဲ့Feb ပထမဆုံးPost လေးနဲ့ ပြန်လာပါပီ
ခုလတ်တလော သုံးဖြစ်နေတဲ့Soap & Glory က Body Lotion လေး အရမ်းသဘောကျနေမိတယ်
ပစ္စည်းinstockလိုက်ရှာရင်း250Mlဘူးသေးကိုစမ်းသုံး
ကြည့်တာအနံ့နဲ့တင်တန်တယ်

Moistureဓာတ်အလုံအလောက်ပေးနိုင်တယ်
အသားထဲစိမ့်ဝင်တာမြန်တယ်
လိမ်းပြီးရင်အနံ့ကစွဲကျန်နေရောဘဲ
အနံ့ကအီတဲ့ ဘက်ကိုသွားတယ်
ဒါပေမယ့်သူအီတာလေးက ခေါင်းမူးပြီးအီတဲ့အနံ့မဟုတ်ဘူး
အနံ့ကကိုယ်နဲ့ထိတွေ့တဲ့အခါမှာထူးထူးခြားခြားလေးဖြစ်သွားတာကြိုက်တယ်
Coca Seed,Butter, Almond Oil,VitaminEဆိုတော့
အစိုဓာတ်အပြည့်အဝရပြီးအသားအရမ်းခြောက်တဲ့သူ
ဒါလေးသဘောကျမှာပါ

ပြီးတော့ တစ်လက်စတည်းSoap&GloryကSalesတွေချနေတော့အတန်ဆုံး၈၀%တွေပဲထပ်ရွေးဝယ်ထားတယ်
အရာရာစျေးတွေတက်နေတာ S&G Brandကိုသုံးရမှာဆိုတော့ရှယ်တန်ဘဲ

အခုမှာထားတာScrub 2မျိုးနဲ့Showerတစ်ဘူး သုံးမျိုးပေါင်းမှ၂၅၀၀၀ပဲဝန်းကျင်ပဲကျတယ်
တစ်မျိုးကို၈၀၀၀ဝန်းကျင်ပဲကျမှာဆိုတော့သုံးပျော်တယ်လေနော် ပစ္စည်းလေးရောက်လာရင် ထပ်ပြီး ကြိုက်တဲ့ အချက်လေးရယ်
မကြိုက်တဲ့အချက်လေးတွေနဲ့ ပြန်လာခဲ့ပါမယ်နော်

အားလုံးကိုကျေးဇူးတင်ပါတယ်ရှင့်
Love All😘😘😘

Pocket Money 25/12/2022

Merry Christmas 🎁🎁🎄🎄🎄🎄🎄
ချစ်ရတဲ့သဲရဲ့Followerလေးတွေ ပျော်ရွှင်စရာChristmas နေ့လေးပါရှင့်

ချစ်ရတဲ့Followerလေးတွေ အတွက် ခရစ်စမတ်လက်ဆောင်ပေးပေးချင်လို့ပါ
အားလုံးပဲ ပျော်ရွှင်စရာနေ့ရက်လေးပိုင်ဆိုင်ကြပါစေ
သဲတုန်ရဲ့Page လေးကိုလည်းဒီထက်မက ချစ်ပေးကြပါဦးနော်

❤️❤️❤️❤️❤️❤️
၁၀:၂၀ကျရင်KBZ Pay Pocket Money Linkလေးချပေးပါမယ်နော်
Good Luck To All💕💕💕

https://static.kbzpay.com/app/prod/pocketmoney/facebook/share_my_prod.html?id=163f2af3d8704bcab60887292353ab81&bless=Merry%20Christmas%20From%20TT

Password ကcommentမှာပါရှင့်

Pocket Money KBZPay နဲ့ သူငယ်ချင်းများထံသို့ ကံကောင်းခြင်းများပေးပို့ပြီး ဘယ်သူကံအကောင်းဆုံးဖြစ်မလဲဆိုတာ ရှာဖွေလိုက်ပါ။

Want your business to be the top-listed Clothing Store in Yangon?
Click here to claim your Sponsored Listing.

Website

Address

Yangon