To My Dear
17/10/2025
အိမ်နီးချင်းနေခဲ့တဲ့ မောင်လေးတွေကို ရှာချင်တာပါ
ဓါတ်ပုံတွေတော့ မရှိပါဘူး
မြိတ်မြို့ ပလောက်စုရပ် ဟိန္ဒူဘုရားကျောင်း မျက်နှာချင်းဆိုင်ရပ်ကွက်မှာ နေပါတယ်။
အောင်မျိုးဦး ညဏ်မြင့်မောင်တို့ ညီအကိုကို ရှာချင်တာပါ။ ခုဆို သူတို့အသက် ၄၅ နှစ်ဝန်းကျင်လောက် ရှိမယ်ထင်ပါတယ်။
သူတို့ပဲဖြစ်ဖြစ် သူတို့ကိုသိတဲ့သူများ ရှိရင်ပဲဖြစ်ဖြစ် ဒီပို့စ်ကိုတွေ့ရင် ဒီ Page လေးကနေတဆင့် ဆက်သွယ်ပေးပါဦးနော်…
(TMD1257)
#ရင်ဖွင့်ရာ
#ဖူးစာ
17/10/2025
မင်္ဂလာပါ🙏
လက်တွဲဖော်ရှာတာပါခင်ဗျာ (နှစ်ကြိမ်မြောက်ပါ)😊
ကျွန်တော်ကတော့နယ်မှာနေပြီး ကိုယ်ပိုင်အလုပ်ရှိသူပါ အသက်ကတော့ 42 Single ပါ
အရပ်ကတော့ 5ပေ10 lb 170 ပါ
အရက် ဘီယာ ဆေးလိပ်ကွမ်းရှောင်ကျဥ်သူပါ
ဗုဒ္ဓဘာသာ ဗမာလူမျိုးပါ
ရုပ်ရည်ကတော့ သင့်တဲ့ထဲပါ ပါတယ်ခင်ဗျာ
လိုချင်တဲ့အိမ်ထောင်ဘက်ကတော့ အေးဆေးတည်ကြည်ပြီး ရုပ်ရည်သင့်ရင်ရပါပြီ
အသက်ကိုတော့ မကန့်သတ်ပါ
စကားပြောချင်ရင် ကော့မန့်မှာ 🥰 ပေးခဲ့လဲရသလို
K နဲ့စတဲ့အကောင့်နဲ့လာအပ်ပါမယ်
မင်မင်ဆီမှာအကောင့်တောင်းလဲရပါတယ်
(TMD1256)
#ရင်ဖွင့်ရာ
#ဖူးစာ
17/10/2025
အသက်က 29 နှစ်၊ အရပ်က 5'2'' နဲ့ ခန္ဓာကိုယ်ပြည့် ပြီး ကိုယ်လုံးကိုယ်ပေါက်ရှိတဲ့အထဲ ပါပါတယ်။ ကိုယ်ပိုင်စီးပွားရေးလုပ်ပါတယ်။ အေးဆေးနေတတ်သလို၊ တစ်ခါတစ်လေ modernize လည်း နေတတ်ပါတယ်။ အရမ်း social ကျတဲ့အထဲလည်း မပါပါဘူး။ ထက်တဲ့မိန်းမထဲပါသလို တစ်ခါတစ်လေ ကလေးလည်း ဆန်တတ်ပါတယ်။
တစ်ဖက်က ကိုယ့်ထက်ငယ်လည်း ၂ နှစ်၃နှစ်နဲ့ ကြီးမယ်ဆိုလည်း အသက်၃၀ ကျော်ထဲကဆို အဆင်ပြေပြီး အလုပ်အကိုင် အတည်တကျရှိတဲ့သူ ဖြစ်ရင်ရပါတယ်။
ကိုယ်ကလည်း ဂရုစိုက်တတ်သူမလို့ ကိုယ့်အပေါ် အရာရာအလေးနက်ထားပြီး ဂရုစိုက်တတ်တဲ့သူ ဖြစ်ရပါမယ်။ အတွေးအခေါ် မသေးသိမ်တဲ့သူဖြစ်ပြီး ရင့်ကျက်တတ်သူ၊ အရာရာကို စဥ်းစားချင့်ချိန်နိုင်တဲ့သူ၊ နားလည် ခွင့်လွှတ်ပေးနိုင်တဲ့သူ ဖြစ်ရပါမယ်။ တစ်ခါတစ်လေ နည်းနည်းဆိုးတတ်တာမို့ ကိုယ့်အပေါ် သည်းခံပြီး နားလည်ခွင့်လွှတ်နိုင်သူ ဖြစ်ရပါမယ်။ သန့်သန့်ရှင်းရှင်းနေထိုင်တတ်သူဖြစ်ပြီး သပ်ရပ်စွာဝတ်စားဆင်ယင်ပြီး smart ကျသူမျိုး လိုချင်ပါတယ်။
ခုကတော့ စကားပြောဖော်အနေနဲ့ပဲ အစပြုချင်ပါတယ်နော်။
စိတ်ဝင်စားလို့ စကားပြောကြည့်ချင်တယ်ဆိုရင် မင်မင့်ဆီကနေတဆင့် အကောင့်တောင်းယူပေးပါ။
(TMD1255)
#ရင်ဖွင့်ရာ
#ဖူးစာ
16/10/2025
[Work From Home - အိမ်မှနေ၍ အလုပ်လုပ်ရန်]
Clothing Online Shop တစ်ခုအတွက် မိမိအိမ်မှနေ၍ တာဝန်ယူလုပ်ကိုင်ပေးနိုင်မည့် ဝန်ထမ်းများကို အမြန်ဆုံးခေါ်ယူနေပါသည်။
လိုအပ်သော ရာထူးများ
မိမိကိုယ်တိုင် ဖက်ရှင်နှင့်ပတ်သက်သော ဗီဒီယိုများ Outfit Review, Try-on Haul, Styling Tips) ကို စိတ်ဝင်စားဖွယ်ရာ ရိုက်ကူးဖန်တီးပေးနိုင်သူ။
Packing Staff (WFH)
ပစ္စည်းများကို သေသပ်လှပစွာ ထုပ်ပိုးခြင်းနှင့် ပို့ဆောင်ရေးအတွက် စနစ်တကျ ပြင်ဆင်ပေးခြင်းတို့အတွက် တာဝန်ယူပေးနိုင်သူ။
ကိုယ်ပိုင်အရည်အချင်းနှင့် လိုအပ်ချက်များအိမ်မှနေ၍ အချိန်ပြည့် (Full-time) အလုပ်လုပ်ကိုင်နိုင်သူ။
မိမိကိုယ်တိုင် အလုပ်လုပ်နိုင်ပြီး တာဝန်ယူစိတ် အပြည့်အဝရှိသူ။
မန္တလေးမြို့ (MDY) မှ လျှောက်ထားသူများကို ဦးစားပေးမည်။ 💞
လျှောက်ထားရန် စိတ်ပါဝင်စားသူများအနေဖြင့် အောက်ပါ အချက်အလက်များကို စုစည်း၍
Viber - 09679768734 သို့ ပေးပို့လျှောက်ထားနိုင်ပါသည်။
ကိုယ်ရေးအကျဉ်းအပြည့်အစုံ (CV)
သက်ဆိုင်ရာလုပ်ငန်းအတွေ့အကြုံ (ရှိလျှင်)
ကိုယ်တိုင်ရိုက်ကူးဖူးသော ဗီဒီယိုနမူနာများ (Content Creator ရာထူးအတွက် မဖြစ်မနေ လိုအပ်ပါသည်။)
သင့်ရဲ့ ဖန်တီးနိုင်စွမ်းနှင့် ကြိုးစားအားထုတ်မှုကို တန်ဖိုးထားသော အဖွဲ့အစည်းနဲ့ လက်တွဲဖို့ ဖိတ်ခေါ်လိုက်ပါတယ်ရှင့်။
(TMD1253)
#ရင်ဖွင့်ရာ
#ဖူးစာ
Click here to claim your Sponsored Listing.