Gon Engineering Group
02/02/2025
ကျွန်တော်မြင်မိသလို၊တင်ပြပါမည်။
```````````````````````````````````
ပစ္စည်းပေါ၊ငွေပေါ၊လူပေါ သည့်အခါသမယ၊မ
ဟုတ်၊ဥစ္စာရင်လို ဥစ္စာရင်ခဲရမည့်ကာလပင်၊မဟုတ်ပါလော။အသိ၊သတိချပ်ရမည့်အခါပင်။
-ပုံတစ်၊နှစ်နှင့်သုံးတို့မှာ ၊ဘလိုးအချိန်မှန်မလုပ်နိူင်၊ ဂျိုးစတင်လာ၊စပိတ်၊ကျွတ်ပေါက်၊ပေါက်၊တဲ့အရည်အတွက်များလာ၊ရေလည်ပါတ်မှုဆိုး
လာ၊ပြီးတော့ပြတ်ထွက်။ကျွတ်အဝဂျိုးအပြည့်
-နောက်ဆုံးလုပ်ငန်းတခုလုံးတဖြေးဖြေးထိခိုက်
လာချေပြီ။နှစ်ထောင်စံလို့ဆိုရမလို။
မျက်စိလို့တင်စားကြသည့်၊ရေချိန်ပြဖန်၊တဖြေးဖြေးပိတ်မှုပိုဆိုးလာ၊အော်တိုလေးက၊အ
လုပ်လုပ်နေတော့၊အရင်လိုမပြောင်းလဲ၊အဝိဇ္ဇာ
မျက်လုံးနဲ့ကြည့်၊မကောင်းနေတာကိုအကောင်းမြင်၊ test မလုပ်၊ခက်ချေပြီ။
-သံသားတို့လည်းပါးချေလာပြီ။ပုံငါး။တိုင်ပင်ကြ၊ဆွေးနွေးကြ။နောက်ဆုံးစက်ရပ်ရသည့်အ
ဖြစ်။အစစအရာရာထိခိုက်လာရပြီလေပြီ။ဆိုးလိုက်တဲ့ဖြစ်ခြင်း။
သူမှားတာလား၊ငါမှားတာလား။
သူရော၊ငါရောမှားတာလား။အားလုံးမှာတာဝန်ကိုယ်စီရှိကြပေသည်။(မေတ္တာရှေ့ထားလျှက်)
15/05/2024
အလုပ်ချင်ဆုံး၊လုပ်ငန်း၊ပြီးမြောက်ခဲ့ပြီ။
••••••••••••••••••••••••••••••••••••••••
ောဆက်စပ်လုပ်ငန်းများအထိ၊အောင်မြင်စွာ၊လုပ်
ချင်သည့်ဆန္ဒ ပြင်းပြသည့်အလျှောက်၊လုပ်ဆောင်ရသဖြင့်
ပံ့ပိုးကူညီသူအားလုံးအား၊အထူးကျေးဇူးတင်ပါသည်။
# Boiler,Main Steam Lines,Irons Steam Lines,
Condensated return Lines 2024 Feb to Aprial
ထိ၊တတ်ညီလက်ညီ၊ပြီးမြောက်အောင်၊ဆောင်ရွက်ခဲ့ကြ၏
ျားဝေးလွန်း၍ level အနိုမ့်အမြင့်ဂရုစိုက်ကြရသ
လို၊ water hammer လည်းသတိထားကိုင်တွယ်ကြရ၏။
# Lines တစ်ချောင်းချင်းစီ Hydraulic test ,steam
Pressure ဖြင့်လည်း အကြိမ်ကြိမ် အယိုအစိမ့်မရှိစေဘို့၊
Iron lines ရေမလိုက်စေဘို့ expansion & condrac
:tion ဖြစ်ပေါ်နိူင်၍ အချိန်ယူ စမ်းသပ်ခဲ့ရသည်။
# တချို့နေရာတွေ မှာ try & error လည်း၊သုံးခဲ့ရပြန်သည်။
# ထားရှိသောစေတနာကြောင့်၊အကောင်းဆုံးတုန့်ပြန်မှုက
တော့.၊ရကောင်းပေမည်။
21/03/2023
ကျောက်မီးသွေးလောင်စာ။
*************************
သဘာဝပတ်ဝန်းကျင်၊ထိန်းသိမ်းရန်၊ကျောက်မီးသွေးမှာ
လောင်စာအဖြစ်၊တိုက်ရိုက်(သို့)သွယ်ဝိုက်၍ တဖြေးဖြေး
တိုး၍နေရောယူလာခဲ့၏။
ကုန်သည်ကြီးများ၏အဆိုအရ၊တစ်တန်(၂~၂.၃)သိန်းထိ
အရည်အသွေးအလိုက်၊တန်ဘိုးလည်းတတ်လာ၏။မြန်မာနိူင်ငငံတွင်၊မကွေးတိုင်း၊မင်းဘူးအနီးပဒါန်းမှထွက်
ရှိသောကျောက်မီးသွေးမှာ၊ခြောက်သွေ့၊ပြာမှုန်နည်း၍ အ
သုံးပြုသူများ၏။ရှမ်းပြည်နယ်ရှိရပ်စောက်နန်စန်၊ပင်လုံ၊
တီဂျစ်၊မှထွက်ရှိသောကျောက်မီးသွေးမှာ၊ရာသီဥတုနှင့်စို
ထိုင်းမှုကြောင့်၊အသုံးပြုမှုအရှိုန်လျှော့နေသေး၏။
တချိန်က အပူချိန်၊ဖိအား၊အောက်ရှိ သစ်ပင်၊သစ်တော
နှင့်Vegetable တို့မှကာလကြာမြင့်သော၊ကျောက်မီးသွေး
အဖြစ်အသွင်ပြောင်းလဲလာခဲ့၏။
အမျိုးအစားမှာတစ်ပေါင်လျှင်အပူမည်မျှထုတ်ပေးနိူင်
သည့်အပေါ်တွင်ပြောင်းလဲ၏။ကာဗွန်(c)၊ဟိုက်ဒရိုဂျင်H,
တို့အဓိကပါဝင်ပြီးN,O,S,တို့လည်းပါဝင်နေ၏။
အချုပ်အားဖြင့်ကျောက်မီးသွေးသုံး၊ဘွိုင်လာများသည်၊
အခြားလောင်စာသုံးဘွိုင်လာများထက်၊ဂရုစိုက်စစ်ဆေး
သုံးစွဲသင့်၏။နေရာကျယ်ကျယ်လို၊ဖိအားများများသုံးရ
သဖြင့် အန္တရာယ်ပိုရှိလာနိူင်၍ သတိထားသုံးစွဲသင့်၏။
03/01/2023
Chimneys and Stacks
**********************
Smoke or flue gases တို့ကို၊draft systems ဖြင့်၊ပြင်ပ
သို့စွန့်ပစ်သည့် ၊ပစ္စည်းများဖြစ်၏။brick, concrete,or
radial ပုံတည်ဆောက်ခြင်းအား၊Chimneys ဟု၄င်း၊
Sheet steel or Steel plates ဖြင့်၊တည်ဆောက်ခြင်းကို ၊
Stacks ဟုသုံးစွဲကြသည်။ Light sheet metal ဖြင့်၊အ
ဝိုင်းပုံကွေး၍သုံးသည်ကိုတွေ့ရသော်လည်း၊supporting
guys အဖြစ် heavy steel plates တွေသုံးသည်ကို၊တွေ့ရ
ပေသည်။ပုံ(၁) Chimney ပုံ(၂)Stack ။
အကျိုးအပြစ်၊(၂)မျိုးစလုံးရှိကြသည်ကို၊တွေ့ရ
သော်လည်း၊Chimney က Stack ထက်၊ကုန်ကျစရိတ်ပို
များ၏။သက်တမ်းလည်းကြာရှည်လေသည်။တွက်ချက်
မည်ဆိုပါက၊Q=volume of the gases handled,in cfs,
K=Coefficient of velocity,0.3 to 0.5 ,V= theoretical
gas velocity in fps ,h=hwD/15.91B(1/Ta -1/Tg)၊ +ft
V=8.02square root of h (Tg/Ta - 1) fps ။ A=Q/KV ft
Ta,Tg=Absolute temp air & gas ,Dry air temp 650F
K=.4. density of gas =0.0359 lb per cu ft.EXp: A
steam boiler plant consumes 20,000 lb of coal per
hr and produces -
03/11/2022
Waste Heat Recovery Boiler
*****************************
#အခြားလုပ်ငန်းစဉ်များမှ အပူကို ရယူ၍ ရေနွေးငွေ့အ
ဖြစ်၊ထုတ်လုပ်ပေးသည့် ဘွိုင်လာဖြစ်ပေသည်။အပူကို
Steel,Non ferrous,chemical & other process တို့မှရ
ရရှိသည်။ပါဝင်သောtubesမှာ ပုံမှန်အားဖြင့် carbon
steel အားအသုံးပြုကြသည်။
tubes,Shell & Water tubes မျိုးစားကွဲပြားမှုရှိ၏
Water tubes Boilerသည် Fire tubes ထက်၊ ဖိအားများ
စွာရရှိနိူင်သောလည်း၊တည်ဆောက်၊တပ်ဆင်မှုမှာသာ
လွန်ခက်ခဲသည်။
#စွမ်းဆောင်ရည်မြင့်မားခြင်း၊ကုန်ကျစရိတ်သက်သာ
ခြင်း၊လောင်စာသုံးစွဲမှုလျှော့ချနိူင်ခြင်း၊အန္တရာယ်ရှိ၍
ထွက်ရှိလာသော၊ဓါတ်ငွေ့၊ စွန့်ပစ်ခြင်းဖြင့်၊သဘာဝပတ်
ဝန်းကျင်ကိုကာကွယ်ပေးခြင်း၊အပင်များ၏စွမ်းအင်ကုန်
ကျစရိတ်နှင့်CO2 ထုတ်လုပ်မှုလျှော့ချနိူင်သဖြင့်၊စွမ်း
အင်ထိရောက်မှု၊တိုးမြှင့်နိူင်ပါသည်။ပုံ(၃)နှင့်(၄)။
Heat Boiler သည်၊ Economizer နှင့်ဆင်၏။
Furnace,(or)by product of another process တို့မှ
လောင်စာအပူကိုရယူသည်။ခေါင်းတိုင်သို့အပူတိုက်ရိုက်
မစွန့်ပစ်ခင် Economizer အားကြားခံအသုံးပြု၍ အပူ
ကိုရယူသုံးစွဲခြင်းဖြစ်၍ Recovery Boilerနှင့်တသဘော
တည်းပင်။စွမ်းအင်အချို့အားrecycleသုံးခြင်းမှာတူညီ
မှုရှိနေသည်။ပုံ(၁)နှင့်(၂) ။
စွန့်ပစ်အပူသည်၊စက်မှုလုပ်ငန်းများအတွက်၊အ
ကျိုးများစွာရရှိသည့်အပြင်၊ကုန်ကျစရိတ်ကိုလျှော့ချနိူင်
မည်ဖြစ်၍ အထောက်ကူကောင်းတခုဖြစ်လာမှာမလွဲဧ
ကန်၊ပါ။ သာယာချမ်းမြေ့ကြပါစေ။
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Yangon
11401
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |
| Saturday | 09:00 - 17:00 |
| Sunday | 09:00 - 17:00 |