STEM Channel Myanmar
23/06/2026
📢 အခမဲ့ 𝐎𝐧𝐥𝐢𝐧𝐞 သင်တန်းအခွင့်အရေး (𝐁𝐮𝐢𝐥𝐝𝐏𝐫𝐨𝐜 𝐌𝐎𝐎𝐂)
စီမံကိန်းလုပ်ငန်း၊ ဖွံ့ဖြိုးရေးလုပ်ငန်း သို့မဟုတ် NGO/INGO တွေမှာ စိတ်ဝင်စားသူများအတွက် အသုံးဝင်မယ့် အခြေခံသင်တန်းလေးတစ်ခုကို မျှဝေပေးချင်ပါတယ်။
🌱 သင်တန်းအကြောင်း
BuildProc MOOC ကတော့ စိုက်ပျိုးရေးနဲ့ ကျေးလက်ဒေသဖွံ့ဖြိုးရေးစီမံကိန်းတွေမှာ အသုံးပြုတဲ့ “Public Procurement” (ဝယ်ယူရေးလုပ်ငန်းစဉ်များ) အခြေခံကို မိတ်ဆက်ပေးတဲ့ သင်တန်းဖြစ်ပါတယ်။ နိုင်ငံတကာဖွံ့ဖြိုးရေးစီမံကိန်းတွေမှာ procurement ဘယ်လိုလုပ်ဆောင်လဲဆိုတာကို နားလည်နိုင်စေဖို့ ရည်ရွယ်ထားပါတယ်။
📚 သင်ကြားရမယ့်အကြောင်းအရာများ
• Public Procurement အခြေခံသဘောတရားများ
• စီမံကိန်းဝယ်ယူရေး လုပ်ငန်းစဉ်များ
• ဖွံ့ဖြိုးရေးစီမံကိန်းများတွင် အသုံးပြုသော ကောင်းမွန်သည့် လုပ်ထုံးလုပ်နည်းများ
• သင်ခန်းစာအကျဉ်းများနှင့် အထောက်အကူပြု Resource များ
🎯 သင့်တော်သူများ
• NGO/INGO သို့မဟုတ် ဖွံ့ဖြိုးရေးစီမံကိန်းများတွင် လုပ်ကိုင်နေသူများ
• IFAD သို့မဟုတ် donor-funded projects များကို စိတ်ဝင်စားသူများ
• Procurement အခြေခံကို လေ့လာလိုသူများ
💻 သင်ကြားပုံ
• Self-paced (ကိုယ်ပိုင်အချိန်နဲ့ လေ့လာနိုင်သည်)
• Online သင်တန်း
• အခမဲ့ တက်ရောက်နိုင်သည်
• ITCILO eCampus မှတဆင့် ဝင်ရောက်လေ့လာနိုင်သည်
👉 စီမံကိန်းလုပ်ငန်းနယ်ပယ်ထဲကို ဝင်ရောက်လိုသူများအတွက် အခြေခံကောင်းတစ်ခုအဖြစ် အသုံးဝင်နိုင်တဲ့ သင်တန်းလေးပါ။
🔗စိတ်ပါ၀င်စားသူများအသေးစိတ်လေ့လာနိုင်ရန်လင့်ခ်ကို ကော်မန့်မှာဖော်ပြပေးထားပါတယ်နော်။
21/06/2026
🔬 𝐒𝐢𝐧𝐠𝐚𝐩𝐨𝐫𝐞-𝐒𝐨𝐮𝐭𝐡𝐞𝐚𝐬𝐭 𝐀𝐬𝐢𝐚 𝐅𝐞𝐥𝐥𝐨𝐰𝐬𝐡𝐢𝐩 (𝐒-𝐒𝐄𝐀𝐅) 𝟐𝟎𝟐𝟔 🇸🇬
သုတေသနလုပ်ငန်းတွေကို နိုင်ငံတကာအဆင့်မှာ တိုးချဲ့လုပ်ဆောင်ချင်တဲ့ မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှမှ သုတေသီများ အတွက် စင်ကာပူနိုင်ငံ A*STAR က ဖွင့်လှစ်ထားတဲ့ Singapore-Southeast Asia Fellowship (S-SEAF) 2026 ကို လျှောက်ထားနိုင်ပါတယ်။
ဒီ Fellowship ဟာ စင်ကာပူရှိ Host Institution များနဲ့ ပူးပေါင်းပြီး ခြောက်လမှ နှစ်နှစ်အထိ သုတေသနလုပ်ဆောင်နိုင်မယ့် အခွင့်အရေးဖြစ်ပြီး လစာထောက်ပံ့မှု၊ တစ်လလျှင် S$2,000 နေထိုင်စရိတ်နှင့် အသွားအပြန် လေယာဉ်လက်မှတ် တို့ကိုလည်း ပံ့ပိုးပေးမှာ ဖြစ်ပါတယ်။
📌 လျှောက်ထားသူများအနေဖြင့် Singapore Host Institution တစ်ခုနှင့် ပူးပေါင်းကာ Research Proposal ပြင်ဆင်တင်သွင်းရမှာဖြစ်ပြီး သတ်မှတ်ထားသော သုတေသနနယ်ပယ်များနှင့် ကိုက်ညီသူများကို ဦးစားပေးရွေးချယ်သွားမှာ ဖြစ်ပါတယ်။
🗓 လျှောက်လွှာနောက်ဆုံးရက် – ၂၀၂၆၊ သြဂုတ်လ (၁)ရက်နေ့
သုတေသနအတွေ့အကြုံကို နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုများနဲ့အတူ မြှင့်တင်လိုသူများအတွက် စိတ်ဝင်စားဖို့ကောင်းတဲ့ အခွင့်အရေးတစ်ခု ဖြစ်ပါတယ်။
🔗အသေးစိတ်လေ့လာလျှောက်ထားရန်လင့်ကို ကော်မန့်မှာကြည့်ရှုနိုင်ပါတယ်။
21/06/2026
💙 ဖခင်များနေ့မှာ... အဖေကို လွမ်းဆွတ်နေသူများအတွက် 💙
ဖခင်များနေ့ ... တချို့အတွက် အပြုံးတွေနဲ့ ပြည့်နေတဲ့နေ့ဖြစ်ပေမယ့်၊ တချို့အတွက်တော့ "အဖေ... သတိရလိုက်တာ" ဆိုတဲ့ စကားတစ်ခွန်းတောင် မျက်ရည်ဝဲစေနိုင်တဲ့နေ့ပါ။
အဖေက အနားမှာ မရှိတော့ပေမယ့် ... အဖေ သင်ပေးခဲ့တဲ့ အချစ်တွေ၊ အဆုံးအမတွေ၊ ဘဝတန်ဖိုးတွေကို ဆက်လက်အသက်ရှင်နေသရွေ့ ... အဖေဟာ သင့်ဘဝထဲက ဘယ်တော့မှ ပျောက်ကွယ်သွားမှာ မဟုတ်ပါဘူး။
အဖေကို သတိရတိုင်း ဝမ်းနည်းရုံနဲ့ မပြီးပါစေနဲ့။
အဖေ ဂုဏ်ယူရမယ့် လူတစ်ယောက်အဖြစ် အသက်ရှင်ခြင်းကလည်း ... အဖေအတွက် အလှဆုံးသော ဂုဏ်ပြုခြင်းတစ်ခုပါ။ 🤍
20/06/2026
🚀 𝐅𝐫𝐞𝐞 𝐎𝐧𝐥𝐢𝐧𝐞 𝐂𝐨𝐮𝐫𝐬𝐞 𝐎𝐩𝐩𝐨𝐫𝐭𝐮𝐧𝐢𝐭𝐲 | 𝐓𝐞𝐜𝐡𝐧𝐢𝐜𝐚𝐥 𝐄𝐧𝐠𝐥𝐢𝐬𝐡 𝐟𝐨𝐫 𝐄𝐧𝐠𝐢𝐧𝐞𝐞𝐫𝐬
အင်ဂျင်နီယာအလုပ်တွေမှာ English Communication ကောင်းလာတာနဲ့အမျှ အလုပ်လုပ်ရာမှာ ပိုပြီးရှင်းလင်း၊ ပိုပြီးယုံကြည်မှုရှိလာစေပါတယ်။
အခုတင်ပေးချင်တာကတော့ Technical English for Engineers ဆိုတဲ့ Free Online Course လေးပါ။ Engineering field ထဲကလူတွေအတွက် လက်တွေ့အသုံးဝင်တဲ့ English skills တွေကို တစ်နေရာတည်းမှာ စနစ်တကျ လေ့လာနိုင်မယ့် course လေးဖြစ်ပါတယ်။
⏱ Duration – 20 hours 10 minutes
🎓 Certificate – Free Digital Certificate ပါဝင်
💰 Fee – 100% Free (Course + Certificate အပြည့်အစုံ Free)
📚 ဒီ course မှာ သင်ယူရမယ့်အရာတွေကတော့
✅Listening, Speaking, Reading, Writing (LSRW) skills for Technical English
✅Engineering Context မှာ Grammar အသုံးပြုနည်းများ
✅Technical Vocabulary တိုးတက်အောင် လေ့လာနည်း
✅Sentence Structure & Subject–Verb Agreement
✅Scientific Writing Style (Passive Voice, Modals, Tenses)
✅Reading & Listening Strategies (Skimming, Note-Taking စသည်)
✅Formal Presentation & Speaking Skills
✅Technical Reports ကို ပိုပြီးရှင်းလင်းအောင်ရေးနည်း
🎯 ဘယ်သူတွေ လျှောက်သင့်လဲ?
✅Engineering Students
✅Junior Engineers
✅Technical Field ထဲမှာ English Skill တိုးချင်သူများ
📌 ဒီသင်တန်းလေးကတော့ အလုပ်ခွင်မှာ Report Writing, Presentation, Communication တွေကို ပိုပြီး Professional ဖြစ်အောင် တိုးတက်စေမယ့် လက်တွေ့အသုံးဝင်တဲ့ Opportunity တစ်ခုပါ။
💡 အချိန်လည်းအများကြီးမယူဘဲ အခမဲ့လေ့လာလို့ရတဲ့အတွက် စိတ်ဝင်စားရင် စမ်းကြည့်ဖို့ Recommend လုပ်ပါတယ်။
🔗 သင်တန်းတက်ရောက်ရန်လင့်ခ်ကို ကော်မန့်မှာကြည့်ရှုနိုင်ပါတယ်နော်။
19/06/2026
🚰🌍 အခမဲ့ 𝐎𝐧𝐥𝐢𝐧𝐞 𝐂𝐨𝐮𝐫𝐬𝐞 𝐎𝐩𝐩𝐨𝐫𝐭𝐮𝐧𝐢𝐭𝐲 | 𝐈𝐧𝐭𝐞𝐠𝐫𝐚𝐭𝐞𝐝 𝐖𝐚𝐭𝐞𝐫 𝐑𝐞𝐬𝐨𝐮𝐫𝐜𝐞𝐬 𝐌𝐚𝐧𝐚𝐠𝐞𝐦𝐞𝐧𝐭 (𝐈𝐖𝐑𝐌) 𝐟𝐨𝐫 𝐂𝐥𝐢𝐦𝐚𝐭𝐞 𝐑𝐞𝐬𝐢𝐥𝐢𝐞𝐧𝐜𝐞
ရေသယံဇာတစီမံခန့်ခွဲမှုနဲ့ Climate Change အကြောင်းကို စိတ်ဝင်စားသူတွေအတွက် အခမဲ့ Online Course တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါမယ်။
Cap-Net UNDP နဲ့အတူ UNEP, UN-Habitat, UNDP အပါအဝင် UN အဖွဲ့အစည်းများ ပူးပေါင်းပြီး ဒီသင်တန်းကို စီစဥ်ပေးထားတာဖြစ်ပါတယ်။
💡 ဒီသင်တန်းမှာ သင်ယူနိုင်မယ့်အကြောင်းအရာတွေကတော့
👉Climate Change နဲ့ ရေသယံဇာတ စီမံခန့်ခွဲမှု
👉Integrated Water Resources Management (IWRM) ချဉ်းကပ်မှုများ
👉Planning Tools & Practical Solutions
👉Adaptation & Mitigation Technologies
👉Financing Options for Water Sector Projects
📚 Modules (၅ ခု) ပါဝင်ပြီး သင်တန်းပြီးဆုံးရင် Certificate ရရှိနိုင်မှာပါ။
🌐 Format - Online (Self-paced)
💰 Fee - အခမဲ့ဖြစ်ပါတယ်။
📅 Enrollment Deadline - ၂၀၂၆၊ နို၀င်ဘာလ (၁၅)ရက်
ဒီသင်တန်းက Climate Resilience နဲ့ Sustainable Development အတွက် လက်တွေ့အသုံးဝင်တဲ့ Knowledge တွေကို တိုးတက်စေချင်သူတွေ၊ Development Sector / Environment Field ဝင်ချင်သူတွေအတွက် အထူးကောင်းမွန်ပါတယ်။
🔗စိတ်ဝင်စားသူများ အသေးစိတ်လေ့လာရန်လင့်ခ်ကို ကော်မန့်မှာ ဖော်ပြထားပါတယ်နော်။ 💙
Click here to claim your Sponsored Listing.