Need R2P For Myanmar Citizens

Need R2P For Myanmar Citizens

Share

Photos from The Irrawaddy - Burmese Edition's post 15/08/2022

ကော့ကရိတ်မြို့တွင်း တိုက်ခိုက်မှု ရဲမှူး ၁ ဦးအပါဝင် ၁၂ ဦး သေဆုံး ဟုဆို

ဧရာဝတီ၊ ဩဂုတ် ၁၅၊ ၂၀၂၂

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင် စစ်ကောင်စီ လက် အောက်ခံ ရဲစခန်း အပါအဝင် နေရာအချို့ကို ကရင် အမျိုးသား လွတ်မြောက်ရေးတပ် (KNLA) နှင့် ပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ လက်အောက်ရှိ ရဲမှူး ၁ ဦးအပါအဝင် ၁၂ ဦး သေဆုံးပြီး လက်နက်ခဲယမ်းများ ရရှိခဲ့ကြောင်း ထုတ်​ပြန်ထားကြ သည်။

KNLA တပ်မဟာ ၆ လက်အောက်ခံ တပ်ဖွဲ့ဝင်များနှင့် ပြည်သူ့ကာကွယ်ရေးတပ် ကျားဖြူစစ်ကြောင်း၊ နဂါးဖြူစစ်ကြောင်းနှင့် ပူးပေါင်းအဖွဲ့များက ယနေ့ မနက် ၁၀ နာရီဝန်းကျင်တွင် ကော့ကရိတ်ခရိုင် ရဲရုံး အပါအဝင် အထွေထွေ အုပ်ချုပ်ရေးရုံးတို့ကို ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ယင်းတိုက်ပွဲတွင် ရဲမှူး အပါအဝင် ၁၂ ဦး သေဆုံးပြီး၊ လက်နက် ၆ လက် ရရှိခဲ့ကာ၊ ဥပဒေအရာရှိ ၁ ဦး၊ ရုံးလုပ်သား ၁ ဦးကို အရှင်ဖမ်းမိခဲ့ကြောင်း ကရင်အမျိုး သား အစည်းအရုံး (KNU) ကလည်း သတင်း ထုတ်ပြန်ထားသည်။

တိုက်ခိုက်ရာတွင် ပါဝင်သည့် စစ်ကြောင်းမှူး တဦးက “ရဲမှူးကိုလည်း ကျနော်တို့ မပစ်ချင်ပါဘူး။ ဒါပေမယ့် စကစ နဲ့ ပူးပေါင်းလို့ ပစ်ရတာပါ။ စကစနဲ့ မပူးပေါင်းပါနဲ့ ကျနော်တို့နဲ့ လာပူးပေါင်းပါ၊ တာဝန်ယူပါမယ်” ဟု သိမ်း ဆည်းရမိသည့် လက်နက်ခဲယမ်းများကို ပြသနေသည့် ရုပ်သံ တခု၌ ပြောဆိုထားသည်။

အဆိုပါ တိုက်ခိုက်မှုမှာ ၁၅ မိနစ်ခန့်သာ ကြာမြင့်ပြီး လက်ရှိတွင် ပစ်ခတ်သံများ မကြားရတော့ကြောင်း၊ စစ်ကောင်စီ တပ်များသည် KNLA တပ်ဖွဲ့ဝင်များကို လိုက် လံ ရှာဖွေနေကြောင်း ကော့ကရိတ် ဒေသခံများက ဆို သည်။

စစ်ကောင်စီတပ်ဘက်ကလည်း လက်နက်ကြီးဖြင့် အချက် ၅၀ ထက်မနည်း ပစ်ခတ်ခဲ့ပြီး အရပ်သားတဦး ထိခိုက် ဒဏ်ရာရခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ - CJ

Want your public figure to be the top-listed Public Figure in Yangon?
Click here to claim your Sponsored Listing.

Website

Address

Yangon