April & Nyan
26/06/2023
အေးတယ်..
ဒါပေမယ့်..နွေးတယ် 💙
အောင်မြင်တဲ့စီးပွားရေးလုပ်ငန်းတစ်ခုရဲ့ လျှို့ဝှက်ချက် (2) ခုက ဘာတွေလဲ ?
16/02/2023
Traditional Marketing နဲ့ Digital Marketing ကြားက ကွာခြားချက် 👉👉
ဒီနေ့ခေတ် မြန်မာနိုင်ငံမှာ အရွယ်ရောက်ပြီးသား လူတိုင်းလိုလို Internet ကို စတင်အသုံးပြုနေကြပါပြီ။ ဆိုတော့ ဒီအင်တာနက်ကနေ Marketing လုပ်ကြပါမယ်။ ဒီလိုအင်တာနက်ကနေပြီးတော့ Market ချဲ့ထွင်ခြင်းကို Digital Marketing လို့ ခေါ်တာပါပဲ.💻
Digital Marketing ဆိုတဲ့ စကားကို လူတိုင်းနီးပါး ကြားဖူးပြီးသားဖြစ်မှာပါ။ ဟိုးအရင်တုန်းကတော့ အားလုံးသိတဲ့အတိုင်းပဲ ကုန်ပစ္စည်းကြော်ငြာတွေ၊ သတင်းတွေ၊ နိုင်ငံရေး၊ လူမှုရေးတွေဆိုရင် Radio (သို့) TV တွေ ကနေ Advertise လုပ်ကြရတယ်။ ဒီလို advertise လုပ်တဲ့အခါ ကုန်ပစ္စည်းကို လူသိများလာပေမယ့် ငွေကုန်ကြေးကျများမယ်။
ဒါဆိုရင် Digital Marketing ကရော ပိုက်ဆံမကုန်ဘူးလား?
ဟုတ်ကဲ့ မေးသင့်တဲ့မေးခွန်းပါပဲ . .
Digital Marketing က Online ကို အခြေခံပြီးလုပ်တဲ့အတွက်ကြောင့် ငွေကုန်ကြေးကြ သိပ်မများပါဘူး။
Digtial Marketing ကိုအသုံးပြုရခြင်းရဲ့ အဓိကအကျိုးရလဒ်ကတော့ ကုန်ကျစရိတ်သက်သာစွာဖြင့် မိမိရဲ့ လုပ်ငန်းကို ကြော်ငြာနိုင်ခြင်းဖြစ်ပါသည်။ သင့်ရဲ့ brand ကို လူအယောက် ၁၀၀၀ တွေ့မြင်နိုင်ဖို့ $1 လောက်ပဲ သုံးရပါတယ်။ အလားတူရလဒ်မျိုးရရှိအောင် Billboard, TV, Magazine, Radio အစရှိတဲ့ chanel တွေကိုအသုံးပြုမယ်ဆိုရင် ဒီလောက်နဲ့မရနိုင်တာကတော့ အသေအချာပါပဲ။ ကုန်ကျစရိတ်သက်သာခြင်းကြောင့် လုပ်ငန်းငယ်လေးတွေဟာ ကိုယ့်ထက်ကြီးမားတဲ့ လုပ်ငန်းကြီးတွေနှင့် ယှဉ်ပြီး ကြော်ငြာလာနိုင်ပါတယ်။ Digital မတိုင်ခင်တုန်းကတော့ လုပ်ငန်းကြီးတွေက Billboardတွေ၊ Radio Chanel တွေ၊ TV Program တွေကနေ Budget များများသုံးပြီးကြော်ငြာနေပေမယ့် လုပ်ငန်းငယ်လေးတွေကတော့ ကုန်ကျစရိတ်များပြားလွန်းတာကြောင့် လိုက်လုပ်နိုင်မှာ မဟုတ်ပါဘူး။ သင်သာ Digital Marketing ကိုအသုံးပြုမယ်ဆိုရင်တော့ Marketing မှာ လုပ်ငန်းကြီးတွေနဲ့ ရေပြင်ညီဖြစ်လာနိုင်ပါတယ်။
အချိန်ကုန်သက်သာပြီး မြန်ဆန်ခြင်း
Customer တွေကို ဘယ်လို Message မျိုးပေးချင်တာလဲ။ Digital ကိုသာ အသုံးပြုမယ်ဆိုရင်တော့ နာရီ၀က်အတွင်း ပေးချင်တဲ့အကြောင်းအရာတွေကို customer တွေဆီ အရောက်ပေးပို့နိုင်မှာဖြစ်ပါတယ်။ TV (သို့) Radio တွေကနေ ကြော်ငြာမယ်ဆိုရင်တောင် အချိန်အတိုင်းအတာရှိပြီးတော့ Digital Marketing လိုမျိုး အချိန်မရွေးကြည့်ရှုနိုင်မှာ မဟုတ်ပါဘူး။
ဖော်ပြပါအချက်တွေကတော့ Digital Marketing ရဲ့အားသာချက်တွေဖြစ်ပါတယ်။မြန်မာနိုင်ငံမှာရဲ့ အင်တာနက်အသုံးပြုသူတွေ တနေ့တစ်ခြားတိုးတက်လာသည်နှင့်အမျှ တဖြည်းဖြည်း ကျယ်ပြန့်လာမယ့် Digital Marketing ကိုလဲ သင့်လုပ်ငန်းအတွက် အသုံးပြုသင့်နေပါ။
လူကြီးမင်းတို့ရဲ့ လုပ်ငန်းများကိုလည်း ခေတ်နဲ့အမှီ Digital Marketing နဲ့ ထိုးဖောက်ချင်တယ်ဆိုရင်တော့ ကျွန်တော်တို့နဲ့အတူ လက်တွဲဖို့ ဖိတ်ခေါ်ပါရစေ . . .
&Nyn
Click here to claim your Sponsored Listing.
Contact the business
Telephone
Website
Address
10110