GROW Myanmar

GROW Myanmar

Share

Photos from GROW Myanmar's post 13/10/2022

🙌 ကေပေါ့အကသမားတစ်ယောက် ရောင်းချတဲ့ ကိုရီးယားအစားအစာတွေကို GROW app ပေါ်ကနေ မှာယူအားပေးလို့ ရနေပါပြီ။

"ကိုဗစ်ဖြစ်တော့ ကျွန်တော် ကျောင်းနားလိုက်ရတယ်။ အကအဖွဲ့ကလည်း ဆက်လုပ်ရှားလို့ မရတော့ဘူး။ စိတ်ကူးထားတာတွေ အကုန်ပျက်တာပေါ့ဗျာ။ ဘာမှမဖြစ်ဘူးလို့ ပြောရင် လိမ်တာဖြစ်မှာပဲ။ တော်တော်စိတ်ဓါတ်ကျခဲ့ရတယ်။"
—ကောင်း၊ အိမ်ချက်စားဖိုမှူး

တကယ်တော့ ကောင်းက အနုပညာဝါသနာပါသူပါ။ အမျိုးသားယဥ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်ကျောင်းသားတစ်ဦး ဖြစ်ပြီး သူငယ်ချင်းတွေအနဲ့အတူ Team Illusion ဆိုတဲ့ 🤸‍♂️ ကေပေါ့အကအဖွဲ့ကို တည်ထောင်ထားပါတယ်။ ဒါပေမဲ့ ဘယ်သူမှ မျှော်လင့်မထားခဲ့တဲ့ ကိုဗစ်ကပ်ရောဂါပေါ်လာချိန်မှာတော့ သူ့ရဲ့ အနုပညာလုပ်ငန်းတွေကို ရပ်နားလိုက်ရပါတော့တယ်။

မကရရင် အိပ်မပျော်၊ စားမဝင်တဲ့ ကောင်းအတွက်တော့ ခက်ခဲတဲ့ နေ့တွေပါပဲ။ ✨ စိတ်ပြေလက်ပျောက် ထွက်ပေါက်ရှာရင်းနဲ့ အစားအသောက်တွေ ပြုလုပ်ရတာကို ဝါသနာပါလာခဲ့ပါတယ်။ နဂိုကတည်းက တီထွင်ဖန်တီးရတာကြိုက်သူဆိုတော့ အွန်လိုင်းကနေ ကိုယ်တိုင်လေ့လာပြီး မုန့်ပဲသရေစာတွေ သူလုပ်ကြည့်ပါတယ်။ ဟမ်ဘာဂါ၊ အသားညှပ်ပေါင်မု့န်၊ ကိုရီးယားကြက်ကြော်၊ ကိုရီးယားခေါက်ဆွဲ စသဖြင့် စုံလို့ပါပဲ။

ကောင်းရဲ့ လက်ရာကို အားပေးချင်တယ်ဆိုရင်တော့ 👉 GROW app မှတဆင့် Psymon’s Foodie ကနေ မှာယူအားပေးလို့ ရနေပါပြီနော်။

🛒 သင့်အတွက် အွန်လိုင်းရပ်ကွက် GROW မှာ စျေးဝယ်ထွက်
🤩 အစားအသောက်၊ လက်မှုပစ္စည်းနဲ့ အိမ်တွင်းဝန်ဆောင်မှုများစွာ

Download GROW app:
📲 Android: https://bit.ly/GROWBuyerAndroid
📲 iOS: https://apple.co/38vGDMn

ကျွမ်းကျင်ရာဝါသနာကို လုပ်ငန်းအဖြစ် အသွင်ပြောင်းချင်ပါသလား❓ GROW ပါတနာဖြစ်ဖို့ အခုပဲ အခမဲ့ စာရင်းပေးလိုက်ပါ။
📜 bit.ly/GROW-Partner

Photos from GROW Myanmar's post 11/10/2022

မြန်မာပြည်က အာဂျီးမားတစ်ယောက်ရဲ့ အိမ်ချက်လက်ရာ ... ထိမိဂွိမဲ့ ဟင်းလျာကောင်းတွေကို 👉 GROW app ကနေ မှာစားလိုက်ရအောင်။

“အမာခံပရိတ်သတ်ကတော့ အမျိုးသားပေါ့၊ အစ်မလက်ရာကို အမြဲကောင်းတယ်ဆိုတာချည်းပဲ။ အလုပ်နှစ်ခု လုပ်ရသလိုဖြစ်လို့ ပင်ပန်ပေးမဲ့ သူရှိနေတာကိုက အားတစ်ခုပဲ။ ကိုယ့်ဘေးနားမှာနေပြီး အားပေးမဲ့သူတစ်ယောက်ရှိနေလို့ အစ်မကံကောင်းပါတယ်။”
—မနှင်း၊ အိမ်ချက်စားဖိုမှူး

👩‍🍳 မနှင်းက လူလတ်ပိုင်းအရွယ်ပေမဲ့ အဒေါ်ကြီးတစ်ယောက်လို ရိုးရိုးရှင်းရှင်းဝတ်စားတတ်တာကြောင့် ရုံးက လုပ်ဖော်ကိုင်ဖက်တွေက သူ့ကို အာဂျီးမားလို့ ချစ်စနိုးခေါ်ကြပါတယ်။ ရုံးအလုပ်တစ်ဖက်နဲ့ အိမ်မှုကိစ္စတွေလည်း မလစ်ဟင်းစေရအောင် ဆောင်ရွက်ရတာ မလွယ်လှပါဘူး။ ဒါပေမဲ့ ဘယ်လောက်ပင်ပန်းပါစေ၊ အချက်အပြုတ်ဝါသနာပါသူဆိုတော့ ဟင်းချက်ရရင် ပျော်နေသူပါ။

ကိုဗစ်ကပ်ရောဂါ စတင်ဖြစ်ပွားချိန်မှာ အွန်လိုင်းကနေ အစားအသောက်ရောင်းဖို့ မနှင်း အကြံရခဲ့ပါတယ်။ အမျိုးသားဖြစ်သူရဲ့ အားပေးမှုတွေလည်း ပါတာပေါ့။ အာဂျီးမားရဲ့လက်ရာတွေထဲမှာ ပုဇွန်အစိမ်းသုပ်နဲ့ ဂဏန်းမဆလာချက်တို့က နာမည်ကျော်ပါတယ်။ အိမ်ချက်လက်ရာကောင်းကောင်းကို ထိထိမိမိ စားချင်သူတွေအတွက် ခံတွင်းတွေ့စေပါလိမ့်မယ်။ 😊

🛒 သင့်အတွက် အွန်လိုင်းရပ်ကွက် GROW မှာ စျေးဝယ်ထွက်
🤩 အစားအသောက်၊ လက်မှုပစ္စည်းနဲ့ အိမ်တွင်းဝန်ဆောင်မှုများစွာ

Download GROW app:
📲 Android: https://bit.ly/GROWBuyerAndroid
📲 iOS: https://apple.co/38vGDMn

ကျွမ်းကျင်ရာဝါသနာကို လုပ်ငန်းအဖြစ် အသွင်ပြောင်းချင်ပါသလား❓ GROW ပါတနာဖြစ်ဖို့ အခုပဲ အခမဲ့ စာရင်းပေးလိုက်ပါ။
📜 bit.ly/GROW-Partner

Want your business to be the top-listed Finance Company in Yangon?
Click here to claim your Sponsored Listing.

Telephone

Address

12A, Inya Yeik Thar Street, Kabar Aye Pagoda Road
Yangon
11061

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00