Start Up Mastery with Mercy
28/04/2026
"ခဏလေးပါပဲ" ဆိုပြီး ဖုန်းကို ကောက်ကိုင်လိုက်တာ... ပြန်ချလိုက်တော့ မိနစ် ၃၀ အချိန်ကုန်သွားပြီး အလုပ်ကတော့ရှေ့မရောက်ဖြစ်တာမျိုး ကြုံဖူးကြမှာပါ။
🔰 Noti တစ်ခု တက်လာတိုင်း ကိုယ့်ရဲ့ အာရုံစိုက်မှု (Focus) က ဖန်ခွက်တစ်လုံးလို ရိုက်ခွဲခံလိုက်ရသလိုပါပဲ။ အဲဒီအစိတ်အပိုင်းတွေကို ပြန်ဆက်ဖို့က အချိန် (၂၃) မိနစ်လောက် ပြန်ပေးရတယ်လို့ သတင်းအချက်အလက်သိပ္ပံ ပါမောက္ခ Gloria Mark က ဆိုပါတယ်။ တစ်နေ့လုံး Noti တက်တိုင်း ဖုန်းကြည့်နေမယ်ဆိုရင် ကိုယ့်ရဲ့ ဦးနှောက်က "အာရုံစိုက်ခြင်း" ဆိုတဲ့ အလုပ်ကို မေ့သွားပါလိမ့်မယ်။
📍 အလုပ်ကို "အာရုံစူးစိုက်မှု" အပြည့်နဲ့ အလုပ်လုပ်နိုင်ဖို့ ဘာတွေပြောင်းလဲဖို့လိုလဲ?
၁။ "Home Screen" ကို သန့်ရှင်းရေးလုပ်ပါ။
ကိုယ့်ကို အာရုံများစေတဲ့ Social Media App တွေကို ပထမစာမျက်နှာမှာ မထားပါနဲ့။ ရှာရခက်တဲ့ နေရာမှာ သိမ်းထားပါ။ ဖုန်းကိုင်လိုက်တိုင်း Facebook ကို အလိုအလျောက် နှိပ်မိနေတဲ့ လက်ချောင်းတွေရဲ့ အကျင့်ကို အရင်ဆုံး ဖျက်ရပါမယ်။
၂။ "Out of Sight, Out of Mind"
အရေးကြီးတဲ့ Project တစ်ခု လုပ်နေပြီလား? ဖုန်းကို မှောက်ထားလိုက်ပါ။ ဒါမှမဟုတ် ကိုယ်နဲ့ဝေးတဲ့နေရာမှာ ထားလိုက်ပါ။ ဖုန်းမျက်နှာပြင် လင်းလာတာကို မမြင်ရရင် အာရုံပျံ့လွင့်ဖို့ အခွင့်အလမ်း ၅၀% လျော့သွားပါလိမ့်မယ်။
၃။ Noti တွေကို "အမျိုးအစား" ခွဲခြားပါ။
အရေးကြီးတဲ့ ဖုန်းခေါ်ဆိုမှုနဲ့ Message ကလွဲရင် ကျန်တာအားလုံးကို "Off" ထားပါ။ တစ်ကမ္ဘာလုံးက အကြောင်းအရာတွေကို ချက်ချင်းသိနေဖို့ မလိုပါဘူး။ ကိုယ့်အလုပ် အာရုံစူးစိုက်မှုအပြည့်နဲ့ အောင်မြင်စွာ ပြီးမြောက်ဖို့ကသာ အရေးကြီးပါတယ်။
၄။ "အချိန်သတ်မှတ်ပြီး တစ်စုတစ်စည်းထဲ စစ်ဆေးခြင်းမျိုး" လုပ်ပါ။
Email တွေ၊ Telegram ဒါမှမဟုတ် Viber Message တွေကို Noti တက်တိုင်း ကြည့်မယ့်အစား တစ်နေ့ကို ၃ ကြိမ် (ဥပမာ - မနက်တစ်ခါ၊ နေ့လယ်တစ်ခါ၊ ညနေတစ်ခါ) ပဲ စစ်ဆေးတဲ့အချိန် သီးသန့်ထားလိုက်ပါ။
📌 အလုပ်တွေပုံနေပေမယ့် ဖုန်းထဲမှာပဲ အချိန်ကုန်နေမိလို့ ကိုယ့်ကိုယ်ကိုယ် အားမလိုအားမရ ဖြစ်နေတာမျိုး အားလုံး ကြုံဖူးကြမှာပါ။ တကယ်တော့ Focus ဆိုတာ အလေ့အကျင့်တစ်ခုပါပဲ။ နည်းပညာကို ကိုယ့်ရဲ့အလုပ်တွေကို အထောက်အကူပြုဖို့ပဲ သုံးပြီး နည်းပညာရဲ့ 'ကျွန်' မဖြစ်သွားအောင် ကိုယ့်ရဲ့ အလေ့အကျင့်တွေကို ပြောင်းလဲကြိုးစားကြည့်ဖို့ လိုအပ်ပါတယ်။
28/04/2026
Everything is important ပဲ ပြီးရင်တော့ တစ်လွဲလုပ်....😂
27/04/2026
"စိတ်မပါလို့ မလုပ်တော့ဘူး" ဆိုတာ Professional တစ်ယောက်ရဲ့ အဘိဓာန်မှာ မရှိပါဘူး။ 🚫
Professional တစ်ယောက်နဲ့ သာမန်လူတစ်ယောက်ရဲ့ အကြီးမားဆုံး ကွာခြားချက်က "Emotions" ကို တုံ့ပြန်ပုံချင်း မတူတာပါ။
✅ သာမန်လူတွေက စိတ်ခံစားချက်ပေါ်မူတည်ပြီး အလုပ်လုပ်တတ်ကြတယ်။
✅ Professional ကျတဲ့လူတွေကတော့ အလုပ်အပေါ်မူတည်ပြီး စိတ်ခံစားချက်ကို ထိန်းချုပ်တတ်ကြပါတယ်။
📌 ဒေါသထွက်နေချိန်မှာ ဆုံးဖြတ်ချက်မချတာ၊ စိတ်ဓာတ်ကျနေချိန်မှာတောင် တာဝန်ယူမှုကို မမေ့တာဟာ Professional ပီသခြင်းရဲ့ အမှတ်အသားတစ်ခုပါ။
✨ အောင်မြင်မှုဆိုတာ အရည်အချင်း အပြင် စိတ်ဓာတ်ကိုပါ ဘယ်လောက်အထိ ရင့်ကျက်အောင် တည်ဆောက်နိုင်သလဲဆိုတာပေါ်မှာ အများကြီး မူတည်နေပါတယ်။
27/04/2026
🔰 လုပ်ငန်းခွင်မှာ အလုပ်တစ်ခုကို တစ်နေကုန်အချိန်ပေးထားရင် တစ်နေကုန်မှ ပြီးတတ်ပေမယ့်၊ "၂ နာရီအတွင်း အပြီးတင်ရမယ်" ဆိုရင်တော့ မဖြစ်ဖြစ်အောင် နည်းလမ်းရှာပြီး ပြီးအောင်လုပ်နိုင်ကြတာကို သတိထားမိပါသလား? 🤔
ဒါဟာ စိတ်ပညာအရ Parkinson’s Law ကြောင့် ဖြစ်ပါတယ်။
"အလုပ်တစ်ခုဟာ သူ့အတွက် သတ်မှတ်ထားတဲ့ အချိန်ကုန်ဆုံးတဲ့အထိ ကျယ်ပြန့်သွားတတ်တယ်" ဆိုတဲ့ သဘောတရားပါ။
🖇️ "အလုပ်တွေက မပြီးနိုင်ဘဲ ကိုယ်ကပဲ အရင် ပင်ပန်းသွားရတဲ့ အကြောင်းရင်း (၃) ချက်ကဘာကြောင့်လဲ?"
၁။ "အချိန်ရသေးတယ်" ဆိုတဲ့ အတွေးရှိနေခြင်း
Deadline က ဝေးနေတဲ့အခါ ဦးနှောက်က "အေးဆေးပါ" လို့ အချက်ပေးတတ်ပါတယ်။ ဒါပေမဲ့ အဲဒီ အေးဆေးနေခြင်းက စိတ်ကို အနားပေးတာမဟုတ်ဘဲ အလုပ်ကို ပိုပြီး "ကြာရှည် လေးလံ" သွားစေပါတယ်။ ရလဒ်အနေနဲ့ အလုပ်စရမယ့်အချိန်မှာ အားအင်ကုန်ခမ်းနေပြီး မလိုအပ်ဘဲ စိတ်ဖိစီးမှုတွေ ပိုတိုးလာရုံပဲ ရှိပါလိမ့်မယ်။
၂။ အရေးကြီးမှုကို ခွဲခြားမရခြင်း
အလုပ်တွေ အများကြီးရှိနေတဲ့အခါ ဘယ်အရာကို အရင်လုပ်ရမလဲ မသိဘဲ ဖြစ်နေတတ်ပါတယ်။ အချိန်တွေ အများကြီး ပေးထားတဲ့အခါ အရေးမကြီးတဲ့ အသေးအဖွဲကိစ္စတွေကို အရင်လုပ်မိနေပြီး တကယ့် အရေးကြီးတဲ့ အလုပ်ကြီးတွေကိုတော့ အချိန်ဆွဲထားမိတတ်ပါတယ်။ ဒါဟာ အလုပ်ကို မပြီးမြောက်စေဘဲ လူကိုပဲ ပင်ပန်းစေတဲ့ အဓိက အချက်ဖြစ်ပါတယ်။
၃။ အာရုံစိုက်မှုတွေ ဖရိုဖရဲဖြစ်ခြင်း
အချိန်ကန့်သတ်ချက် (Deadline) တိုတိုလေး ရှိမှသာ လူ့ဦးနှောက်က အာရုံစူးစိုက်မှု အကောင်းဆုံး "Focus Mode" ထဲကို ဝင်သွားတာပါ။ အချိန်တွေ အကန့်အသတ်မရှိ ပေးထားလေလေ၊ တခြားအရာတွေထဲ အာရုံရောက်ဖို့ အခွင့်အရေး ပိုများလေလေပါပဲ။ အလုပ်တစ်ခုထဲမှာပဲ နှစ်နှစ်ကာကာ မရှိတော့ဘဲ စိတ်တွေက နေရာအနှံ့ ရောက်နေတာကြောင့် အလုပ်က ပြီးသင့်သလောက် မပြီးတော့တာဖြစ်ပါတယ်။
💡 အလုပ်တွင်ကျယ်စေဖို့ လက်တွေ့ကျကျ စတင်နိုင်မယ့် နည်းလမ်းကောင်းများ
✅ ကိုယ်ပိုင် Deadline တစ်ခု ကြိုသတ်မှတ်ပါ။
တကယ့် Deadline က သောကြာနေ့ဆိုရင် ကိုယ့်ရဲ့ Deadline ကို ဗုဒ္ဓဟူးနေ့ ဒါမှမဟုတ် ကြာသပတေးနေ့လို့ ကြိုသတ်မှတ်ထားလိုက်ပါ။ ဒါဟာ အလုပ်ကို မြန်မြန်ပြီးစေရုံတင်မကဘဲ မမျှော်လင့်ထားတဲ့ အရေးပေါ်ကိစ္စတွေ ပေါ်လာရင်လည်း စိတ်အေးလက်အေး ရင်ဆိုင်နိုင်ဖို့ "အချိန်ပို" ရစေပါတယ်။
✅ အချိန်ကို အကန့်အသတ်နဲ့ သုံးပါ။
အလုပ်တစ်ခုကို ပေးထားတဲ့အချိန်အထိ လုပ်မယ်ဆိုတာထက် "ဒီအလုပ်အတွက် မိနစ် ၃၀ ပဲ ပေးမယ်" ဆိုပြီး အချိန်အတိအကျ ကန့်သတ်လိုက်ပါ။ ကိုယ့်ရဲ့ အချိန်ကို ကန့်သတ်လိုက်တဲ့အခါ စိတ်က ပိုပြီး အာရုံစိုက်လာတာကြောင့် မလိုအပ်ဘဲ အချိန်ဆွဲနေတာတွေကို လျှော့ချနိုင်ပါလိမ့်မယ်။
✅ ၈၀/၂၀ စည်းမျဉ်းကို အသုံးချပါ။
အလုပ်တွေအများကြီးထဲမှာ ရလဒ်ရဲ့ ၈၀% ကို ဖြစ်ပေါ်စေမယ့် "အရေးကြီးဆုံး အလုပ် ၂၀%" ကို အရင်ရွေးထုတ်ပြီး အပြတ်ဖြတ်ပါ။ အသေးအဖွဲကိစ္စတွေမှာ အချိန်ကုန်ခံနေမယ့်အစား တကယ့်အရာရောက်တဲ့ အလုပ်တွေကို အရင်ပြီးအောင်လုပ်ခြင်းက သင့်ကို ပိုပြီး Professional ဆန်စေမှာပါ။
📍 အချိန်ဆိုတာ လူတိုင်းအတွက် တူညီပေမယ့် အသုံးချပုံချင်းကတော့ မတူကြပါဘူး။ အလုပ်တစ်ခုချင်းစီကို 'အချိန်ဘောင်' လေးတွေ သတ်မှတ်ပြီး လုပ်ကြည့်လိုက်တာက သင့်ရဲ့ လုပ်ဆောင်နိုင်စွမ်း (Productivity) ဘယ်လောက်တိုးတက်လာမလဲဆိုတာ ကိုယ်တိုင် လက်တွေ့ မြင်တွေ့ရပါလိမ့်မယ်။
Click here to claim your Sponsored Listing.
Category
Website
Address
Yangon
11451