Funtivity 101 Language Academy

Funtivity 101 Language Academy

Share

08/05/2026

Shoon Pyae လေးလို အင်္ဂလိပ်လို သွက်သွက်လက်လက် ပြောနိုင်ဖို့ Sunday Chit-Chat Club မှာ အမြန်ဆုံး စာရင်းပေးသွင်းလိုက်ပါရှင်! 🎓✨ (တစ်တန်းလျှင် ၁၅ နေရာသာ ကန့်သတ်ထားပါတယ်)

Meet our little storyteller: Shoon Pyae Thonedary! 💦✨

Funtivity 101 ရဲ့ Level 3 (Listening & Speaking) ကျောင်းသူလေး Shoon Pyae Thonedary ရဲ့ သင်္ကြန်ပိတ်ရက် အတွေ့အကြုံလေးကို အတူတူ ကြည့်လိုက်ရအောင်ရှင်။

အသက် (၇) နှစ်အရွယ်သာ ရှိသေးပေမယ့် မိမိရဲ့ အတွေ့အကြုံကို အင်္ဂလိပ်လို စနစ်တကျနဲ့ ယုံယုံကြည်ကြည် ပြောဆိုနိုင်တာက Shoon Pyae ရဲ့ ကြိုးစားမှုနဲ့ ကျွန်မတို့ ကျောင်းရဲ့ သင်ကြားမှုရလဒ်ပဲ ဖြစ်ပါတယ်။

ကျွန်မတို့ Funtivity 101 မှာတော့ သင်ခန်းစာပါ အခြေခံဗဟုသုတများကို စာအုပ်ထဲမှာတင် အဆုံးမသတ်ဘဲ လက်တွေ့ဘဝတွင် ယုံကြည်မှုရှိရှိ ကျွမ်းကျင်စွာ ပြန်လည်အသုံးချနိုင်စေရန် (Practical Skills) အဓိကထား ပျိုးထောင်ပေးနေတာ ဖြစ်ပါတယ်ရှင်။ ❤️✨

🌟 သင့်ကလေးကိုလည်း Shoon Pyae လေးလိုမျိုး အင်္ဂလိပ်လို သဘာဝကျကျနဲ့ ယုံကြည်မှုရှိရှိ ပြောဆိုစေချင်ပါသလား?

ဘာသာစကားတစ်ခုက စာအုပ်ထဲမှာတင် ရှိနေတာမျိုးမဟုတ်ဘဲ ကလေးတွေရဲ့ နေ့စဉ်ဘဝထဲမှာ အစိတ်အပိုင်းတစ်ခုလို အမြဲရှိနေဖို့ လိုအပ်ပါတယ်။ ဒါကြောင့် ကျွန်မတို့က "Sunday Chit-Chat Club" (Speaking Club) ကို ဖန်တီးလိုက်တာ ဖြစ်ပါတယ်ရှင်။

📌 Sunday Chit-Chat Club ကို Join ရင် ဘာတွေ တိုးတက်လာမလဲ?

• Fluency: စာအုပ်ထဲက သင်ခန်းစာတွေကို အပြင်လောကမှာ တကယ်ပြောဆိုတတ်အောင် လေ့ကျင့်ပေးမှာဖြစ်လို့ စကားပြောရာမှာ ထစ်ငေါ့ခြင်းမရှိဘဲ ပိုမိုသွက်လက်လာစေမှာပါ။

• Confidence: ဂိမ်းများ၊ ပုံပြောခြင်းများနှင့် အပြန်အလှန် ဆွေးနွေးမှုများမှတစ်ဆင့် အင်္ဂလိပ်စာကို ပျော်ရွှင်စွာ ထိတွေ့ခွင့်ရမှာဖြစ်လို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု (Confidence) အပြည့်နဲ့ စကားပြောဆိုနိုင်လာမှာ ဖြစ်ပါတယ်။

• Public Speaking & Leadership: အင်္ဂလိပ်စာနဲ့ စဉ်ဆက်မပြတ် ထိတွေ့ခွင့်ရတဲ့အခါ ကလေးတွေဟာ လူအများရှေ့မှာ မကြောက်မရွံ့ဘဲ ဦးဆောင်စကားပြောဆိုနိုင်တဲ့ Public Speaking Skill နဲ့ Leader စိတ်ဓာတ် လေးတွေ အလိုအလျောက် ကိန်းအောင်းလာမှာ ဖြစ်ပါတယ်ရှင်။

🎁 Special Early Bird Promotion!
ဇွန်လ (၇) ရက်နေ့မှာ စတင်မယ့် ဒီ Club လေးအတွက် မေလ (၁၅) ရက်နေ့မတိုင်မီ ကြိုတင်စာရင်းပေးသွင်းသူများအတွက် ၃၀,၀၀၀ ကျပ် (မူလ ၄၀,၀၀၀ ကျပ်) နဲ့ တက်ရောက်ခွင့်ရမယ့် အထူးအခွင့်အရေး ရှိနေပါတယ်နော်။

သားသားမီးမီးတို့ရဲ့ အနာဂတ်အတွက် လက်တွေ့အသုံးချနိုင်တဲ့ အင်္ဂလိပ်စာ အရည်အချင်းကို အကောင်းဆုံး ပျိုးထောင်ပေးချင်တယ်ဆိုရင် Funtivity 101 သို့ အမြန်ဆုံး ဆက်သွယ်လိုက်ပါရှင်။ 📩

02/05/2026

မိဘများရဲ့ တောင်းဆိုမှုကြောင့် Early Bird Discount ကို "နောက်ထပ် ၁၀ ဦး" ထပ်တိုးလက်ခံပေးသွားပါမယ်! 🎉

"Sunday Chit Chat Club အတွက် အစောပိုင်း သတ်မှတ်ထားတဲ့ Early Bird Discount ရက်အတွင်းမှာ ကျောင်းကိစ္စတွေ၊ အလုပ်ကိစ္စတွေကြောင့် မအားလပ်သေးလို့ စာရင်းသွင်းဖို့ နောက်ကျသွားတဲ့ မိဘများစွာ ရှိနေပါတယ်။

ဒါကြောင့် အဆင်ပြေပြေနဲ့ အပ်နှံနိုင်အောင်လို့ Funtivity 101 ဘက်ကနေ Special Early Bird Discount စျေးနှုန်းအတိုင်း "နောက်ထပ် ကျောင်းသား (၁၀ ဦး) တိတိ" ကို ထပ်တိုးလက်ခံပေးသွားဖို့ ဆုံးဖြတ်လိုက်ပါတယ်ရှင်။

⚠️ သတိပြုရန်: အတန်းအလိုက် နေရာအကန့်အသတ် ရှိတဲ့အပြင် အထူးစျေးနှုန်းနဲ့ အပ်နှံနိုင်ဖို့ နောက်ထပ် ၁၀ ဦးသာ ရရှိမှာဖြစ်လို့ အမြန်ဆုံး ဆက်သွယ်စာရင်းပေးသွင်းထားဖို့ အကြံပြုချင်ပါတယ်နော်။"

တနင်္ဂနွေနေ့တိုင်းမှာ ပျော်ပျော်ပါးပါး အင်္ဂလိပ်လို စကားပြောကြမည့် "Sunday Chit-Chat Club" လေး လာပါပြီ! ✨🗣️

ကလေးတွေရဲ့ Speaking Skills ကို ကျောင်းသင်ခန်းစာတစ်ခုလို စာအုပ်ကြီးနဲ့ သင်မှာမဟုတ်ဘဲ သူငယ်ချင်းတွေနဲ့ စကားပြောသလို ယုံကြည်မှုရှိရှိနဲ့ တိုးတက်လာစေဖို့ Funtivity 101 ကနေ အထူးစီစဉ်လိုက်တဲ့ Speaking Club လေး ဖြစ်ပါတယ်။

🌟 Sunday Chit-Chat Club မှာ ဘာတွေလုပ်ကြမလဲ? (Club Highlights)

ဒီ Club က ပုံမှန်စာသင်တန်းတွေနဲ့ မတူဘဲ ကလေးတွေအတွက် Relaxing & Engaging ဖြစ်အောင် စီစဉ်ထားပါတယ် -

🎮 Educational Games: အင်္ဂလိပ်လို တွေးခေါ်နိုင်စွမ်းရှိလာအောင် ပျော်စရာ Game လေးတွေ အတူတူဆော့ကြမယ်။

🗣️ Peer-to-Peer Chit-Chat: အချင်းချင်း စိတ်ဝင်စားစရာ အကြောင်းအရာလေးတွေကို သူငယ်ချင်းတွေလို ပေါ့ပေါ့ပါးပါး ပြောဆိုဆွေးနွေးမယ်။

✨ Sharing Sessions: ကိုယ်နှစ်သက်တဲ့ အရာတွေ (ဝါသနာ၊ ခရီးသွားအတွေ့အကြုံ) ကို အင်္ဂလိပ်လို ပြန်လည်ဝေမျှပြီး Public Speaking Skills ကို လေ့ကျင့်မယ်။

🌈 No Pressure Environment: စာမေးပွဲတွေ၊ အိမ်စာတွေမရှိဘဲ အမှားလုပ်မှာ မကြောက်ဘဲ လွတ်လွတ်လပ်လပ် စကားပြောရဲတဲ့ အလေ့အကျင့်ကို ဖန်တီးပေးမယ်။

📈 ၃ လအတွင်း သိသာတဲ့ တိုးတက်မှု (Guaranteed Progress)
Club ကို (၃) လ ဆက်တိုက် Join ပြီး Tr. ပေးထားတဲ့ Activities တွေကို သေချာလိုက်လုပ်မယ်ဆိုရင် ကလေးရဲ့ Speaking ပိုင်း သိသိသာသာ တိုးတက်လာဖို့ Tr. က အာမခံပါတယ်ရှင်။

👩‍🏫 Expert Mentorship & Proven Experience
Funtivity 101 ရဲ့ Founder Tr. Khin Myat ဟာဆိုရင် လက်ရှိ ထိုင်းနိုင်ငံရှိ Private School တစ်ခုတွင် English နှင့် Computing ဘာသာရပ်များကို သင်ကြားပေးနေသူ ဖြစ်သည့်အပြင် ယခင်ကလည်း အောင်မြင်ခဲ့သည့် "Club Series" များနှင့် "4UC" ပညာရေး Project များကို ဦးဆောင်ခဲ့သည့် အတွေ့အကြုံရင့် ဆရာမတစ်ဦး ဖြစ်ပါသည်။ ထို့ကြောင့် Tr. ရဲ့ Speaking Club မှာ ကလေးများကို Сနစ်တကျနဲ့ အောင်မြင်အောင် Lead လုပ်ပေးမည့်အပေါ် ရာနှုန်းပြည့် ယုံကြည်စိတ်ချနိုင်ပါတယ်ရှင်။ ✨

📅 အတန်းအသေးစိတ်

🗓️ နေ့ရက်: တနင်္ဂနွေနေ့တိုင်း (Every Sunday)

🚀 စတင်မည့်ရက်: ဇွန်လ (၇) ရက်နေ့မှ စတင်ပါမည်။

Levels & Times:

Level 1 (အသက် ၆-၈ နှစ်): မနက် ၁၀:၃၀ မှ ၁၁:၃၀ အထိ

Level 2 (အသက် ၉ နှစ်အထက်): နေ့လည် ၁:၀၀ မှ ၂:၀၀ အထိ

💎 Special Promotion (Last 10 Slots Available!)

✨ Special Early Bird Price: ၃၀,၀၀၀ ကျပ် (ထပ်တိုးလက်ခံသည့် နောက်ဆုံး ၁၀ ဦး အတွက်သာ)

✨ Standard Price: ၄၀,၀၀၀ ကျပ်

(သတ်မှတ်ထားသော အပိုဆောင်း ၁၀ ဦး ပြည့်သည်နှင့် စျေးနှုန်းပုံမှန်အတိုင်း ပြန်လည်ပြောင်းလဲသွားမည် ဖြစ်ပါသည်။)

အခုလို အဖိုးတန်တဲ့ Speaking လေ့ကျင့်မှုတွေကို ပရော်ဖက်ရှင်နယ်ဆန်ဆန်နဲ့ ကလေးတွေအတွက် လက်ဆောင်ပေးလိုက်ပါနော်။ နေရာအကန့်အသတ်ရှိပြီး ပရိုမိုးရှင်းကလည်း ကန့်သတ်ချက်နဲ့မို့ အခုပဲ စာရင်းပေးသွင်းဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

📩 စာရင်းပေးသွင်းရန် Messenger ကနေ အခုပဲ ဆက်သွယ်လိုက်ပါရှင်။

22/02/2026

သင့်ကလေးရဲ့ အင်္ဂလိပ်စာစွမ်းရည်ကို Thailand ရဲ့ ထိပ်တန်း International & Private Schools တွေကအတိုင်း အဆင့်မြင့်မြင့် ပျိုးထောင်ပေးချင်ပါသလား? 🌟

Mary လေးရဲ့ ယုံကြည်မှုရှိရှိ Story Telling လုပ်နေတဲ့ ပုံရိပ်လေးကို ကြည့်ပြီး အားလုံးပဲ သဘောကျနေကြမယ်ထင်ပါတယ်။ ကလေးတစ်ယောက်ရဲ့ စွမ်းဆောင်ရည်ဟာ မှန်ကန်တဲ့ Curriculum (သင်ရိုးညွှန်းတမ်း) နဲ့ တွေ့ဆုံတဲ့အခါ အံ့ဩဖို့ကောင်းလောက်အောင် တောက်ပလာတတ်ပါတယ်။ ✨

ဒါကြောင့်မို့လို့ ကျွန်တော်တို့ရဲ့ Summer Special Classes မှာ ထိုင်းနိုင်ငံရှိ နာမည်ကြီး International Schools တွေနဲ့ Private Schools တွေမှာ အသုံးပြုတဲ့ ခေတ်မီသင်ကြားရေးစနစ်ကို အခြေခံပြီး Listening & Speaking အပြင် Reading & Writing စွမ်းရည်များကိုပါ အဆင့်မြှင့်တင်ပေးတော့မှာ ဖြစ်ပါတယ်။

ဘာတွေက ထူးခြားသွားမှာလဲ? ✨

✅ International Standard Curriculum: ကမ္ဘာ့အဆင့်မီ သင်ရိုးညွှန်းတမ်းကို အခြေခံထားလို့ နိုင်ငံတကာကျောင်းက ကလေးတွေနည်းတူ အင်္ဂလိပ်စာ 4 Skills လုံးကို အရည်အချင်းရှိရှိ အသုံးချနိုင်မှာပါ။

✅ Active Listening & Confident Speaking: အင်္ဂလိပ်လိုကြားရင် ခေါင်းထဲမှာတင် တိုက်ရိုက်နားလည်စေပြီး အမှားကိုမကြောက်ဘဲ ရဲရဲဝံ့ဝံ့နဲ့ သဘာဝကျကျ စကားပြောဆိုလာနိုင်အောင် လေ့ကျင့်ပေးခြင်း။

✅ Creative Reading & Writing Mastery: စာဖတ်ရတာကို ဝါသနာပါလာစေပြီး မိမိရဲ့ စိတ်ကူးစိတ်သန်း Ideas တွေကို စနစ်ကျတဲ့ စာစီစာကုံးအဖြစ် ဖန်တီးချရေးတတ်စေရန် အခြေခံမှစ၍ ပျိုးထောင်ပေးခြင်း။

✅ Creative & Fun Learning: International Schools တွေရဲ့ ပုံစံအတိုင်း ပျော်ရွှင်စရာကောင်းတဲ့ Activity တွေနဲ့ သင်ကြားပေးသွားမှာမို့ ကလေးတွေ စာသင်ရတာကို စိတ်ဝင်စားမှု အပြည့်ရှိနေမှာပါ။

⚠️ အရေးကြီးသတိပေးချက်:
ကလေးတစ်ဦးချင်းစီကို အနီးကပ်စောင့်ရှောက်ပေးနိုင်ရန်အတွက် တစ်တန်းလျှင် လူဦးရေ အကန့်အသတ်ဖြင့်သာ လက်ခံသွားမည်ဖြစ်ပါသည်။ ထို့ကြောင့် အမြန်ဆုံး စာရင်းပေးသွင်းဖို့ တိုက်တွန်းလိုပါတယ်ခင်ဗျာ။ ⏳

📥 အသေးစိတ်စုံစမ်းမေးမြန်းရန်နှင့် စာရင်းပေးသွင်းရန်:
အခုပဲ Page Messenger ကနေတစ်ဆင့် လူဦးရေစာရင်း ပေးသွင်းနိုင်ပါပြီ။

📅 သင်တန်းအချိန်ဇယားနှင့် အကြောင်းအရာအသေးစိတ်ကို သိရှိလိုပါက အောက်ပါ Post လေးမှတစ်ဆင့် သိရှိနိုင်ပါတယ်။
🔗 https://www.facebook.com/share/p/1DQNCeRDc5/

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address

Yangon