Swallow

Swallow

Share

12/04/2020

ယခုနှစ်မှာ ကျရောက်တဲ့ အတာသင်္ကြန်ကာလအတွင်းမှာ မြန်မာပြည်တစ်ဝှမ်းမှ စီးပွားရေးလုပ်ငန်းရှင်များနဲ့ မိဘပြည်သူများအားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး အဆင်ပြေ ပျော်ရွှင်ကြပါစေလို့ ကျွန်တော်တို့ Swallow Digital Marketing Service မှ လေးနက်လှိုက်လှဲစွာဖြင့် ဆုမွန်ကောင်းများ တောင်းပေးလိုက်ရပါတယ်။ ။

*****

Swallow Digital Marketing Service
No. 653, 3rd Floor (A)
San Pya (3) Street, San Pya Ward, Thingangyun Township.
Yangon – Myanmar
Email : [email protected]
Ph- 09 670 684 781



ယခုနှစ်မှာ ကျရောက်တဲ့ အတာသင်္ကြန်ကာလအတွင်းမှာ မြန်မာပြည်တစ်ဝှမ်းမှ စီးပွားရေးလုပ်ငန်းရှင်များနဲ့ မိဘပြည်သူများအားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး အဆင်ပြေ ပျော်ရွှင်ကြပါစေလို့ ကျွန်တော်တို့ Swallow Digital Marketing Service မှ လေးနက်လှိုက်လှဲစွာဖြင့် ဆုမွန်ကောင်းများ တောင်းပေးလိုက်ရပါတယ်။ ။

*****

Swallow Digital Marketing Service
No. 653, 3rd Floor (A)
San Pya (3) Street, San Pya Ward, Thingangyun Township.
Yangon – Myanmar
Email : [email protected]
Ph- 09 670 684 781

06/03/2020

ဒေါ်စိန်တုတ်နဲ့ ကိုရိုနာ
-------------------------------

နေမြင့်ချိန်တွင် ဆိုင်သိမ်း၍ ဒေါ်စိန်တုတ်တစ်ယောက် ပျံကျဈေးတန်းလေးထဲသို့ ၀င်ခဲ့၏။ ၀ယ်စရာရှိတာတွေကိုဝယ်ရင်း စိတ်ထဲမှာလည်း အတွေးတွေ ယောက်ယက်ခတ်နေမိ၏။

“ကိုရိုနာ ဗိုင်းရပ်စ်တဲ့၊ လူစည်တဲ့နေရာတွေကို မသွားရဘူးတဲ့။ ရောဂါကူးပြီး သေတတ်တယ်တဲ့။ မျက်နှာကို မျက်နှာဖုံးတွေ ဘာတွေ တပ်ရမယ်တဲ့။ လက်ကိုလည်း မှန်မှန် ဆေးရမယ်တဲ့”

၈ တန်းမအောင်ခင် ယောက်ျားနောက်လိုက်ပြေးမိသဖြင့် ယောက်ျားတစ်ယောက် အဖတ်တင်၍ သမီးတစ်ယောက်နှင့် သားတစ်ယောက်ကို ရခဲ့ပြီဖြစ်သော အသက် ၅၀ အရွယ် ဒေါ်စိန်တုတ်သည် ကိုရိုနာဆိုတာကို ဖြူသလား မည်းသလား သေချာမသိ။ သို့သော်လည်း တစ်မနက်ခင်းလုံး ဈေးရောင်းရင်း ကြားခဲ့ရသော ထိုသတင်းများကြောင့် သက်ပြင်းမောတစ်ချက်ကို ချမိ၏။

အခြားကြောင့်တော့ မဟုတ်။
ရန်ကုန်မြို့စွန်ရှိ ပျံကျရပ်ကွက်လေးနားမှ ပျံကျဈေးထိပ်တွင် ဖွင့်ထားသော သူ့မုန့်ဟင်းခါးဆိုင်လေးက လူစည်လှသောကြောင့် ဖြစ်၏။ မနက်ခင်းပိုင်းလေးသာ ဖွင့်သော်လည်း မနက် ၁၀ နာရီမထိုးခင်အချိန်တွင်း၌ မုန့် ၅ ပိဿာခန့် ကုန်သွားတတ်၏။ ထို့ကြောင့် ကိုရိုနာဆိုတာကို ကြောက်သော်လည်း ၀င်ငွေဖြောင့်သောကြောင့် ဆိုင်တော့ ပိတ်မပစ်ချင်။

ဒီဆိုင်လေး ရှိနေလို့သာ သူတို့မိသားစု စားဝတ်နေရေး ချောင်လည်နေတာ အမှန်ပဲမို့ပင် ဖြစ်၏။ ပန်းရံဆရာ ယောက်ျားကလည်း ရသမျှ အရည်ဖျော်ပစ်တတ်သလို၊ သားကြီးငတိုးကလည်း အလုပ်မရှိ ဝေလေလေ။ သမီးငယ်ဖြစ်သူ ရွှေစင်ကလည်း ရပ်ကွက်ထဲမှာ အိမ်တကာလှည့် အတင်းတုတ်ဖို့ကလွဲပြီး ဘာမှမသိတတ်။

“ဟေး... ဒေါ်စိန်တုတ်ကြီး၊ ရှင့်အတွက် ချန်ထားတဲ့ ငါးတွေ ယူသွားဦးလေ။ ဘာဖြစ်လို့ ကျွန်မဆိုင်ကို ကျော်သွားရတာလဲ”

စီခနဲ ကြားလိုက်ရသော အသံကြောင့် ဒေါ်စိန်တုတ်၏ အတွေးတို့ ရပ်တန့်သွားရလေတော့သည်။ အသံလာရာကိုလည်း လှမ်းကြည့်လိုက်မိ၏။ မျက်နှာတွင် သနပ်ခါးအဖွေးသားနှင့် ရွှေလက်ကောက်တွေကို လက်နှစ်ဖက်တွင် တံတောင်ဆစ်နီးပါးရောက်အောင် ၀တ်ထားသည့် ငါးစိမ်းသည်မ သန်းသန်းဆင့်က ရဲတွတ်နေအောင်ဆိုးထားသော နှုတ်ခမ်းပြဲကြီးဖြင့် ရယ်ပြနေတာကို တွေ့လိုက်ရ၏။

“လန့်သွားတာပဲ ကောင်မရယ်။ ညည်းအသံကလည်း ပြဲလိုက်တာ။ ငါ့လည်း အတွေးတွေ လွန်သွားလို့ပါဟဲ့။ တကတည်းတော်”

ဒေါ်စိန်တုတ်သည် သန်းသန်းဆင့်ကို ပြန်အော်ရင်း မျက်စောင်းတစ်ချက်ထိုးလိုက်၏။ ထို့နောက် ငါးဆိုင်ရှိရာဆီသို့ ဘောက်ဆတ်ဘောက်ဆတ်ဖြင့် ပြန်လျှောက်သွား၏။

သန်းသန်းဆင့်က အသင့်ထုပ်ထားသော ငါးထုပ်ကို ဒေါ်စိန်တုတ်အား လှမ်းပေးရင်း ရယ်ကျဲကျဲဖြင့် မေး၏။

“ဘာတွေစဉ်းစားနေလို့ ကျွန်မဆိုင်ကိုတောင် ကျော်သွားရတာလဲ”
“ကိုရိုနာအကြောင်းပေါ့”
“ဘာ ခရိုနီ ဟုတ်လား”
“ဟဲ့ကောင်မ၊ ငါက နင့်လင် ခရိုနီတွေအကြောင်း စဉ်းစားနေတာမဟုတ်ဘူး။ ကိုရိုနာအကြောင်း စဉ်းစားနေတာဟဲ့။ ကိုရိုနာ အကြောင်း”

“အင်း အင်း... အဲဒီ ကိုရိုနာက ဘာဖြစ်လို့လဲ”

သန်းသန်းဆင့်က မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်လုပ်ကာ ပြန်မေး၏ ဒေါ်စိန်တုတ်က ညံ့လားချေလားအေ... ဆိုသော အထင်သေးသည့်အထာဖြင့် သန်းသန်းဆင့်အား မျက်လုံးမှေးကြည့်ကာ ငါးဖိုးရှင်းရန် ပိုက်ဆံထုတ်ရင်း...

“ကိုရိုနာဆိုတာ ရောဂါပိုးဟဲ့။ နိုင်ငံခြားတွေမှာ ဖြစ်နေတာ။ ငါတို့တိုင်းပြည်ကိုလည်း ရောက်နေပြီလားဆိုတာ ဘယ်သူမှ သေချာမသိသေးဘူး။ အေး... ဒါပေမဲ့ အဲဒီရောဂါကူးရင် သေတတ်တယ်တဲ့။ နေပါဦး... ညည်းက ဈေးထဲမှာနေပြီး ဒါလေးတောင် မသိဘူးလား”

“မသိဘူး၊ ကျွန်မသိတာက မနက်စောစော ငါးဒိုင်သွားဖို့နဲ့ ဒီငါးတွေ ကုန်အောင်ရောင်းဖို့ပဲ”

သန်းသန်းဆင့်က ဒေါ်စိန်တုတ်လှမ်းပေးသော ငါးဖိုးကိုယူရင်း မခံချင်သည့်လေသံနှင့် ခပ်တည်တည် ဖြေ၏။ ဘေးဆိုင်မှ ကုန်စိမ်းသည်မ နုနုက ဒေါ်စိန်တုတ်အား မျက်စပစ်ပြကာ သန်းသန်းဆင့်အား ၀င်မေး၏။

“အလေးခိုးဖို့ရော မသိဘူးလား”

“ဟဲ့ကောင်မ၊ ပါးရှစ်စိတ်ကွဲသွားမယ်နော်။ ငါက အမှန်အကန် ရောင်းတာ။ အကြံအဖန်မပါဘူး”

သန်းသန်းဆင့် အသံက စီခနဲ။ ဘေးဆိုင်မှ ဈေးသည်များ၏ ရယ်သံများကလည်း ၀ါးခနဲ။ ဒေါ်စိန်တုတ်လည်း ရယ်ချင်သည့်စိတ်ကို အသာအောင့်ရင်း...

“တော်ကြပါတော့အေ၊ အဲဒီ ကိုရိုနာဆိုတာ မကူးအောင်လို့ မျက်နှာဖုံးတွေတပ်ကြရမယ်၊ လက်တွေ ဆေးကြရမယ်တဲ့။ နိုင်ငံခြားတွေမှာဆိုရင် လူတွေက စားစရာတွေကိုတောင် ၀ယ်လှောင်ထားနေကြပြီတဲ့။ ပြီးတော့ သူတို့အများဆုံး ၀ယ်လှောင်ကြတာက ချေးကုန်းစက္ကူပဲတဲ့။ အခုဆို စတိုးဆိုင်တွေမှာတောင် ပစ္စည်းတွေ ပြတ်ကုန်ကြပြီတဲ့”

“ဟယ်... ချေးကုန်းစက္ကူတွေကို ဘာလို့ ၀ယ်လှောင်ကြတာလဲ။ စားလို့ရလို့လား”

သန်းသန်းဆင့်၏ ဘေးဘက်ဆိုင်မှ ငရုတ်သီး၊ ကြက်သွန်တွေကို ပုံရောင်းနေသော ဒေါ်ရွှေက တအံ့တသြ ၀င်မေး၏။

“ဟာ.. ဒေါ်ရွှေကလည်း ချေးကုန်းစက္ကူပါဆိုမှတော့ ချေးကုန်းဖို့ပေါ့”

ကုန်စိမ်းသည်မ နုနုက လူတတ်ကြီးလုပ်၍ ၀င်ဖြေ၏။

“ကျွန်မကတော့ ချေးကုန်းစက္ကူများ ပိုက်ဆံအကုန်ခံပြီး ၀ယ်မသုံးပေါင်။ ရေပဲသုံးတယ်”
“အေးလေ၊ ငါတို့တွေက တစ်သက်လုံး ရေပဲ သုံးလာကြတာ။ ချေးကုန်စက္ကူဝယ်လှောင်ဖို့အရေးတော့ ရင်မခုန်ဘူး”
“အတူတူပါပဲအေ...၊ ရေမရှိလည်း တုတ်နဲ့ကုန်းပစ်နေကြပဲဟာ။ ဘာလို့ ချေးကုန်းစက္ကူကို ၀ယ်လှောင်ရမှာလဲ”
“ဟုတ်ပါ့”

အနီးအနားရှိ ဆိုင်များမှလည်း တစ်ယောက်တစ်ပေါက်ဖြင့် ပွက်ပွက်ညံအောင် ၀င်ပြောကြ၏။ ဒီပိဋိကတ် အိုးကွဲမများနှင့် ဆက်ပြောနေလျှင် ဒီနေ့အဖို့ အိမ်ပြန်ရောက်တော့မှာ မဟုတ်ဟု ဒေါ်စိန်တုတ်တွေးမိ၏။

“ကဲ ကဲ... ညည်းတို့ဘာသာ ချေးကို ကုန်းချင်တာနဲ့ကုန်းကြ။ ငါလည်း ငါကြားခဲ့ရတာတွေကို ပြောပြတာ။ ညည်းတို့လည်း ဂရုစိုက်ကြ။ ငါလည်း ကြိုတင်ကာကွယ်ဖို့ စဉ်းစားလိုက်ဦးမယ်။ ဒါပဲအေ... သွားတော့မယ်”

****

နောက်တစ်နေ့ မနက်ခင်းတွင် ဒေါ်စိန်တုတ်၏ မုန့်ဟင်းခါးဆိုင်၌ ခါတိုင်းနေ့တွေထက် လူပိုစည်နေသည်ကို တွေ့ကြရလေတော့၏။

တခြားကြောင့်တော့ မဟုတ်။ ဆိုင်ရှင် ဒေါ်စိန်တုတ်သည် ရှေ့မှန်ချထား၍ အလုံပိတ်ထားသော ဆိုင်ကယ်စီး ဟဲလ်မတ်ကြီးအား ခေါင်းမှာစွပ်ကာ မုန့်ဟင်းခါး ထိုင်ရောင်းနေသောကြောင့် အထူးအဆန်းဖြစ်ကာ လာစားကြတာမို့ပင် ဖြစ်တော့၏။

ဘာဖြစ်လို့ ဒီလိုဝတ်ပြီး ရောင်းရတာလဲဟု မေးလာသော မေးခွန်းများကိုလည်း ဒေါ်စိန်တုတ်က အသံကျယ်ကျယ်ဖြင့် အော်ဟစ်၍ ဖြေနေလေတော့၏။

“ကိုရိုနာကိုကြောက်ပြီး ကိုယ့်စီးပွားရေးကိုလည်း ပစ်ထားလို့ မဖြစ်ဘူးလေ။ ဒါပေမဲ့ ကိုရိုနာကိုကြောက်တာကတော့ တကယ်ကြောက်တယ်။ အဲ... ကာကွယ်ဖို့အတွက် သူများလို နှာခေါင်းနဲ့ ပါးစပ်ပဲလုံတဲ့ အဖြူရောင်မျက်နှာဖုံးလေးတွေကို တပ်ရမှာကိုလည်း စိတ်ကမလုံပြန်ဘူး။ ဒါကြောင့် ကျွန်မကို ရောဂါမကူးအောင်၊ အပီအပြင် ကာကွယ်နိုင်အောင်လို့ ကျွန်မသားရဲ့ ဆိုင်ကယ်စီးဦးထုပ်ကြီးကို ယူဆောင်းထားတာ”

*****

ထိုအချိန်တွင် ဒေါ်စိတ်တုတ်၏ သားကြီးဖြစ်သူ တစ်ရာ့ကိုး တစ်ရာ့တစ်ဆယ် ငတိုးသည် သူ့ရည်းစားဖြစ်သော စက်ချုပ်သမ မိဖြူနှင့် သွားချိန်းတွေ့ရန်အတွက် သူ့ဆိုင်ကယ်ဦးထုပ်အသစ်အား အိမ်တွင် ဒေါင်းတောက်နေအောင် မြေလှန်ရှာနေရရှာလေတော့၏။ ။

*****




“လူကြီးမင်းတို့ရဲ့ လုပ်ငန်းတွေ တိုးတက်အောင်မြင်လာအောင် ကြိုးစားပေးရခြင်းဟာ ကျွန်တော်တို့ရဲ့ ပျော်ရွှင်မှုတစ်ခုပါ”

*****
Swallow Digital Marketing Service
No. 653, 3rd Floor (A)
San Pya (3) Street, San Pya Ward, Thingangyun Township.
Yangon – Myanmar
Email : [email protected]
Ph- 09 670 684 781

Want your business to be the top-listed Advertising & Marketing Company in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00