Notes for peace
21/05/2025
သိပ်လှပတဲ့အမျိုးသမီးထဲမှာတော့မပါပေမယ့်
ကိုယ်ကျင့်သိက္ခာကိုတန်ဖိုးထားတဲ့အမျိုးသမီးထဲမှာတော့ပါတယ်။
တစ်ခုခုလိုချင်လို့သူများဆီတောင်းယူရတဲ့ဘဝထက်
ကိုယ်ပိုင်အလုပ်လုပ်ပြီ ကိုယ်ပိုင်ဝင်ငွေနဲ့ဝယ်ယူနိုင်အောင်ကြိုးစားတယ်။
ကိုယ်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်အောင်ကြိုးစားနေတဲ့အမျိုးသမီးတစ်ယောက်မို့ ဘယ်သူမှအနားမှာရှိမနေရင်တောင်မှ တစ်ယောက်တည်းတောက်ပနိုင်အောင် ကြိုးစားတယ်။
လက်တွဲဖော်ဆိုတာရှိလည်းဖြစ်တယ် မရှိလည်းဖြစ်တယ် အိုစာမင်စာတွေစုမိဆောင်းမိတဲ့တစ်နေ့ကျရင်သိပ်အေးချမ်းသောမြို့လေးမှာ တစ်ကိုယ်တည်းအေးချမ်းစွာအနားယူမယ်လို့ဆုံးဖြတ်ထားတယ်။
သိပ်ရိုးရှင်းသောအိမ်မက်တွေနဲ့အတူပေါ့။
#ဖားစည်ရည်ကျော်
နိုဝင်ဘာ ၁ရက်
Click here to claim your Sponsored Listing.
Culinary Team
Attire
Telephone
Website
Address
Yangon