Mason Myanmar
01/12/2021
ချစ်ခြင်းနှင့်လက်ဆောင်💖💖
-----------------------------
ချစ်ရခင်ရသူတွေ အတွက် အကောင်းဆုံးကိုသာ ဝေမျှပေးချင်ကြတာဟာ ချစ်ခြင်းမေတ္တာတရားရဲ့ နက်ရှိုင်းမှုတွေပါပဲ။
ကိုယ်လက်ဆောင်ပေးချင်တဲ့သူဟာ အမျိုးသမီးလေး တစ်ယောက်ဖြစ်ခဲ့မယ်ဆိုရင် တန်ဖိုးထားရတဲ့ အမျိုးသမီးလေးကို အကောင်းဆုံး လက်ဆောင် ဖန်တီးပေးနိုင်ဖို့အတွက် …
❤ချစ်ခြင်းမေတ္တာကို ပြည့်ဝစွာ ဖော်ပြပါ။
အမျိုးသမီးတိုင်းအတွက် အကောင်းဆုံးသော လက်ဆောင်ဟာ ချစ်ခြင်းမေတ္တာပါ။ အချစ်ခံရတဲ့ ဘဝမှာ မပျော်ရွှင်နိုင်တဲ့ မိန်းကလေးရယ်လို့ မရှိနိုင်ပါဘူး။ နေ့စဉ်နှင့်အမျှ အလုပ်တာဝန်တွေ၊ အိမ်မှုကိစ္စတာဝန်တွေနဲ့ လူမှုရေးတွေကြား မောပန်းလွန်းလှတဲ့ ဘဝကြီးမှာ ချစ်ရသူတွေရဲ့ ချစ်ခြင်းမေတ္တာတရားတွေဟာ အမျိုးသမီးတိုင်း လိုအပ်တဲ့ အားဆေးတစ်ခွက်ပါ။
🌹 လှပတဲ့ ပန်းလေးတစ်ပွင့်လည်းပါပါစေ။
ချစ်ခြင်းမေတ္တာစိတ်နဲ့သာဆို ပန်းလေးတစ်ပွင့်ပဲ ဖြစ်စေကာမူ ခမ်းနားတဲ့ ပျော်ရွှင်မှုမျိုးကို ဖန်တီးနိုင်စွမ်းရှိကြပါတယ်။ နူးညံ့လှပတဲ့ ပန်းလေးလိုပဲ တန်ဖိုးထားရသူလေးက နူးညံ့စွာလှပနေကြောင်းကိုလည်း မြတ်နိုးစွာ ဖော်ကျူးပြသနိုင်ပါတယ်။
နေ့ရက်တိုင်းမှာ ချစ်ခြင်းမေတ္တာများစွာကို ချစ်ရသူတွေနဲ့ ဝေမျှနိုင်ကြပါစေ။
27/11/2021
ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်များ ဖြစ်လာဖို့ ကစားကြစို့
‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗
ကလေးငယ်များ ကျန်းမာသန်စွမ်းဖို့ ကစားခုန်စားဖို့၊ ကိုယ်ကာယလေ့ကျင့်ခန်းပြုလုပ်ဖို့ လိုအပ်ပါတယ်။ တကယ်တော့ ကိုယ်လက်လှုပ်ရှားခြင်းဟာ ကိုယ်ခန္ဓာသန်စွမ်းရေးအတွက်သာမက ဦးနှောက်ဖွံ့ဖြိုးတိုးတက်မှုအတွက်ပါ အရေးကြီးပါတယ်။ 🧠💪
👉ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ အသက် ၃-၄နှစ်အရွယ် ကလေးငယ်များအတွက် အကြံပြုချက်မှာ -
🔹️ တနေ့လျင် အနည်းဆုံး ၃ နာရီ လှုပ်လှုပ်ရှားရှား ကစားသင့်ပါတယ်။🤼♂️
🔹️ အဲဒီမှာ ၁နာရီလောက် အတန်အသင့်မှ ပြင်းပြင်းထန်ထန် ပြေးလွှား ဆော့ကစားတာမျိုးတွေ လုပ်သင့်တယ်လို့ ဆိုပါတယ်။🤸♂️
🔹️ တနေ့ ၁နာရီထက်ပို၍ TV ပေးမကြည့်သင့်ပါဘူး။📺
👉ကျောင်းနေရွယ်ကလေးများအတွက်လည်း ကိုယ်လက်လှုပ်ရှားမှုတွေဟာ ကာယ၊ ဥာဏစွမ်းအားတွေ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူ ပြုစေပါတယ်။ ဒါကြောင့် ကလေးတွေကို ကိုယ်ကာယလေ့ကျင့်ခန်းများ ပြုလုပ်စေသင့်ပါတယ်။ 🏃♂️
🔸️ စာရင်းသွင်းပါ။
ကျောင်းအားကစားများတွင် ကလေးငယ်များ ငယ်စဉ်ထဲက ပါဝင်ဆင်နွဲစေပါ။ စာချည်းကျက်နေခြင်းက ကလေးငယ်များကို ပျင်းရိစေပါတယ်။ ရေကူးခြင်း၊ အကသင်စေခြင်း၊ ဘောလုံးအာကစားများကို ပါဝင်စေပါ။ အားပေးပါ။ ကလေးငယ်ကို သူကြိုက်ရာ ကစားစေပါ။ ဖိအားပေး မရွေးချယ်စေရပါ။ 👫
🔸️ အိမ်ပြင်ပထွက် ကစားခြင်း
အိမ်ပြင်ထွက် ခြံဝင်းအတွင်း ကြိုးခုန်ခြင်း၊ စက်ဘီးစီးခြင်းတို့က အိမ်တွင်းအောင်း ကစားတာထက် ပိုကောင်းပါတယ်။ ပြင်ပမှ လေကောင်းလေသန့်ရခြင်း၊ သဘာဝသံစဉ်ရှုမြင်ကွင်းများကိုလည်း မြင်တွေ့ရနိုင်ပါတယ်။ နေရောင်ခြည်မှလည်း အရိုးအတွက် လိုအပ်တဲ့ ဗီတာမင် D ရရှိစေပါတယ်။ 🚴♂️
🔸️ နည်းပညာကို ကန့်သတ်ပါ။
ကလေးငယ်များအတွက် ဖုန်း၊ ကွန်ပြူတာများမှ ဗဟုသုတ ရရှိခြင်း၊ online မှ သင်ယူစေခြင်းသည် ကောင်းမွန်သော်လည်း အချိန်ကန့်သတ် သင့်ပါတယ်။ နည်းပညာက ကလေးများ အိပ်စက်ချိန်၊ မျက်စိအမြင်အာရုံနှင့် စဉ်းစားတွေးခေါ်မှုဉာဏ်ရည်တို့ကို ထိခိုက်စေပါသောကြောင့် တနေ့လျှင် ၂ နာရီခန့်သာ အသုံးပြုစေသင့်ပါတယ်။🤳
🔸️ အစားအသောက်များကို ရွေးချယ်စားသောက်စေပါ။
ကိုယ်လက်လေ့ကျင့်ခန်းလုပ်သော်လည်း အာဟာရတန်ဖိုးမဲ့ သရေစာများ စားပါက ကိုယ်အလေးချိန် တိုးလာနိုင်ပါတယ်။ အားကစားများ ပြုလုပ်သောအခါ လိုအပ်သော စွမ်းအင်အတွက် အာဟာရကို မေမေဖေဖေများက တွက်ချက်သင်ပေးဖို့ လိုအပ်ပါတယ်။ 🍴
LITTLE ANIMALS အားဆေး 👈
‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗
အမေရိကန်နိုင်ငံ Mason ကုမ္မဏီကြီးမှ ကလေးများအတွက် အထူး Formula အဖြစ် Mason Little Animals Chewable Multivitamins ကို အရည်အသွေးပြည့်ဝသော ဆေးဝါးကုန်ကြမ်းများနှင့် တိရစ္ဆာန်ပုံ ဆေးပြားလေးများအသွင်ဖြင့် ဖော်စပ်၊ ထုတ်လုပ်ထားပါသည်။ 🐘🦁🐯
ကလေးများအတွက် လိုအပ်သော ဗီတာမင် အေ၊ ဗီတာမင် ဘီ-၁ ၊ ဘီ-၂၊ ဘီ-၃၊ ဘီ-၆၊ ဘီ-၁၂၊ ဗီတာမင် စီ၊ ဗီတာမင် ဒီနှင့် ဖောလစ် အက်ဆစ်များ ပါဝင်ပြီး ရင်သွေးငယ်လေးများအကြိုက် အရသာ (၄)မျိုးဖြင့် ဖော်စပ်၊ ထုတ်လုပ်ထားပါသည်။ သဘာဝကုန်ကြမ်းများဖြင့် ဖော်စပ်ထုတ်လုပ်ထားပြီး သကြား၊ ဆေးသကြား၊ ဂျုံမှုန့်၊ တဆေးများ မပါဝင်ပါ။ 👌
26/11/2021
က္ကထ္ထိယတို့ လုပ်ငန်းခွင်မှာ ရွှင်လန်းတက်ကြွနေစေဖို့ 👩💼
--------------------------------------------------------------
ပြောင်းလဲလာတဲ့ ခေတ်ရေစီးကြောင်းတစ်လျောက်မှာ ထင်ရှားသိသာတဲ့ ပြောင်းလဲမှုတစ်ခုကတော့ အမျိုးသမီးများဟာ အမျိူးသားများနှင့် တန်းတူ ရင်ဘောင်တန်းလာနိုင်လာတာ ဖြစ်ပါတယ်။။ အစဉ်အဆက် မှီခိုခံဘဝမှာ ဖြစ်တည်ခဲ့ရတဲ့ အမျိုုးသမီးတွေဟာ ယနေ့ခေတ်မှာတော့ ကမ္ဘာကြီးကို ကိုင်လှုပ်နိုင်တဲ့ စွမ်းအားအပြည့်နဲ့ အရာရာကို ရင်ဆိုင်တိုက်ပွဲဝင်နိုင်ကြပါပြီ။ တစ်ဖက်မှာလည်း အလုပ်ခွင်တာဝန်များနည်းတူ အိမ်မှုကိစ္စတာဝန်များကိုပါ လစ်ဟင်းမှုမရှိအောင် တာဝန်ယူနေရတဲ့ အတွက် အမျိူးသမီးတွေ ရင်ဆိုင်ရတဲ့ ဖိအားဒါဏ်တွေဟာ အတော်များပါတယ်။ 👩⚖👩🔧
လုပ်ငန်းခွင်ဆိုင်ရာ စိတ်ဖိစီးမှုတွေမှာလည်း အမျိူးသမီးများဟာ အမျိုးသားများထက် ပိုမိုမြင့်မားနေတာကိုလည်း တွေ့ရှိရပါတယ်။ အခြေခံလစာ သတ်မှတ်ချက်၊ ရာထူးတာဝန်ပေးအပ်မှု နဲ့ အမျိုးသမီးများအပေါ် ယုံကြည်စိတ်ချခြင်းတွေဟာ တစ်ချို့သောနေရာများမှာ အမျိုးသမီးများအတွက် တန်းတူဖြစ်ဖို့ရာ ကြိုးစားနေရဆဲဖြစ်ပါတယ်။ အနည်းနှင့်အများဆိုသလို ရှိနေတတ်တဲ့ ကျား/မ ခွဲခြားဆက်ဆံခြင်း၊ လုပ်ငန်းခွင်ဆိုင်ရာအနိုင်ကျင့်ခြင်း၊ သေးသိမ်သောအမြင်ဖြင့် ပြောဆိုဆက်ဆံခြင်းများကလည်း အမျိုးသမီးများပေါ် ဖိအားများစွာသက်ရောက်စေပါတယ်။ 🗜
စိတ်ဖိစီးမှုတွေ ကြုံလာရတဲ့အခါ ခန္ဓာကိုယ်ရဲ့ သဘာဝတုံ့ပြန်မှု ဖြစ်စဉ်အရ အခက်အခဲများကို ပြန်လည်ရင်ဆိုင်နိုင်စေဖို့ တွန်းအားများ၊ ခွန်အားများ ထုတ်လုပ်ပေးခြင်းဖြင့် အလိုအလျောက်တုံံ့ပြန်ပါတယ်။ သို့ပေမဲ့လည်း ဒါဟာ အတိုင်းအတာအားဖြင့် ပမာဏ တစ်ခုအထိသာပဲ ဖြစ်ပါတယ်။ ရေရှည်စိတ်ဖိစီးမှု၊ စိတ်ပင်ပန်းမှုတွေနဲ့ ကြုံလာတဲ့အခါမှာတော့ အထွေထွေကျန်းမာရေးကို အနည်းနဲ့အများ ထိခိုက်လာနိုင်ပါတယ်။ ⚕
စိတ်ဖိစီးမှုတွေကို ဖြေဖျောက်နိင်ပြီး လုပ်ငန်းခွင်မှာ တက်ကြွပျော်ရွှင်နိုင်တဲ့အမျိုးသမီးတွေဖြစ်ဖို့ အကောင်းဆုံး နည်းလမ်းအချို့ကို ဖော်ပြပေးချင်ပါတယ်။ 👈
၁။ လိုအပ်တဲ့စွမ်းအင်တွေကို ရရှိစေနိုင်ဖို့ အာဟာရဓါတ်များကို ပြည့်ဝစွာ စားသုံးပါ၊ စိတ်ဖိစီးမှုများ ကြုံရတဲ့အခါ အချိူဓာတ်အနည်းငယ်နှင့် အားဖြည့်နိုင်ပါတယ်။ 🍏🍇🍓
၂။ အိပ်ရေး၀၀အိပ်ပါ။ အိပ်စက်ခြင်းဟာ ဖိစီးမှုတွေကို အတန်အသင့် ငြိမ်းအေးစေနိုင်တဲ့အပြင်၊ အတွေးသစ်၊ အမြင်သစ်များကိုလည်း ဖြစ်ပေါ်စေနိုင်ပါတယ်။🛌
၃။ စိတ်ဖိစီးမှုနှင့် ဒေါသဖြစ်စရာများ ကြုံလာခဲ့လျှင် အသက်ကို ပြင်းပြင်း ရှူသွင်း ရှူထုတ်ခြင်းဖြင့် ခန္ဓာကိုယ်အား ဖြေလျော့အနားပေးပါ။ 💨
၄။ ကျေးဇူးတင်စိတ်၊ မေတ္တာစိတ်တို့နှင့် အရာရာအပေါ်အကောင်းမြင်နိုင်စိတ်ကို ကြိုးစားမွေးမြူလေ့ကျင့်ပါ။❤
၅။ အနားယူပါ၊ လေ့ကျင့်ခန်းပြုလုပ်ပါ၊ သီချင်းနားထောင်ပါ။ ကောင်းမွန်သော စိတ်ထွက်ပေါက်လမ်း ထားပါ။🎶🎵
၆။ မိတ်ဆွေ များများထားပါ။ ရယ်မောပါ။ 😆
၇။ လုပ်ငန်းခွင်ဆိုင်ရာ မညီမျှမှုများ၊ မနိုင်ရင်ကာ ဖိစီးမှုတွေရှိပါက အထက်လူကြီးနှင့် အပြုသဘော တိုင်ပင်ဆွေးနွေးပါ။ 🤝
၈။ လိုအပ်သောအာဟာရများ မလုံလောက်ပါက အာဟာရဖြည့်စွက်စာများ သောက်သုံးပေးနိုင်ပါတယ်။ 💊
အမေရိကန်နိုင်ငံ Mason ကုမ္ပဏီကြီးမှ အမျိုးသမီးများအတွက် နေ့စဉ်လိုအပ်သော အာဟာရဓတ်များလုံလောက်စွာ ရရှိနိုင်ရန် Mason Women’s Daily MultiFormula ကို အရည်အသွေးပြည့်ဝသော ဆေးဝါးကုန်ကြမ်းများအသုံးပြုကာ အထူးဖော်မြူလာဖြင့် ဖော်စပ်ထုတ်လုပ်ထားပါတယ်။ ကြုံလာရသမျှ စိတ်ဖိစီးမှုများစွာကို အကောင်းဆုံး ရင်ဆိုင်နိုင်ဖို့ရန် အမျိုးသမီးများအတွက် နေ့စဉ်လိုအပ်သော ဗီတာမင် A ၊ ဗီတာမင် B1၊ B2၊ B3၊ B6၊ B12၊ ဗီတာမင် C၊ ဗီတာမင် E၊ ဗီတာမင် K၊ ကယ်စီယမ်၊ ဘိုင်အိုတင်၊ သံဓာတ်နှင့် ဖောလစ်အက်ဆစ်များ အပါအဝင် အာဟာရဓာတ်များစွာ ပါဝင်သည့်အတွက် အပြည့်စုံစုံဆုံး ဖော်မြူလာတစ်ခုဖြစ်ပါတယ်။
တက်ကြွပျော်ရွှင်လန်းဆန်းဖို့ရာ .... Mason နှင့်သာ ရယူလိုက်ပါ။ ✔
25/11/2021
ကျန်းမာပျော်ရွှင်တဲ့ကလေးအဖြစ် ကြီးပြင်းလာစေဖို့🤼
ရင်သွေးငယ်လေးများကို ကျန်းမာပြီး ထက်မြတ်ထူးချွန်တဲ့ကလေးများဖြစ်လာစေဖို့ဆိုတာ မိဘတိုင်းရဲ့ ဆန္ဒပါပဲ။ ဒီလိုအခြေအနေမျိုးတွေမှာ သားသားမီးမီးလေးတွေအတွက် ဘယ်လိုမျိုးဖြည့်ဆည်းပေးရမယ်ဆိုတာက အရေးကြီးလာပါပြီ။ ထူးချွန်ထက်မြတ်ပြီး ပျော်ရွှင်ကျန်းမာတဲ့ ကလေးတစ်ယောက်ဖြစ်လာစေဖို့ဆိုရင်တော့ မိဘများအနေနဲ့ ဖြည့်စည်းပေးရမယ့်အရာလေးတွေရှိပါတယ်။ ❤
ဗီတာမင်-အေ၊ 💊
ဗီတာမင်များစွာရှိတဲ့အထဲကမှ ဗီတာမင် A က အမြင်အာရုံနဲ့ အရိုးများဖွံ့ ဖြိုးဖို့အတွက် ကူညီပေးပြီး အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်နေပါတယ်။ ဗီတာမင် A က အရိုးများ ၊ သွားများ၊ ကြွက်သားများ တည်ဆောက်ရာမှာလည်း အကူအညီပေးသလို အနာတရဖြစ်ချိန် ပြန်လည်ကုသရာမှာလည်း အထောက်အကူပြုပါတယ်။ ကျန်းမာရေးအတွက် အထူးလိုအပ်တဲ့ အမြင်အာရုံကိုလည်းကောင်းမွန်စေပြီး အလင်းရောင်နည်းတဲ့ အချိန်များမှာ မြင်နိုင်စေရန်အကူအညီပေးပါသေးတယ်။
ဗီတာမင် A ကိုတော့ မုန်လာဥနီမှာ ကြွယ်ဝစွာ တေွ့ရပါတယ်။ မျက်လုံးအတွက်ဆို မုန်လာဥနီဟာ အကောင်းဆုံးနဲ့ စားပေးအသင့်ဆုံး အစားအစာဖြစ်ပါတယ်။🥕🥕
ဗီတာမင်-ဘီ💊
ဗီတာမင်ဘီ အုပ်စုတွင် ဗီတာမင် ဘီ ၂၊ ၃၊ ၆ နှင့် ၁၂ တို့ပါဝင်ပါသည်။ ၎င်းတို့သည် သင့်ကလေး၏ သွေးနီဥဆဲလ်တည်ဆောက်ခြင်း၊ ဇီဝဖြစ်စဉ်များကို ထောက်ပံ့ပေးခြင်း၊ ခန္ဓါကိုယ်အတွက် စွမ်းအင်ထုတ်ပေးခြင်း၊ သွေးလည်ပတ်မှုနှင့် အာရုံကြောစနစ် ကျန်းမာစေရန် အားပေးခြင်းတို့ကို ကူညီပေးပါသည်။ ဗီတာမင်ဘီကို အသား၊ ကြက်သား၊ ငါး၊ ဥ၊ အခွံမာသီး၊ နို့ ၊ ပဲ၊ ဒိန်ခဲ၊ ပဲပိစပ်တို့ စားသုံးပေးခြင်းဖြင့် ရရှိနိုင်ပါတယ်။🥚🍖
ဗီတာမင် စီ
ဗီတာမင်-စီကို ကြွက်သား ကျန်းမာရေး၊ အရေပြား ကြံ့ခိုင်သန်စွမ်းရေး ၊ ရောဂါပိုးခုခံနိုင်စွမ်း မြင့်မားရေးတို့ အတွက် အသုံးများသည်။ များသောအားဖြင့် ဗီတာမင် စီ ကို အရည်ရွှမ်းသော အသီးများ ( ဥပမာ ။ ။ ကီဝီ၊ သံပရို၊ စတော်ဘယ်ရီ၊ ခရမ်းချဉ်သီး) နှင့် ပန်းမုန်လာစိမ်းကဲ့သို့သော အစိမ်းရောင် ဟင်းသီးဟင်းရွက် များတွင် တွေ့ရှိရသည်။ဗီတာမင်စီက ကလေးတွေရဲ့ ခန္ဓာကိုယ်အတွက် အရေးပါတဲ့ ဓာတ်တစ်မျိုး ဖြစ်ပါတယ်။ ကောင်းတဲ့ အချက်ကတော့ ဗီတာမင်စီက အစားအစာ တော်တော်များများမှာ ပါပြီး ဗီတာမင် စီ ပါတဲ့ အသီးအနှံတွေကို ကလေးတွေ ကြိုက်ကြတာ များလို့ ကျွေးရတာ လွယ်ကူတဲ့အတွက် ဗီတာမင် စီ ချို့တဲ့မှု ရှားပါးတာပဲ ဖြစ်ပါတယ်။🍅
ဗီတာမင်-ဒီ
ဗီတာမင်ဒီသည် အရပ်ရှည်ဖို့ အရေးကြီးသော ကဏ္ဍမှာပါဝင်ပြီး သွားနှင့် အရိုးဖွံ့ဖြိုးမှုကို အားပေးပါတယ်။ ဗီတာမင်ဒီ ကြွယ်ဝသော အစားအစာရင်းမြစ်များမှာ နို့နှင့် ဆယ်လ်မွန်၊မက်ကရယ်ကဲ့သို့သော အဆီများသောငါးများ ဖြစ်သည်။ နေရောင်ခြည်သည်လည်း သဘာ၀ ဗီတာမင်ဒီ ရင်းမြစ်တစ်မျိုးဖြစ်ပြီး ၎င်းသည် အရေပြားရှိ သဘာ၀ ဓါတ်ပစ္စည်းများကို တက်ကြွသော ဗီတာမင်ဒီ ပုံစံအဖြစ်ပြောင်းလဲမှုကို လှုံ့ဆော်ပေးသည်။ မနက်ခင်းရဲ့ နွေးထွေးတဲ့နေရောင်ခြည်မှာ ဗီတာမင်ဒီ ဓာတ်အလုံအလောက်ပါ၀င်တာကြောင့် ကလေးတွေကို ကျန်းမာထက်မြတ်စေဖို့ အထောက်အပံ့ပေးနိုင်ပါတယ်။ 👍🏻
ကယ်ဆီယမ်💪🏻
ကယ်စီယမ်ဓါတ် က ကလေးတွေအတွက် ကြွက်သား ကြီးထွားဖွံ့ဖြိုးစေပြီး အရိုးအဆစ်တွေပါ သန်မာစေတဲ့အတွက် အရေးကြီးတဲ့ အာဟာရဓါတ် တစ်မျိုး ဖြစ်ပါတယ်။ ကယ်ဆီယမ်ကြွယ်ဝတဲ့ အစားအစာတွေကတော့ နို့နှင့်နို့ထွက်ပစ္စည်းများ၊ အရိုးပါစားလို့ရတဲ့ ငါးသေးသေးလေးများ၊ အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်များ စတာတွေ ဖြစ်ပါတယ်။ ကလေးတစ်ယောက်ဟာ လုံလောက်တဲ့ ကယ်လ်ဆီယမ်ရရှိဖို့ တစ်နေ့ကို နို့နဲ့ နို့ထွက်ပစ္စည်းများကို ၂ ကြိမ်ကနေ ၃ ကြိမ်အထိ စားသုံးပေးသင့်ပါတယ်။🤗
သံဓာတ်
သံဓာတ်ကြွယ်ဝတဲ့အစားအစာတွေကို စားသုံးပေးသင့်ပါတယ်။ သံဓာတ်လုံလောက်ဖို့အတွက် ကလေးငယ်များရဲ့ နေ့စဉ်စားသုံးတဲ့အစားအစာတွေနေ ရရှိနိုင်သလို ပဲအမျိုးမျိုးနှင့် အစေ့အဆန်များ၊ ငါးနှင့် ဟင်းသီးဟင်းရွက် များတွင်လည်း သံဓာတ်ကြွယ်ဝစွာပါဝင်သဖြင့် ကလေးများ စားသုံးရန် အထူးသင့်လျော်ပါတယ်။ အချို့သစ်သီးများတွင် သံဓာတ်ကြွယ်ဝစွာ ပါဝင်သဖြင့် ပျားရည် (သို့မဟုတ်) ဒိန်ချဉ်အနည်းငယ်နှင့် ရောစပ်ကျွေးမွေးသင့်ပါတယ်။😊
ကလေးငယ်များ တစ်နေ့တာအတွက် စာသုံးသင့်သော ပမာဏ
• သစ်သီးတစ်လုံး ဟင်းသီးဟင်းရွက် ၂ဇွန်းမှ ၄ဇွန်း
• နွားနို့ ခွက်တစ်ဝက်မှ တစ်ခွက်
• အသား၊ ငါး ၂ဇွန်း ၊
• ကြက်ဥ တစ်လုံး ၊
• ဆန်၊ ဂျုံခေါက်ဆွဲ ၆ ဇွန်းမှ ၁၂ ဇွန်း တို့က ၁နှစ်မှ ၅နှစ်အရွယ် ကလေးငယ်များအတွက် မျှတသော အစားအသောက်ပုံစံဖြစ်ပါတယ်။🤗
ကလေးကိုကျန်းမာပျော်ရွှင်တဲ့ကလေးတစ်ယောက်အနေနဲ့ ကြီးပြင်းလာစေရာမှာ ပျော်ရွှင်စေမှုနဲ့ ကျန်းမာစေမှုကို အချိုးကျကျပြုလုပ်သင့်ပါတယ်။
ပုံမှန် အားဆေးအဖြစ်တိုက်ကျွေးဖို့ အတွက်ဆိုရင်တော့ အမေရိကန်နိုင်ငံ Mason ကုမ္မဏီကြီးမှ ကလေးများအတွက် အထူး Formula အဖြစ် Mason LITTLE ANIMALS Chewable Multivitamins ကို အရည်အသွေးပြည့်ဝသော ဆေးဝါးကုန်ကြမ်းများနှင့် တိရိစ္ဆာန်ပုံ ဆေးပြားလေးများအသွင်ဖြင့် ဖော်စပ်၊ ထုတ်လုပ်ထားပါသည်။ 🦁🐯🐘
ကလေးများအတွက် လိုအပ်သော ဗီတာမင် အေ၊ ဗီတာမင် ဘီ-၁ ၊ ဘီ-၂၊ ဘီ-၃၊ ဘီ-၆၊ ဘီ-၁၂၊ ဗီတာမင် စီ၊ ဗီတာမင် ဒီနှင့် ဖောလစ် အက်ဆစ်များ ပါဝင်ပြီး ရင်သွေးငယ်လေးများအကြိုက် သဘာဝအရသာ (၄)မျိုးဖြင့် ဖော်စပ်၊ ထုတ်လုပ်ထားပါသည်။ သဘာဝကုန်ကြမ်းများဖြင့် ဖော်စပ်ထုတ်လုပ်ထားပြီး သကြား၊ ဆေးသကြား၊ ဂျုံမှုန့်၊ တဆေးများ မပါဝင်တဲ့ အကောင်းစားအားဆေးဖြစ်ပါတယ်။👍🏻
24/11/2021
WOMEN's 💃
--------------
အမေရိကန်နိုင်ငံ Mason ကုမ္ပဏီကြီးမှ အိမ်ထောင်ရှင် အမျိုးသမီးများအပါအဝင် အရွယ်အမျိုးမျိုး မိန်းမသားများအတွက် အထူး Formula အဖြစ် WOMEN's Daily Multi Formula ကို အရည်အသွေးပြည့်ဝသော ဆေးဝါးကုန်ကြမ်းများမှ ဖော်စပ်၊ ထုတ်လုပ်ထားပါသည်။ 🇺🇲
အမျိုးသမီးများအတွက် နေ့စဥ်လိုအပ်သော ဗီတာမင် အေ၊ ဗီတာမင် ဘီ-၁ ၊ ဘီ-၂၊ ဘီ-၃၊ ဘီ-၆၊ ဘီ-၁၂၊ ဗီတာမင် စီ၊ ဗီတာမင် ဒီ၊ ဗီတာမင် အီး၊ ဗီတာမင် ကေ၊ ကယ်စီယမ်၊ ဘိုင်အိုတင်၊ သံဓါတ်နှင့် ဖောလစ်အက်ဆစ်များ အပါအဝင် အာဟာရဓါတ်များစွာ ပါဝင်သည့်အတွက် အမျိုးသမီးများ အားထားရတဲ့ ဖြည့်စွက်အားဆေးဖြစ်ပါတယ်။ 💕
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Opening Hours
| Monday | 08:00 - 18:00 |
| Tuesday | 08:00 - 18:00 |
| Wednesday | 08:00 - 18:00 |
| Thursday | 08:00 - 18:00 |
| Friday | 08:00 - 18:00 |
| Saturday | 08:00 - 18:00 |