Blessed Life
ယနေ့ခရစ်ယာန်များကြားရှိ အလွဲခံယူချက်
---------------------------------------------
ယနေ့ခရစ်ယာန်လောကထဲမှာ အလွဲယူတဲ့ ပြသနာများစွာရှိနေသည့်ထဲက အရေးကြီးတဲ့ အချက်တစ်ခုကို အကျဉ်းချုံး ပြောချင်ပါတယ်။
အဲဒါကတော့
👉 ကိုယ့်ခံစားချက်၊ ကိုယ့်ထင်မြင်ချက်ကို “ဘုရားသခင်က ငါ့ကို တိုက်ရိုက်စကားပြောတယ်” လို့ တစ်ထစ်ချ ခံယူလိုက်တဲ့ အယူအဆ ဖြစ်ပါတယ်။
ဒီခံယူချက်က မှားယွင်းတဲ့ ပြသနာတစ်ခု ဖြစ်တယ်ဆိုတာကို ဦးစွာ နားလည်ဖို့လိုပါတယ်
J. I. Packer
“ဘုရားသခင်၏ လမ်းညွှန်မှုကို ခံစားချက်ဖြင့် ရှာဖွေရင် အန္တရာယ်ကြီးတယ်” ဒီခံယူချက်ဟာ အန္တာရယ်ကြီးတဲ့ ခံယူချက်တစ်ခု ဖြစ်ပါတယ်။
ပြသနာက ဘာလဲ?
----------------
ယနေ့ခေတ်မှာကိုယ်တိုင်ခံစားခဲ့ရတာ၊ ကိုယ်တိုင်ကြုံတွေ့ခဲ့ရတာ၊ ကိုယ်တိုင်မြည်းစမ်းခဲ့ရတာ၊ စသဖြင့်ပတ်ဝန်းကျင်ရဲ့ အခြေအနေကြောင့် ဖြစ်လာတဲ့ Emotion (ခံစားချက်)၊ Impression (အထင်အမြင်) တွေကို “ဘုရားသခင်က ငါ့ကို စကားပြောတယ်” “ဘုရားသခင်က ငါ့ကို ပြတယ်” ဆိုပြီးစစ်ဆေးခြင်းမရှိဘဲ၊ အလွယ်တကူ ဘုရားစကားအဖြစ် သတ်မှတ်လိုက်တာ များစွာရှိနေပါတယ်။ ဒါဟာ ယနေ့ခရစ်ယာန်များအတွင်း အလွန်အန္တရာယ်ကြီးတဲ့ အလွဲခံယူချက် တစ်ခုဖြစ်ပါတယ်။
ဆိုးကျိုးက ဘာဖြစ်လာလဲ?
------------------------
ဒီအလွဲခံယူချက်ကြောင့် ပရော်ဖက်ပြုချက်တွေ တစ်လွဲ၊ နူတ်ကပတ်တော် ဖွင့်ပြချက်တွေ တစ်လွဲ၊ ဟောပြောချက်တွေ တစ်လွဲ၊ သွန်သင်ချက်တွေ တစ်လွဲ၊
👉 ခရစ်ယာန်လောကကို ပရမ်းပတာ ဖြစ်စေတယ်
👉 ယုံကြည်သူတွေကို ရှုပ်ထွေးစေတယ်
အရေးကြီးဆုံးအချက်ကတော့
----------------------------
ခံစားချက်၊ အထင်အမြင်တွေကို ဘုရားသခင်၏ နူတ်ကပတ်တော်နဲ့ “တန်းတူအခွင့်အာဏာ” ပေးလို့ လုံးဝ မရပါဘူး။ အစားထိုးလည်း မရပါဘူး၊Experience(အတွေ့အကြုံ) ကို သမ္မာကျမ်းစာထက် ဦးစားပေးခြင်းက အန္တရာယ်ရှိပါတယ်။
ယုံကြည်သူတစ်ယောက်အတွက်
-----------------------------
👉 သမ္မာကျမ်းစာသာ နောက်ဆုံးအာဏာပိုင် (Final Authority) ဖြစ်ရပါမယ်။"ငါဒီလိုခံစားရတယ်” “ငါ ဒီလိုထင်တယ်” ဆိုတာ ပြောလို့ရပါတယ်။ ငါထင်တယ် ( ထင်ကြေးပေးလို့ရပါတယ် ) ပြသနာမရှိပါဘူး။
ဒါပေမယ့်
---------
“ဘုရားသခင် ငါ့ကို ဒီလိုပြောတယ်”လို့ ခံစားချက်ကို
စစ်ဆေးခြင်းမရှိဘဲ တစ်ထစ်ချ ဘုရားစကားအဖြစ် သတ်မှတ်တာ မလုပ်သင့်ပါဘူး။
R. C. Sproul က ပြောထားတာက
-------------------------------
“ဘုရားသခင်၏ အသံကို နားထောင်ချင်ရင် ကျမ်းစာဖတ်ပါ။အသံကြားချင်ရင် အသံကျယ်ကျယ်ဖတ်ပါ။”
နောက်တစ်ခုက
“ခံစားချက်ကို နူတ်ကပတ်တော်ရဲ့ အခွင့်အာဏာပေးလိုက်ရင်ဘုရားသခင်၏ စကားကို ဆုံးရှုံးသွားမယ်”
အဓိကပြသနာက
----------------
ခံစားချက်၊ အထင်အမြင်တွေကို ဘုရားသခင်၏ စကားအဖြစ် တန်းတူအခွင့်အာဏာ ပေးလိုက်ခြင်း ဖြစ်ပါတယ်။
အဓိက ပြောချင်တာက
---------------------
“ငါ ဘာခံစားရလဲဆိုတာ” ထက် “ဘုရားသခင်၏ နူတ်ကပတ်တော်က ဘာပြောနေလဲ” ဆိုတာကို ပိုပြီး အာရုံစိုက်တတ်ဖို့ အလွန်အရေးကြီးကြောင်း ပြောချင်ပါတယ်။
ဖတ်ရှုသူအားလုံးကိုဘုရားသခင်ကောင်းကြီးပေးပါစေ။
Credit : https://m.facebook.com/story.php?story_fbid=1965849374333119&id=100027242272887&mibextid=wwXIfr
Video Cr
Click here to claim your Sponsored Listing.